Skip to main content

အကြည်တော်လိုရယ်ချင်သလား

ဟာသလေးတစ်ခု တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ ခေါင်းစဉ်ကိုယ်တိုင်ကကို စဉ်းစဉ်းစားစားရယ်ပါလို့ ပေးထားပါတယ်။ ရယ်တတ်မှသာ ရယ်လို့ရတဲ့ဟာမျိုးလို့ထင်ပါတယ်။ ရယ်တဲ့နေရာမှာလည်း တဟားဟားဖြစ်ကောင်းမှဖြစ်မယ်...ပြုံးစိစိလေးပေါ့ဗျာ...ကောင်းဘူးလား။ စပ်မိလို့ပြောပါရစေဦး။ အောင်မြင်မှုဆိုတာ အခြေအနေ၊ အချိန်အခါတွေနဲ့ အများကြီးဆိုင်တယ်ဗျ။ ကိုမျိုးကြီး (အဆိုတော်) စကားငှားသုံးရရင် ဒီအရပ်နဲ့၊ ဒီဇာတ်နဲ့ မနေတတ်တော့ဆဲခံရမယ်..ပေါ့..ဟိဟိ...။ အကြည်တော်ဘာကောင်းလဲ ဘာရယ်ရလဲကျွန်တော် (ကျွန်တော်တုံးတာလဲဖြစ်နိုင်တယ်...ဟဲဟဲ) စဉ်းစားမရပါ။ ပြစ်ပြစ်နှစ်နှစ်ရေးပြီး လည်ပင်းညှစ်ရယ်ခိုင်းသော စာများဟုသာ ကျွန်တော်မြင်ပါသည်။ (အနော် မျက်လုံးမှုန်တယ်နော်)။ သောက်ကြီးသောက်ကျယ် (တကယ်ပြောတာ ကျွန်တော်က သောက်လုံးလည်းကြီးတယ်၊ သောက်ပြီးရင်လဲ ကျယ်ကျယ်ကျယ်ကျယ်လုပ်တတ်တယ်) ပြောချင်တာလေးကတော့ “အခုခေတ်မှာ ပညာကိုယ်ခံအားကောင်းဖို့ တော်တော်လိုအပ်လှတယ်။ သူများလိမ်တာ၊ ညာတာ၊ ခေါင်းပုံဖြတ်တာမခံရဖို့ပါ။ ကိုယ့်ရဲ့ပညာကိုယ်ခံအား (အတွေးအခေါ်) အားနည်းလို့ကတော့ ခုခေတ်မှာ... သိပ်အဆင်ပြေလှမှာမဟုတ်ဘူး။... အင်...ဟာသဆိုပြီး ဘယ်လိုလုပ် လမ်းချော်သွားပါလိမ့်...ဒီအကြောင်း နောက်မှရေးပါတော့မယ်...။ အနော်က အဲလိုစာရေးကျွမ်းတဲ့လူပါ။ ဗွေယူကြပါနဲ့ဗျ။



ကျွန်တော့်ကို ၀ိုင်းဆော်ကြမယ့် အကြည်တော် ခရေဇီများအတွက် သူနိုင်ငံကျော်သွားလို့ ကျွန်တော်မနာလိုတာပဲလို့မှတ်ကြပါဗျာ။ :D



မပြောနဲ့နော်

အာကာသယာဉ်ဖြင့် ကမ္ဘာကို လပေါင်းများစွာပတ်ကာ သုတေသနအချို့ကို လုပ်ဆောင်ခဲ့သော အာကာသယာဉ်မှူး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ ဆိုဗီယက်ခေါင်းဆောင်များအားလုံး ကြိုဆိုကြသည်။ ကြိုဆိုမှုအခမ်းအနား ပြီးစီးသောအခါ ဆိုဗီယက်အာကာသအစီအစဉ် ကြီးကြပ်ရေးမှူးက အာကာသယာဉ်မှူးကို နှစ်ကိုယ်ကြားမေးသည်။
“ရဲဘော် ပီထရော့၊ အာကာသထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ရဲဘော် ကြည့်ရှုလေ့လာခွင့်ရခဲ့တယ်။ အရေးအကြီးဆုံး မေးခွန်းတစ်ခုကို ဖြေစမ်းပါ။ အဲဒီမှာ ရဲဘော် ဘုရားသခင်ကို မြင်ခဲ့ရသလား၊ မမြင်ခဲ့ရဘူးလား”
“အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျွန်တော် မြင်ခဲ့ရပါတယ်ခင်ဗျာ”
“အင်း...၊ ကျုပ်ထင်တာ မှန်နေပြီပေါ့။ ဒါ အင်မတန်ဆိုးတဲ့ကိစ္စပဲ၊ ဒီအကြောင်းရဲဘော် ဘယ်သူ့ကိုမှမပြောနဲ့နော်၊ အန္တရာယ်များတယ်”
ဘယ်သူ့ကိုမှ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ထုတ်မပြောပါဟု အာကာသယာဉ်မှူး ကတိပေးလိုက်သည်။
နောက် အချိန်မကြာမီ ဆိုဗီယက်အာကာသယာဉ်မှူးကို ပုပ်ရဟန်းမင်းကြီးက လက်ခံတွေ့ဆုံသည်။ နှစ်ယောက်တည်းကျန်သောအခါ ပုပ်ရဟန်းမင်းကြီးက တိုးတိုးလေးမေးသည်။
“ငါ့သား.. သားဟာ အာကာသထဲမှာ အချိန်အကြာကြီး နေခဲ့သူဖြစ်တယ်။ ငါ့သားကို မေးခွန်းတစ်ခုပဲ မေးချင်တယ်၊ အဲဒီမှာ ဘုရားသခင်ကို မြင်ခဲ့ရသလား”
မိမိ၏အကြီးအကဲအား ကတိပေးခဲ့သည်ကို ဆိုဗီယက်ယာဉ်မှူး သတိရလိုက်သည်။
“ဟင့်အင်း၊ မတွေ့ခဲ့ရပါဘူး”
ပုပ်ရဟန်းမင်းကြီး သက်ပြင်းချပြီး ပြောသည်။
“အင်း၊ ၀မ်းနည်းစရာပဲ..၊ ထင်တဲ့အတိုင်းပါပဲလား။ ဒါပေမဲ့ ဒီကိစ္စကို တို့နှစ်ယောက်ဆွေးနွေးခဲ့တယ်လို့ ဘယ်သူ့ကိုမှ မပြောနဲ့နော်”

ခုဟာသလေးကို ကျွန်တော် လူတတ်ကြီးလုပ်ပြီး ဆွေးနွေးပါဦးမယ်။ လူတွေဟာ သူတို့ရဲ့ဟန်ပန်သွင်ပြင်ကတစ်မျိုး အတွင်းပိုင်းကတစ်မျိုး ဖြစ်နေတတ်ကြတာလေးပါ။ လူတွေဆိုရာမှာတောင် ကျွန်တော်တို့လိုပါမွှားများသာမက ပုပ်ရဟန်းမင်းကြီးလို လူမျိုးအထိပေါ့။ ဒါက ဟာသမျှသာဖြစ်ပေမယ့် အပြင်မှာလည်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဒီလိုပဲတွေးနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ နှစ်ရှည်လများ၊ ဂုဏ်သိက္ခာနဲ့ သြဇာတိက္ကမကြီးစွာ ခံယူချက်တစ်ခု (ဘုရားသခင်ရှိကြောင်း) ကို မလွှဲမရှောင်သာ မငြင်းဆန်နိုင်စွာ စွဲကိုင်ခဲ့ရပေမယ့်လည်း... သူကိုယ်တိုင်ကတော့ အတွင်းမှာကြိတ်ပြီး သံသယပွားနေနိုင်တယ် မှတ်လား။ တစ်ဖက်မှာလည်း ဆိုဗီယက်ခေါင်းဆောင် ကွန်မြူနစ်များကတော့ တိုက်ပွဲဝင်မယ်၊ သတ်မယ်ဖြတ်မယ်၊ အသေခံမယ် ကြွေးကြော်နေခဲ့ကြပေမယ့် လက်တွေ့ကျတော့ ဘုရားသခင်ရှိမှာပါလို့ ထင်နေတယ်လေ။ လူတွေရဲ့သဘောသဘာဝလေးကို သပ်သပ်ရပ်ရပ်ပြထားပါတယ်။ ကြိုက်ပါတယ်။ ဟားဟားဟားလို့ ရယ်ချင်သူများအတွက်ကတော့ အကြည်တော်ဖတ်ကြပါလို့ တိုက်တွန်းပါတယ်။ ညစ်စုတ်စုတ် ပုပ်အက်အက်ဓာတ်ခံလေးတော့ အားကောင်းဖို့လိုတာပေါ့ဗျာ :P ။

(စာကြွင်း)
သိသည်နှင့်လျှော်ညီစွာ “ကျင့်” ဆိုသော ဆိုဆုံးမစကားအတိုင်း ကျွန်တော်လိုက်နာလိုက်ပါတယ်။ ကိုအာကာကြီးသင်ပေးထားတဲ့ ဘလော့ဂ်ခေါင်းစဉ်ပေးနည်းလေးကို လက်တွေ့အသုံးချလိုက်ပါတယ်။ အကြည်တော်နဲ့ ဘာမှသိပ်မဆိုင်လှပေမယ့် ခေါင်းစဉ်မှာ သူ့နာမည်ကို ခုတုံးလုပ်လိုက်ပါတယ်ခင်ဗျား။ လာဖတ်မိတာ အချိန်ကုန်သွားတယ် ထင်သောသူငယ်ချင်းများ... ကိုအာကာ့ကိုဆဲကြပါ။ သားသား သူမြှောက်ပေးလို့လုပ်ရတာပါဗျာ...ဟဲဟဲ...။

Comments

  1. ဘလော့ဂ်ခေါင်းစဉ်ပေးနည်းဆိုပါ့လား။ ညီလေး ကို့လဲ သင်ပေးဦးလေ။

    ReplyDelete
  2. စာဖတ်သူSeptember 29, 2009 at 6:14 PM

    အမြင်တူပါတယ်။
    ကျေက်သင်ပုန်းတွေ မိုးတဲ့အိမ်လား အဲဒါလေးတော့ ကြိုက်ပါတယ်။
    အကြည်တော်ရဲ့ အခုနောက်ပိုင်းရေးနည်းကို လုံးဝမကြိုက်ဘူး။မဖတ်ဖြစ်တော့ဘူး။

    တစ်ခုပဲ။ ဖွင့်ထားတဲ့သီချင်းထဲက ပထမတစ်ပုဒ်ကို အမြဲရပ်ပစ်ရတယ် :P

    ReplyDelete
  3. ဒါတော့ ဘယ်လိုပြောရမယ် မသိဘူး..ဗျ..။ခုခေတ်မှာတော့ အကြည်တော် ဝတ္ထုကို တကူးတက စောင့်ဖတ်နေကြတဲ့ သူတွေ ဒုနဲ့ဒေးပါပဲ..။ဟိုလူကလည်း
    သူလုပ်ရင် ရွှေဖြစ်တယ်လိုံပဲ ထင်နေလားမသိပါဘူး..ပေါက်တတ်ကရမှန်းသမျှ လျှောက်လုပ်တာပဲ....

    ReplyDelete
  4. ကိုယ်လဲ အကြည်တော် ကို ဉာဏ်မမီဘူး။

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