Skip to main content

Posts

Showing posts from May, 2012

ဗျတိရေက (မြင့်သန်း)

“It takes a lot of time to be a genius, you have to sit around so much doing nothing, really doing nothing.” ~Gertrude Stein, Everybody’s Autobiography (1973) ပြီးခဲ့တဲ့ ခုနှစ်ဆယ့်နှစ်နာရီဟာ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး။ အချိန်တွေ၊ နာရီတွေ၊ ရက်တွေ၊ နေရာတွေ ဘယ်ရောက်သွားမှန်း မသိဘူး။ လူရဲ့ပတ်ဝန်းကျင်က တစ်ဆယ့်ရှစ်လက်မပတ်လည်ဟာ မမှတ်မိနိုင်လောက်အောင် ပြောင်းပြောင်းသွားတယ်။ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ပတ်လည်က တစ်ဆယ့်ရှစ်လက်မဟာ သူ့ပိုင်နက်ပဲ။ ဒါပေတဲ့ အဲဒီပိုင်နာဟာ တစ်ခါတလေ ရှာမရတော့ဘူး။ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေရခြင်းအတွင်းမှ ပျောက်ဆုံးနေတယ်။ တကယ်တော့ ကျွန်တော့်အပြစ်ချည်းပဲ မဟုတ်ဘူးထင်တယ်။

သီးသန့်ဆန်တဲ့ လိပ်ပြာ

ကျွန်တော့်မှာ ပိုးမွှားတွေကိုကြောက်တဲ့စိတ်အခံ ရှိခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးအဆင့်ရောက်နေတဲ့ ဘောက်ဖတ်တစ်ကောင်နဲ့ အတွေ့မှာ ရောဂါကိုယ်တိုင် ဖျားနာသွားရတယ်။ တကယ်တော့ ကျွန်တော့်ပုခုံးပေါ် လာနားတာ အရှားပါးဆုံးလိပ်ပြာ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ပုခုံးပေါ် လာနားတဲ့ လိပ်ပြာဆိုတာ တကယ်ကို ရှားတယ်။ ဒီလိုနဲ့ ကမ္ဘာပေါ်မှာ တစ်ကောင်တည်းရှိတဲ့ လိပ်ပြာကို ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တယ်။ အခုတော့ ကျွန်တော့်မှာ သီးသန့်ဆန်တဲ့ လိပ်ပြာလေးကို ချစ်မိတဲ့ စိတ်အခံနဲ့။ တေဇာ (လရောင်လမ်း) ဇူလိုင်၊ ၂၀၁၁

ပြတင်းပေါက် (မြင့်သန်း)

သူ့မှာ ဘာမှ ပူစရာမရှိဘူး။ သူ့အတွက် ပြတင်းပေါက်တစ်ခု ရှိနေတယ်။ ပြတင်းပေါက်ဟာ သူ့ဘ၀ပဲ။ သူနေတဲ့အိမ်ကြီးကို `ဂန္ထ၀င်စံအိမ်´ လို့ ခေါ်တယ်။ `ဂန္ထ၀င်´ ဆိုတာ အတွေးသက်သက်ထဲမှာပဲ ရှိတယ်လို သဘောထားသလား မသိဘူး။ ဘာလို့ အဲဒီလိုခေါ်သလဲ ဆိုတာကိုတော့၊ ဒီအိမ်ကြီးကို ဆောက်ခဲ့တဲ့သူ ဘိုးအေကြီးကို သွားမေးမှပဲ။ သူ့ဘိုးအေကြီး သေတာက ကြာပြီ။ အိမ်ကြီးဆောက်ထားတဲ့ ခြံဝင်းထောင့်က ဘုန်းကြီးကျောင်းနဲ့ဆက်နေတဲ့ မြေပေါ်မှာ သင်္ချိုင်းကလေးရှိတယ်။ သင်္ချိုင်းဆိုတာက အသက်ရှိတဲ့လူတွေနဲ့၊ အသက်မရှိတော့တဲ့လူတွေ ဆုံတဲ့ ရပ်ဝန်းပဲ။ အသက်ရှိနေသေးတဲ့လူတွေအကြားက အသက်မရှိတော့တဲ့လူတွေ နေတဲ့နေရာ။ `ဂန္ထ၀င်´ လို စိတ်ကူးကြည့်စရာ မဟုတ်ဘူး။ သူ့ဘိုးအေကြီးဂူ အဲဒီမှာ ရှိတယ်လို့ပြောတယ်။ သူ့အမေ၊ သူ့အဖေ ဂူတွေလည်း အဲဒီမှာ ရှိတယ်လို့ ပြောကြတာပဲ။ အဲဒီသင်္ချိုင်းကလေးက သူတို့မိသားစု သင်္ချိုင်းကလေးလို့ ပြောရလိမ့်မယ်။ အဖေရှိတုန်းက အဲဒီဘက် လမ်းလျှောက်လေ့ရှိတယ်လို့ ပြောတယ်။ တစ်ခါတလေ သူ့အဖေဂူပေါ်မှာထိုင်ရင်း သူအဖေကို စကားပြောသတဲ့။ ဘာတွေပြောမှန်းတော့ မသိဘူး။ ဘာကြောင့်ပြောသလဲဆိုတော့၊ ကျန်ရစ်ခဲ့တဲ့လူက အရင်သေသွားတဲ့လူကို သွားပြီးစကားပြောစတမ်းလို့ ကတိက၀တ်ရှိခဲ့ကြလို့တဲ့။ အဖေက

ကြွေ

ဖြစ်နိုင်ခြေနဲ့ ပစ္စက္ခဟာ အတူတကွ ငြိမ်သက် အချိန်မရွေးကျကွဲသွားနိုင်တဲ့ ကျွတ်ဆတ်ဆတ် ကြွေထည်ကလေး အစွန်းမှာရပ် ကော်ဖီပူပူတွေကို လုံခြုံအောင် အကြားအလပ်မရှိ သူပွေ့ဖက်ထားပုံက ငြိမ်သက်လို့။ တေဇာ (လရောင်လမ်း) ဂျူလိုင်၊ ၂၀၁၁

နွေပုံပြင်

ပျော်ရွှင်မှုဆိုတာကတော့ အားလုံး အတူတူလိုပဲ၊ ဒါပေမဲ့ နာကျင်မှုတစ်ခုစီမှာ သီးခြားဝိသေသ ရှိတယ်။ ~ လီယိုတော်စတွိုင်း သူကတော့ ကလေးလေးလိုပဲ၊ အိပ်ခါနီးတိုင်း ကျွန်တော့်ကို ပုံပြင်ပြောခိုင်းတတ်တယ်။ အသံတစ်သံကို နားထောင်ရင်း အိပ်ပျော်သွားရတာ၊ အနားမှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားမှုက သူ့ကို လုံခြုံမှုပေးတယ်တဲ့။ ခက်တာက ကျွန်တော်က ပုံမပြောတတ်တာပဲ။ ပုံနှိပ်စာလုံးစီထားတဲ့ စိတ်ကူးယဉ်ပုံပြင်တွေ အတော်များများ ဖတ်ဖူးခဲ့ပေမယ့် ဖတ်ပြီးသားတွေကို ကျွန်တော်က အဆီအငေါ်တည့်အောင် ပြန်ပြောနိုင်တဲ့ လူစားမျိုးမဟုတ်ဘူး။ ငါလည်း မက်ဒူဆာ (Medusa) လို အကောင်မကြီးရဲ့ ခေါင်းကို သွားကြည့်ခဲ့မိလို့ ဖြစ်လိမ့်မယ်လို့ပဲ ကိုယ့်ရဲ့ ဆွံ့အမှုအပေါ် နည်းနည်းဖော့တွေးရတယ်။ သူ့ကိုတော့၊ ငါ ပုံမပြောတတ်ဘူးလို့ ခဏခဏ အသိပေးဖူးပါတယ်။ ဒါပေမဲ့ အဲဒါက သူနဲ့ ကျွန်တော့်ကြားမှာ လုံလောက်တဲ့ ဆင်ခြေတစ်ခု မဟုတ်ခဲ့ဘူး။ ပြောတတ်တတ် မပြောတတ်တတ် ပြောလို့ သူက တစ်ချက်လွတ် ပြောတယ်။ ဒီတော့လည်း ပုံပြင်တွေကို လက်တမ်းပြောနိုင်ဖို့ ကြိုးစားရတော့တယ်။ အဲဒီတော့မှပဲ စိတ်ကူးဉာဏ်ကွန့်မြူးမှု ဘယ်လောက်အားနည်းမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။ ဖတ်ဖူးထားတာလေးတွေနဲ့ ဆင်တူယိုး

လမ်း (မြင့်သန်း)

လမ်း၏ ရှိခြင်းသည်လည်းကောင်း၊ လမ်း၏ အတိုင်းအတာ၊ အကွာအဝေးနှင့် အကောင်းအဆိုးသည်လည်းကောင်း၊ ခရီးသွားခြင်းကို အဆုံးအဖြတ် မပေးနိုင်။ လမ်းမရှိသည့်တိုင်၊ လမ်းဆုံးသွားသည့်တိုင်၊ ခရီးသွားတွင် သွားစရာခရီး ရှိနေဦးမည်သာ ဖြစ်သည်။ လူသည် ခရီးသွားဖြစ်၍ လောကသည် လမ်းဖြစ်၏။ `ခြေသလုံးအိမ်တိုင် မွန်ဂိုတို့၏ ရှေးစကား´ အပြင်ဖက်ကိုကြည့်ရင်း အဖေ့ကို သတိရမိတယ်။ အဖေက ခရီးသွားရတာ ကြိုက်တယ်။ အပြင်ဖက်မှာ သစ်ပင်တွေ ရိပ်ခနဲရိပ်ခနဲ ဖြတ်သွားနေတယ်။ တစ်ခါတလေ လယ်ကွင်းစိုက်ခင်းတွေ တွေ့ရတယ်။ အိမ်တွေ၊ ဂိုဒေါင်တွေ တွေ့ရတယ်။ ကွင်းခေါင်ခေါင်ထဲ ထုံးစေတီ သေးသေးကလေး တစ်ဆူနှစ်ဆူလည်း တွေ့ရတတ်တယ်။ မြို့တွေရွာတွေ ဖြတ်ရင် လူတွေကားတွေ တွေ့ရတတ်တယ်။ ခုလို အပူအပင်မရှိ ခရီးသွားနိုင်တာမျိုးဆိုရင် အဖေသိပ်ပျော်မှာပဲလို့ တွေးမိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခရီးအတော်သွားခဲ့ဖူးတယ်။ ဒါပေတဲ့ ကျွန်တော်တို့ငယ်ငယ်ကဆို မြောင်းတကာအထွက်၊ ငဖြူလေးတံတားဆီတောင် တောင်ရိုးဆီက ကွန်မြူနစ်တွေဆင်းလာပြီး ဗုံးလာခွဲလေ့ရှိလို့ ခရီးသွားရတာ စိတ်မချရဘူး။ ကားရဲ့ရှေ့တည့်တည့် မျက်စေ့တစ်ဆုံးက လမ်းကိုလှမ်းကြည့်ရင်း အရင်က ဒီနေရာမှာ ဒီလည်းမရှိဘူးထင်တယ်လို့ ကျွန်တော်ပြော

လှေကားထစ်တွေ (မြင့်သန်း)

ဘာမှလုပ်စရာ မရှိဘူး။ ပျင်းဖို့ ကောင်းတယ်။ ပျင်းဖို့ကောင်းတော့ ဘာမှမလုပ်ချင်ဘူး။ ဘာမှမလုပ်ချင်တော့လည်း ပျင်းဖို့က ပိုကောင်းလာတယ်။ တစ်ခုခုလုပ်ချင်ပေတဲ့လည်း လုပ်စရာက မရှိဘူး။ မသာအိမ် ဖဲရိုက်မယ်ဆိုရင်လည်း လောလောဆယ် အသိအကျွမ်းထဲက သေတာ မရှိသေးဘူး။ ဖဲမရိုက်ရတောင် အလကားချထားတဲ့ ကွာစေ့ ၀ါးနေလို့ရတယ်။ ကွာစေ့မဟုတ်တောင် နေကြာစေ့ဖြစ်ဖြစ် ၀ါးနေရရင်လည်း မဆိုးဘူး။ ဒါပေတဲ့ အပေါင်းအသင်းတွေက ကျန်းမာရေး ကောင်းနေကြတယ်။ ဒီတော့ ဟိုကောင့်ကို သတိရလိုက်မိတယ်။

ချိုးခေါက်ခံ ခေါက်ချိုးညီ

မှန်ဟာ တိကျစွာ ရောင်ပြန်တယ် အမှားမလုပ်ဘူး၊ ဒါပေါ့ သူက မစဉ်းစားဘူး တကယ်တမ်း စဉ်းစားကြည့်ရင် စဉ်းစားတာဟာ အမှားလုပ်ဖို့ပဲဆိုပဲ။ ကျွန်တော်ကတော့ ဆီလျော်သလို ရောင်ပြန်တယ် အဆင်ပြေသလို ကျကွဲတယ်၊ ဒါပေါ့ တစ်ခါပဲရမယ် ပြီးကြုံရာလူကို စူးရှစေတယ်၊ ဒါတောင် လာနင်းမှပါ မစဉ်းစားတဲ့ စိတ်အခြေအနေတစ်ရပ်ကို စဉ်းစားကြည့်လို့ မရခဲ့လို့ပဲဆိုဆို။ စကားမစပ် ကျွန်တော် ပုံမှန် မှန်ကြည့်ပေမယ့် ကျွန်တော့် ပုံမှန် မှန်မှာ မမြင်ခဲ့ရဖူးဘူး။ တေဇာ (လရောင်လမ်း) မေ၊ ၂၀၁၂

