Skip to main content

အပြစ်ဆေးခြင်း (Redemption)

ယနေ့အချိန်ထိ ရှက်ရွံ့စိတ် ခံစားနေရမည့် အရာတစ်ခုကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က ကျွန်တော် လုပ်ခဲ့မိသည်။ လူတစ်ယောက်အား ကတိစကားတစ်ခု ဖျက်မိခဲ့ခြင်းဖြစ်ပြီး ယင်းက သူမကို အကြီးအကျယ် ထိခိုက်နာကျင်စေခဲ့သည်။ အစကတည်းက အဆိုပါကတိအား ပေးရန် မရည်ရွယ်ခဲ့ဟု မိမိကိုယ်ကိုယ် ဆင်ခြေကန်သော်လည်း ဖိအားတစ်ခုအဖြစ် တည်ရှိနေခဲ့ပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်မှ လူအများအပြားက အကြောင်းပြချက်ကိုယ်စီဖြင့် ဖျက်သင့်သောကတိသာ ဖြစ်သည်ဟု ကျွန်တော့်ကို ဖြောင်းဖြကာ ဖြေသာသော စကားလုံးအမျိုးမျိုးသုံးစွဲ၍ ထိုအခြေအနေအား လက်သင့်ခံနိုင်ဖွယ်ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြပါသည်။ သို့သော် တကယ်တမ်းတွင် ထိုကိစ္စအတွက် ကျွန်တော်မပျော်နိုင်ခဲ့။ ကတိသည် ကတိသာဖြစ်ပြီး ကိုယ့်အတွက်ကိုယ်ကြည့်ပြီး ဖျက်သိမ်းခဲ့ခြင်းမှာ မည်သို့မျှ ဆီလျှော်မှုမရှိဟုသော အသိမှ ကျွန်တော် မလွတ်မြောက်နိုင်ခဲ့။

တကယ်တော့ ကတိဖျက်ခဲ့သူမှာ ကျွန်တော်သာ ဖြစ်သည်။ ဗုဒ္ဓဘာသာစကားဖြင့် ပြောရလျှင် တဏှာနွံထဲ နစ်ဝင်မိပြီး အ၀ိဇ္ဇာအမှောင်ဖုံးကာ ထိုအချိန်အခါက အခြားအရာများအားလုံးထက် ကျွန်တော်ပိုအလိုရှိသော အရာတစ်ခုကိုရလိုသော ဆန္ဒနောက်သို့  ကောက်ကောက်ပါအောင် လိုက်မိခဲ့ခြင်းသာ ဖြစ်သည်။ (ဤသို့ပြောရသည်မှာလည်း ဆင်ခြေပေးခြင်းမဟုတ်ဘဲ ရှင်းလင်းချက်တစ်ခုသာ ဖြစ်ပါသည်) သို့ရာတွင် ကျွန်တော့်အတွက် အဆိုးထဲက အကောင်းဟုပင် ပြောရမည်။ အဆိုပါ ကတိဖျက်မိသည့် လုပ်ရပ်ကြောင့်ပင် အမှောင်ထဲ ပိတ်မိနေသည့်အဖြစ်မှ ရုန်းထွက်ရန် ကျွန်တော် သတိရခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ လိုအင်ဆန္ဒများက ကျွန်တော့်အပေါ် မည်မျှထိ ဂုတ်ခွစီးထားကြောင်း ကိုယ်တိုင် သတိပြုမိခဲ့စေသည်။ ထိုမှတစ်ဖန် ပြီးခဲ့သည့်လုပ်ရပ်အပေါ် နောင်တရခြင်း၊ နောက်တစ်ကြိမ်မပြုလုပ်တော့ဟု ပိုင်းဖြတ်ခြင်းနှင့် လုံလောက်သည့် ကိုယ်ပိုင်ထိန်းချုပ်မှုကိုလည်း ပြန်လည်ရရှိစေခဲ့သည်။ (ကျွန်တော်၏ ၀န်ချခြင်းသည် များစွာနောက်ကျခဲ့သည်။ ဆက်ဆံရေးမှာမူ ပျက်ပြားခဲ့ပြီးဖြစ်သည်)

