Skip to main content

ဒေးဗစ် ဟှူမ်း (သို့) ဆင်ခြင်တုံပြင်ပမှလူ

(၁၇၁၁-၁၇၇၆)

စကော့လူမျိုး ဒဿနပညာရှင် `ဒေးဗစ်ဟှူမ်း´ (David Hume) သည် ဉာဏ်ရည်အထက်မြက်ဆုံးနှင့် သံသယအမြင် အကြီးဆုံးသော ပညာရှင်များထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ ဟှူမ်းသာ မမွေးဖွားခဲ့သော် `သိမှုဗေဒ´ (Epistemology) နှင့်ပတ်သက်သည့် ကျွန်တော်တို့၏ အတွေးအခေါ်များမှာ ယခုအခြေအနေနှင့် များစွာ တမူကွဲပြားနေပေလိမ့်မည်။ သူသည် အတွေ့အကြုံအဓိက အတွေးအခေါ်အား ယုတ္တိဗေဒ အထွဋ်အထိပ်သို့ရောက်အောင် ဖွံ့ဖြိုးစေခဲ့ပြီး အစဉ်အလာ ဒဿနယုံကြည်ချက်များအား ကမ္ဘာကပင် အံ့အားသင့်ရသော မြေလှန်စွမ်းဆောင်ချက်များဖြင့် စိန်ခေါ်ခဲ့သည်။ သို့တိုင် သူ၏ ဆင်ခြေပုံစံ (Argument) များအား ထိထိရောက်ရောက် ပြန်လည်ချေပနိုင်ခြင်းများ မရှိခဲ့ရာ သူ၏ ထက်မြက်မှုများမှာ ယနေ့တိုင် ပန်းပန်လျက်ပင် ရှိနေပါသေးသည်။ စင်စစ်၊ `ရပ်ဆဲ´ (Russell) ပြောဆိုသကဲ့သို့ ဤသည်ပင် ဟှူမ်းဒဿန၏ သဘာဝဖြစ်သည်ဟုဆိုလျှင် မှားမည်မထင်။ `ဟှူမ်း၏ ဆင်ခြေပုံစံများနှင့်ပတ်သက်၍ သဘောထားအမြင် နှစ်ရပ်သာ ထား၍ ရပါမည်။ လက်ခံခြင်း မဟုတ်သော်၊ လုံးဝ လျစ်လျူရှုပစ်ရန်သာ ရှိသည်´ ဟု ရပ်ဆဲက ဆိုခဲ့၏။ အဆိုပါ သံသယ၀ါဒီက မည်သို့ ပြောဆိုခဲ့ကြောင်း လေ့လာကြည့်ကြပါစို့။


ဟှူမ်းက သူ၏အမြင်များကို သူ၏ အဓိက ဒဿနပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ဖြစ်သည့် `လူ့သဘာဝ ပဋိညဉ်´ (Treatise of Human Nature) တွင် ရေးသားတင်ပြခဲ့သော်လည်း ဟှူမ်း၏ မျှော်မှန်းချက်နှင့် လွဲချော်ကာ အဆိုပါစာအုပ်အား ဒဿနပညာရှင်များက လုံးလုံးလျားလျား လျစ်လျူရှုခဲ့ကြသည်။ (ဟှူမ်း `လေ´အရဆိုရသော်၊ `အသေမွေး´ လာသော စာအုပ်။) နောင်တွင် ဟှူမ်းက ပဋိညဉ် အား ပိုမိုတိုတောင်း ပေါ့ပါးသည့် `လူသားသိနားလည်မှု အတွင်းသို့ စူးစမ်းချက်´ (Inquiry into Human Understanding) အဖြစ်သို့ အသွင်ပြောင်းခဲ့ပြီး၊ ထိုစာအုပ်ကြောင့်ပင် ဟှူမ်းအား သိခဲ့ကြခြင်း ဖြစ်ပေသည်။ စူးစမ်းချက် အား ဖတ်ရှုပြီးနောက်တွင်ပင် `အီမန်နွယ်ကန့်´ (Immanuel Kant) က သူ၏ ကိုယ်ပိုင် ဒဿနတွေးခေါ်မှု ခရီးအား အစပြုခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့၏ စိတ်ပိုင်းဆိုင်ရာ အင်္ဂါနှစ်ခုဖြစ်သည့် `အာရုံ´ (Impression) နှင့် `အတွေးထည်´ (Ideas) တို့အကြားရှိ ထူးခြားကွဲပြားမှုနှင့် ဟှူမ်းက အစပြု၏။ အာရုံတို့သည် တိုက်ရိုက်ကျ၊ ရှင်းလင်းပြီး လက်ငင်း အတွေ့အကြုံများ၏ အင်အားပြည့်ဝသော ရလဒ်ဖြစ်သည်။ ဥပမာအားဖြင့် စာဖတ်သူ ယခု ဖတ်ရှုနေသည့် စာကြောင်းများသည် `အာရုံများ´ ဖြစ်ပါသည်။ သို့ရာတွင် မှတ်ဉာဏ်အတွင်းမှ စာဖတ်သူ နောက်ဆုံးရေးခဲ့သည့် စာတစ်စောင်ရှိ စကားလုံးများသည်မူ `အတွေးထည်´ များ ဖြစ်သည်။ ရိုးစင်းသည့် အတွေးထည် တစ်ခုချင်းစီတွင် ရိုးစင်းသည့် အာရုံတစ်ခု တည်ရှိသည်၊ တစ်ဖန် ရိုးစင်းသည့် အာရုံများအားလုံးတွင်လည်း ဆက်နွယ်နေသည့် စိတ်ကူးထည်တစ်ခု ရှိသည်ဟု ဟှူမ်းက ဆိုသည်။ ဤသည်မှာ အတွေးထည်များအားလုံးသည် အတွေ့အကြုံမှတစ်ဆင့် ၀င်ရောက်ရမည်ဟူသည့် `ဂျွန်လော့ခ်´ (Locke) ၏ နိယာမအား ပြန်လည်တင်ပြနေခြင်းဖြစ်ကြောင်း ရှင်းပါသည်။ ထို့ကြောင့် `အာရုံ´ [*] တစ်ခုမျှ `ဝေါဟာရ´ (Term) တစ်ခုခုနှင့် ဆက်နွယ်နေခြင်းမရှိရာ၊ ဝေါဟာရ (ဆိုသောအရာ) သည်လည်း ထူးခြားထင်ရှားမှုမရှိဟု ဆိုလိုရာ ရောက်သည်။ ထို့နောက် ဟှူမ်းက အဆိုပါ နည်းပညာအား ကျွန်တော်တို့ အသုံးပြုနေကြသည့် `ကျိုးကြောင်းဆက်နွယ်မှု´ (Causality)၊ `ရုပ်´ (Matter) နှင့် `စိတ်´ (Mind) စသည့် ဝေါဟာရများအား သရုပ်ခွဲလေ့လာရာတွင် အသုံးပြုခဲ့သည်။

ကျွန်တော်တို့၏ စိတ်သည် အတွေးထည်များနှင့် မတူခြားနားသော နည်းလမ်းများစွာဖြင့် ဆက်နွယ်နေ၏။ ဥပမာအားဖြင့် `စိတ်ကူးထည်´ (Resemblance) [အတွေးထည် (Idea) နှင့် မတူကြောင်း သတိပြုပါ] (အာဒမ်သည် လီယိုနာဒိုနှင့် တူခြင်း)။ `စဉ်ဆက်မပြတ်မှု´ (Contiguity) (သင်သည် ခုံပေါ်တွင် ထိုင်`နေ´သည်)။ `အကြောင်းနှင့်အကျိုး´ (Cause-and-Effect) (လွှဲနေသော ဂေါက်တံသည် ဂေါက်သီးအား ရိုက်မိပြီး ရွှေ့လျားသွား`စေ´ သည်)

ဟှူမ်းအနေဖြင့် ယုံကြည်မှု အမျိုးအစားနှစ်ခု ခွဲခြားထား၏။ `အတွေးထည်များ၏ ဆက်နွယ်မှု´ (Relations of Ideas) နှင့် `အချက်အလက် စစ်စစ်´ (Matters of Fact) တို့ဖြစ်ကြသည်။ ပထမတစ်ခုသည် စိတ်တွင်းတည်ရှိသည့် အတွေးထည်များနှင့် သက်ဆိုင်ပြီး သင်္ချာနှင့် ယုတ္တိဗေဒများ ပါဝင်သည်။ ဒုတိယမှာ ပြင်ပတွင်တည်ရှိနေသော အရာများ၏ သဘာဝနှင့်ဆိုင်ပြီး အဆိုပါယုံကြည်မှု အမျိုးအစားသည်ပင် ဟှူမ်း သရုပ်ခွဲ၊ ဇစ်မြစ်ရှာလိုသော အမျိုးအစားဖြစ်သည်။

ပထမဆုံးအနေဖြင့် ကျိုးကြောင်းဆက်နွယ်မှု နိယာမအား ဟှူမ်းက သရုပ်ခွဲလေ့လာသည်။ `အကျိုး´ (Effect) သည် `အကြောင်း´ (Cause) မှ `ထုတ်လုပ်´ (Produce) လိုက်သည့် အရာတစ်ခုဖြစ်သည်ဟူသော အမြင် [ကျိုးကြောင်းဆက်နွယ်မှု] ကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် အထက်မှ ဂေါက်သီးဥပမာအား ပြန်ကြည့်သော် ရွေ့လျားနေသော ဂေါက်တံသည် ဂေါက်သီးအား ရိုက်မိသည်။ ထို့နောက် ဂေါက်သီးသည် စတင်ရွေ့လျားသည်။ အဆိုပါဖြစ်စဉ်တွင် ကျွန်တော်တို့ မည်သည်ကို ကြုံတွေ့ရသနည်း။ ဖြစ်ရပ်နှစ်ခုအား ကျွန်တော်တို့ သိမြင်ရသည်။ ၁) ရွေ့လျားနေသော ဂေါက်တံက ဂေါက်သီးအား ထိရိုက်လိုက်ခြင်း။ ၂) ဂေါက်သီး စတင်ရွေ့လျားသွားခြင်း။ ထို့နောက် ဖြစ်ရပ်နှစ်ခုအကြားရှိ အောက်ပါ ဆက်နွယ်မှုများအား ကျွန်တော်တို့ သိမြင်ခံစားရသည်။

(၁) စဉ်ဆက်မပြတ်မှု (ဖြစ်ရပ်နှစ်ခုသည် တစ်ဆက်တည်း ဖြစ်သည်)
(၂) `ရှေ့နောက်အစဉ်´ (Priority) (ပထမဖြစ်ရပ်သည် ဒုတိယဖြစ်ရပ်မတိုင်ခင် ဖြစ်ပွားသည်)
(၃) `ကိန်းသေ အံကျဖြစ်စဉ်´ (Constant Conjunction) (ကျွန်တော်တို့ စောင့်ကြည့်နေသမျှ ကာလပတ်လုံး ဖြစ်ရပ်နှစ်ခုသည် အတူတစ်ကွသာ ဖြစ်ပွားသည်) [-]

အဆိုပါ ဂေါက်သီးဥပမာတွင် ကျွန်တော်တို့အနေဖြင့် ဤဆက်သွယ်ချက်သုံးရပ်ကိုသာလျှင် ကြုံတွေ့ခဲ့ကြရခြင်းဖြစ်ပြီး၊ ရွေ့လျားနေသော ဂေါက်တံက လွင့်ထွက်သွားသော ဂေါက်သီးအား ဖြစ်ပေါ်စေ (Causing) ခြင်းအား ကျွန်တော်တို့ မည်သည့်အခါကမျှ ကြုံတွေ့ခဲ့ရခြင်းမရှိဟု ဟှူမ်းက ဆို၏။ ဖြစ်ရပ်နှစ်ခု၏ `အာရုံ´ (Impression) များ ကျွန်တော်တို့တွင် ရှိသော်လည်း `ဖြစ်ပျက်စေမှု´ (Causation) ကိုယ်တိုင်၏ အာရုံသည်မူ ကျွန်တော်တို့တွင် မရှိ။ ဤနည်းအားဖြင့် `အကြောင်းနှင့် အကျိုး´ (Cause and Effect) တွင် ယုံကြည်ရန် ယုတ္တိအခြေခံ မရှိတော့ပေ။