ဆေးရုံ (မြင့်သန်း)

ဆေးရုံကိုလာတဲ့လူတွေမှာ အကြောင်းရှိတယ်။ အနည်းဆုံး တစ်ခုတော့ ရှိကြတာချည်းပဲ။ အပျင်းပြေ ဘယ်သူမှ မလာဘူး။ ဆရာဝန်တွေ ကုသပေးဖို့လာတယ်။ လူမမာက ကုသခံဖို့ လာတယ်။ သူနာပြုတွေက ကုသမှုကို အထောက်ကူပြုဖို့၊ သူတို့နိုင်တာ လုပ်ပေးဖို့။ သန့်ရှင်းရေးအလုပ်သမားက သန့်ရှင်းပေးဖို့။ ကျန်းမာနေတဲ့လူတစ်ယောက် ဆေးရုံထဲ ၀င်လာရင်တောင် သူ့မှာ လူမမာမေးစရာ အကြောင်းရှိတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ စာမဖတ်တတ်လို့၊ ဆေးရုံလို့ ရေးထားတာကို မသိလို့၊ မှားပြီးဝင်လာတဲ့လူပဲ ဖြစ်မယ်။ 

ရွှေသုန္ဒရီ

မိုးမလင်းမီ ရွှေသုန္ဒရီရေ ကကြိုးပျောက်မှာ စိုးမိသည်။ (xxx) အခုလို ခရီးလျှောက်သွားတော့လည်း စိတ်ဝင်စားစရာ လူတွေနဲ့ တွေ့ရတတ်တယ်။ အဝေးပြေးကားဂိတ်ကို ဟိုကောင်က ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။ ဂိတ်မှာ အထုတ်ချထားပြီး တစ်ခုခုစားဖို့ စားသောက်ဆိုင်ဘက် ထွက်လာခဲ့ကြတယ်။ မနက် ဝေလီဝေလင်းပဲ ရှိသေးတယ်။ မကြာခင်ပြန်တွေ့မယ် ဘာညာ နှုတ်ဆက်စကား ပြောဖြစ်ကြတယ်။ ပထမဆုံးရပ်တဲ့ အောင်ချမ်းသာ ထမင်းဆိုင်မှာ ထမင်းမစားနဲ့လို့ ကျွန်တော့်ကို မှာနေတယ်။ ဘာလို့လဲ အဲဒီဆိုင်က အဆိပ်ခပ်ထားလို့လားလို့ ပြန်မေးလိုက်တော့ ဘာမှပြန်မပြောတော့ဘူး။ သွားခါနီးလာခါနီး စိတ်မခုချင်တာနဲ့ပဲ တခြားဘက် စကားလွှဲရတယ်။ ဒါတောင်၊ ကျုပ် ဘွားတော် ပြန်တုန်းကတော့ မြို့ပြင်အထိ ဆိုင်ကယ်မောင်းပြီး လက်လိုက်ပြတာလို့ သူက ပြောနေသေးတယ်။ ရူးပါ့ကွာလို့ပဲ အလိုက်သင့် ပြန်ပြောလိုက်တယ်။ ကျွန်တော်ကတော့ လမ်းမှာစားဖို့ ကွမ်းဝယ်တယ်။ ကွမ်းယာဆိုင်က ကောင်မလေးက ဦးလေးက တကယ်ပြန်တာကိုးလို့ ပြောတယ်။ ငါက တကယ်မပြန်ဘဲ နင့်ကို ပြန်မယ်ပြောမလားလို့ပဲ ပြန်ပြောရတယ်။ ကားပေါ်တက်ခါနီးကျတော့ ဟိုကောင်နဲ့ လက်ဆွဲနှုတ်ဆက်ဖြစ်တယ်။ သူ့ဟာက နှုတ်ဆက်တာနဲ့ မတူဘူး၊ ကျွန်တော့်လက်ကို တအား ဖြစ်ညှစ်ထားသလိုပဲ။