အပြစ်မကင်းစိတ်ဖြင့် ကာလကြာမြင့်စွာ ကျွန်တော်နေထိုင်ခဲ့ရသည်။ ၀န်ချခြင်းကြောင့် အဆိုပါအပြစ်မကင်းစိတ်မှ ကျွန်တော် ချမ်းသာရာမရခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမိသည့် သံသရာထဲတွင်ပင် ကျင်လည်နေခဲ့ရသည်။ ကျွန်တော်၏ အပြစ်အား မည်သို့ ဆေးကြောရမည်လဲဟု ကျွန်တော် စဉ်းစားကြည့်မိပါသည်။

အပြစ်ဆေးခြင်း

ဆိုးရွားသည့် ရာဇ၀တ်မှုသတင်းတစ်ပုဒ်အား ဖတ်ရတိုင်း မည်သို့မည်ပုံ အပြစ်ဆေးရန် ဖြစ်နိုင်မည်လဲဟု ကျွန်တော် စဉ်းစားကြည့်မိတတ်သည်။ တစ်စုံတစ်ယောက်အပေါ် ကျူးလွန်ခဲ့သည့် လျှို့ဝှက်အပြစ်တစ်ခုအား မည်သူမျှ ထမ်းပိုးထားမည်မဟုတ်သော်လည်း၊ ထိုအကြောင်းအရာအပေါ် တွေးတွေးဆဆ လုပ်မိသည်နှင့်တစ်ပြိုင်နက် မိမိကိုယ်တိုင်၏ ကောင်းမြတ်မှုအပေါ် ယုံကြည်မှုလွင့်ပါးခြင်းနှင့် မိမိကိုယ်ကိုယ်လေးစားမှုအား ထိခိုက်စေနိုင်သည့် အန္တရာယ် ရှိနေပါသည်။ အတိတ်တစ္ဆေ အခြောက်ခံနေရပြီး၊ ထာဝရ အမဲစက်စွန်းထင်း ခံနေရသူများအတွက် ကျွန်တော်က အောက်ပါအတိုင်း အကြံပြုလိုပါသည်။

၁) သဘောထားသည် လုပ်ရပ်တစ်ခု၏ အရေးအကြီးဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ကျွန်တော်တို့ လုပ်ခဲ့သည်များကို အဘယ်ကြောင့် ကျွန်တော်တို့ လုပ်ခဲ့ပါသလဲ။ မိမိကိုယ်ကျိုးအတွက် သို့မဟုတ် ကိုယ်မှန်တယ်ထင်ရာကို လုပ်ခြင်းသာဖြစ်ပြီး ယင်းအတွက် အခြားသူများအား ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်မပါဘဲ ပြုလုပ်ခြင်း ဖြစ်ပါသလား။ ဒုတိယအချက်အရဆိုလျှင် ကျွန်တော်တို့၏ သဘောထားသည် ကောင်းမွန်သည်နှင့် တစ်ချိန်တည်းတွင် အလွန် သင့်လျော်လျောက်ပတ်ဟန်ရှိသည့် လုပ်ရပ်များသည်လည်း ရံဖန်ရံခါ အခြားသူများအား နာကျင်စေတတ်သည်ဟုသော အချက်ကို ကျွန်တော်တို့ လက်ခံရပေမည်။ ဥပမာ နာကျင်စေသော၊ သို့သော် လိုအပ်သော ဆေးပညာခွဲစိတ်ကုသမှုတစ်ခုကို စဉ်းစားကြည့်နိုင်သည်။ ထိုတွေးခေါ်ပုံမျိုးရရှိရန် ကြိုးစားရာတွင် ကျွန်တော်တို့အနေဖြင့် လုပ်ရပ်တစ်ခုအတွက် မည်မျှအထိ စိတ်သဘောထားသန့်ရှင်းခဲ့သနည်း၊ လိပ်ပြာလုံခဲ့သနည်း ဟူသည့် ရှုပ်ထွေးမှုကို ခလုတ်တိုက်မိတတ်ပြန်သည်။ သို့ရာတွင် လုပ်ရပ်တစ်ခု၏ (ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲသော) `ရလဒ်´ အစား `သဘောထား´ အပေါ်တွင်သာ အလေးပေးစဉ်းစားခြင်းအားဖြင့် နောင်တရစရာမရှိဟူသော ခံစားချက်တစ်ရပ်အား မွေးမြူနိုင်ပါလိမ့်မည်။

