Skip to main content

ဖိုမသဘာဝဆိုင်ရာ ပညတ်ချက်များ

ရှေးဦးလူသားများ စိတ်ကြိုက်ပညတ်သောအရာသည် မိန်းမဖြစ်သည်။ မြောက်မြားလှစွာသော အယူသီးမှုများက မိန်းမကို မကြာခဏဆိုသလိုပင် မထိရမကိုင်ရ၊ အန္တရာယ်၊ သို့မဟုတ် မသန့်ရှင်းဟု သတ်မှတ်လေ့ရှိသည်။ ကမ္ဘာကျော် ဒဏ္ဍာရီများကို ဖန်တီးထုတ်လုပ်သူများသည် အောင်မြင်မှုမရသော လင်ယောက်ျားများဖြစ်ရာ သူတို့အားလုံးက မိန်းမသည် မကောင်းမှု အားလုံး၏အရင်းအမြစ်ဖြစ်သည်ဆိုသောအချက်ကို ၀ိုင်းပြီးသဘောတူကြသည်။ ဤအမြင်သည် ဂျူးနှင့် ခရစ်ယန်အစဉ်အလာများအတွက်သာမကဘဲ ရာဂဏန်းရှိသော တိတ္ထိ (Pagan) တို့၏ ဒဏ္ဍာရီများအတွက်လည်း အလေးအနက်ထားသည့်အမြင်ဖြစ်သည်။ ရှေးဦးလူသားများ၏ ပညတ်ချက်များအနက် အတင်းကျပ်ဆုံးသည် ဓမ္မတာလာနေသောမိန်းမများအပေါ် ချမှတ်သောပညတ်ချက်ဖြစ်သည်။ အဆိုပါမိန်းမများကို ထိုကာလအတွင်း ထိမိကိုင်မိသော မည်သည့်လင်ယောက်ျားနှင့် မည်သည့်အရာဝတ္ထုမဆို ကောင်းမှုကုသိုလ်နှင့် အသုံးဝင်မှုအားလုံး ဆုံးရှုံးသည်။ ဗြိတိသျှဂီယန်းနာ (British Guiana) မှ မာကူဆီ (Macusi) လူမျိုးများက ရေကိုအဆိပ်သင့်မည်စိုး၍ အဆိုပါမိန်းမများကို ရေချိုးခွင့်ပင် မပြုပေ။ ထို့အပြင် ထိုကာလအတွင်းမှမိန်းမများကို တောအုပ်အတွင်း သွားခွင့်မပြုဘဲ ပိတ်ပင်ထားရာ အညှို့ခံရသော (Enamored) မြွေက ထိုမိန်းမကို ကိုက်မှာစိုး၍ဖြစ်သည်။ ကလေးမီးဖွားမှုသည်လည်း မသန့်ရှင်းမှုဖြစ်သည်။ ထို့ကြောင့် မီးဖွားပြီးသောမိခင်သည် ဘာသာရေးကျင့်စဉ်များကို အပင်ပန်းခံကျင့်ပြီး မိမိကိုယ်မိမိ သန့်စင်အောင် လုပ်ရသည်။ ဖိုမဆက်ဆံမှုသည် ဓမ္မတာလာချိန်တွင်သာမက ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်ချိန်များမှာပင် တားမြစ်ထားသော ပညတ်ချက်ဖြစ်သည်။ စင်စစ် ဤတားမြစ်ချက်သည် မိန်းမများက သူတို့၏အဆင်ပြေမှုအတွက် သူတို့ကိုယ်တိုင်တီထွင်ခဲ့သော ပညတ်ချက်များဖြစ်နိုင်သည်။ သို့ရာတွင် စတင်ဖြစ်ပေါ်လာပုံများသည် အလွယ်တကူမေ့ပျောက်သွားနိုင်ရာ များမကြာမီပင် မိန်းမများသည် သူတို့ကိုယ်သူတို့ မစင်ကြယ်သည့်ဘ၀နှင့် မသန့်ရှင်းသည့်ဘ၀ ရောက်သွားသည်ကို တွေ့ကြရသည်။ အဆုံးတစ်နေ့တွင် မိန်းမများသည် ယောက်ျားများ၏ သဘောထားအမြင်ကို လက်ခံကြရပြီး ဓမ္မတာလာချိန်တွင်လည်းကောင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင်လည်းကောင်း ရှက်သည့်စိတ်ဝင်လာသည်။ မိန်းမတို့အိန်ဒရေ၊ အပြစ်ဝင်သည့်စိတ်၊ ဖိုမသဘာဝကိုမသန့်ရှင်းဟုဆိုသောအမြင်၊ တပသီအကျင့် (Ascetism) နတ်ဆရာများ၏ ဗြဟ္မစရိယအကျင့် (Priestly Celibacy) နှင့် မိန်းမများကိုဖိနှိပ်ချုပ်ချယ်မှုများသည် အထက်ဖော်ပြပါ ပညတ်ချက်များမှ ပေါက်ဖွားလာခြင်းဖြစ်သည်။

(လူ့ယဉ်ကျေးမှုသမိုင်း အရှေ့တိုင်းကရသောအမွေစာအုပ်မှ အခန်းအချို့ကို ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ဤစာအုပ်ကို ငှားရမ်းဖတ်ရှုခွင့်ပေးသော ကိုနေစေးကို ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်။)

Comments

  1. တော်တော် တစ်ဘက်စွန်းရောက်ပြီး မတရားတာပဲဗျာ...။

    ReplyDelete
  2. (စင်စစ် ဤတားမြစ်ချက်သည် မိန်းမများက သူတို့၏အဆင်ပြေမှုအတွက် သူတို့ကိုယ်တိုင်တီထွင်ခဲ့သော ပညတ်ချက်များဖြစ်နိုင်သည်။ သို့ရာတွင် စတင်ဖြစ်ပေါ်လာပုံများသည် အလွယ်တကူမေ့ပျောက်သွားနိုင်ရာ များမကြာမီပင် မိန်းမများသည် သူတို့ကိုယ်သူတို့ မစင်ကြယ်သည့်ဘ၀နှင့် မသန့်ရှင်းသည့်ဘ၀ ရောက်သွားသည်ကို တွေ့ကြရသည်။)

    အတော် စိတ်ဝင်စားစရာကောင်းတဲ့ အချက်။

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...