`ခြုံယူဆင်ခြင်နည်း´ (Induction) နိယာမသည်လည်း `ကိုယ့်ခြေကိုယ်လက်ဆန်´ (Involve Itself) နေသည်သာ ဖြစ်၏။ ဟှူမ်း၏ အထက်ပါ ဥပမာအား ဝေဖန်ချင်သူတစ်ဦးအနေဖြင့် စောင့်ကြည့်မှုများအားလုံးတွင် ဖြစ်ရပ်နှစ်ခုသည် အတူတကွဖြစ်ပျက်(ခဲ့)သည် ဆိုကတည်းက ကျွန်တော်တို့အား ထိုသို့ပင် အမြဲ အတူတကွဖြစ်ပျက်လိမ့်မည် [ဂေါက်တံဖြင့်ရိုက်လိုက်သော် ဂေါက်သီးသည် လွင့်သွားရမည်] ဟု ယုံကြည်ရန် ချိန်ညှိပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော် ဟှူမ်းက အဆိုပါ ခြုံယူဆင်ခြင်နည်းမှာ ဆင်ခြေအပေါ်တွင် အခြေခံထားခြင်း မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ ကျောက်ခဲတစ်လုံး ပြုတ်ကျလာသည့် ဥပမာအား စဉ်းစားကြည့်ပါ။ မည်သူမဆို ကျောက်ခဲတစ်လုံးသည် အမြဲတမ်း မြေပေါ်သို့သာ ပြုတ်ကျလာလိမ့်မည်ဟု ယုံကြည်သည်။ သို့သော် ဟှူမ်းက အဆိုပါ ယုံကြည်ချက်သည် ဆင်ခြင်တုံတရား (၀ါ ဆင်ခြေ) အပေါ်တွင် အခြေခံထားခြင်း မဟုတ်ဟု ဆို၏။ ဆက်စဉ်းစားကြည့်ပါမည်။ ကျောက်ခဲသည် အမြဲတမ်း ကမ္ဘာမြေပေါ်သို့သာ ပြန်ကျလိမ့်မည်ဟု ကျွန်တော်တို့ ဘာကြောင့် ယုံကြည်ပါသနည်း။ အဖြေမှာ ထိုဖြစ်စဉ်အား ကျွန်တော်တို့ အကြိမ် (၁၀၀) မက မြင်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်၏။ ကျောက်ခဲသည် ကမ္ဘာမြေပေါ်သို့ ပြန်ကျလာသည်ကို ကျွန်တော်တို့ ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ဖူးကြောင်း ဟှူမ်းက သဘောတူသော်လည်း ကျောက်ခဲသည် `အမြဲတမ်း´ မြေပေါ်သို့သာ ကျသည်ဟု ကျွန်တော်တို့အနေဖြင့် ကြုံတွေ့ခဲ့ရခြင်းမရှိ။ (ကျောက်ခဲသည် အမြဲတမ်း မြေပေါ်သို့ ပြုတ်ကျသည်ကို အတိတ်တွင် မြင်ခဲ့ရဖူးသော်လည်း အနာဂတ်တွင် ဤသို့ကျလိမ့်မည်ဟု ကျွန်တော်တို့ ကြုံတွေ့ဖူးခြင်း မရှိသေး) အလားတူစွာ မနက်ဖြန်တွင် နေထွက်လိမ့်မည်ဟု ကျွန်တော်တို့ အဘယ်ကြောင့် ယုံကြည်သနည်းဟုလည်း ဟှူမ်းက မေးခွန်းထုတ်၏။ အဘယ်ကြောင့်ဆိုသော် ဤသို့ဖြစ်ပျက်ခဲ့သည်ကို ကျွန်တော်တို့ မြင်တွေ့ပြီးသောကြောင့်ဖြစ်၏။ သို့သော် ဖြစ်ရပ်တစ်ခုသည် အတိတ်တွင် အမြဲတမ်း ဖြစ်ပျက်ခဲ့ရုံမျှဖြင့် အနာဂတ်တွင်လည်း အသေအချာ ဖြစ်ပျက်လိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

ယခုတင်ဆက်ခဲ့သည့် တွေးခေါ်ပုံစနစ်အား အပိုင်းနှစ်ပိုင်းဖြင့် ဖော်ပြနိုင်သည်။ ၁) `ကြောင်းကျိုးဆက်နွယ်မှု´ ကဲ့သို့သော အရာသည် မရှိ။ ၂) ခြုံယူဆင်ခြင်နည်း နိယာမသည် ခိုင်လုံသော နိယာမမဟုတ်။ ဥပမာအားဖြင့် B သည် ကျွန်တော်တို့၏ စောင့်ကြည့်မှုများအားလုံးတွင် A နောက်မှ လိုက်ခဲ့လျှင်၊ (က) A သည် B ကို ဖြစ်ပေါ်စေခြင်းမဟုတ် [A ကြောင့် B ဖြစ်သည်မဟုတ်]။ (ခ) B သည် A နောက်မှသာ အမြဲတမ်း လိုက်စရာ မလိုအပ်။ ကျွန်တော်တို့အနေဖြင့် B သည် A နောက်မှ လိုက်လိမ့်မည်ဆိုခြင်းသည် ဖြစ်နိုင် (Probable) သည် ဟူ၍သာ ပြောဆိုနိုင်သည်။ သို့ရာတွင် အဆိုပါ ဖြစ်နိုင်ခြေသည် သေချာမှုတစ်ခု မဟုတ်။ ထို့ကြောင့်ပင် ၎င်းအား အချက်အလက်တို့က ငြင်းပယ်ဖယ်ရှားပစ်မည့် အန္တရာယ်သည် အမြဲ ရှိနေ၏။