၂ ) လူသည် ပင်ကိုယ်သဘာဝအရ ကောင်းသည်၊ ဆိုးသည်ဟု ကပ်ပါလာခြင်းမဟုတ်ဘဲ အကောင်းအဆိုး နှစ်ရပ်စလုံးအတွက် တူညီသော စွမ်းဆောင်ရည် ရှိနေသည်။ ကျွန်တော်တို့တွင် အခြားသူများအား အလေးထားသော တွန်းအားများ ရှိနေတတ်ကြသည့် တစ်ချိန်တည်းတွင် ၎င်းတို့အား နာကျင်ထိခိုက်မှုလည်း ရှိစေတတ်ကြသည်။ လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန်တွင် ယင်းနှစ်မျိုးအား တစ်ပြိုင်နက် ပြုလုပ်မိတတ်ကြသည်။ မနှစ်မြို့ဖွယ်ပုဂ္ဂိုလ်များ (ဥပမာ- ဟစ်တလာ) ကိုသော်မှ အဆိုးချည်းသက်သက်ဟု တံဆိပ်ကပ်ရန်ကြိုးစားမှုမှာ မိမိကိုယ်ကိုယ် လှည့်စားခြင်းသာ ဖြစ်ပါသည်။ (သမိုင်းတွင် ပြည့်နှက်နေသည့် ကြောက်မက်ဖွယ် ရာဇ၀တ်မှုများအတွက် ဖြေရှင်းချက်အဖြစ် ထိုသို့ တံဆိပ်ကပ်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်) သို့ရာတွင် တစ်ချို့သောလူများတွင် ကောင်းမြတ်ခြင်းတရားသည် ပင်ကိုယ်သဘောသဖွယ်ကပ်ပါလာသည်ဟု ငြင်းချက်ထုတ်နိုင်သည်။ ထို့ပြင် (အများလက်ခံ) မကောင်းမှုပြုလုပ်သူ အများစုသည်လည်း မိမိကိုယ်ကို အပြစ်ဆေးကြောခြင်းမရှိဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ယူဆသူများ ရှိနိုင်သည်။ သို့တိုင် ကျွန်တော့် လူနာများထဲမှ ဆေးလိပ်သောက်တတ်သူများတွင် ကျွန်တော့်တိုက်တွန်းချက်ကြောင့် ဆေးလိပ်ပြတ်သွားသူ တစ်ယောက်ယောက်ရှိသည်ဟု ကျွန်တော် မမှတ်မိပါ။ ဆိုလိုရင်းမှာ ဆေးလိပ်သောက်ခြင်းသည် မကောင်းမှုဖြစ်ပြီး၊ ဆေးလိပ်ဖြတ်လိုက် သူများသာ အပြစ်ဆေးကြောပြီးဖြစ်သည်ဟု ယူဆလျှင် အပြစ်ဆေးကြောနိုင်သူ ပမာဏသည် အလွန်နည်းပါး ပါလိမ့်မည်။ ယနေ့ အသက်ရှင်နေသော လူဆိုးလူမိုက်ဆိုသူများသည် ၎င်းတို့၏ လုပ်ရပ်များအတွက် ညအိပ်မပျော်မီအချိန်တွင် စိုးရွံ့မှု၊ သို့မဟုတ် အပြစ်မကင်းသော ခံစားချက်များ မခံစားရဟူ၍ မည်သူမျှ မပြောနိုင်ပေ။ ထို့ကြောင့် အပြစ်ဆေးကြောခြင်းအမှုသည် မည်သူ့အတွက်မဆို ဖြစ်နိုင်ချေရှိသော အရာတစ်ခုသာ ဖြစ်ပါသည်။

