လွတ်လပ်တဲ့ ငှက်ဟာ
အောင်နိုင်မှုရဲ့ ကျောပေါ်မှာ ကခုန်တယ်
ပြီးတော့ အစုန်စီးပြီး မျောလွင့်တယ်
အရှိန်မြင့်စီးကြောင်းရပ်တန့်သည့် တိုင်အောင်
သူ့ရဲ့အတောင်တွေကို
လိမ္မော်ရောင် နေခြည်ထဲ ဖြန့်ချထားတယ်
ပြီးတော့ ဒါ ငါ့ကောင်းကင်ပဲလို့ ကြွေးကျော်ရဲပေတယ်။
ဒါပေမဲ့ လှောင်အိမ်ကျဉ်းကလေးထဲ
ဘောက်ဆတ်ဘောက်ဆတ် လျှောက်နေတဲ့ ငှက်
သူ့ရဲ့ အမျက်တရား သံတိုင်များကိုဖြတ်
ဖောက်ထွက် မြင်နိုင်ခဲရှာတယ်
သူ့ကို အတောင်ညှပ်ပြီး ခြေထိပ်ခတ်ထားတယ်
ဒီတော့ သူ့လည်ချောင်းပွင့်လာပြီး တေးသီတယ်။
လှောင်ချိုင့်စံငှက်ဟာ
ပုကျိပုကျိတေးသံကို စိုးရွံ့စွာ သီဆိုတယ်
သူ မသိရတဲ့ အရာတွေအကြောင်း
ဒါပေမဲ့ သူကောင်းကောင်း တမ်းတနိုင်သေးတယ်
ပြီးတော့ သူ့သံစဉ်ကို
ဟိုးအဝေး တောင်ကုန်းဆီက ကြားရတယ်
လွတ်မြောက်မှုအတွက် တေးသီနေတဲ့
လှောင်ချိုင့်စံငှက်ငယ်။
လွပ်လပ်တဲ့ငှက်ဟာ နောက်ထပ်လာမယ့်လေညှင်းအကြောင်း စဉ်းစားတယ်
ကုန်သည်လေနုနုက သက်ပြင်းချနေတဲ့ သစ်ပင်များကို ဖြတ်စီးလာ
တီကောင်၀၀လေးက အာရုဏ်တောက်တောက် မြက်ခင်းမှာ စောင့်ကာ
သူ့မှာလည်း ကောင်းကင်အတွက် ကိုယ်ပိုင်နာမည်တစ်မျိုးနဲ့။
ဒါပေမဲ့ အိပ်မက်တစပြင်မှာ ရပ်နေရှာတဲ့ လှောင်ချိုင့်စံငှက်
သူ့အရိပ်တွေက အိပ်မက်ဆိုးအသံကြောင်တွေ အော်ဟစ်နေတယ်

တေဇာ(လရောင်လမ်း)
Maya Angelou ၏ I know why the caged bird sings ကို ဘာသာပြန်ဆိုသည်။

Comments
Post a Comment