Skip to main content

တိမ်လိုလွင့်မျော

နွေညနေခင်းမှာ ကျွန်တော် ထိုင်နေတယ်။ တိမ်စိုင်တွေကို ငေးမယ်။ လေထုနွေးနွေးကို ရှူမယ်။ အရိုးဆုံးပြောရရင် သဘာဝနဲ့ နီးစပ်အောင်နေမယ်။ ဘယ်သူမှ လက်လှမ်းမမီတဲ့ နေရာမှာ ကျွန်တော့်ကိုယ်ကျွန်တော် ချိတ်ဆွဲထားမယ်။ အဲဒီလို နေသားတကျဖြစ်ပြီဆိုရင် သဘာဝလောကကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ရောနှောပစ်လိုက်တော့မယ်။ ကောင်းကင်မှာ ပုံသဏ္ဌာန်မတိကျတဲ့ တိမ်တွေ သူလိုကိုယ်လို ရွေ့နေတယ်။ ကျွန်တော်က အဲဒီ တိမ်တွေထဲ မသိမသာ ၀င်ရောက် ရောနှောပစ်လိုက်တယ်။ တိမ်တိုက်တစ်ခုအနေနဲ့ တစ်နည်းနည်းနဲ့တော့ ကျွန်တော်လည်း စမတ်ကျနေမှာပဲ။ ပြီးတော့ ဘယ်ကို ဦးတည်နေလဲလို့ မေးခွန်းမထုတ်မိလောက်အောင် ကျွန်တော် သိတတ်ခဲ့ပြီ။ လေတိုက်ရင် ကျွန်တော် အစိတ်စိတ်အမွှာမွှာ ကွဲသွားမယ်၊ အချိန်တန်ရင် ပြန်ပေါင်းထုတ်ချင်ထုတ်မယ်။ နောက်ဆုံး မိုးအဖြစ် ရွာချင်ရွာချလိုက်မယ်၊ ကဲ.. ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ သူလိုကိုယ်လို တိမ်တိုက်တစ်ခုပဲ၊ ဘယ်သူငြင်းမလဲ။


ဘယ်သူမှမငြင်းပေမယ့် ကိုယ်တိုင်က ငြင်းတာ ခံလိုက်ရတယ်။ ကျွန်တော်ဟာ ထိုင်လျက်သား လူတစ်ယောက်ဘ၀ကို ဖျပ်ခနဲ ပြန်ရောက်သွားရတယ်။ တကယ်တမ်းဆို ကျွန်တော်ကသာ နွေညနေခင်းမှာ ထိုင်နေတယ် ပြောတာ၊ ကျွန်တော့်မှာ တခြားနေရာ သွားထိုင်ဖို့လည်း မဖြစ်နိုင်ဘူးလို့ တွေးမိတော့ ကျဉ်းကြပ်သလို ခံစားလိုက်ရတယ်။ ဆိုပါတော့ မြက်ခင်းပေါ်၊ သဲသောင်ပြင်ပေါ် စသဖြင့် တစ်နေရာရာမှာ ထိုင်ဖို့ ရွေးချယ်နိုင်သလိုမျိုး နွေညနေခင်းကို ကျွန်တော် ရွေးချယ်ထားခဲ့တာ မဟုတ်ဘူး။ နွေညနေခင်းမှာ မထိုင်ချင်လို့ ဆောင်းဦးနံနက်စောစောမှာ သွားထိုင်မယ်ဆိုပြီး ချေးများလို့မရဘူး။ နွေညနေခင်းဆိုတဲ့ အချိန်ကာလတစ်ရပ်ဟာ ကျွန်တော့်ဆီမှာ ကပ်ပါနေတယ်။ ဒီနေရာမှာ တချို့ကတော့ ဆင်ခြေကန်ချင် ကန်ပါလိမ့်မယ်။ မင်းသာ နွေညနေခင်းထဲမှာ ကပ်ပါးပိုးမွှားတစ်ကောင်လို တွယ်ကပ်နေတာ၊ သဘာဝရဲ့ အချိန်ကာလတစ်ရပ်ဟာ မင်းဆီမှာ ဘယ်လို ကပ်ပါနေနိုင်မှာလဲ ဆိုပြီးတော့ပေါ့။ တစ်စုံတစ်ယောက်က ဒီလို ဆိုမယ်ဆိုရင်လည်း ကျွန်တော်ကတော့ ငြင်းဆန်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့ဆို သူ့အနေနဲ့က သဘာဝနဲ့ ကျွန်တော်နဲ့ကို ကြားလူအနေနဲ့ မြင်တာကိုး။ သူ့ရှုထောင့်ကနေ မြင်သလို ပြောတာကိုး။ ကျွန်တော့်မှာ အိမ်တစ်လုံးရှိတယ်လို့ ကျွန်တော်က ပြောနေပေမယ့် ကျွန်တော်သာ အိမ်ထဲရောက်နေတဲ့လူလို့ သူကတော့ မြင်မှာပဲ။ သူ့အနေနဲ့ကတော့ ကျွန်တော့်လို ပါမွှားတစ်ယောက်က ကာလတရားထံမှာ ခိုကပ်နေတယ်လို့ မြင်မှ သဘာဝကျမှာကိုး။ တိမ်စိုင်တွေကိုတောင် မိုးအဖြစ်ရွာချဖို့ ရှိနေတာလို့ ပြောတတ်ကြသေးတာပဲ။ ဒီတော့ ငြင်းလည်း အပိုပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို ကျွန်တော်မြင်သလို တစ်ခါလောက်ဖြစ်ဖြစ် မြင်နိုင်စေချင် သေးတယ်။ အချိန်တွေ စီးနေတာကို အခု ကျွန်တော့်စိတ်ထဲက မြင်နေသလိုမျိုးလေ။ 

တကယ်တော့ အဲဒီ အချိန် (ဆိုတာ) ထဲမှာ ကျွန်တော်က အလိုက်သင့်မျောပါနေတာမဟုတ်ဘူး။ အဲဒီ အချိန်စီးကြောင်းဆိုတာကြီးကို ကျွန်တော်ကိုယ်တိုင်က သိနေတာလို့ ကျွန်တော်ဆိုမယ်။ အဲဒီအသိကြီးက ကျွန်တော့်ဆီမှာ ကပ်နေတာလို့ ထင်တယ်။ ဥပမာပြောရရင် ခင်ဗျားအခု စာဖတ်နေတာ အိပ်မက်ထဲမှာ မဟုတ်မှန်း ခင်ဗျားဘယ်တော့မှ မသေချာနိုင်သလိုမျိုးပဲ။ အသားကိုဆွဲဆိတ်ကြည့်ရင် နာကောင်း နာလိမ့်မယ်၊ ဒါပေမဲ့ ဒါဟာလည်း အိပ်မက်ထဲမှာ နာတာ ဖြစ်နေနိုင်သေးတယ်။ ဆိုလိုတာက အိပ်မက်မက်နေသူဟာ သူအိပ်မက်ထဲ ရောက်နေတာဖြစ်ကြောင်း ဘယ်တော့မှ အတိအကျ သက်သေမပြနိုင်သလိုမျိုး လက်တွေ့ဘ၀ဆိုတာ အလွန်ပီပြင်တဲ့ အိပ်မက်တစ်ပုဒ်လို့ ကျွန်တော် သိနေပေမယ့် သက်သေမပြနိုင်ဘူး။ အလွန် ပိရိသေသပ်တဲ့ မျက်လှည့်ပြကွက်တစ်ခုကို မှင်သက်မိလိုက်ရုံနဲ့ ဒါဟာ မျက်လှည့်ပဲဆိုတဲ့အသိ ပျောက်မသွားသလိုပဲ။ တကယ်အသက်ရှင်နေတာ သေချာပေမယ့် အသက်ရှင်နေတာ တကယ်လားဆိုတာ ကျွန်တော် ဘယ်တုန်းကမှ မသေချာခဲ့ဘူး။ ထို့အတူပဲ မျက်လှည့်ဆရာရဲ့ ၀ှက်ဖဲကိုလည်း ကျွန်တော် နည်းနည်းမှ သဲလွန်စ မဖော်နိုင်ခဲ့ဘူး။ ကျွန်တော်ဟာ တိမ်တွေလို မသိတတ်သေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် သိရှိကြေကွဲနေခဲ့တယ်။ တိမ်တွေနဲ့ အကြည့်ချင်းဆုံမှာစိုးလို့ တစ်ခါတခါ ကောင်းကင်ကို မော့မကြည့်ရဲလောက်အောင် သိမ်ငယ်ခဲ့ရတယ်။ ဘယ်ကိုဦးတည်နေသလဲဆိုတဲ့ အဖြေမရှိတဲ့ မေးခွန်းကို အထပ်ထပ်မေးရလောက်အောင် ဉာဏ်တိမ်တဲ့သူဟာ သူလိုကိုယ်လို လူသားတစ်ဦး မဟုတ်ဘူးဆိုတာ တွေးမိတော့ ကျွန်တော် လူအဖြစ်ကို ငြင်းဆန်ဖို့ သတိပြန်ရလာခဲ့တယ်။ မြွေတစ်ကောင်လို အိပ်မောကျပစ်ဖို့ သမ်းဝေတယ်။ သစ်ပင်တစ်ပင်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် မျိုးစေ့ချကြည့်တယ်။ အချိန်စီးကြောင်းမှာ အလိုမတူစွာ မျောပါနေရတယ်ဆိုတာကို နောက်တစ်ကြိမ် ပြတ်ပြတ်သားသား ငြင်းဆန်လိုက်တယ်။ ဒါမှမဟုတ် ကျွန်တော့်ဆီက အချိန်စီးကြောင်းကို ငြင်းဆန်လိုက်တယ်။ နောက်ဆုံးမှာ ကျွန်တော် တိမ်တိုက်တစ်တိုက် ပြန်ဖြစ်ခွင့်ရခဲ့တယ်။

အခုတော့လည်း လေတိုးတာကိုတောင် နာရကောင်းမှန်း ကျွန်တော် မသိတော့ဘူး။ အစိတ်စိတ်အမွှာမွှာကွဲလိုက်၊ ထုနဲ့ထည်နဲ့ အုံဖွဲ့လိုက်။ တိမ်တွေမှာ စိုးရိမ်ကြောင့်ကြမှု မရှိတာကို အံ့သြနေတဲ့ တိမ်တိုက်ဟာ ကျွန်တော်တစ်ယောက်တည်း ရှိမယ်ထင်တယ်။ လူအဖြစ်ထက်စာရင် တိမ်ဖြစ်ရတာက သူလိုကိုယ်လို ပိုဆန်တယ်လို့ အများနည်းတူ လွင့်မျောနေဆဲ တွေးမိလိုက်သေးတယ်။ တစ်နေ့မှာတော့ ကျွန်တော် ကမ္ဘာမြေပေါ်ကို တဖွဲဖွဲရွာချပစ်လိုက်ဦးမယ်။ အဲဒီနေရာမှာ တိမ်တွေကို ထိုင်ငေးနေတဲ့လူတစ်ယောက် ရှိချင်ရှိနေမှာ...။

တေဇာ (လရောင်လမ်း)

Comments

  1. ဒါဟာလည်း အိပ်မက်ထဲမှာ နာတာ ဖြစ်နေနိုင်သေးတယ်။ ဆိုလိုတာက အိပ်မက်မက်နေသူဟာ သူအိပ်မက်ထဲ ရောက်နေတာဖြစ်ကြောင်း ဘယ်တော့မှ အတိအကျ သက်သေမပြနိုင်သလိုမျိုး လက်တွေ့ဘ၀ဆိုတာ အလွန်ပီပြင်တဲ့ အိပ်မက်တစ်ပုဒ်လို့ ကျွန်တော် သိနေပေမယ့် သက်သေမပြနိုင်ဘူး။

    အပေါ်က အဲဒါလေး သဘောကျတယ်..

    ကျွန်တော်လဲ တစ်ချိန်မှာ ရွာချနိုင်ကောင်းပါရဲ့. ထိုင်ငေးသူတော့ တစ်ယောက်မကရှိမယ်.ထင်တာပဲလေ။

    ReplyDelete
  2. ဟေး
    မလာလည်တာကြာပြီနော်
    ဝက်သားလေးတွေ လာစားပါအုံး
    ငတ်နေတယ်မှလား (ဝက်သား ပြောတာ)
    လာလည်တယ်
    ခုထိ လူနားမလည်တာတွေ ရေးနေတုံးပဲနော် ....

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...