၃ ) အပြစ်ဆေးကြောခြင်းသို့ သွားရာလမ်းသည် ခက်ခဲသည်။ သို့တိုင် မဖြစ်နိုင်လောက်အောင် ခက်ခဲသော အရာတစ်ခု မဟုတ်ပါ။ အမှားတစ်ခု ကျူးလွန်ခဲ့မိကြောင်း အပြည့်အ၀ နားလည်ပြီး ပြီးခဲ့သမျှအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း နားလည်ရပါမည်။ နောက်တစ်ဖန် မဖြစ်ရန် စိတ်ပိုင်းဖြတ်ရမည်။ ၀န်ချတောင်းပန်သင့်ပါက တောင်းပန်ရမည်။ ကောင်းမြတ်ခြင်းတရားဆီသို့ ရှေးရှုနိုင်ရန် မိမိကိုယ်ကိုယ် ပြုပြင်ရပါမည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုသို့ (အပြည့်အ၀မဖြစ်နိုင်မှန်း သိသော်လည်း) အကောင်းချည်းသီးသန့်သာ လုပ်နိုင်ရန်ကြိုးစားတော့မည်ဟု မိမိကိုယ်ကိုယ် သတိပေးခြင်းကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ခွင့်လွှတ်နိုင်စွမ်းရှိလာပြီး အပြစ်ဆေးကြောခြင်းအား သိမြင်လာနိုင်ခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာတွင် `ယနေ့မှစ၍....´ အစချီသော အရေးကြီးသည့် သဘောတရားတစ်ခု ရှိသည်။ ပြုပြင်၍မရတော့သည့် အတိတ်တွင် နစ်မွမ်းမနေဘဲ အနာဂတ်တွင် ပိုကောင်းအောင် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်သည်ဟူသော အတွေးအခေါ် ဖြစ်ပါသည်။ အတိတ်၏ အကျိုးဆက်များမှ မလွတ်ကင်းနိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ၎င်းတို့မှ မိမိကိုယ်ကိုယ် အသွင်ပြောင်းနိုင်ပြီး ကိုယ့်တွင်ရှိသော ကောင်းမြတ်ခြင်းတရားကို သန်စွမ်းလာအောင် လုပ်ဆောင်နိုင်ပါသည်။

မိစ္ဆာနှင့် ရင်ဆိုင်တွေ့ရသော်မှ ၎င်းသည် တကယ်တမ်းတွင် လမ်းလွဲနေသော သားတစ်ယောက်မျှသာ ဖြစ်သည်ဟု ဗုဒ္ဓက သိမြင်သည်။ ၎င်းအနေဖြင့် မိမိ၏ ပျော်ရွှင်မှုအား အခြားသူများ၏ ဘေးဒုက္ခအပေါ်တွင် အခြေခံတည်ဆောက်နိုင်မည်ဟု ထင်မြင်မှားနေသူမျှသာ ဖြစ်သည်။ ကလေးများ၏ မဖွံ့ဖြိုး၊ မရင့်ကျက်သေးသော စိတ်ဖြစ်စဉ်များအား လူကြီးများက အလွယ်တကူ သိသကဲ့သို့ မိစ္ဆာတရား၏ ရင်းမြစ်ဖြစ်သော အဆိုပါ ထင်မြင်မှားမှုအား ဗုဒ္ဓက သိမြင်သည်။ ဘ၀၏ စစ်မှန်သော သဘာဝနှင့် ဂုဏ်ရည်တို့နှင့်ပတ်သက်ပြီး ထင်မြင်လွှဲမှားခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဗုဒ္ဓအနေဖြင့် မကောင်းမှုတစ်ရပ်အား ကျူးလွန်သူကိုသော်မှ ဆက်လက်မေတ္တာထားကာ ခွင့်လွှတ်နိုင်ပေသည်။ ပင်ကိုယ်သဘာဝအရ ဆိုးယုတ်ခြင်းမဟုတ်ဘဲ မသိမှုကြောင့် ဖြစ်ရခြင်းဟု အသေအချာ နားလည်ထားခြင်း ဖြစ်ပါသည်။ လူတစ်ယောက်၏ ဘ၀သည် မည်မျှပင် ရှုပ်ထွေးကွေ့ကောက်လှသည်ဖြစ်စေ၊ ထွက်မြောက်ရာလမ်းသည် အမြဲတစေ လက်ဝယ်ရှိနေပါသည်။ ထို့ကြောင့်သာ `အပြစ်ဆေးခြင်း´ ဟူသော ဝေါဟာရ ပေါ်ပေါက်လာခြင်း မဟုတ်လား။

တေဇာ (လရောင်လမ်း)
Ref: Redemption By Dr. Alex Lickerman

Comments

  1. လူတစ်ယောက်၏ ဘ၀သည် မည်မျှပင် ရှုပ်ထွေးကွေ့ကောက်လှသည်ဖြစ်စေ၊ ထွက်မြောက်ရာလမ်းသည် အမြဲတစေ လက်ဝယ်ရှိနေပါသည်။ ထို့ကြောင့်သာ `အပြစ်ဆေးခြင်း´ ဟူသော ဝေါဟာရ ပေါ်ပေါက်လာခြင်း မဟုတ်လား။

    ဒီပို့စ်ရဲ့ အဆုံးသတ်ကိုကြိုက်တယ် အစ်ကို့စာတွေက ပေးချင်တဲ့ မက်ဆေ့ကို စိတ်ရှည်ရှည် နဲ့ ဆွဲခေါ်သွားတဲ့ စာမျိုးတွေပဲ ကျနော်တော့ကြိုက်တယ် အကြိုက်ဆုံးက “ ကျုပ် ” ဆိုတဲ့ ပို့စ်း)

    ReplyDelete
  2. လုပ်ခဲ့မိရင်တော့ ဆေးကြောရမှာပေါ့လေ..

    အကောင်းဆုံးကတော့ အပြစ်တွေ မလုပ်မိအောင် တတ်နိုင်သလောက် စောင့်ထိန်းချင်ပါတယ်။

    ReplyDelete
  3. ဆေး လို့ ရနိုင်သေးတဲ့ အပြစ်တွေ ဆိုရင် တော်သေးတာပေါ့နော်.. ခင်ပွန်းကြီး ဆယ်ပါး ပြစ်မှား မိတာမျိုး ဆိုရင်တော့ ကျေနိုင်ဖို့ရာ ခဲယဉ်းပါတယ်...

    ReplyDelete
  4. အရမ်းကောင်းတဲ. ပို.စ်လေးပါ။ ကူးယူသွားပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း သူများပစ္စည်းကို ခွင့်မတောင်းပဲ ၂ ခါကြည်.ခဲ.ဘူးပါတယ်။ အဲဒါ ကတော့ ကျွန်တော့်အတွက် အဲဒီ အချိန်က အရမ်းကို အရေးကြီးတဲ. သူတို.ဘယ်လိုရေးကြလဲဆိုတဲ. စာတွေပါ။ တကယ်တော့ ကျွန်တော် ကိုယ်တိုင် ခွင့်တောင်းပြီးမှ ကြည်.သင့်တာပါ။ တစ်ယောက်ကိုတော့ ငါခွင့်မတောင်းပဲ ကြည်.ခဲ.မိတယ်လို. ၀င်ချ တောင်းပန်လိုက်ပါတယ်။ နောက်တစ်ယောက် စာကတော့ တစ်နေရာမှာတွေ.တာနဲ.နဲနဲပဲကြည်.လိုက်တာပါ။ ကျွန်တော့စာကို လည်း သူတို.ကို မပြချင်ပါဘူး။ ဒါဆို သူတို. ဟာကိုလဲ မကြည်.သင့်ဘူးလေ။ ဘာပဲဖြစ်ဖြစ်မမျှတဘူးဖြစ်နေတာပေါ့။ ဒါကြောင့် နောက်မဖြစ်အောင်လည်း အစွမ်းကုန် ကြိုးစားသွား ပါ့မယ်လို.။ ဒီပို.စ်လေး ထဲကလို ပိုပြီး မျှတမှုတွေဆီသို.............

    ReplyDelete

Post a Comment

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA