Skip to main content

Posts

Showing posts from February, 2009

အိုင်ဒီယာ အုံးလွဲခြင်း

စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ စီးပွားရေးနှင့် နိုင်ငံရေးလောကတွင် အတွေ့ရများသော ရောဂါတစ်ခုရှိပါသည်။ အမ်အိုင်ဒီအက်စ် (MIDS) ဟု အတိုကောက် ခေါ်ကြသည်။ အရှည်မှာ Microchip Immune Deficiency Syndrome ဖြစ်သည်။ မိုက်ခရိုချစ်ပ် ခုခံအားကျဆင်းမှုရောဂါစုဟု ဘာသာပြန်နိုင်ပါလိမ့်မည်။ တက္ကနိုလော်ဂျီက သယ်လာသောအပြောင်းအလဲများကို မတုံ့ပြန်နိုင်ရာမှ ပေါ်ထွက်လာသော စိတ်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ဤရောဂါစုအကြောင်းကို စတင်ဖော်ထုတ်ခဲ့သူမှာ နယူးယောက်တိုင်း(မ်)ဂျာနယ်လစ် “တောမတ်ဖရီးမင်း” ဖြစ်သည်။ သူက အမ်အိုင်ဒီအက်စ်နှင့်ပတ်သက်ပြီး ယခုလို အဓိပ္ပာယ် ဖွင့်ပြသည်။ “ဖောရောင်၊ ပွရောင်း၊ အကြောမာ၊ အသည်းကြွပ်နေသော မည်သည့် ကုမ္ပဏီ၊ မည်သည့်နိုင်ငံရေး အင်အားစုကိုမဆို စွဲကပ်နိုင်သော ရောဂါဖြစ်သည်။ ကုမ္ပဏီတစ်ခု ၏ ကုန်ထုတ်သတ္တိကို တိုးပွားအောင် မဆောင်ရွက်နိုင်တော့သောအခါ၊ ၀န်ထမ်းသို့မဟုတ် နိုင်ငံသားများ၏ လူနေမှုအဆင့်ကို မမြှင့်တင်နိုင်တော့သောအခါ၊ ခေတ်မီနည်းပညာများနှင့် ဝေးသထက်ဝေးလာသောအခါ၊ အမြန်ကမ္ဘာကို အမှီမလိုက်နိုင်တော့သောအခါ ဤရောဂါစု ပေါ်တတ်သည်။ ဤရောဂါ ရပြီဆိုသည်နှင့် ဖွံ့ဖြိုးတိုးတက်မှုအားလုံးလောက် ရပ်ဆိုင်းသွားပြီး အချိန်တိုအတွင်း ကုသေ

ကမ္ဘာကြီး ပူနွေးလာသတဲ့လား

တုံးတယ်လို့ပြောရင်လဲ ခံရမှာပဲ။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ့ကိစ္စကို (ကျွန်တော့်အမြင်သက်သက်အရ ရေးရရင်) ခေါင်းထဲထည့်စဉ်းစားသင့်တဲ့ကိစ္စလို့ မထင်ဘူး။ အနောက်တိုင်းလူ့အဖွဲ့အစည်းထဲမှာ အလုပ်မရှိ ကြောင်ရေချိုးဖို့လုပ်နေတဲ့လူတွေ၊ နိုင်ငံရေးအခြေခံနဲ့ တစ်စိတ်ကို တစ်အိတ်လုပ်ဖို့ကြိုးစားနေတဲ့ နိုင်ငံရေးသမားတွေ၊ လူ့ပတ်ဝန်းကျင်ကြီးကို ကယ်တက်မယ်လို့ ကြေငြာပြီး သဘောဝတရားကြီးကို ထိန်းသိမ်းကြပါ၊ စောင့်ရှောက်ကြပါလို့ ကြွေးကြော်ရင်း၊ မိုဘိုင်းလ်ဖုန်း၊ အင်တာနက် စတာတွေမရှိရင် မနေတတ်တဲ့ တံလျှပ်လိုပညာတတ်တွေ၊ အဲဒီလူတွေက စနစ်တကျလှုံ့ဆော်ထားတဲ့ လုပ်ရှားမှုတစ်ခုပဲလို့ မြင်တယ်။ ဒီနေရာမှာ နိုင်ငံရေးအခြေခံနဲ့ မဟာဗျူဟာအမြင်အဖြစ် သုံးစွဲဖို့ စနစ်တကျလုပ်ဆောင်ထားပုံမျိုးကို ပုံပေါ်အောင် ကွက်တိဖော်ပြဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ ရေးတေးတေးမြင်အောင် Greenpeace ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုသာ ပြန်ပြီး ဆင်ခြင်ကြည့်ကြပါ။ ပညာရှင်တစ်ဦးပြောသလို Global Warming is a political, rather than an scientific creation. ဆိုသလို ဖြစ်နေတယ်။ ကျွန်တော်က သိပ္ပံပညာရှင်လည်း မဟုတ်ဘူး။ ဒီတော့ သိပ္ပံပညာရှင်များက ဆဲရင်လည်း ခံရမှာပဲ။ လမ်းပေါ်က လူတစ်ယောက်အ

