အောင်ချိမ့်ရဲ့ "လမ်း" ဆိုတဲ့ ကဗျာကတော့ အန္တရာယ်တွေ ပြွမ်းတီးနေတဲ့ ခေတ်ပေါ်မိသားစု ဘ၀ရဲ့ ရှင်သန်မှုကို ထိတ်လန့်ဖွယ်အကောင်းဆုံး ပြဆိုနိုင်ခဲ့တယ်။
လမ်း
မိသားစုများ အခန်းကဏ္ဍ
ကမ္ဘာဦး ပုံသဏ္ဍာန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ
ငါတို့ခေတ်မှာ ငါတို့ဟာ
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား
အိမ်ပြန်လာကြတယ်
ကားတစ်စင်းသေနေပေါ့
ညောင်ပင်ကြီးရဲ့အောက်မှာ
မိုးက မတိတ်တော့ဘူးလား
ဟောဒီလောကမှာ
အောင်ချိမ့်
(၁၉၉၆၊ ဒီဇင်ဘာ၊ ရနံ့သစ်)
အောင်ချိမ့်ရဲ့ ကဗျာဟာ ကတ် (၂) ကတ်ပဲပါတဲံ အတိုဆုံး ရုပ်ရှင်ကားလေးတစ်ခုပါပဲ။ ကင်မရာဟာ မီးပုံဘေးက ကမ္ဘာဦးမိသားစုကိုရိုက်ပြရင်းက ရုတ်တရက် (ကတ်ပြောင်း) သွားပြီး မိုးတဖွဲဖွဲရွာနေတဲ့အချိန် အိမ်အပြန်လမ်းမှာ ညောင်ပင်ကြီးတစ်ပင်ကို (ဆိုးဆိုးရွားရွား) ၀င်တိုက်ထားတဲ့ ကားတစ်စီးကို ပြတယ်။ ဒါပဲ။ မြို့ပြဟာ တည်းခိုသူတွေကို ကြီးမားတဲ့တန်ဖိုးတွေ တောင်းဆိုတတ်တယ်။ ကျွန်တော်တို့ဟာ မြို့ပြကို ပိုက်ဆံ၊ အချစ်၊ အသက်စတဲ့ မတန်တဆတန်ဖိုးတွေ ပေးဆပ်ကြရတယ်။ ကဗျာဟာ "လူးလွန့်နေတဲ့မီးတောက်တွေနဲ့ စတင်ထားပြီး" "တစိမ့်စိမ့်ရွာနေတဲ့မိုး" နဲ့ အဆုံးသတ်ထားတယ်။ လူးလွန့်နေတဲ့မီးတောက်တွေရဲ့ သင်္ကေတသဘောဟာ "မိသားစုရဲ့ တောက်လောင်နေတဲ့အပူမီးဆိုရင်၊ မတိတ်နိုင်ပဲ တစိမ့်စိမ့်ရွာချနေတဲ့ မိုးစက်တွေကတော့ "အေးစက်တဲ့ (ရက်စက်တဲ့) ကံကြမ္မာတရားပဲ ဖြစ်ပေလိမ့်မယ်။
(အောင်ခင်မြင့်၏ ရှင်းလင်းချက်ကို ကောက်နှုတ်တင်ပြပါသည်)

Comments
Post a Comment