ထို့နောက်တွင် ဟှူမ်းက ပြင်ပကမ္ဘာသို့ ခရီးဆက်ပြန်၏။ ကျွန်တော်တို့သည် ဗဟိဒ္ဓကမ္ဘာကြီးအား မည်သည့်အခါမျှ ကြုံတွေ့ရခြင်းမရှိဟု သူက ဆိုသည်။ ပြင်ပ၀တ္ထုတစ်ခုမှ ဖြစ်ပျက်စေသည်ဟု ကျွန်တော်တို့ သာမန်အားဖြင့် ယူဆလိုက်တတ်ကြသော `အာရုံ´ (Impression) များကိုသာ ကျွန်တော်တို့ ခံစားသိမြင်သည်။ သို့တိုင် ကျွန်တော်တို့ ထင်နေသည့်ဖြစ်ရပ်အား တိုက်ရိုက် တွေ့ကြုံခံစားရသည်မဟုတ်။ ထို့ပြင် ဟှူမ်းအနေဖြင့် ကျိုးကြောင်းဆက်နွယ်မှုအားလည်း မဆီလျော်သော ယုံကြည်ချက်အဖြစ် ပြဆိုခဲ့ပြီး ဖြစ်၏။ ကျွန်တော်တို့သည် ပြင်ပ ရုပ်ဝတ္ထုများအား အတွေးထည်များ အားဖြင့် ခံစားသိမြင်သည်ဖြစ်ရာ၊ အဆိုပါရုပ်ဝတ္ထုများကိုယ်တိုင်နှင့် ၎င်းတို့အား ကိုယ်စားပြုထားသော ကျွန်တော်တို့၏ အတွေးထည်များကြားတွင် ဆက်နွယ်မှုတစ်အား တည်ဆောက်နိုင်သည်မဟုတ်ပေ။ ဤနည်းအားဖြင့် ကျွန်တော်တို့တွင်ရှိသည့် ဗဟိဒ္ဓကမ္ဘာ၏ အသိပညာများသည် ယုတ္တိနှင့် ဆင်ခြေများအပေါ်တွင် အခြေခံသည်မဟုတ်။ ထို့ကြောင့် ဗဟိဒ္ဓကမ္ဘာကြီး တည်ရှိသည်ဟူ၍ ယုံကြည်ရန် အကြောင်းရင်းတစ်စုံတစ်ရာ မတည်ရှိပေ။

တစ်ဖန် `အတ္တ´ (Self) တွင် ယုံကြည်သော မူလလက်ဟောင်း ယုံကြည်ချက်တစ်ရပ်အားလည်း ဟှူမ်းက တိုက်ခိုက်ပြန်သည်။ ဒေးကားက သူ၏ ဒဿနတစ်ရပ်လုံးအား `ငါ စဉ်းစားသည်´ တွင် အခြေခံခဲ့ရာ `ငါ´ သည် သူ၏ စနစ်တွက် အရေးကြီးလှပေသည်။ ထိုနည်းတူ ဘာကလေကလည်း သူ၏ ဒဿနတွင် `စိတ်´ အား များစွာ အသားပေးခဲ့၏။ သို့သော် ကျွန်တော်တို့၏ အတ္တ၊ သို့မဟုတ် စိတ်အား ခံစားသိမြင်ဖူးပါသလားဟု ဟှူမ်းက မေးခွန်းထုတ်၏။ အငြင်းဝါကျဖြင့် သူက အဖြေပေးခဲ့ပြီး ကျွန်တော်တို့တွင် အတ္တအတွက် `အာရုံ´ (Impression) မရှိပါဟု သူက ဆိုသည်။ ကျွန်တော်တို့၏ အတွေးများနှင့် စိတ်ဖြစ်စဉ်များအား မည်မျှပင် နီးနီးကပ်ကပ် သရုပ်ခွဲကြည့်စေကာမူ ကျွန်တော်တို့အနေဖြင့် `ငါ´ အား တကယ်တမ်းအားဖြင့် ကြုံတွေ့ခံစားရခြင်း မရှိ။ ကျွန်တော်တို့ သိမြင်ခံစားရသည်မှာ သီခြားစီနှင့် ကွဲပြားနေသည့် လျင်မြန်သော အစဉ်တန်းများသာ ဖြစ်ပြီး၊ ယင်းတို့၏ စုဖွဲ့မှု (Integrity) နှင့် ကွင်းဆက် (Coherence) တစ်ခုခုအတွက် ယုတ္တိနည်းကျ သဲလွန်စ တစ်စုံတစ်ရာ မရှိဟု ဆိုသည်။ ထို့ကြောင့် အတ္တဟူသည် ကျွန်တော်တို့၏ အသိပညာအတွင်းဝင် ၀င်လာနိုင်ခြင်းမရှိတော့ဘဲ အာရုံသိမှု (Perception) များ၏ အထုပ်အပိုး (Bundle) မှတစ်ပါး အခြားမရှိပေ။ အတ္တဟူသည်မှာ `မတွေးနိုင်လောက်သော အလျင်နှုန်းဖြင့် တစ်ခုနောက်မှတစ်ခု ကပ်လိုက်နေသော ခြားနားသည့် အာရုံသိမှုများ အစုဝေး၊ သို့မဟုတ် အထုပ်အပိုးသာဖြစ်ပြီး၊ ထာဝရ `အနိစ္စ´ (Flux) [မတည်မြဲမှု] သို့မဟုတ် ရွေ့လျားနေမှုသာ ဖြစ်ပေသည်။ (ဤသည်မှာ အတွေ့အကြုံအဓိက၀ါဒ၏ မရှောင်လွှဲနိုင်သော နိဂုံတစ်ခုဖြစ်ပြီး၊ ဘာကလေကမူ ၎င်းအား လက်ခံခဲ့ခြင်း မရှိပေ)

အကယ်၍ ကျွန်တော်တို့အနေဖြင့် စာအုပ်တစ်အုပ်အား လက်ထဲသို့ ဆွဲယူလိုက်သော်၊ ဥပမာအားဖြင့် ဘုရားတန်ခိုးပြခန်း သို့မဟုတ် ကျောင်းသင် တက္ကဗေဒ။ အရေအတွက်နှင့် ကိန်းဂဏန်းများနှင့် သက်ဆိုင်သည့် စိတ္တဇ ဆင်ခြင်နည်း (Abstract Reasoning) တစ်ခုခု ပါရှိသလောဟု မေးကြည့်ပါမည်။ မပါဝင်ပါ။ တစ်ဖန် အချက်အလက်စစ်စစ် (Matter of Fact) များနှင့် တည်ရှိမှုတို့နှင့်သက်ဆိုင်သော အတွေ့အကြုံနည်းကျ ဆင်ခြင်နည်း (Experimental Reasoning) တစ်ခုခု ပါရှိသလောဟု မေးကြည့်သော်လည်း၊ မပါဝင်ပါဟူ၍ပင် အဖြေထွက်ပေမည်။ ထို့ကြောင့် `စကားလိမ်´ (Sophistry) [+] နှင့် အာရုံမှားမှုများမှတစ်ပါး မည်သည့်အရာမှ မပါဝင်သော ယင်းစာအုပ်များအား မီးသာရှို့ပစ်ပါဟု ဟှူမ်းက စိတ်ပျက်လက်ပျက် ဖော်ပြခဲ့၏။

အဆိုပါနိဂုံးများမှာ အဖြစ်ဆိုးသည်မှာတော့ အမှန်ပင်ဖြစ်၏။ ဟှူမ်း၏ အနေအထားအား မည်သည့်အသိပညာမျှ ဆင်ခြေနည်းလမ်းအားဖြင့် မဖြစ်နိုင်ဟူ၍ ယင်းနိဂုံးတို့က ယုတ္တိနည်းကျ အဆင့်ချခဲ့၏။ ဤသည်မှာ ဆင်ခြေများမှ ကျွန်တော်တို့ ဘာကိုမျှမသိနိုင်ဟု ဆိုလိုခြင်းဖြစ်ပါသလား။ အတွေ့အကြုံနှင့် စောင့်ကြည့်လေ့လာခြင်းတို့မှ မည်သည့်အရာကိုမျှ လေ့လာသိရှိနိုင်မည်မဟုတ်ဘူးလား။ ယုတ္တိမဟုတ်ခဲ့လျှင် ကျိုးကြောင်းဆက်နွယ်မှု၊ ရုပ် နှင့် အတ္တတို့၏ အတွေးထည်များ၏ ရင်းမြစ်သည် အဘယ်နည်း။ ဟှူမ်း၏ အဖြေမှာ `အလေ့အကျင့်´ (Habit) ဟူ၍ ဖြစ်၏။ အကျိုးနှင့် အကြောင်းတို့နှင့် ဆက်နွယ်နေသည့် ကျွန်တော်တို့၏ အားလုံးသော ဆင်ခြင်နည်းများမှာ အလေ့အထများမှ ဆင်းသက်လာသည်။ အဆိုပါ `ဖြစ်ရပ် အစဉ်တန်းများ´ (Succession of events) အား ကျွန်တော်တို့အနေဖြင့် အလွန် အသားကျပြီးခဲ့ပြီး၊ ယင်းတို့မှ အလေ့အကျင့် ဖြစ်လာခဲ့၏။ `ထို့ကြောင့် အလေ့အထဟူသည် လူသားဘ၀၏ ဦးဆောင်လမ်းပြကြီးပင် ဖြစ်လေသည်´ [1] ဟု ဟှူမ်းက ဆိုခဲ့၏။ သူ၏ သံသယအမြင်အရ အတွေ့အကြုံဝါဒီ စစ်စစ်ဟူသည် သိပ္ပံပညာအတွက် လုံလောက်သည့် အခြေခံများကို မပေး။ အဘယ်ကြောင့်ဆိုသော် သိပ္ပံပညာကြီးတစ်ခုလုံးသည် အကျိုးနှင့် အကြောင်းအပေါ် အခြေခံသော အတွေးအခေါ်တွင် မှီတည်ထားခြင်းကြောင့် ဖြစ်၏။ ဟှူမ်း ဖော်ထုတ်ခဲ့သည့် မေးခွန်းမှာ `မနက်ဖြန် နေထွက်, မထွက်ဟူသော ကိစ္စမဟုတ်ဘဲ၊ ထိုသို့ ကျွန်တော်တို့ အဘယ်ကြောင့် ယုံကြည်နေရသနည်းဟူသော မေးခွန်းသာ ဖြစ်ပါသည်။ ဟှူမ်းအလိုအရ ကြောင်းကျိုးဆက်နွယ်မှုတွင် ကျွန်တော်တို့ ယုံကြည်နေရခြင်းမှာ ကျွန်တော်တို့၏ ခံစားချက်များကြောင့်သာဖြစ်ပြီး ဆင်ခြင်တုံတရားကြောင့် မဟုတ်ပေ။ သို့ရာတွင် ခံစားချက်များသည် တစ်သီးပုဂ္ဂလသဘောဆောင်ပြီး၊ ဤသည်က အဆိုပါဖြစ်ရပ်များရှိ အမှန်နှင့် အမှားကြားတွင် ထူးခြားကွဲပြားမှုတစ်ခု ရှိမနေဟူသည့် နိဂုံးဆီသို့သာ မလွှဲမရှောင်သာ ဆိုက်ရောက်သွားပေတော့သည်။

`ခြုံယူဆင်ခြင်နည်း´ (Induction) နိယာမတွင် အမှန်တကယ်ပင် ဆင်ခြင်တုံတရား အခြေခံ မရှိဘူးလော။ ထိုနိယာမအား ကြောင်းကျိုးဆက်နွယ်မှုတွင် အသုံးပြုကြည့်ပါလျှင်၊ ဥပမာ- A နောက်တွင် B လိုက်ခဲ့လျှင်၊ ထို့နောက် ခြွင်းချက်တစ်ခုအားလည်း မြင်တွေ့ခဲ့ရခြင်းမရှိလျှင်၊ နောက်တစ်ကြိမ် စစ်ဆေးမှုတစ်ခုတွင် A နောက်သို့ B လိုက်ခြင်းသည် ဖြစ်နိုင်ချေ ရှိ၏။ အဆိုပါနိယာမသည် `ဖြစ်တန်စွမ်း´ (Probability) ကိုသာ ပေးစွမ်းနိုင်ပြီး၊ သေချာမှုတစ်ခု မပေးနိုင်ပေ။ အခြားသော ခပ်လွယ်လွယ် ဥပမာတစ်ခုကိုပင် စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ ကျီးကန်းများအား ကြိမ်ဖန်များစွာ မြင်ဖူးခဲ့ပြီး အဆိုပါ မြင်တွေ့မှုများအားလုံးတွင် ကျီးကန်းများသည် အနက်ရောင်ရှိသည်။ ဤမှ `ကျီးကန်းအားလုံးသည် အနက်ရောင်ရှိသည်´ ဟူသော နိဂုံးတစ်ခုအား ကျွန်တော်တို့ ဆွဲယူနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့အနေဖြင့် ကျီးကန်းများ `အားလုံး´ အား မြင်ဖူးခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ပြောဆိုနိုင်သည်မှာ နောက်တစ်ကြိမ်မြင်ရသော ကျီးကန်းသည် အနက်ရောင်ရှိလိမ့်မည်ဆိုခြင်းမှာ ဖြစ်နိုင်ချေရှိသည်။ တစ်ချိန်တည်းတွင် ကျွန်တော်တို့ မမြင်ဖူးခဲ့သည့် အဖြူရောင်ကျီးကန်းတစ်ကောင်လည်း ရှိနိုင်ချေ ရှိနေပေသည်။ တစ်ခုတည်းသော ရွေးချယ်စရာမှာ ခြုံယူဆင်ခြင်နည်း စနစ်အား ထုတ်ယူဆင်ခြင်နည်း (Deduction) စနစ်မှ ဆင်းသက်လာခြင်းမဟုတ်သော၊ သီးသန့် လွတ်လပ်နေသည့် ယုတ္တိဗေဒ နိယာမတစ်ခုအဖြစ် လက်ခံရန်သာလျှင် ဖြစ်၏။ သို့ရာတွင် ဤသို့လက်ခံမှု ကိုယ်တိုင်သည်ပင် ယုတ္တိနည်းကျ လိုအပ်မှုတစ်ခု မဟုတ်ပေ။ ဒဿနဆရာအများစုက ခြုံယူဆင်ခြင်နည်းအား အတိုင်းအတာတစ်ခုအထိ ခိုင်လုံမှုရှိသည် [Valid ဖြစ်သည်] ဟု ယုံကြည်ကြသော်လည်း၊ မည်ရွေ့မည်မျှနှင့် မည်သို့မည်ပုံ ခိုင်လုံကြောင်းကိုမူ ယနေ့ထိ မဖြေရှင်းနိုင်သေးပေ။ ခြုံယူဆင်ခြင်နည်း ပြဿနာများအား `ကားလ် ပေါ့ပါး´ (Karl Popper) အခန်းတွင် ပိုမို ကြုံတွေ့ရပါမည်။ `ပေါ့ပါး´ က သိပ္ပံပညာရပ်သည် ခြုံယူဆင်ခြင်နည်းစနစ်တွင် အခြေခံထားခြင်းမဟုတ်သည့်အတွက်၊ ခြုံယူဆင်ခြင်စနစ်၏ ပြဿနာမှ ကင်းလွတ်သည်ဟု ရှုမြင်သူ ဖြစ်ပါသည်။

တေဇာ (လရောင်လမ်း)
စက်တင်ဘာ (၆) ၂၀၁၀
Ref: David Hume, A Journey Through Modern Philosophy


Footnotes:

[*] ဤနေရာတွင် `အာရုံ´ ဟူသော မြန်မာစကားလုံးအား Impression ဟူသော အင်္ဂလိပ်စကားလုံးနှင့် ဖလှယ်ထားခြင်း ဖြစ်ပါသည်။ အမြင်အာရုံ၊ အကြားအာရုံ စသည်ပါ အာရုံ၊ Sense နှင့် မတူပါ။ အရာဝတ္ထု (လူပုဂ္ဂိုလ်စသည်) တစ်ခုခုအား `စိတ်တွင်းမှ ထင်မြင်ရသည်ပုံစံ´ သည် Impression ဖြစ်ပါသည်။

[-] ဂေါက်တံမှ ရိုက်လိုက်သော် (ပထမဖြစ်စဉ်) ဂေါက်သီးသည် ရွေ့သွားသည် (ဒုတိယဖြစ်စဉ်) ဟူသော ဖြစ်စဉ်နှစ်ရပ်သည် အမြဲ အတူတကွ ဖြစ်နေသည်။ ဂေါက်သီးအား မြေတွင် အသေစွဲထားသည်ဟု အတွေးမကပ်ရန် လိုသည်။

[+] Sophistry ဟူသည်မှာ တစ်ဖက်လူအား လှည့်စားရန်ရည်ရွယ်သော၊ မဆီလျော်သော ဆင်ခြေများဖြင့် တည်ဆောက်ထားသည့် ခိုင်လုံမှုမရှိသည့် ဆင်ခြေစနစ်ကို ခေါ်သည်။ ၎င်းတို့အား ဆိုဖှီဆရာများ သုံးစွဲလေ့ရှိသည်။

[1] Hume, Inquiry Concerning Human Understanding

Comments

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...