Skip to main content

ပျောက်သောသူအား ရှာဖွေခြင်း

ကိုယ့်ကိုယ်ကိုယ် ရှာဖွေတယ်၊ ငါ့ကိုယ်ငါတောင် ရှာမတွေ့သေးဘူး စတဲ့ အပြောမျိုးကို ကဗျာတွေ၊ စာတွေထဲမှာ မကြာခဏ တွေ့ရတတ်တယ်။ ယုတ်စွအဆုံး ခပ်ညံ့ညံ့ ရုပ်ရှင်ထဲက ခပ်ချာချာ သရုပ်ဆောင်တစ်ဦး ပြောတဲ့ ဒိုင်ယာလော့ အဖြစ်လည်း ကြားရနိုင်တယ်။ ဒီလိုပဲ ဂမ္ဘီရ၀တ္ထုတွေထဲက ဘိုးတော်ကြီးတစ်ဦး မိန့်ကြားတဲ့ နက်နဲလှတဲ့ စကားတစ်ခွန်းလည်း ဖြစ်နေနိုင်တယ်။ ဟုတ်ပြီ၊ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတယ်ဆိုတာ ဘယ်လိုများလဲ။ တွေ့ရော တွေ့ကြရဲ့လား။ ဘယ်လိုတွေ့နိုင်သလဲ။ ကိုယ့်ဓာတ်ပုံတွေ ကိုယ်ပြန် ထုတ်ကြည့်ရမှာလား။ မှန်ကြည့်ရမှာလား။ ရှာမယ်ဆိုရင်ရော ဘယ်နေရာမှာ သွားရှာမလဲ။ ဟိမ၀န္တာတောထဲက မျောက်အုပ်ထဲ လိုက်ရှာမလား။ အန္တာတိတ်က ပင်ဂွင်းငှက်အုပ်ထဲ သွားရှာမလား။ လူတွေမသေကြတော့လို့ (သေခဲလာလို့) အစာရှားပါးငတ်မွတ်ပြီး မျိုးတုံးရတော့မယ့် လက်ကျန် လဒမျိုးစိတ်ထဲမှာ သွားရှာမလား။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ရှာမတွေ့တဲ့အဆုံး၊ မိမိဘာသာ မရှာတော့ဘဲ တခြားလူတစ်ယောက်ကို ရှာခိုင်းလိုက်ရင်ရော အဆင်မပြေနိုင်ဘူးလား။ တခြားလူတောင် ကိုယ်နဲ့မျက်နှာချင်းဆိုင်က လူကို ရှာခိုင်းလိုက်ရင် ချက်ချင်းမတွေ့နိုင်ပေဘူးလား။ ဒီလိုတွေ တွေးမိပြန်တော့ ကိုယ့်ကိုယ်ကိုယ် ရှာတယ်ဆိုတဲ့ကိစ္စဟာ နှယ်နှယ်ရရ မဟုတ်တော့ဘူး။ မေးခွန်းတွေများလာတယ်။ စဉ်းစားစရာတွေ ထပ်ပွားလာတယ်။ အသေအချာ ကိုင်တွယ်ဖြေရှင်းရတော့မယ့် ပြဿနာ ဖြစ်လာတယ်။

စဉ်းစားရင်းနဲ့ လိုချင်တဲ့အဖြေမရဘဲ မေးခွန်းတွေသာ နင်းကြမ်းဖြစ်လာတော့ အသာလေး ရပ်လိုက်ရတယ်။ ဒီလို စဉ်းစားနေလို့ မဖြစ်သေးဘူး။ အဖြောင့်တွေးနည်း၊ အကောက်တွေးနည်း (Straight & Crooked Thinking) ထဲက အဖြောင့်တွေးလို့ နေရာမကျတော့ အကောက်တွေးကြည့်ဖို့ ကြံစည်ရပြန်တယ်။ ကိုယ့်ကိုယ်ကိုယ်ရှာတယ်ဆိုတဲ့ စကားကို ပြောသူက ရိုးရိုးသားသား ပြောလိုက်တာမျိုးမှ ဟုတ်ရဲ့လား။ စကားဝှက်နဲ့ ပြောလိုက်တာ ဖြစ်နေမလား။ လေးနက်ပြီး ပညာသားပါပါ ပြောလိုက်တဲ့၊ Figurative အသုံးကို ကိုယ်က ခပ်တုံးတုံးစဉ်းစားနေလို့ ဘယ်ဖြစ်ပါ့မလဲ။ စကားရဲ့ အတိမ်အနက်ကို ထိမ်ဝှက်ထားတာမျိုး ဖြစ်နေနိုင်တယ်။ မိမိရဲ့ `အတ္တ´ (Self) ကို ရှာစေချင်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါဆိုရင်တော့ ဘာများဆန်းလို့လဲ။ ဒေးကားတောင် တွေ့ပြီးမှ ကိုယ်က အခုမှ ဘာလို့ အသစ်လုပ်ပြီး ရှာနေတော့မလဲ။ ဖြစ်,ပျက်ကို ရှုခိုင်းတာများ ဖြစ်နေမလား။ ကိုယ့်မှာက ပါရမီအတော်လေး အားနည်းတယ်။ တက်ကျမ်းတွေ၊ ဖြတ်လမ်းတွေထဲကလို ကိုယ့်ရဲ့ `ဇ´ ကို သိအောင်လုပ်ခိုင်းတာလား။ သူများထက်ပိုပြီး အရက်အမူးဒဏ် ခံနိုင်တာကလွဲလို့ ပြောပလောက်စရာ ဇ,က မရှိဘူး။ ဒီလိုဆိုရင်လည်း ကိုယ့်ဇ,ကို ကိုယ်ရှာတွေ့၊ တစ်နည်း ကိုယ့်ကိုယ်ကိုယ်ရှာတွေ့ပြီဆိုရင် အရက်ထိုင်သောက်နေဖို့ပဲ ကျန်တော့တယ်။ ရှေ့ဆက် ယစ်ထုပ်လုပ်ဖို့ပဲ ကျန်တော့တယ်။ နိုင်ငံကျော်အရက်သမား ဆိုရင်လည်း သိပ်ပြီး နားထောင်မကောင်းလှဘူး။ ဒါ လက်ခမောင်းခတ်စရာ ကိစ္စမဟုတ်ဘူး။ ဒါလည်း မဖြစ်နိုင်သေးပါဘူး။ ၀ါသနာတို့ ပါရမီတို့ ဆိုတာတွေရော။ ပြီးတော့ ဘ၀မှာ လိုချင်တဲ့အရာ။

မိန်းမ,ရချင်တာ၊ အရပ်ရှည်ချင်တာ၊ Mark Dacascos လို ကိုယ်ခန္ဓာမျိုး ဖြစ်ချင်တာ၊ ချင်တာ.. ချင်တာ… တွေကတော့ ဘ၀မှာ အများကြီးပဲ။ ဒါတွေက ဆန္ဒတွေပဲ ရှိသေးတယ်။ ဘ၀ရည်ရွယ်ချက် မဟုတ်သေးဘူး။ ဘ၀ရည်ရွယ်ချက်ဆိုတာက ဘာလဲ။ နေလာခဲ့တာ သုံးပုံတစ်ပုံကျိုးတဲ့အထိ ဘာအတွက်နေနေလဲဆိုတာကို မသိသေးဘူး။ သိလာမယ့် အလားအလာလည်း မမြင်ဘူး။ ဆရာသမားတွေ မေးခိုင်းတဲ့မေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်။ ငတ်ဖို့ နေနေတာလား၊ နေဖို့ ငတ်နေတာလား။ အဖြေမပေါ်ဘူး။ ဘောလုံးစကားနဲ့ပြောရရင် ဂိုးပေါက်ပျောက်နေတယ်ပဲ ဆိုရမယ်။ ကွင်းထဲ မယောင်မလည်သာ လုပ်နေတယ် ဘောလုံးကိုလည်း လိုက်မလု၊ မတော်တဆ ကိုယ့်ဆီ ဘောလုံးရောက်လာရင်လည်း ဘယ်ကို ဆွဲပြေးရမှန်းမသိဘူး။ ဒါကို မကျေနပ်ဘူးလား ဆိုတော့လည်း မဟုတ်ဘူး။ အသားကျနေပြီလို့တောင် ဆိုရမယ်။ ဒီတိုင်းပဲ နေချင်တော့တယ်။ ကိုယ့်ကိုယ်ကိုယ်ရှာဆိုတာ ဘ၀ရည်မှန်းချက်ကို ရှာခိုင်းတာ ဆိုရင်တော့ မရှာတော့ဘူး။ ရှာခိုင်းတဲ့လူလည်း အတော် တုံးလို့ပဲ ဖြစ်မယ်ထင်တယ်။ တကယ်တော့ လူတွေအားလုံးမှာ မိန်းမ(ယောက်ျား) ရချင်တာ၊ အရပ်ရှည်ချင်တာလိုမျိုး ဆန္ဒတွေသာ ရှိကြတာ၊ ရည်မှန်းချက်ဆိုတာမျိုးက ရေရာလှတာမဟုတ်ဘူး။ ဥပမာ ငါ တစ်ချိန်ကျရင် ဂတ်စ်မီးခြစ် ဂတ်စ်ဖြည့်တဲ့ပညာမှာ ဆရာတစ်ဆူ ဖြစ်စေရမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် တကယ်ဖြစ်လာတဲ့အချိန်ကျတော့ ဘာမှ မဟုတ်တော့ပြန်ဘူး။ ဖိနပ်ချုပ်သင်ခဲ့ရင်ကောင်းသား ဆိုတာမျိုးတွေးမိတတ်ပြန်တယ်။ ဒါမှမဟုတ် ထီးပြင်တဲ့ပညာကို တတ်ချင်လာပြန်တယ်။ လမ်းကြိုလမ်းကြား လျှောက်ပြီး ဂတ်စ်ဖြည့်ခဲ့ရတဲ့အချိန်တွေကို နှမြောမိလာတယ်။ တကယ်တော့လည်း သူလိုကိုယ်လို ဂတ်စ်မီးခြစ်ကျွမ်းကျင်တွေ အများကြီးဆိုတာ သိလာရတယ်။ ကိုယ်ဟာ Special One မဟုတ်ဘူး။ ဆန္ဒပြည့်ခြင်းလိုမျိုး အရပ်ခြောက်ပေပြည့်သွားလို့ ကျေနပ်မှုရရင်ရမယ်၊ ရည်မှန်းချက်ဆိုတာက ပြည့်နိုင်တာမျိုး (Fulfill) မဟုတ်ဘူး။ မပြည့်နိုင်တာကို ဖြည့်ဖို့ ကြိုးစားပြီး ရည်မှန်းချက်ရဲ့ `ကျွန်´ အဖြစ်ခံမနေသင့်တော့ဘူး ထင်တယ်။ ရည်မှန်းချက်ဆိုတာမျိုးက ချမှတ်သင့်တဲ့ အရာမျိုးမဟုတ်ဘူး။ အညှောင့်ကလေး ထွက်လာရင်တောင် စောစောထဲကကြို ရိုက်သတ်ထားသင့်တာမျိုးပဲ။ ဆန္ဒရှိတာ၊ မျှော်လင့်တာလောက်ပဲ ကောင်းတယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ရှာခိုင်းတာဟာ ကိုယ့်ရည်မှန်းချက်ဆိုရင်တော့ ချောက်တွန်းတာ သက်သက်ပဲလို့ တွေးမိတယ်။

ကိုယ့်ကိုယ်ကိုယ် ရှာဖွေတဲ့အကြောင်းကို အဖြောင့်တွေးနည်းနဲ့ အဆင်မပြေလို့၊ အကောက်တွေးနည်းပြောင်း စဉ်းစားပြန်တော့လည်း ရွာလည်နေဆဲပဲ။ ဖြန့်ထွက်တွေးနည်း၊ ကန့်သတ်တွေးနည်း၊ ခမောက်ခြောက်လုံး စဉ်းစားနည်း၊ ဒါတွေကုန်သွားတဲ့အထိ တွေးပေမဲ့ ကျေနပ်စရာ အဖြေတစ်ခုကို မရခဲ့ဘူး။ ခုံဖိနပ်ခြောက်စုံ လုပ်ဆောင်ပုံအထိကို မရောက်တော့ဘူး။ တော်တော်နက်နဲတဲ့ ပညာရှိစကားပေပဲ။ တွေးရလွန်းလို့ ဦးနှောက်ဟာ အတော်လေး ညောင်းသွားတယ်။ သူ့ကို အနားပေးမှ ဖြစ်တော့မယ်။ မျက်စိတွေကို မှိတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ တစ်စုံတရာကို အလန့်တကြား မြင်လိုက်ရတယ်။ ပထမ အံ့သြသွားတယ်။ နောက်တော့ ၀မ်းသာသွားတယ်။ ဟုတ်တယ်။ မျက်စိမှိတ်လိုက် ချိန်ကျမှ မြင်လာရတာ။ မျက်လုံးကြီး ပြူးနေတဲ့ တစ်လျှောက်လုံး လုံးဝ သတိမထားမိခဲ့ဘူး။ တူတူပုန်းတမ်းကစားနေတဲ့ `ကျွန်တော်´ (သို့မဟုတ် `ငါ´) ဟာ လတ်စသတ်တော့ မျက်ခွံနောက်မှာ ပုန်းနေတာကိုး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့လိုက်ရတယ်။ ဒီကောင့်ကို မတော်တဆ လက်ရဖမ်းမိပြီးမှ ဆင်ခြင်တုံတရားက သူ့ကြောင့် ရှာတွေ့တာလိုလို ဟိုဟိုဒီဒီ ဆင်ခြေတွေ လျှောက်ပေးတော့တယ်။ ကိုယ့်ကိုယ်ကိုယ်ရှာတယ်ဆိုတာက ပြင်ပမှာ ရှာရမှာမျိုး မဟုတ်ဘူး။ အတွင်းမှာပဲ ရှာရမယ်ဆိုတာ ရှင်းတယ်။ အတွင်းမှာဆိုရင် ခြေဖျားမှာ မရှိနိုင်ဘူး။ ဒူးခေါင်းချွန်ချွန်မှာ မရှိနိုင်ဘူး။ လက်ဖ၀ါးပြားပြားမှာ မရှိနိုင်ဘူး။ ခြေသည်းလက်သည်းတွေမှာဆို ဝေးရော။ ဆံပင်ကျဲကျဲမှာ မရှိတာ သေချာတယ်။ နှလုံးသားဆိုတာကလည်း ပရမ်းပတာနိုင်လှတဲ့ ကိရိယာကြီးပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ရှာချင်ရင် ကိုယ့်အတွေး၊ ဒါမှမဟုတ် အတွေးတွေ ထုတ်လုပ်တဲ့ ဦးနှောက်မှာပဲ ရှိနိုင်တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မျက်ခွံနောက်မှာ ရှာတွေ့လိုက်ရတာပေါ့။ ဒီလိုတွေပြောပြီး ဆင်ခြင်တုံတရားဆိုတဲ့အကောင်က ပဏာဝင်ယူနေသေးတယ်။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိခဲ့တာ မတော်တဆမျှသာပဲ။ ကိုယ်တော်ချောက ဒီမှာ အမြဲရှိနေခဲ့တာကိုး။

မျက်စိမှိတ်လိုက်လို့ ဖျပ်ခနဲ မှောင်သွားတဲ့ခဏတိုင်းမှာ ကျွန်တော်ဟာ ဘွားခနဲပေါ်လာတယ်။ ဗဟိဒ္ဓလောကကြီးအား ကန့်လန်ကာချထားတဲ့ခဏမှာသာ ကျွန်တော့်ကိုယ်ကျွန်တော် မြင်ရတယ်။ ဟုတ်တယ်။ မျက်ခွံရဲ့ နောက်ကွယ်က အမှောင်မဲ အနက်ရှိုင်းဆုံး တစ်နေရာမှာ လုံခြုံစွာ ပုန်းကွယ်နေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်ဖမ်းမိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်တွေ့သွားရင် လူပေါင်းမှားပြီဆိုတာကိုတော့ ထည့်မတွေးဖြစ်လိုက်တော့ဘူး။

တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၃) ၂၀၁၀

Comments

  1. ပုံစံ(1)။ ရှေ့မှာ ချောက်ကမ်းပါးကြီး ကန့်လန့်ခံပြီး ဆီးကြိုနေတယ်...
    (2)။ လူတယောက် လမ်းလျှောက်လာနေတယ်...။ သူ့စိတ်ထဲမှာ “ငါ ဘယ်သွားနေပါလိမ့်၊ ဘယ်နေရာမှာ ရောက်လာပါလိမ့်၊ ဘာလုပ်ချင်တာပါလိမ့်၊ အဆိုးဆုံး ဘယ်-ညာရော မှန်ရဲ့လား.” စဉ်းစားရင်း သွားနေတယ်....။ သူ့ ပင်ကိုယ် အသိထဲမှာကိုက ရှေ့နားမှာ ချောက်ကမ်းပါး တခု ဆီးကြိုနေလိမ့်မယ် ဆိုတာ သိတယ်.။ ဘယ်နားလေးလဲ ဆိုတာတော့ မသိဘူး.။ အဲဒီအတိုင်း တွေးနေတာပဲ။ လျှောက်နေတာပဲ.။
    (3)။ လမ်းလျှောက်လာနေတဲ့ သူရဲ့ အသိမှာ သူ့ခြေထောက်အောက် က လေဟာနယ်ဟာ ဘာကြီးလဲတဲ့ စဉ်းစားနေတုန်းပဲ....

း)

    ReplyDelete
  2. Thinking is a good practice.
    To be made a plan Before you work.
    Plan = full of ideas the way you do.

    BINO

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...