လပြည့်ည ကဗျာဆရာ (မြင့်သန်း)

ဟိတ်လို့ ခေါ်သံကြားတာနဲ့ လှည့်ကြည့်လိုက်တော့ သူဖြစ်နေတယ်။ ဟိုတစ်နေ့ဆီက ဖုန်းဆက် စကားပြောကြတော့ နောက်လလောက် ကျရင် ငါလဲခွင့်ယူဦးမယ်လို့ သူကပြောတယ်။ ကျွန်တော်က တော့ ငါလဲ ငွေတောင်မျှော်ခြံဆီ သွားဦးမယ်လို့ ပြောလိုက်သေးတယ်။ တနင်္လာနေ့ကျရင် ကလပ်ပိတ်တော့ အားတဲ့အခါ အပျင်းပြေလာပြီး ကျွန်တော့်ဘာသာ ကျင်းစိမ်လေ့ရှိတယ်။ နင့်ဖေဖေက ဂေါ့ကွင်းသွားတယ်ဆိုလို့ လိုက်လာတာလို့ သူကပြောတယ်။ အကြောင်းထူး ရှိလားလို့ ကျွန်တော်ကမေးတော့ နင့်ဆီ အကြောင်းထူးရှိမှ ငါက လာရမှာလားလို့ သူက ပြန်မေးတယ်။ ကျွန်တော်က ဘာမျှ ပြန်မဖြေတော့ဘူး။ ဘကြီးသုခ ပြောဖူးတဲ့ “မိန်းမတွေဟာ အဖြေမပေးပဲ၊ မေးခွန်းကို အဖြေလိုသဘောထားပြီး ပြန်မေးတတ်တာ မွေးရာပါစွမ်းရည်တစ်ခု ဖြစ်လိမ့်မယ်ဆိုတာကို သတိရလိုက်မိလို့ပဲ။ နင် ပရိုက်တစ်လုပ်လို့ပြီးပြီလားလို့ သူက ပြန်မေးတယ်။ ဘာရယ်မဟုတ်ဘူး။ အားနေတာနဲ့ ထွက်လာတာပဲလို့ ကျွန်တော်က ဖြေလိုက်တယ်။ ဒီနေ့ကလပ်ပိတ်တော့ ဘာမျှ စားစရာ၊ သောက်စရာမရဘူး။ နမ်စင်းသွားပြီး တစ်ခုခုစားရင်း စကားပြောရအောင်လို့ ကျွန်တော်ကပြောတော့ သူကရယ်တယ်။ သူရယ်နေပုံမှာ အဓိပ္ပာယ်တစ်ခုခုပါတယ်။ လူတိုင်းရဲ့ အရယ် အပြုံးတွေမှာ အနက်ပါတာချည်းပဲ။ အပျင်းပြေ ပြုံးတ

