Skip to main content

ကိုယ့်ကိုယ်ကိုယ် ဖျက်

အခြားသော သတ္တ၀ါ အများစုနှင့် နှိုင်းယှဉ်သော် လူ ဟူသည့် သတ္တ၀ါမှာ မိမိ ဇာတ်တူသား အချင်းချင်း ပျက်စီးစေသော အပြုအမူ အလေ့အထ အများအပြားအား အားတက်သရော ပါဝင် လုပ်ဆောင်လေ့ ရှိကြသည်။ လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ခိုးဝှက်ခြင်း၊ ကိုယ်ခန္ဓာအား အဆင်တန်ဆာ ဆင်မြန်းပြီး ကြွားဝါခြင်းနှင့် စိတ်ဖိစီးမှုဒဏ် တို့ဖြင့် မိမိကိုယ်ကိုယ် သတ်ဖြတ်နေသလို အခြားသူများအပေါ်လည်း ဤသို့ပင် ရှိစေမည်မှာ မလွဲပါ။ လူသားကဲ့သို့ ဉာဏ်ရည်မြင့် မျိုးစိတ်တစ်ခု အနေဖြင့် ဤသို့ ဆိုးသွမ်းမိုက်မဲပြီး မိမိကိုယ်ကိုယ် ထိခိုက်နာကျင်စေသော လုပ်ရပ်များအား အဘယ်ကြောင့် အရသာတွေ့ရသနည်း ဆိုသည်ကို ထိုးထွင်းနားလည်နိုင်ရန် သိပ္ပံပညာ ရှုထောင့်မှ လေ့လာမှု အများအပြား ရှိပါသည်။

§ § § § § § §


အတင်းအဖျင်း

မိမိ၏ စကားသည် တဘက်သားကို မည်မျှပင် နာကျင်မှု ဖြစ်စေသည် ဖြစ်စေ အခြားသူများ အကြောင်း ပြောဆိုရန်နှင့် ဆုံးဖြတ် သုံးသပ်ခြင်းများ ပြုလုပ်ရန် ကျွန်တော်တို့ လူသားများ အနေဖြင့် ဆင့်ကဲနည်းကျ ပျိုးထောင်လာခဲ့ခြင်း ဖြစ်သည်ဟု သုတေသီတို့က ဆိုသည်။ Oxford မှ ပရိုင်းမိတ် ပညာရှင် Robin Dunbar ၏ အဆိုအရ အာဖရိက မျောက်မျိုးများမှာ ဆက်ဆံရေး နှောင်ကြိုးအား ပိုမိုခိုင်မာစေရန် အလို့ငှာ အချင်းချင်း ဖီးသပ် သုတ်သင်ပေးလေ့ ရှိသည်။ သို့သော် လူသားများမှာ ဤအဆင့်ထက် ပိုမိုနက်ရှိုင်းအောင် ဆင်းသက်ခဲ့ပြီဖြစ်ရာ အတင်းပြောခြင်းကိုပင် “လူမှုဆက်ဆံရေးကော်” (Social Glue) အဖြစ် အသုံးပြုကြသည် ဆို၏။ အတင်းပြောခြင်းမှာ အစုအဖွဲ့ နယ်ခြားမျဉ်းများ (Group Boundaries) ဖြစ်ပေါ်စေပြီး မိမိကိုယ်ကိုယ် လေးစားမှုအား မြှင့်တင်ပေးနိုင်သည်ဟု လေ့လာမှုများအရ တွေ့ရှိရသည်။ များစွာသော သာဓကများအရ အတင်းပြောခြင်း၏ ပန်းတိုင်မှာ အမှန်တရားနှင့် တိကျမှုတို့ မဟုတ်ပါ။ လိုရင်းမှာ အတင်းပြောခြင်းက ဖန်တီးပေးနိုင်သည့် မိတ်ဆွေရင်းချာ နှောင်ကြိုးသာဖြစ်ပြီး များသောအားဖြင့် အပြောခံရသူအတွက်တော့ မိမိကိုယ်တိုင်ပင် မသိလိုက်ရဘဲ နစ်နာရသည်။ လူနှစ်ယောက်သည် အခြား လူပုဂ္ဂိုလ် တစ်ဦးဦးအပေါ် မနှစ်သက်မှုကို မျှဝေခြင်းအားဖြင့် ၎င်းအတင်းအဖျင်းစကားမှာ သူတို့နှစ်ဦးအား ပိုမိုနီးကပ်လာစေရန် ဆွဲစေ့ပေးသည်ဟု South Florida တက္ကသိုလ်မှ စိတ်ပညာ ကျွမ်းကျင်သူ Jennifer Bosson က ဆိုသည်။

လောင်းကစား

လောင်းကစားသည်လည်း လူသားတို့၏ ဗီဇစိတ် တွင်ပင် တည်ရှိနေပြီး ဦးနှောက်တွင်း စွဲမြဲစွာ အမြစ်တွယ်နေဟန် ရှိရာ ဤသည်က အဆုံးတွင် ပျက်စီးဆုံးရှုံးမှုနှင့်သာ အဆုံးသတ်မည့် စရိုက်တစ်ခုသည် အဘယ်ကြောင့် ထမင်းစားရေသောက် ဆန်နေရသနည်း ဆိုသော မေးခွန်းအတွက် အဖြေတစ်ခု ဖြစ်နိုင်ပါသည်။ မျောက်များလည်း လောင်းကစားသည်။ သစ်သီးဖျော်ရည် ဆုပေးသော လောင်းကစား တစ်ခုတွင် မျောက်များ၏ လောင်းကစား လုပ်ချင်သော ဆန္ဒကို စမ်းသပ်ရာ ရနိုင်မည့် ဆုလာဘ်အား လျှော့ချလိုက်သည့် အချိန်တွင်သော်မှ အနည်းမျှလေးသာ ပိုရနိုင်မည့် အခွင့်အလမ်းကို မျှော်ကိုးကာ လူသားတို့၏ ဆွေမျိုးများက တက်ကြွစွာ လောင်းကစားကြသည်ကို တွေ့ရ၏။ ယမန်နှစ်က Neuron ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့သည့် လေ့လာမှုတစ်ခုတွင် ဦးနှောက်တွင်းရှိ အနိုင်ရမှုနှင့် ဆက်နွယ်သည့် ဇီဝဆားကစ်များက လောင်းကစားမိစေရန် မြှောက်ထိုးပင့်ကော် လုပ်သည်ဟု ဆို၏။ လောင်းကစားသူသည် ကပ်လွဲခြင်းအား ထူးခြားဖြစ်စဉ် (နီးစပ်လာပြီဟု ယူဆခြင်း) ဟု ဘာသာပြန်ပြီး ဤသည်က ဆက်လက် လုပ်ဆောင်မိစေရန် အားပေးအားမြှောက် ပြုသည်ဟု Cambridge တက္ကသိုလ်မှ Luke Clark က ဆိုသည်။ အဖြူအမဲ ရလဒ်မှာ လုံးလုံးလျားလျား အရှုံး ဖြစ်သော်လည်း ကပ်လွဲခြင်းများအား ဦးနှောက်မှ အနိုင်ရခြင်းကဲ့သို့ပင် တုံ့ပြန်ကြောင်း ၎င်းတို့၏ လေ့လာမှုများအရ တွေ့ရှိခဲ့သည်ဟု သူက ဆိုသည်။ အခြားသော လေ့လာမှုများတွင် အရှုံးသည် လောင်းကစားသူအား ရှုံးမဲ,မဲစေသည်ဟုလည်း ဖော်ပြကြသည်။ မည်သည့် ပမာဏခန့် လောင်းကစားမည် ဆိုသည်ကို ကြိုတင်ပြင်ဆင်ခြင်းတွင် လူများသည် အေးဆေးတိကျပြီး ဆင်ခြင်တုံတရား လက်ကိုင်ထားနိုင်ကြသည်။ သို့ရာတွင် ရှုံးပြီဆိုသည်နှင့် ဆင်ခြင်တုံတရားအား မြေပေါ်ချနင်းကာ မူလ သတ်မှတ်ထားသည့် ပမာဏအား မေ့ပစ်ပြီး ပို၍ပင် ရှုံးမဲမဲ လောင်းထပ်လေ့ ရှိကြသည်ဟု လေ့လာမှုတစ်ခုက ယမန်နှစ်က ဖော်ပြခဲ့သည်။

ဖိစီးမှု

ဖိစီးမှုသည် အသက်ကိုပင် ရန်ရှာနိုင်သည်။ နှလုံးရောဂါ ရနိုင်ခြေကို မြင့်တက်စေပြီး ကင်ဆာရောဂါပင် ဖြစ်နိုင်ချေရှိသည် ဆို၏။ ဖိစီးမှုက စိတ်ကျမှုဆီ ဦးတည်စေသည်။ စိတ်ကျမှုက မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အခြားသော လူသားပီသသည့် ဖျက်လိုဖျက်ဆီး အပြုအမူများကို ဖြစ်ပေါ်စေသည်။ သို့သော် အဘယ်ကြောင့် ဖိစီးမှုဖြစ်ရသည်ကို အပ်ကျမတ်ကျ ပြောနိုင်ဖို့ ခက်ခဲပါသည်။ သို့ရာတွင် ဤအမှန်တရားမှာ လူတို့အား စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်ကတော့ သေချာသည်။ ခေတ်သစ် လုပ်ငန်းခွင်များမှာ ကလေးများအပါအ၀င် လူများစွာအတွက် သီးသန့် ဖိအားမျိုးစုံ ဖြစ်ပေါ်စေရာ ရင်းမြစ်များပင် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းမှ သန်း ၆၀၀ ကျော်သော လူတို့မှာ အပတ်စဉ် (၄၈) နာရီကျော်အောင် အလုပ်ခွင်ထဲ ကျရောက်နေရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂက ဆိုသည်။ ထို့ပြင် စမာ့ထ်ဖုန်း (Smartphone) များနှင့် အင်တာနက်ကဲ့သို့ နည်းပညာ တိုးတက်မှုများကလည်း အလုပ်နှင့် ကိုယ်ပိုင်အားလပ်ချိန်ကြား စည်းကို မှုန်ဝါးသွားစေသည်။ အမေရိကန် တစ်ဝက်ခန့်မှာ အလုပ်ကို အိမ်သို့ယူလုပ်လေ့ ရှိကြသည်ဟု မကြာသေးမီက လေ့လာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။ အလုပ်တစ်ဘက်နှင့် မိဘဖြစ်ရခြင်း၏ ဖိစီးမှုကိုလည်း ၂၀၀၇ က လေ့လာမှုတစ်ခုတွင် အသက်ကြီးသောသူများသည် ဖိစီးမှု ပိုမိုနည်းပါးကြောင်း ထောက်ပြခဲ့သည်။ အသက်ကြီးသော အလုပ်သမား အများစုမှာ သားသမီးများ အရွယ်ရောက်၍ တစ်ကိုယ်တည်းနေရသော မိဘ (Empty Nester) များ ဖြစ်ကြပြီး ၎င်းတို့သည် ငယ်ရွယ်သူများနှင့် သက်လတ်ပိုင်း အလုပ်သမားများတွင် အမြဲဖြစ်ပေါ်တတ်သည့် အလုပ်ခွင်  ကိုယ်ရေးကိုယ်တာ ပြဿနာများ မရှိကြကြောင်း Michigan's Institute for Social Research (ISR) တက္ကသိုလ်မှ အဖွဲ့အစည်းစိတ်ပညာရှင် သုတေသီ Gwenith Fisher က ဆိုသည်။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ အကြံပေးချက်မှာ ဖိစီးမှုအား ရင်ဆိုင်တိုက်ခိုက်ရန် အကောင်းဆုံးနည်းလမ်းနှစ်ရပ်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း (Exercise) နှင့် လုံလောက်သော အိပ်စက်မှုသာ ဖြစ်သည် ဟူ၏။

ကိုယ်ခန္ဓာအား လိုတိုးပိုလျှော့လုပ်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း

၂၀၁၅ တွင် အမေရိကန် ၁၇ ရာခိုင်နှုန်းမှာ အလှအပဆိုင်ရာ ခွဲစိတ်မှုတစ်ခုခု ပြုလုပ်ပြီးကြ လိမ့်မည်ဟု အဆိုပါ အသိုင်းအ၀ိုင်းမှ ခန့်မှန်းသည်။ မိမိကိုယ်ကိုယ် Upgrade လုပ်ခြင်း Self-edification ဟု အချို့က ခေါ်သည့် ဤအမူအကျင့်များမှာ အနုပညာတစ်ရပ် သို့မဟုတ်၊ အချိန်ဖြုန်းနည်း တစ်နည်းနှင့် အာဏာပိုင်များကို ဆန့်ကျင်သည့် နည်းလမ်းတစ်သွယ် ဖြစ်နေနိုင်ပါသည်။ သို့သော် ယေဘုယျအားဖြင့် တွေ့ရှိရသည့်အချက်မှာ အတုလုပ်နည်းများဖြင့် မိမိကိုယ်ကိုယ် အဆင့်မြှင့်ရန် အလွန် စိတ်အားထက်သန်ကြသူ အများအပြား ပြုလုပ်လေ့ရှိသော အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုများကြောင့် လူသေဆုံးရသည့် ကိစ္စရပ်များ ဖြစ်ပါသည်။ ပထမဆုံးအချက်အနေဖြင့် ကိုယ်ခန္ဓာပြုပြင်သည့် ဆိုင်များတွင် ရွေးချယ်စရာ နည်းလမ်းများ ထွေထွေပြားပြား ရှိမနေခြင်းဟူသော အချက်မှာ အရေးပါသည်။ လုပ်ထုံးလုပ်နည်းများမှာ ရှေးကျပြီး များသောအားဖြင့် ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ စွမ်းအင် အမှတ်သညာများနှင့် ဆက်နွယ်နေလေ့ရှိသည်။ စင်စစ် ကိုယ်ခန္ဓာအား လိုတိုးပိုလျှော့လုပ်သည့် ခေတ်သစ် ခွဲစိတ်ပြုပြင်မှုများမှာ ရှေးဟောင်းဓလေ့ထုံးတမ်းများနှင့် နှိုင်းယှဉ်သော် ကြင်ကြင်နာနာရှိသည်ဟုပင် ဆိုရမည်။ ဦးခေါင်း အနေအထားအား ပုံသွင်းခြင်း၊ လည်ပင်းအား ပိုရှည်အောင်လုပ်ခြင်း၊ နားရွက်ဖြတ်ခြင်း၊ နှုတ်ခမ်းဖောက်ခြင်း၊ ကိုယ်ခန္ဓာပေါ် ဆေးချယ်ခြင်း၊ ကျောက်မျက်ရတနာများ အသေမြှုပ်ခြင်း စသည့် ဓလေ့များကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လူသားများ လုပ်ဆောင်ခဲ့ကြသည်။

ယနေ့အချိန်တွင် ဤကိစ္စအတွက် အားအကောင်းဆုံး လှုံ့ဆော်မှုမှာ လှပစေရန်အတွက်သာ ဖြစ်သော်လည်း တစ်ဦးတစ်ယောက်အနေဖြင့် အခြားတစ်နည်းဖြင့်လည်း အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါသည်။ သို့မဟုတ် အုပ်စုတစ်စု အတွင်း အံဝင်ခွင်ကျဖြစ်စေရန် မိမိကိုယ်ကိုယ် ပြုပြင်ခြင်းမျိုး။ လှပမှု ငါးစာ (Lure of Beauty) သည် ကိုယ်ခန္ဓာအား လိုတိုးပိုလျှော့ လုပ်ဆောင်စေရန် ပင်မ လှုံ့ဆော်မှုဖြစ်ကြောင်း မငြင်းနိုင်ပါ။ ဆွဲဆောင်မှုရှိသည့် အရောင်းသမား ထံမှသာ ပိုမိုဝယ်ယူကြကြောင်း လေ့လာမှုများအရ ပြသခဲ့ပြီး ဖြစ်သည်။ ဆွဲဆောင်မှုအပြည့်ရှိသည့် လူများသည် ကျွန်တော်တို့၏ အာရုံကို အခြားလူများထက် ပိုမို၍ သိမ်းကျုံးဆွဲငင် ယူနိုင်သည်။ ပိန်ပိန်ပါးပါး သမားများသည် အလုပ်ရရှိရန် ပိုမိုလွယ်ကူပြီး ရာထူးလည်း မြန်မြန် တိုးလေ့ရှိသည်။ အကယ်၍ ပိုကြည့်ကောင်းသည့် လူတစ်ယောက် ဖြစ်ပါက ပိုပျော်ရွှင်မှုရလိမ့်မည်။ မိမိကိုယ်ကိုယ် ပိုမိုနှစ်သက် ပျော်ရွှင်စေလိမ့်မည်ဟူသည့် အတွေးအခေါ်တစ်ခု ရှိကြောင်း အမျိုးသမီးနှင့် မိသားစုများဆိုင်ရာ အမျိုးသား သုတေသနဌာနမှ ဥက္ကဌ၊ စိတ်ပညာရှင် Diana Zuckerman က ဆိုသည်။ ဤသည်မှာလည်း ကျွန်တော်တို့ ရှင်သန်နေထိုင်ရာ လူ့အဖွဲ့အစည်းမှာ အင်္ဂါရုပ်နှင့် သွင်ပြင်အား အလွန် အလေးထားသည့် လူများသာ ဖြစ်သောကြောင့် ယုတ္တိနည်းကျပြီး အလွန် ကျိုးကြောင်းဆီလျော်မှု ရှိပါသည်ဟု သူက ဆို၏။

◄ ဆက်ရန် ►

Ref: Live Science

Comments

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...