Skip to main content

အိုင်ဒီယာ အုံးလွဲခြင်း

စစ်အေးလွန် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၊ စီးပွားရေးနှင့် နိုင်ငံရေးလောကတွင် အတွေ့ရများသော ရောဂါတစ်ခုရှိပါသည်။ အမ်အိုင်ဒီအက်စ် (MIDS) ဟု အတိုကောက် ခေါ်ကြသည်။ အရှည်မှာ Microchip Immune Deficiency Syndrome ဖြစ်သည်။ မိုက်ခရိုချစ်ပ် ခုခံအားကျဆင်းမှုရောဂါစုဟု ဘာသာပြန်နိုင်ပါလိမ့်မည်။ တက္ကနိုလော်ဂျီက သယ်လာသောအပြောင်းအလဲများကို မတုံ့ပြန်နိုင်ရာမှ ပေါ်ထွက်လာသော စိတ်ရောဂါတစ်မျိုး ဖြစ်ပါသည်။

ဤရောဂါစုအကြောင်းကို စတင်ဖော်ထုတ်ခဲ့သူမှာ နယူးယောက်တိုင်း(မ်)ဂျာနယ်လစ် “တောမတ်ဖရီးမင်း” ဖြစ်သည်။ သူက အမ်အိုင်ဒီအက်စ်နှင့်ပတ်သက်ပြီး ယခုလို အဓိပ္ပာယ် ဖွင့်ပြသည်။ “ဖောရောင်၊ ပွရောင်း၊ အကြောမာ၊ အသည်းကြွပ်နေသော မည်သည့် ကုမ္ပဏီ၊ မည်သည့်နိုင်ငံရေး အင်အားစုကိုမဆို စွဲကပ်နိုင်သော ရောဂါဖြစ်သည်။ ကုမ္ပဏီတစ်ခု ၏ ကုန်ထုတ်သတ္တိကို တိုးပွားအောင် မဆောင်ရွက်နိုင်တော့သောအခါ၊ ၀န်ထမ်းသို့မဟုတ် နိုင်ငံသားများ၏ လူနေမှုအဆင့်ကို မမြှင့်တင်နိုင်တော့သောအခါ၊ ခေတ်မီနည်းပညာများနှင့် ဝေးသထက်ဝေးလာသောအခါ၊ အမြန်ကမ္ဘာကို အမှီမလိုက်နိုင်တော့သောအခါ ဤရောဂါစု ပေါ်တတ်သည်။ ဤရောဂါ ရပြီဆိုသည်နှင့် ဖွံ့ဖြိုးတိုးတက်မှုအားလုံးလောက် ရပ်ဆိုင်းသွားပြီး အချိန်တိုအတွင်း ကုသပျောက်ကင်းဖို့မလွယ်သော နာတာရှည်ရောဂါ ဖြစ်သွားတတ်သည်။”
စသည်ဖြင့်…..။

အမ်အိုင်ဒီအက်စ်၏ ရောဂါလက္ခဏာများကိုမူ အဖွဲ့အစည်းလိုက်ထက် ပါဝင်သူတစ်ဦးချင်းစီ၏ စဉ်းစားပုံတွင် ပို၍ ထင်သာမြင်သာရှိလိမ့်မည်ဟု ဆိုပါသည်။ ဤသို့သော ရောဂါလက္ခဏာစုများကို Idea Sclerosis ဟု အမည်ပေးထားသည်။ အတွေးအမြင် မာကျောသွားခြင်း၊ ကြွပ်ဆတ်သွားခြင်းဟု အဓိပ္ပာယ် ရပါလိမ့်မည်။ စာရေးသူအနေနှင့်မူ “အိုင်ဒီယာအုံးလွဲခြင်း” ဟု မြန်မာမှု ပြုချင်သည်။ လူတော်တော်များများ မကြာခဏဆိုသလို ကြုံဖူးကြမည်ထင်သော “အုံးလွဲဝေဒနာ”နှင့် သဘောသဘာဝတူသောကြောင့်ဖြစ်သည်။ အုံးလွဲပြီဆိုသည်နှင့် ဇတ်ကြီးခိုင်သွားပြီး ဘယ်ဘက်လှည့်မရ ညာဘက်လှည့်မရ တောင့်တောင့်ကြီးဖြစ်သွားသည်။ အိုင်ဒီယာအုံးလွဲပြီဆိုလျှင်မူ ဇက်ပါမက ခေါင်းပါ ခိုင်သွားတော့သည်။ ထက်အောက်ဝဲယာ မလှည့်နိုင် မကြည့်နိုင် မျက်နှာမူရာ တစ်ဖက်တည်းကိုသာ မြင်တတ် ကြည့်တတ်တော့သည်။



အုံးလွဲလက္ခဏာများ
၁။ အဖြောင့်စဉ်းစားနည်း (Linear Thinking)

“တစ်ပြီးရင်နှစ်၊ နှစ်ပြီးရင်သုံး” ဆိုသော အစီအစဉ်အတိုင်း စဉ်းစားနည်းဖြစ်ပါသည်။ အတွေ့အကြုံကိုအခြေခံသော စဉ်းစားနည်းဖြစ်သည်။“မနေ့က ဒီလိုဖြစ်ခဲ့သည်။ ကနေ့ ဒီလိုဖြစ်နေသည်။ ဒါကြောင့် နက်ဖြန်ခါ ဒီလိုပဲဖြစ်ရမည်။” ဟု ယတိပြတ် ဆုံးဖြတ်လေ့ရှိသည်။ အိုင်တီတော်လှန်ရေးမတိုင်မီ “အဆက်အစပ်ရှိသောခေတ်” (Age of continuity) တွင် အထိုက်အလျောက် အသုံးတည့်ခဲ့သော်လည်း ယခု အလုပ်မဖြစ်တော့ပါ။ အိုင်တီတော်လှန်ရေးနောက်ပိုင်း ဖြစ်ရပ်တို့မှာ မျဉ်းတန်းသဘော (Linear) ထက် မျဉ်းတန်း မဟုတ်သည့်သဘော (Non-linear) က ကဲလာသောကြောင့် ဖြစ်ပါသည်။ ဤသည်ကို “ပီတာဒရပ်ကာ”က “အဆက်ပြတ်သွားသောခေတ်” (Age of Dis-continuity) ဟု အမည်ပေးထားသည်။ ဤခေတ်တွင် အတွေ့အကြုံထက် ပညာက အဓိက ဖြစ်လာသည်။ သို့အတွက် “အဖြောင့်စဉ်းစားနည်း”နှင့် အသားကျနေပြီဆိုလျှင် မိမိကိုယ်တိုင် အိုင်ဒီယာအုံးလွဲနေပြီဟု သိအပ်သည်။

၂။ တစ်မဟုတ် နှစ် လောဂျစ် (Either or Logic)

None (ဘာမှမရှိ) ဆိုသော စကားရပ်နှင့် All (အားလုံး) ဆိုသော စကားရပ်တို့ကြားတွင် အခြားအဆင့်အမျိုးမျိုး ရှိနိုင်ပါသည်။ (A few, Some, Many, Most, the Majority, by and large) စသည်ဖြင့် သို့နှင့်တိုင် ခေါမခေတ်ကတည်းက အကျင့်ပါနေသောစဉ်းစားနည်းအရ ကြားအဆင့်များကို ထည့်မတွက်။ Non မဟုတ်လျှင် All ၊ All မဟုတ်လျှင် Non သာ ဖြစ်တော့သည်။ တစ်မဟုတ်လျှင်နှစ်၊ မဖြူလျှင်မည်း၊ မိတ်ဆွေမဟုတ်လျှင် ရန်သူ၊ ငါ့ဖက်သား မဟုတ်လျှင် သူ့ဖက်သားစသော စဉ်းစားနည်းဖြစ်ပါသည်။ ဤသို့သော Either or လောဂျစ် အကျင့်ပါနေပြီဆိုလျှင် မိမိကိုယ်ကို အိုင်ဒီယာအုံးလွဲနေပြီဟုသိ။

၃။ အတိတ်လွမ်းဝေဒနာ (Nostalgia)

ကာလသုံးပါးရှိသည့်အနက် အနာဂတ်ကို စိတ်မ၀င်စား၊ ပစ္စုပ္ပန်တွင်လည်းမနေ၊ အတိတ်ကိုသာ လွမ်းနေလိုလျှင် ဤသို့သောစိတ်အခံကို အတိတ်လွမ်းဝေဒနာ သို့မဟုတ် အိမ်လွမ်းစိတ်ဟု ဆိုနိုင်ပါသည်။ ဤဝေဒနာ စွဲကပ်လာလျှင် အစွဲကပ်ခံပုဂ္ဂိုလ်မှာ အသစ်ဖြစ်ထွန်းမှုအားလုံးကို ခံတွင်းမတွေ့နိုင် ဖြစ်လာသည်။ ပြဿနာတစ်ခုနှင့် ကြုံရတိုင်း “ရှေ့မျှော်ကြည့်” (Foresight) ဖို့ထက် “နောက်ပြန်ကြည့်” (Hind sight) ဖို့သာ အာရုံညွတ်တော့သည်။ အကယ်၍ မိမိတွင် အတိတ်လွမ်းဝေဒနာ အစွဲရင့်နေပြီဆိုလျှင် အိုင်ဒီယာအုံးလွဲနေပြီဟု နားလည်အပ်သည်။

၎။ တံခါးပိတ်စဉ်းစားနည်း (Closed Minded Thinking)

အထူးသဖြင့် မိမိကိုယ်ကိုယ် ပညာပြည့်ဝလှပြီဟု အထင်ရောက်နေတတ်သော “တစ်ဝစ်တစ်ပျက် ပညာတတ်များ” (Half Educated) တွင် အတွေ့ရများသည့် စဉ်းစားနည်းဖြစ်ပါသည်။ ဤပုဂ္ဂိုလ်များအနေနှင့် အမှန်တရားအားလုံး ငါ့ခေါင်းထဲ ရှိပြီးပြီ၊ နောက်ထပ်ဖြည့်စရာမလိုတော့ဟု ထင်တစ်လုံးနှင့် နေတတ်သည်။ ပြောရလျှင် ဘာတစ်ခုမှ အသစ်ထပ်အ၀င်မခံတော့ဘဲ မိမိစိတ်ကို တံခါးပိတ်လိုက်ခြင်းဖြစ်ပါသည်။ အိုင်ဒီယာအသစ်တစ်ခု ပေါ်လာသည်နှင့် မိမိခေါင်းထဲမှ ရှိရင်းစွဲ အိုင်ဒီယာနှင့် ညီမျှခြင်းချကြည့်မည်။ နီးစပ်တူညီလျှင် “မဆိုးပါဘူး”ဟု မှတ်ချက်ချမည်။ မတူလျှင် “အလကားဟာပါ” ဆိုပြီး ပယ်မည်။ ဤသို့ မိမိကိုယ်ကို ခေတ်မရှိတော့သည့် အိုင်ဒီယာအကျဉ်းထောင်ထဲတွင် သော့ခတ်ထားမိပြီဆိုလျှင် အိုင်ဒီယာအုံးလွဲဖို့ သေချာပြီ။

၅။ မုချအောင်ရမည့် ချဉ်းကပ်မှု (For Certain Approach)

“----မုချအောင်ရမည်” ဆိုသော ကြွေးကြော်သံတွေကို မကြာခဏဆိုသလို ကြားဖူးကြမည်ထင်ပါသည်။ လက်တွေ့တွင်မူ “မမုချ”တာက များသည်။ စင်စစ် ဤချဉ်းကပ်နည်းမှာ မိမိစိတ်ဓာတ်ကို သံခဲတင်ရာတွင်သာ အသုံးတည့်ကောင်း တည့်နိုင်သော်လည်း လက်တွေ့ကျသည်တော့ မဟုတ်ပါ။ “မုချ” ဟု ဆိုလိုက်သည်နှင့် မရေရာမှုများကို လျစ်လျူရှုရာရောက်သွားတော့သည်။ လမ်းကြောင်းတစ်ခုတွင် အသေရပ်လိုက်သည်နှင့် အခြားသောဖြစ်နိုင်ခြေများကို ပစ်ပယ်ရာရောက်သည်။ အထူးသဖြင့် “ဧကန်မဲ့မှု” (Uncertainty) နှင့် “အကဲဆတ်မှု” (Fragility) တို့ကို မျက်မှောက်ပြုနေရသော အိုင်တီခေတ်တွင် “မုချ”ဆိုသည်မှာ ခေတ်နှင့် အံချော်နေပါပြီ။ အကယ်၍ အကြင်လူပုဂ္ဂိုလ် တစ်ယောက်အနေနှင့် “မုချ” ဆိုသည်ကို ချိုမြဲချိုနေလျှင် ထိုပုဂ္ဂိုလ် အိုင်ဒီယာအုံးလွဲနေပြီဟု မှန်းဆနိုင်သည်။


ကုထုံး

သာမန်အုံးလွဲလျှင် မိမိအုံးသော ခေါင်းအုံးကို နေပူထုတ်လှမ်းပြီး တုတ်ကြီးကြီးနှင့်ရိုက်ဟု လူကြီးသူမတွေက ပြောသံကြားဖူးသည်။ (ဟုတ်မဟုတ်တော့ မသိ) အိုင်ဒီယာအုန်းလွဲလျှင်ကော မိမိဖတ်နေကျစာအုပ်တွေ နေပူထုတ်လှမ်းပြီး တုတ်နှင့်ရိုက်ရမည်လား မဆိုနိုင်။ သေချာတာတစ်ခုကမူ ပုခုံးကို လက်ဝါးစောင်းနှင့် နာနာခုတ်လျှင် အုံးလွဲတာသက်သာသည်။ အိုင်ဒီယာအုံးလွဲပျောက်ဖို့ ခေါင်းကို နာနာထုရမည်လား၊ စဉ်းစားဖို့ကောင်းမည် ထင်ပါသည်။

တောမက်ဖရီးမင်းကတော့ ကုထုံးတစ်ခု ပေးပါသည်။ သူ့ကုထုံးက သူများကို အားကိုးလို့မဖြစ်။ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ယူရမည့်သဘောရှိသည်။ “မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ခြင်း” (Introspection) ဟု ခေါ်သည်။ ဤသို့ ပြန်လည်ဆန်းစစ်ရာတွင် သာမန်ဆန်းစစ်ရုံနှင့် မရ။ ရိုးရိုးသားသား ဆန်းစစ်ရမည်ဟုဆိုသည်။ ရိုးသားသည် ဆိုရာတွင်လည်း သာမန်ရိုးသားရုံနှင့်မရ၊ ရက်ရက်စက်စက်ရိုးသားရမည်ဟု ဆိုသည်။ Brutally Honest ဟု သုံးပါသည်။ ဤကုထုံးအတွက် ဖရီးမင်းအကြံပေးတာတစ်ခုလည်း ရှိသေးသည်။ A.A. ဟု လူသိများသော (Alcoholics Anonymous) အဖွဲ့များလို တိုင်းပြည်အလိုက်၊ ကုမ္ပဏီအလိုက် အဖွဲ့အစည်းတွေရှိဖို့ လိုလိမ့်မည်ဟု အကြံပြုသည်။ ဤလိုအဖွဲ့မျိုးကိုမူ “အမည်မဖော်လိုသော အဖွဲ့အစည်းများ” (Organizations Anonymous) ဟု ခေါ်ရမည် ထင်သည်။ အတိုကောက် ဆိုပါစို့။

A.A. မှာ အရက်ဖြတ်လိုသော အရက်သမားများစုထားသည့် “ကလပ်” ဖြစ်သည်။ မိမိတို့အချင်းချင်းတွေ့ဆုံကာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အရက်ဖြတ်ဖို့ ကြိုးစားကြသည်။ လက်တွေ့အောင်မြင်မှုရနေသည်ဟုလည်း သိရသည်။ တစ်ခုတော့ရှိသည်။ သူတို့ ဆွေးနွေးပွဲတွေက ရိုးသားရသည်။ ရက်ရက်စက်စက်ကြီးကို ရိုးသားရသည်။ အဖွဲ့ဝင်အသစ်တစ်ယောက် ပထမဆုံးဆွေးနွေးပွဲတက်သည်နှင့် စင်မြင့်ပေါ်တက်ပြီး ခုလို ကြေငြာရသည်။ “ကျွန်တော်မောင်ဖြူပါ၊ ကျွန်တော် အရက်သမားပါ” စသည်ဖြင့်။ O.A. အဖွဲ့အနေနှင့်လည်း အလားတူ ရိုးသားဖို့ လိုပါလိမ့်မည်။ ပထမဆုံးဆွေးနွေးပွဲတွင် “ကျွန်တော့်နာမည် မောင်နီပါ၊ ကမာရွတ်မှာနေပါတယ်။ စာမဖတ်တာကြာပါပြီ….” စသည်ဖြင့်၊ စသည်ဖြင့်…။

စာညွှန်း 1. The Lexus and the Olive Tree
2. The World is Flat

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA