Skip to main content

အမှန်လွန် စိတ္တဇ ယုတ္တိများ

အကြမ်းဖက်မှု ဇောင်းပေးသော ဗွီဒီယိုဂိမ်းများသည် ကလေးငယ်များအား သွေးအေးလူသတ်နည်း သင်တန်းပေးခြင်း ဖြစ်သည်။ ၀မ်းတွင်းဂေးဖြစ်ကြောင်း ၀န်ခံသဖြင့် ပရိသတ်များ၏ ဝေဖန်မှု ခံနေရသော ပ၀ါတိုရီကန် အဆိုတော် ရစ်ကီမာတင်အား ဒရူးဘယ်ရီမိုးက ယောက်ျားပီသသော ၀န်ခံမှုဖြစ်သည်ဟု ထောက်ခံချီးကျူး။ တရုတ်ယွမ်ငွေသည် လာမည့် (၁၀) နှစ်အတွင်း အမေရိကန်ဒေါ်လာထက် ပိုမိုအရွယ်အစား ကြီးမားလာမည်ဟု ယွမ်ငွေထက်မှ ဥက္ကဋ္ဌကြီးမော်ကိုယ်တိုင်က မြွက်ကြွား လိုက်သည်။ ကွန်ဒွန်သုံးစွဲခြင်းကြောင့် အာရုံခံစားမှု မလျော့ပါးနိုင်ကြောင်း အပျိုစင်များကော်မတီမှ တရားဝင်အတည်ပြု။ မာကျူရီပမာဏ မြင့်မားလာခြင်းကြောင့် ငှက်များတွင် အဖိုအချင်းချင်း တစ်ကိုင်းတည်းနားမှု တိုးပွားလာ။ `လှိုင်းမူးလျှင် မိုးကုပ်စက်ဝိုင်းကိုကြည့်ပါ´ နှင့် `အဝေးပြေးကားပေါ်တွင် အချိန်မမေးပါနှင့်´ ဆိုရိုးနှစ်ရပ်၏ အဆက်အစပ်အား အပြုအမူသိပ္ပံနှင့် စိတ်နေစိတ်ထားဝိဇ္ဇာ ပညာရှင်များ တွဲဖက်လေ့လာမည်။ လက်ရွေးစင်အသင်းအား နည်းပြမည့် ဆားဗီးယားလူမျိုး အဘိုးအိုဖြင့် မြန်မာဘောလုံးအသင်းအား သွေးသစ်လောင်း။ မဟာသောတာပန်သင်တန်း တက်မည့်သူများ ဆူဠသောတာပန်သင်တန်း အရင်တက်ရောက်ရန် လိုအပ်။ အင်းဆက်ပိုးမွှားများတွင် ခံစားချက်ရှိကြောင်း သိလိုက်ရသည့်အတွက် သူ အလွန်ဝမ်းနည်းမိကြောင်း နတ်သမီးထောင်ချောက်ပင်တစ်ပင်က ပြောကြား။ ၎င်းအား မယုံကြည်ကြောင်း တစ်ချိန်တွင် လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားမည့်အတွက် ရူပဗေဒပညာရှင် စတီဗှင်ဟော့ကင်းအား အကြောသေစေရန် အလိုရှိခဲ့ခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်များအား ဘုရားသခင် ပြာပြာသလဲငြင်းဆို။ လူငယ်များအနေဖြင့် လူမှုကွန်ယက် ၀က်ဆိုက်များအား အလွန်အကျွံ မှီခိုကိုးစားမှု မပြုကြရန် ပုပ်ရဟန်းမင်းကြီးက Facebook နှင့် Tweeter မှ အလေးအနက် တိုက်တွန်းလိုက်သည်။ လူပြိန်းများ စုပေါင်း၍ လေဒီဂါဂါအား တီထွင်နိုင်ခဲ့ပြီ။ ဘုရားစင်စစ် ဧကန်ဖြစ်ပြီဟု mm3 မြန်မာယူနီကုဒ်ဖှောင့်က ဥဒါန်းကျူးရင့်။ ဇီယွန်ဝါဒအား ဟီဗရူးဘာသာစကားသုံးစွဲ၍ ရင့်ရင့်သီးသီးဝေဖန်ပါ။ ဦးသား သမီးကိုခိုးတဲ့ကိစ္စ ခေါင်းစဉ်ဖြင့် ခိုးရာပါပစ္စည်းကိုယ်တိုင်က ကျပန်းစကားပြောပြိုင်။ အင်္ဂလိပ်စာအားနည်းချက်ကြောင့် ညူကိစ္စအား အီရန်သမ္မတ ဆွေးနွေးနိုင်မည်မဟုတ်။ တပ်မတော်ကို စိတ်ကမှန်းပြီး Masturbate တောင် မလုပ်နဲ့။ မုတ်ဆိတ်မွှေး အရှည်ထားခြင်းသည် တော်လှန်ရေး၏ သင်္ကေတဖြစ်သည်ဟူသော စကားကြောင့် NLD အမျိုးသမီးများ နှုတ်ခမ်းဆူ။`လိင်´ ဟူသော စကားလုံးပါရှိသည့် ပို့စ်များသည် (၁၀) ဆမှ အဆ (၂၀) အထိ ကလစ်ရိတ် ပိုမိုများပြားသည်ဟု သုတေသနအသစ်တစ်ရပ်က ဆို။ မာသာထရီဇာအများအပြား ပုံတူမျိုးပွားခဲ့သော်လည်း ကာလကတ္တားကတော့ ပန်းပန်လျှက်ပါပဲ။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) ကျော်ခန့်က သတ်မှတ်ခဲ့သော ရာသီခွင်များ ယခုအခါ တစ်လခန့်နောက်ကျနေသဖြင့် ဗေဒင်ဆရာများ အခက်ကြုံမည်မဟုတ်။ ရာဇ၀တ်မှုများ လျော့ကျလာခြင်းသည် ရဲများ၏ ပျင်းရိမှုကြောင့်သာဖြစ်။ အခွန်ရှောင်ခြင်းအား အမေရိကန်နိုင်ငံသား အများစုက ပြစ်မှုတစ်ခုဟု မမှတ်ယူဟူသော သတင်းအား မြန်မာနိုင်ငံသားအများစု နားမလည်။ ၁၉၉၄ ခုနှစ်က ဥက္ကလာဟိုးမားပြည်နယ်တွင် ထောင်ဒဏ် (၂၂၀၀) နှစ် ကျခံခဲ့ရသော မုဒိန်းလူသတ်သမား အန်ဒါဆန်သည် အယူခံအနိုင်ရရှိသဖြင့် ၁၂၇၄၄ ခုနှစ်တွင် စောစီးစွာ ပြန်လည်လွတ်မြောက်လာမည်။ အာတိတ်ရေခဲများ အရည်ပျော်လာမှုကြောင့် ရေနေနို့တိုက်သတ္တ၀ါများ မျိုးနှောလာနိုင်ဖွယ်ရှိ (ဥပမာ- ဝေလ၀က်ဝံ) ။ ပူနွေးလာသော ကမ္ဘာကြီးတွင် သစ်ပင်များ တောင်အောက်သို့ ရွှေ့ပြောင်းနေထိုင်မည်ဖြစ်သဖြင့် တောင်တက်သူများ မီးမွှေးရန် အခက်အခဲရှိမည်။ ကျွန်မဟာ တစ်ချိန်က နာမည်ကျော် အပြာမင်းသမီးဖြစ်ကြောင်း ကလေးတွေကို အသိပေးမှာပါ။ ဂျပန်နိုင်ငံတွင် မျောက်တစ်ကောင် ထောင်ဖေါက်ပြေး၊ မည်သည့်အမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရခြင်းဖြစ်ကြောင်း မသိရ။ ကမ္ဘာကျော်ဘောလုံးသမားဟောင်း ရော်နယ်ဒို၏ သုတ်သွေးတစ်စက်အား နှစ်ပေါင်းများစွာအကြာတွင် စင်ကာပူနိုင်ငံမှ အံ့အားသင့်ဖွယ် ပြန်လည်တွေ့ရှိ။ စစ်မှုထမ်းဥပဒေကြောင့် အလျင်စလို ယောက်ျားယူမည့် မိန်းမများ၊ ယောက်ျားအား ပျားရည်ဆမ်းကာလ အပါအ၀င် (၂) နှစ်ခန့် ဆုံးရှုံးရဖွယ်ရှိနေ။ ဒီလိုစောက်ကျင့်တွေနဲ့တော့ ဖာနိုင်ငံဖြစ်မယ် ပုံ-ဗိုလ်ချုပ်အောင်ဆန်း ........။

တေဇာ (လရောင်လမ်း)
Surreal Abstract Reasoning
Source: Google
Theme: Satirical Prose
12,744

Comments

  1. COol...

    ( today weather is -6 degree Celceus. ) :)

    ReplyDelete
  2. ၎င်းအား မယုံကြည်ကြောင်း တစ်ချိန်တွင် လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားမည့်အတွက် ရူပဗေဒပညာရှင် စတီဗှင်ဟော့ကင်းအား အကြောသေစေရန် အလိုရှိခဲ့ခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်များအား ဘုရားသခင် ပြာပြာသလဲငြင်းဆို။


    ဒီလိုစောက်ကျင့်တွေနဲ့တော့ ဖာနိုင်ငံဖြစ်မယ် ပုံ-ဗိုလ်ချုပ်အောင်ဆန်း ........။

    အဲလိုတွေကြောင့် ဒီကောင် ဒီနေရာကို မဖတ်ပဲ မနေနိုင်တာ။

    ReplyDelete
  3. ဖတ်ရင်းနဲ့ ပြုံးမိယုံမက ၀ါးလုံးကွဲ ရယ်မိကြောင်း ပါ၊ ကိုတေဇာရယ်... စီပုံးက ဖြုတ်လိုက်ပြီလားဟင်..

    ReplyDelete
  4. စီပုံးက ကြော်ငြာတွေ ၀င်လို့ဗျ။ :)

    ReplyDelete
  5. ဒီလို သရော်စာ ၊ သရော်ကဗျာလေးတွေ ပိုကြိုက်တယ်ဗျာ။ ကိုယ်တိုင်လည်း ဒီလိုပဲ အမြဲ စဉ်းစားနေမိသူပါ။

    ReplyDelete
  6. စာကြောင်းတိုတိုလေးတွေနဲ့ ထိမိတယ် ကြိုက်တယ်း)

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA