Skip to main content

စောက်ပြဿနာနဲ့ ပျော်နေတဲ့ကောင်၊ နေမြဲ

ကဗျာရေးသူ `နေမြဲ´ ရဲ့ အရေးအသားတချို့ကို `ဇာတိ´ က ပြီးစလွယ် Ebook လေးတစ်ခု လုပ်ပေးထားပါတယ်။ ကျွန်တော်တို့ ဒီနေရာ မှာ တင်ထားလိုက်ပါတယ်။ အောက်မှာ အဲဒီအထဲက အတိုအစလေးတချို့ကို ဖော်ပြထားပါသေးတယ်။ `သောကြာနေ့အပြီး ကျွန်ုပ်၏ အရေးအသားများ´ အင်တာနက်ကဗျာများလို့ အမည်ပေးထားပါတယ်။ သူငယ်ချင်းတွေရဲ့ မှတ်ချက်တချို့လည်း ပါပါတယ်။

▄ ▄ ▄ ▄

ဘ၀နဲ့ကဗျာနဲ့ကြားမှာ မမြင်ရတဲ့ဆက်သွယ်ချက်တွေ ရှိတယ်... ကိုယ့်ဘ၀ကိုယ် အရင်းအတိုင်းပြန်မြင်ရဖို့ ကဗျာဟာ ကြည်လင်တဲ့ဖန်သားပြင်လို သန့်စင်တဲ့ ရေမျက်နှာပြင်လို နေမြဲနဲ့ သူ့ကဗျာတွေကြားမှာလည်း ဆက်သွယ်ချက်တွေ ရှိနေမယ် ကျွန်တော်တို့ဘက်က အမှန်တိုင်း မြင်နိုင်/မမြင်နိုင်...
မိုးလှိုင်ည

နေမြဲ။ သူ့ကို စတင်တွေ့မိတာကတော့ ဟိုး ၂၀၀၀ ပြည့်နှစ်အကျော်လောက်မှာ သူဟာ...တို့ ဘာတို့ မပြောတော့ပါဘူး။ အမှာစာဆိုတော့ သူ့ကိုပဲ မှာပစ်လိုက်ချင်ပါတယ်။ နေမြဲ.. ကဗျာတွေကြီးပါစေ။
ဇာတိ (ဖရိုင်းဒေးအန်းဒင်းစ်)

ခုတလော ကျွန်တော် ဖတ်နေမိတာက `နေမြဲ´ ဆိုသူရေးတဲ့ ကဗျာတွေ၊ အကြောင်းလည်း ရှိတယ်။ ဆိုပါစို့၊ ကျွန်တော် ကြောက်နေတယ်၊ အရာရာအန္တရာယ်ရှိပုံရတယ်လို့ ခံစားနေရတယ်။ ပြီးတော့ ကျွန်တော့်ပါးစပ်က (အကြောင်းအမျိုးမျိုးကြောင့်) အသံမထွက်ရဲတဲ့ စကားလုံး/အသံ အချို့ကို နေမြဲက ကျယ်ကျယ်လောင်လောင် အော်ဟစ်နေတာ ကြားရတယ်။ ဖမ်းရင်သူ့ကိုပဲ ဖမ်းမှာ၊ ဒါပေမဲ့ အာသာပြေသွားတဲ့အထဲမှာတော့ ကျွန်တော်လည်းပါတယ်ဆိုတာ ၀န်ခံရမယ်။ နေမြဲဟာ နားဝင်ချိုအောင် ဆဲရေးတိုင်းထွာတတ်တဲ့ သူလို့ ကျွန်တော်ထင်တယ်။ နောက်... စောက်ပြဿနာပဲ၊ ကျွန်တော်ပျော်နေတယ်။
တေဇာ (လရောင်လမ်း)

`......................ခွမ်း.......................´
ပန်းအိုးလေးကျကွဲသွားပုံဟာ အကောင်းဆုံးပြက်လုံးပဲ။
ခေတ်ကိုက အမဲရွတ်တွေပဲ ဘာဘီကျူ လုပ်စားလို့ရတော့တယ်။
တွေ့လား...ပြောရင်းနဲ့ အဲဒီရောက်ရောက်သွားတာ။
ဂျပန်မ တစ်ယောက်ကပြောတယ်
`ရှင်တို့စကားလုံးတွေက အ၀ိုင်းအ၀ိုင်းတွေချည်းပဲ´
ကျွန်တော်ကပြန်ပြောလိုက်တယ်၊
`အဲဒီ အသုံးမကျတဲ့ အ၀ိုင်းတွေက ငါ့ရဲ့သတ်သေမှုကို အချိန်ဆွဲနေကြတာ´

နေမြဲ (ဘာလုပ်နေတာလားနှင့် နောက်ဆက်တွဲအဖြေများ)



ကျွန်တော့် အသားစိုင်တွေ ပုတ်အဲ့ ရိချွဲလာတဲ့ ကိစ္စ

ခေါင်းစဉ်က ဒီလိုထားမှတော့ ကဗျာစာသားတွေလည်း လွှမ်းမိုးခံရတော့မယ်။ ပေါ့
။ ဒီလိုလား......ခင်ဗျားတွေးစပြုလာပြီ
ဒါဆိုမှားပြီပေါ့ ၊ မှားတယ်ဆိုတာက ခင်ဗျားရဲ့ အတွေးဖြစ်ပေါ်မှုထိကိုမရောက်တာ
တွေးသည် ၊ မှားသည် ၊ အပြစ်ရှိသည် ၊
ဒီအထိ ခင်ဗျားဆက်တွေးနေတုန်းပဲလား ၊
လွှတ်ချလိုက်ရတဲ့အရာ ပြန်ကောက်တင်ရတာမောပါတယ် ကိုယ့်လူ ၊ လွတ်မကျစေနဲ့ ၊
ဒီလို ပရိသတ်ကြီးရဲ့ ကျုပ်တို့က လိမ်နေတာ ၊ ဘယ်ကလာ ခံစားရမှာလဲ ၊
ပြုလုပ်ကြည့်တာ ၊ ဒီတော့ ခင်ဗျားလည်း ပြုလုပ်တာကြည့် ၊
ပြုလုပ်တာကြည့်ဖို့အတွက် ပြုလုပ်ကြည့်တာ
ခုခေတ်မှာ ဒုက္ခသမားတွေပဲ ကဗျာရေးဖို့ မဟုတ်တော့ဘူး ၊
မောင်ချောနွယ် နာကျင်ပြုလုပ်ခဲ့သမျှ ခင်ဗျားတို့
နာကျင်ဟန်ဆောင်ခဲ့သလား ၊ တကယ်နာကျင်ခဲ့သလား ၊
ခင်ဗျားတို့ချိုမြိန်ခဲ့မှာပါ....ဟက်.....ဟက်.....
ကျုပ်တို့ မတုံးတော့ ဘူးလေ ၊
ကြည့်..... ဒါဆို မောင်ချောနွယ်တုံးတယ်ပေါ့ လို့ ခင်ဗျားတွေးပြန်ပြီ ၊
ကျုပ်မတွေးခိုင်းတာတွေးမိတဲ့ ခင်ဗျား.....ရှော့ရှိသွားပြီ ၊
မောင်ချောနွယ်က ကဗျာကိုနာကျင်မှုနဲ့ ဖွဲ့ခဲ့တာ
ကျုပ်တို့က ကဗျာကို ကဗျက်လုပ်ပြီး အင်တာနက်နဲ့ သားစပ်ကြည့်တာ ၊
ခေတ်ကိုက သွားနိုင်မှတော်ကာကျမယ် မဟုတ်လား ၊
ဂလိုခေတ်လေ............ဂလို....ဂလို....ဂလို....၊
(ဒီနေရာမှာ ကျုပ်ရဲ့နာကျင်မှုကို ခင်ဗျား ချိုမြိန်ဖို့ ခွင့်မပြုမိတဲ့ ကျုပ်အတ္တကို အသိအမှတ်ပြုပါ)
အတ္တ ဆိုတာ ကြီးဖို့ပါကွယ် ၊
စကားလုံးပေါကြွယ်မှုက တာမသွားလှတော့ဘူး ၊ မတွေးနဲ့နော် ဒီတိုင်းလေး ဆက်ဖတ်သွား ၊
ပြတ်တောက်မှုတိုင်းကို ဆက်သွယ်မိဖို့ ၊ ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ကျုပ်တို့တွေ သိမှုချို့တဲ့လေသမျှ ပုတ်သင်ညိုတွေ မျိုးမကန်းဖို့ ဖြစ်လာတယ် ၊
မတွေးနဲ့နော်
ဘာသာဗေဒကို ခဏချွင်းချက်ထားပြီး ကျန်တာအကုန်သွေဖယ်မှု ပြုကြည့်တာ
ဒီကဗျာကလည်း ကျုပ်တို့ကြိုက်တဲ့ လက်ဖက်ရည်မဟုတ်သေးဘူး ၊
အပျင်းပြေ တို့ထိကစားကြည့်တာ
ပြည့်တန်ဆာမ တစ်ယောက်ကို တို့ထိကစားတာထက်တော့ ကိုယ့်ကိုယ်ကိုယ် သတီတယ် ၊
ဆိုတော့ကာ တသောင်လုံး ခင်ဗျားကို ထိန်းထားခဲ့ရသမျှ ၊
ကျွန်တော် မောင်ချောနွယ်ကဗျာတွေပေါ်မှာ ကြီးပြင်းခဲ့တာကို သိမှုထဲမှာထည့်ပြီး
ခင်ဗျား ဒီကဗျာကို စ/လည်/ဆုံး သုံးပါးလုံး ဟုတ္တိပတ္တိ တွေးချင်သလိုတွေးနိုင်ပါပြီ ၊
သြော်............. ခင်ဗျားကို ကျွန်တော် ကျေးဇူးမတင်ကြောင်းလည်း မမေ့လျော့ခဲ့ပါဘူး ။



ကမ္ဘာကြီးက သောကြာထောင့်မှာ ပိုလည်တယ်

ပြုမူချက် ၊ ပြုလုပ်ချက် ၊ ပြန်မပြင်နိုင်တဲ့ ၀င်ရိုးမှာ
အမှန် ၊ အမှား နှစ်ခုလုံး လည်ပတ်လျက်
မောင်ဘသည် ကြောင်အိမ်ထဲမှ ငါးကို နှိုက်စားသည်။
အညစ်အကြေးများ ၊ အညစ်အနှစ်များ ၊ အဟောင်းအညစ်များ ၊
ခွေးနှစ်ကောင် ကိုက်တဲ့ပွဲမှာ လူတွေရှုံးသွားတဲ့ ဘ၀ပေးပဲ
အာ့ ပြောတာ ၊ ကျမ်း ကျမ်း ၊ အာ့ ဘုပြောဒါလဲ ၊
ငါ့ခေါင်းထဲ ကျီးကန်းတစ်ကောင် ကျန်သေးတယ် ၊
တောင် ပြာ တန်း က မောင့် အ ချစ် ကို...ဟို....ဟို....၀ို...၀ို...၀ို...၀ို...းးးးးးးးး
ကျွန်တော် နောက်ဆုံးထိ ဖမ်းကြည့်တာ
ဟိုထိပြန်သွားပြီးရင် password မလိုဘူးဟု ပြောရန် ၊
တစ်ယောက်တည်းရှိနေမှာကို ကြောက်ကြောက်တတ်လာတယ် ၊
လူသားဖြစ်တည်မှုမှာ အကြောက်တရားရှိသင့်တယ်လေ ၊
ပြောရရင်တော့ ကိုယ့်ပေါင်ကိုယ် အကြီးကြီးလှန်ထောင်းမိတာပါပဲ
စ မုံ ပဲ ၊ စ မုံ တွေ တော့ တုံး ကုန် ပါ ပြီ ကြီး တော် ရေ...........
lesbian တစ်ယောက်မှာ လင်ယူသားမွေးခွင့်
အပြည့်အ၀မရှိသင့်ဘူးလား ၊ ဘ၀ပေးပဲ ၊
တင့်တောင့်တင့်တယ် ထွက်ရတဲ့ ဒေါသများ ၊ ချစ်ပါစ၊ ခင်ပါစ၊ ကြင်နာပါစ ၊
ဒီဗျစ်ရည်တွေက မူးယစ်ရီဝေ ၊ အမှန်အမှား ၊
အကြောက်တရား ၊ ဘာကိုမှကောက်ချက်ချလို့ မရနိုင်တဲ့...မူးယစ်ရီဝေ.....
ဒီကဗျာဟာ သေးပေါက်ခြင်းဖြစ်စဉ် ဆိုပါစို့
တွန့် က နဲ............အား...............ဖီးလ်............
သိမှုက တွန့်မိတာမျိုးမဟုတ်ဘဲ ကြိုးစားရှောင်တိမ်းထားတဲ့
တွန့်မှုကို သိနေတာမျိုး မျှော်လင့်မိတာပါပဲ ။
မင်းဇယားက ရွဲပြဲနေပါပြီသားရာ.....
ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟား
ရိုရိုသေသေသုံးရင် သုံးလေးနှစ်လောက်တော့ ခံပါသေးတယ်ကွာ ၊
ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟား
ကျွန်တော်အသက်နှစ်ဆယ်ကျော် ကတည်းက
လူသားတွေရဲ့ စိတ်ဓါတ်ပြင်းထန်မှုကို သံသယ ရှိလာတယ် ။
ပြောရရင်တော့ သက်တောင့်သက်သာ ငရဲ ၊
အမေဆိုတာကို တုတ်ထိုးအိုးပေါက်ဆဲပြီး
သက်တောင့်သက်သာ ငရဲတစ်ဘုံလောက်တော့ ပိုင်ဆိုင်ချင်သေးတာပါပဲ။         ။


Comments

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