Valentine Day အား ကိုးရိုးကားယားဖြတ်သန်းခြင်း

Valentine Day ဆိုတာက ကျွန်တော်နဲ့ ဘယ်တုန်းကမှ မသက်ဆိုင်ခဲ့ဖူးဘူး။ မှတ်မှတ်ရရ Valentine Day ဆို ရီးစားမရှိတဲ့သူငယ်ချင်းတွေစုပြီး Wisky သောက်ကြတာလောက်ပဲရှိတယ်။ ဒါကလဲ Valentine Day ကို ခေါင်းစဉ်တပ်တာပါဗျာ။ အမှန်က ဘာဆိုင်လို့လဲ။ ကိုယ့်ဖာသာကိုယ် သောက်ချင်လို့ သောက်ကြတာပဲဟာ ဟဲဟဲ…။ ပြီးတော့ ရီးစားရှိတဲ့ကောင်တွေရဲ့ ဒုက္ခသုက္ခတွေကို ထိုင်ဟားကြ။ ယောက်ျားကောင်းဆိုတာ အနှောင်အဖွဲ့ကင်းရတယ် ဘာညာနဲ့ အာဘောင်အာရင်းသန်သန် လေကန်ကြတာပေါ့။ (ရိုးရိုးသားသားဝန်ခံရရင်တော့ မနာလိုတာက ခပ်များများပါဗျာ…ဟဲဟဲ… သိကြရဲ့သားနဲ့) ဒီလိုပဲ ဖြေသာအောင်လို့ ကိုယ့်ကိုယ်ကို လှည့်စားရတာပေါ့။ ဒီနှစ်လဲ ဒီလိုပါပဲ။ ထုံးစံအတိုင်း ကိုယ်နဲ့ဆိုင်တဲ့ကိစ္စလဲ မဟုတ်တော့ Valentine Day နီးလာတာလဲ သတိမထားမိပါဘူး။ ဆိုင်လာနိုင်စရာအလားအလာ (Potential) ကလဲ သိပ်မရှိပါဘူး။ ဒီကိစ္စမှာက ကျွန်တော့်မှာ အရည်အချင်းရော၊ ကြိုးစားအားထုတ်မှုရော သုညဒီဂရီအောက်ရောက်နေတယ်။ ထားပါတော့ … အဲဒါကို။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကပေါ့။ ကျွန်တော့် Gtalk-Pic လေးမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ တင်ထားလိုက်တယ်။ ပြီးတော့မှ Status မှာ “ဗိုလ်ချုပ်ကိုသတိရခြင်း အထိမ်းအမှတ် အနေနဲ့ ကျွန်တော့် ဗိ

“ဘုရားသခင်၏ အမည်တော် သန်းကိုးထောင်”

`ဖြစ်ရိုးဖြစ်စဉ်တော့ သိပ်မဟုတ်ဘူး´ ဟု အံ့အားသင့်မှုကို ဖုံးကွယ်ဖို့ အနိုင်နိုင်ကြိုးစားရင်း ဒေါက်တာဝဂ္ဂနာ ပြောလိုက်သည်။ `အလိုအလျောက်ရှေ့နောက်စီစဉ်နိုင်တဲ့ ကွန်ပြူတာကို တိဘက်ဘုန်းကြီးကျောင်း တစ်ခုဆီက မှာတယ်ဆိုတာ ဒါ ပထမဆုံးအကြိမ်ဖြစ်မယ်လို့ ကျွန်တော်ထင်တာပဲ၊ ရိုင်းသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ၊ ကျွန်တော်စဉ်းစားနေတာက ကိုယ်တော်တို့ရဲ့ ဟို... အဖွဲ့အစည်းအနေနဲ့ ကွန်ပြူတာလို စက်ပစ္စည်းကို ဘယ်လိုနေရာမှာ သုံးမလဲဆိုတာကိုပါ။ ဒီစက်နဲ့ ဘာလုပ်ဖို့ရည်ရွယ်ထားသလဲ ဆိုတာ ကျွန်တော့်ကို ရှင်းပြပေးနိုင်မလား...´ `၀မ်းမြောက်ဝမ်းသာပေါ့´ သူ၏မှတ်စုစာအုပ်သေးသေးလေးအား ဘေးဘက်သို့ ဂရုတစ်စိုက်တွန်းဖယ်ရင်း လားမားကြီးက ဖြေသည်။ `ဒကာတို့ရဲ့ မာ့ခ်(၅) Mark (5) ကွန်ပြူတာက ကိန်းဂဏန်းဆယ်လုံးအထိပါတဲ့ သုံးနေကျ သင်္ချာတွက်နည်းတွေအားလုံးကို လုပ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်တော်တို့အလုပ်နဲ့ပတ်သက်လို့တော့ ကိန်းဂဏန်းထက် အက္ခရာတွေကို ကိုယ်တော်တို့ ပိုစိတ်ဝင်စားတယ်။ ဒါကြောင့်မို့ ကွန်ပြူတာကို ကိန်းဂဏန်းတွေအစား အက္ခရာတွေ ပုံနှိပ်ထုတ်ဝေနိုင်အောင် ပြောင်းပေးဖို့ ကိုယ်တော်တို့ ဆန္ဒရှိတယ်...´ `ကျွန်တော် သိပ်နားမလည်သေးဘူး´ `တကယ်တော့ ကျောင်းတော်ကြီး ပထမဥ

Know your Limitation! ကိုယ့်ရဲ့ အကန့်အသတ်ကို သိပါ

အကြောင်းအမျိုးမျိုးကြောင့် (တကယ်က ပျင်းတာကအဓိကပါ :P ) Post အသစ်မရေးဖြစ်တာလဲကြာပါပြီ။ ကျွန်တော့် Blog လေးကို စိတ်ဝင်စားသူ တစ်ယောက်စနှစ်ယောက်စရှိကြောင်း သိရလို့ ကျေနပ်မိပါတယ်...။ ပေါက်ကရလေးဆယ်လေးတွေ လျှောက်တွေး၊ လျှောက်ရေးဖို့ အင်အားရတာပေါ့ဗျာ...။ အချိန်ကလဲ များများစားစားမရှိ၊ ပိုက်ပိုက်ကလဲ ရှားပါးနဲ့ ဒီလိုပဲ အိုင်တီခေတ်ကို လှည်းဘီးနဲ့လိုက်နေရတာပါပဲ။ မီတာမမီတာက တစ်ကိစ္စပေါ့...။ အဝေးကြီး ပြတ်မကျန်သွားဖို့သာ အားထုတ်ရတာပါ..ဟဲဟဲ...။ အခုတလော အွန်လိုင်းသူငယ်ချင်း တော်တော်များများနဲ့လဲ သိရပါတယ်။ အားလုံးကတော့ ကြိုးစားနေကြတဲ့ လူငယ်တွေချည်းပဲဗျ...။ ကျွန်တော်သာ ကန့်လန့်ကန့်လန့် လျှောက်လုပ်နေတာလို့ တွေးမိပါတယ်။ နောင်တအတွေးတော့ မဟုတ်ပါဘူး...။ ကျွန်တော် ဒီလိုပဲ ကြိုးစားပြီး ရေစုန်မျှောပါဦးမယ်...။ ငယ်ငယ်တုန်းကတော့ ဖေမြင့်တို့ ပီမိုးနင်းတို့လို စာအုပ်တွေ တော်တော်လေးဖတ်ခဲ့ပါတယ်၊ ကြိုက်ခဲ့ပါတယ်။ တက်ကျမ်းလို့ ခေါ်မလားပဲ...။ ``ချုံကြားမှ ဘုံဖျားသို့´´တို့ ဘာတို့ပေါ့ဗျာ...။ အခုခေတ်မှာဆိုရင်တော့ ``ငါ့ငပိခွက် ဘယ်သူနေရာရွှေ့သွားသလဲတို့´´၊ ``လေးဆယ့်ငါးမိနစ်အတွင်း ဘီလျှံနာဖြစ်နည်း´´ တို့ပေါ့။ ဆရာတစ်ယောက်ြေ