လိပ်
ကျွန်တော့်ကို ရေထဲတော့
ကျွန်တော့်ကို ရေထဲတော့
မလွှတ်လိုက်ပါနဲ့
ပြီးတော့ တစ်ယောက်တည်းလည်း
မထားခဲ့ပါနဲ့...။
ပြီးတော့ တစ်ယောက်တည်းလည်း
မထားခဲ့ပါနဲ့...။
ရလဒ်
ရိုးသား(မိ)တယ်ဆိုပါစို့ ခင်ဗျားဟာ
မနှစ်မြို့ဖွယ် လူထူးလူဆန်း ဒါမှမဟုတ်
နှစ်လိုဖွယ် အရူး ဖြစ်လာပါလိမ့်မယ်။
နောက်ဆက်တွဲ
အမှားကြီးပဲ
အမြီးမှာ ကျားကြီးတွဲလျက်သား
ကျွန်တော့်အသားက စားမရအောင်
ခါးပေလို့သာပဲ။
ကြိုးတန်း လမ်းလျှောက်သူ
ကျွန်တော် ကပြနေတာမဟုတ်ဘူး
ကျွန်တော် နင်းထားတာ ကြိုးတန်းလေး
ဒါကို ခင်ဗျားတို့ အမြင်ပဲ
အားပေးမှုမဟုတ်သော ပျော်တော်ဆက်အပြုံး
ပရိသတ်ကြီးကိုလည်း မုန်းပြီ...။
နောက်ဆုံးခံတပ်
အမြတ်မှ မရရင်
ဘ၀ဟာ အရှုံးပဲ
ဘ၀မှာ ရှုံးသွားပြီဆိုရင်
သရေကျပြီ။
တေဇာ (လရောင်လမ်း)
Comments
Post a Comment