Skip to main content

ကမ္ဘာကြီး ပူနွေးလာသတဲ့လား



တုံးတယ်လို့ပြောရင်လဲ ခံရမှာပဲ။ ကမ္ဘာကြီးပူနွေးလာတယ်ဆိုတဲ့ကိစ္စကို (ကျွန်တော့်အမြင်သက်သက်အရ ရေးရရင်) ခေါင်းထဲထည့်စဉ်းစားသင့်တဲ့ကိစ္စလို့ မထင်ဘူး။ အနောက်တိုင်းလူ့အဖွဲ့အစည်းထဲမှာ အလုပ်မရှိ ကြောင်ရေချိုးဖို့လုပ်နေတဲ့လူတွေ၊ နိုင်ငံရေးအခြေခံနဲ့ တစ်စိတ်ကို တစ်အိတ်လုပ်ဖို့ကြိုးစားနေတဲ့ နိုင်ငံရေးသမားတွေ၊ လူ့ပတ်ဝန်းကျင်ကြီးကို ကယ်တက်မယ်လို့ ကြေငြာပြီး သဘောဝတရားကြီးကို ထိန်းသိမ်းကြပါ၊ စောင့်ရှောက်ကြပါလို့ ကြွေးကြော်ရင်း၊ မိုဘိုင်းလ်ဖုန်း၊ အင်တာနက် စတာတွေမရှိရင် မနေတတ်တဲ့ တံလျှပ်လိုပညာတတ်တွေ၊ အဲဒီလူတွေက စနစ်တကျလှုံ့ဆော်ထားတဲ့ လုပ်ရှားမှုတစ်ခုပဲလို့ မြင်တယ်။

ဒီနေရာမှာ နိုင်ငံရေးအခြေခံနဲ့ မဟာဗျူဟာအမြင်အဖြစ် သုံးစွဲဖို့ စနစ်တကျလုပ်ဆောင်ထားပုံမျိုးကို ပုံပေါ်အောင် ကွက်တိဖော်ပြဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ ရေးတေးတေးမြင်အောင် Greenpeace ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုသာ ပြန်ပြီး ဆင်ခြင်ကြည့်ကြပါ။ ပညာရှင်တစ်ဦးပြောသလို Global Warming is a political, rather than an scientific creation. ဆိုသလို ဖြစ်နေတယ်။
ကျွန်တော်က သိပ္ပံပညာရှင်လည်း မဟုတ်ဘူး။ ဒီတော့ သိပ္ပံပညာရှင်များက ဆဲရင်လည်း ခံရမှာပဲ။ လမ်းပေါ်က လူတစ်ယောက်အမြင်နဲ့ ဆွေးနွေးချင်တာပါ။ အဓိကထားဆွေးနွေးချင်တာကတော့ “ကမ္ဘာကြီးပူးနွေးလာတယ်ဆိုတာ အကြောင်းရင်းကတော့ လူတွေကြောင့်ပဲ” လို့ဆိုတဲ့ စကားပဲ။ ဒီစကားကို လက်မခံလိုဘူးဆိုရင် ကျွန်တော့်အနေနဲ့ ထောက်ခံရုံပဲ။ ပြောတဲ့လူကိုယ်တိုင်က ဗြောင်လိမ်ဗြောင်စား။ ဒီစကားကို နှစ်ပေါင်းသိပ်မကြာခင်ကလေးတင်က အိမ်ဖြူတော်မှာ ပညာရှင်တွေကို ကလင်တန်ကပြောခဲ့တာ။ ရုပ်မြင်သံကြားကင်မရာတွေ၊ သတင်းစာဆရာတွေရဲ့ မျက်နှာတွေကို တည့်တည့်ကြည့်ပြီး ဗြောင်လိမ်ခဲ့ဖူးတဲ့လူမို့ လက်သင့်ခံနေစရာမလိုဘူးလို့ မြင်တယ်။ ကလင်တန်ပြောလို့မှ မဟုတ်ဘူး။ လက်ခံစရာကို မကောင်းလို့ပါ။ ဒါပေမဲ့ အဲဒီစွဲချက်တင်ထားတာကိုတော့ နည်းနည်းဆွေးနွေးချင်တယ်။ သိပ္ပံအခြေကလေး နဲနဲလောက်ရှိရင်ပဲ ကမ္ဘာကြီး ပိုပြီးပူနွေးလာတယ်ဆိုတာဟာ ဘာကြောင့်ရယ်လို့ သိနိုင်ပါတယ်။ ရာစုနှစ်တစ်ခုမှာ ဆယ်ဒီဂရီလောက် တိုးတာတတ်တာဟာ သဘောဝပါ။ ပိုမိုနွေးတဲ့ ဆောင်းဥတုတွေ၊ ပိုမိုအေးတဲ့ နွေဥတုတွေ ရှိခဲ့တာပဲ။ သူ့အရပ်နဲ့သူ ဖြစ်ခဲ့တာတွေ ရှိခဲ့တာပဲ။ ဒါကြောင့် ကမ္ဘာကြီးရဲ့အပူချိန်ပြောင်းသွားတယ်လို့ မဆိုနိုင်ဘူး။ တစ်ခုမေ့လျော့ထားဖို့ မသိကျိုးကျွံပြုထားဖို့မသင့်တာက သဘာဝတရားရဲ့ ဖြစ်ပျက်နေခြင်းအကြောင်းပဲ။ နေရဲ့ စွမ်းအင်ထုတ်လုပ်မှုအတိုင်းအတာ၊ ကမ္ဘာကြီးရဲ့ လည်ပတ်နေပုံ၊ ကမ္ဘာကြီးရဲ့ ရုတ်ချည်းပြောင်းလဲတတ်တဲ့သဘော။ အာကာသထဲမှာ ပဲ့ထွက်လာတဲ့ ဂြိုဟ်တွေ၊ အစိုင်အခဲတွေ…ဒါတွေအပြင် ငလျင်ကြောင့်၊ မီးတောင်တွေ ပေါက်ကွဲလာတာကြောင့် ပေါ်ပေါက်လာတဲ့ ဖုန်မှုန့်တွေကို မေ့ထားလို့ မရပါဘူး။ မီးတောင်တစ်ခုပေါက်ကွဲရာမှ ထွက်ပေါ်လာတဲ့ ဖုန်မှုန့်၊ မီးခိုးစတာတွေ လေထုထဲရောက်ရှိပြီး လေထုညစ်ညမ်းတာမျိုး၊ လေထုကို ညစ်ညမ်းစေဖို့ လူသားတွေကလုပ်မယ်ဆိုရင် ဆယ်နှစ်လောက်လုပ်ယူရမယ်လို့ ပညာရှင်တွေက လေ့လာတင်ပြခဲ့ကြတယ်။ မီးတောင်တွေ၊ ပင်လယ်တွေ၊ တိရိစ္ဆာန်တွေကို မေ့ထားလို့ မဖြစ်ပါဘူး။

ကာဗွန်ဒိုင်အောက်ဆိုဒ်က ဂရင်းဟောက်(စ်)လို အကျိုးတရားမျိုးပေးဖို့ (ဆိုလိုတာက Greenhouse effect ဖြစ်ဖို့) အတွက် အဓိကပဲလို့ ဆိုကြပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးပူနွေးလာဖို့၊ ဆိုးကျိုးတွေပေးဖို့လို့ ဆိုကြတယ်။ ဒီတော့ သစ်ပင်တွေစိုက်ဖို့ ပြောကြပြန်တယ်။ သစ်ပင်က လေထုကိုသန့်ရှင်းအောင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူတယ်လို့ ပြောကြတယ်။ တစ်ခုပဲ ချန်ပြီးပြောကြာတာကိုး…။ သစ်ပင်ဟာ အရွယ်မရောက်ခင် (while growing ကိုဆိုလိုတာပါ) အထိပဲ။ အရွယ်ရောက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုက်ကို မစုပ်ကြတော့ပါဘူး။ (give off carbon dioxide when fully grown) ။ သစ်ကိုင်းခြောက်တွေ၊ လဲပြိုနေတဲ့ သစ်ပင်ခြောက်တွေကလဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လိုက်ကြတတ်တာပဲ။ ဒါကြောင့်လဲ တောင်ရိုးတောင်ကြောတွေ ပေါ်မှာ တစ်ခါတစ်ရံ မြူခြေဆိုင်းသလိုမျိုး တောင်ခိုးဝေနေတာတွေ (haze) တွေ့ရတတ် တာပဲ။ ကမ္ဘာကြီးကို ရံတားပြီး ဒုက္ခပေးတယ်ဆိုတဲ့ ဂရင်းဟောက်စ်အကျိုးတွေဖြစ်ဖို့ ကာဗွန်ဒိုင်အောက်ဆိုဒ်တစ်ခုတည်း မျက်နှာလွှဲခဲပစ်ပြောနေကြရတာက တခြားတစ်ခုကို ဘာမျှမလုပ်နိုင်ကြလို့ပါ။ အဲဒါက ရေမှုန် (Vapour) တွေပဲ။ နာဆာသုတေသနဌာနက
Water vapour is the predominant Greenhouse gas, and plays a crucial role in the global climate system လို့ တင်ပြခဲ့ဖူးတာပဲ။ ရေခိုးရေငွေ့ပျံ ရာက (Evaporation) ဖြစ်ပေါ်လာတာတွေ။ ဘာမျှမတတ်နိုင်ဘူး၊ ဘာမျှလုပ်လို့မရဘူး။ သဘာဝတရားရဲ့ လုပ်ရပ်ပဲ။ တကယ်တော့ ဂရင်းဟောက်စ်အကျိုးတရားဆိုတာကလဲ အထိုက်အလျောက်တော့ ရှိရမှာပဲ။ အဲဒီလို ဂရင်းဟောက်စ်အကျိုးတရားမှ မရှိရင် ကမ္ဘာကြီးဟာ အင်္ဂါဂြိုဟ်လို ဖြစ်သွားလိမ့်မယ်။ ဓာတ်ငွေ့အကြောင်းဆွေးနွေးရင်း လူလုပ်ဓာတ်ငွေ့ဖြစ်တဲ့ စီအက်(ဖ်)စီ (Chlorofluro-carbon) အကြောင်း နည်းနည်း တင်ပြဖို့လိုမယ်။ စီအက်(ဖ်)စီကြောင့် Ozone depletion အိုဇုန်းလွှာပါးတယ်ဆိုတဲ့ အယူအဆ၊ တင်ပြချက်တစ်ခု ပေါ်ခဲ့ဖူးတာ မှတ်မိကြပါလိမ့်မယ်။

(ဆရာမြင့်သန်းရဲ့ဆောင်းပါးကို တင်ပြပေးခြင်းဖြစ်ပါတယ်။ လက်ခံခြင်းမလက်ခံခြင်းနှင့် မသက်ဆိုင်ပဲ... အခြားတစ်ဘက်က တွေးစရာလေးတွေရအောင်ပါ)

(မပြီးသေးသော်လည်း စာအုပ်များနှင့်ဝေးရာကို ရောက်ရှိနေပြီဖြစ်ပါသဖြင့်...ထိုဆောင်းပါးပါရှိသော ချင်းတွင်းမဂ္ဂဇင်းများ ရနိုင်ရင် လိုချင်ပါကြောင်း အကူအညီတောင်းခံပါသည်။ )

Comments

  1. ဆက်လက် စပ်စုချင်ပါသေးသည်။ ဆက်ရေးပါဦး

    ReplyDelete
  2. အပိုင်း ၂ လုပ်ပါဦးဗျို့

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