Skip to main content

ကောင်းခြင်းဆိုးခြင်းစံနှုန်းများ

စိတ်ပညာရှင်များအသင်း (Forum) ထဲက အမေးအဖြေလေးတစ်ခုပါ။ မေးသူမှာ ကိုနေစေးဖြစ်ပြီး၊ တေဇာမှ ကပေါက်တိကပေါက်ချာဖြေဆိုထားပါတယ်။


(မေးခွန်း)

မေးခွန်းလေးမေးမယ်နော် ဘာမှမခက်ခဲပါဘူး
စဥ်းစားစရာလည်းမလိုဘူး
ဒါပေမယ့် ကိုယ်ပိုင်idea နဲ့ဖြေရမယ်

ချစ်သူ၂ယောက်ရှိတယ် သူတို့နှစ်ယေက် က အရမ်းချစ်ကြတယ် ဒါပေမယ့် သူတို့ က မြစ်ရဲ့ တစ်ဖက်ကမ်းဆီကိုရောက်နေတယ် ဆိုလိုဒါ က ကောင်မလေးက အရှေ့ဘက်ကမ်း ကောင်လေးက အနောက်ကမ်းမှာ ကောင်မလေးက သူ့ချစ်သူကိုအရမ်းချစ်တဲ့အခါကျတော့ ကောင်လေးဆီကိုအရမ်းသွားချင်တယ် မြစ်ကခြားနေတော့သွားလို့မရဘူး မြစ်ကိုကူးဖို့က လှေတစ်စီးပဲရှိတယ် အဲဒီအခါမှာကောင်မလေးက ပိုက်ဆံမရှိဘူး လှေသမားကလည်း ငွေကိုအဆမတန်တောင်းတယ်( ဥပမာ- 100လောက်ပဲတန်တာကို 10000လောက်ပေါ့) လှေကတစ်စင်းပဲရှိတာလေ ကောင်မလေးက သူ့ချစ်သူဆီသွားလည်းသါားချင် ပိုက်ဆံ ကမရှိတော့သွားလို့မရ အခက်တွေ့နေတာပေါ့ အဲဒီအချိန်မှာ လူတစ်ယောက်က ရောက်လာပြီး သူကိုကူညီမယ် ကောင်မလေးလိုနေတဲ့ငွေကိုသူပေးမယ် ဒါပေမယ့် ဒီတစ်ညတော့သူနဲ့အတူတူအိပ်ရမယ်တဲ့လေ ကောင်မလေးက လည်း ဘယ်လိုလုပ်ရမယ်မှန်းမသ်ဘူး ဒါပေမယ့်သူ့ချစ်သူဆီကို သွားရမှာဆိုတော့မတတ်နိုင်ဘူးဆိုပြီး သဘောတူလက်ခံလိုက်တယ် အဲဒီလိုနဲ့ကောင်လေးဆီရောက်သွားတယ် ဒါပေမယ့် ကောင်လေးရဲ့သူငယ်ချင်းကနေပြီး ကောင်မလေးက သူ့ဆီလာဖို့အတွက် လူချမ်းသာကြီးတစ်ဦးနဲ့ ညက အတူအိပ်ခဲ့ရတဲ့အကြောင်းကိုပြောပြလိုက်တယ်

ဇာတ်လမ်းကတော့ဒါပဲ
ဒီဇာတ်လမ်းမှာ ကောင်လေး၊ကောင်မလေး၊လှေသမား၊ ငွေထုတ်ပေးတဲ့သူ၊နဲ့၊ကောင်လေးရဲ့သူငယ်ချင်း ဆိုပြီး ၅ယောက်ပါတယ်
ဒါဆို ဒီ၅ယောက်ကို အစဉ်လိုက်စဉ်ပြပါ ဘယ်သူက အကောင်းဆုံးလူလဲ ။ တစ်ယောက်မှတော့မကောင်းပါဘူး နော်
ဆိုလိုချင်တာက ................၁
၂
၃
၎
၅
နားလည်လား ကိုယ်ပိုင်ideaနဲ့ စိတ်ထဲရှိတဲ့အတိုင်းလွတ်လွတ်လပ်လပ်ဖြေနိုင်တယ်
ကျောင်းမှာသင်ရတဲ့ ပညာရေးစိတ်ပညာဘာသာရပ်ထဲက မေးခွန်းလေးပါ ဖြေထားနော်။

(အဖြေ)

ကိုနေစေးက ပုစ္ဆာလေးတစ်ပုဒ်ပေးပြီး List လုပ်ခိုင်းပါတယ်။ ဘယ်သူအကောင်းဆုံးလဲတဲ့၊ အကောင်းဆုံးလူကို နံပါတ် (၁) နေရာမှာထားပြီး စီသွားရမယ်လို့ ယူပါတယ်။ ဒီနေရာမှာ စကားလုံးတွေနဲ့ အနက်အဓိပ္ပာယ်ပြဿနာကို တစ်ခါထိပ်တိုက်ထပ်တွေ့ရပြန်ပါတယ်။ အကောင်းဆုံးဆိုတဲ့ စကားလုံး (တစ်နည်း။ ကောင်းတယ်ဆိုတဲ့စကားလုံး) ဟာ ယေဘုယျကျလွန်းပါတယ်။ လူမှုရေးအရကောင်းတာလား၊ ဘာသာရေးအရလား၊ စီးပွားရေးအရလား၊ ကိုယ့်အတွက်ကိုယ်ကောင်းတာလား (Individualism) ။ ကိုနေစေးက တစ်ယောက်မှတော့ မကောင်းပါဘူးနော်လို့ ဆိုထားတဲ့အတွက်... ကိုယ်ကျင့်တရားစံနဲ့ အကောင်းအဆိုးခွဲထားကြောင်း ယူဆပါတယ်။ ကဲ... ဒါတွေအသာထားပြီး စီခိုင်းတဲ့လူရှိတဲ့အတွက် ကျွန်တော်လည်း ကျွန်တော်လည်းစီကြည့်ပါ့မယ်...။ ကျွန်တော့်အမြင်သက်သက်ပါ။
ဒါပေမဲ့ ကျွန်တော်က ပြောင်းပြန်စီချင်ပါတယ်...။ အကောင်းဆုံးလူကို နောက်ဆုံးမှသိခွင့်ရတာ ပိုမကောင်းဘူးလား...???


(၁) ကောင်လေး
(လှေကြုံလေးဘာလေးများရှိမလားရယ်လို့ မရှာဖွေမစဉ်းစားဘဲ မြစ်ရေထဲ ခဲလုံးလေးတွေပစ်ချပြီး ထိုင်လွမ်းနေတဲ့ ကဗျာဆရာယောင်ယောင် ရိုးရိုးသားသားကောင်လေးတစ်ယောက်လို့ ထင် (ထင်ချင်ခဲ့သော်) နိုင်ပါတယ်။

(၂) ကောင်လေးရဲ့သူငယ်ချင်း။
(အခမဲ့အကျိုးတော်ဆောင်ကြီးဖြစ်လို့... သူဟာလူကောင်းတစ်ယောက်လို့ (ယူချင်ခဲ့သော်) ယူနိုင်ပါတယ်။)

(၃) ငွေထုတ်ပေးတဲ့သူ။
(သူသာမရှိရင် ဒီပုံပြင်ထဲမှာ ချစ်သူနှစ်ယောက် ဆုံတွေ့ခွင့်ရှိတော့မယ်မထင်ဘူး။ လိုချင်တာတစ်ခုအတွက် တန်ရာတန်ကြေးကို ပြန်ပေးရတယ်ဆိုတာ ဒီလူကောင်းကောင်းသိနေပုံပဲ။ နောက်တစ်ခုက သူဟာ အဓမ္မသမားမဟုတ်ဘူး။ ကောင်မလေး သဘောမတူညီခဲ့ရင် အရောင်းအ၀ယ်ဖြစ်လာစရာမရှိဘူး။ ဒီတော့ သူဟာလည်း သမာသမတ်ရှိတဲ့လူတစ်ယောက်လို့ သတ်မှတ်
(သတ်မှတ်ချင်ခဲ့သော်) သတ်မှတ်နိုင်ပါတယ်။

(၄) လှေသမား
စီးပွားရေးသဘောတရားကို နားလည်တဲ့ လှေသမားတစ်ယောက်ပါပဲ။ အထင်သေးလို့မရဘူး။ Demand တအားများနေတဲ့အချိန်မှာ သူ့ဝန်ဆောင်မှုရဲ့ တန်ဖိုးကိုလည်း အစွမ်းကုန်မြှင့်နိုင်ခွင့်ရှိတာပါပဲ။ ဒါ သဘောသဘာဝပါ။ ဒီလှေသမားကို လူယုတ်မာတစ်ယောက်အဖြစ် မြင်မယ်ဆိုရင် မြင်နိုင်ပါတယ်။ တစ်လက်စတည်း ကိုယ့်အလုပ်ရှင်ကိုလည်းကိုယ် အဲဒီလိုမြင်တယ်ဆိုတာ ရိုးရိုးသားသားဝန်ခံရပါမယ်။ သူ့အိမ်ကမယားနဲ့သားသမီးတွေအတွက်တော့ သူဟာအားကိုးအားထားပြုလောက်စရာ လင်ယောက်ျားတစ်ယောက်လို့ ဂုဏ်ပြု (ဂုဏ်ပြုချင်ခဲ့သော်) နိုင်ပါတယ်။

(၅) ကောင်မလေး
ကောင်မလေးဟာ သူ့ချစ်သူကောင်လေးနဲ့တွေ့ချင်နေတယ်။ ကံကောင်းထောက်မစွာပဲ အပေးအယူလုပ်မယ့်လူတစ်ယောက်နဲ့ ကြုံရတယ်။ သူမ၀မ်းသာသွားတယ်။ ပေးရမယ့်ကြေးနဲ့ ရလဒ်ကို သူမ နှိုင်းယှဉ်စဉ်းစားကြည့်တယ်။ ပြီးတော့ သူမဆုံးဖြတ်ရတော့မယ်။ ကောင်လေးကို ကိုယ့်ကိုယ်ကို အနစ်မွမ်း (နစ်မွမ်းတဲ့ကိစ္စလို့ယူဆခဲ့ရင်) ခံနိုင်လောက်အောင်ချစ်တယ်လို့ လက်ခံနိုင်ခဲ့ရင် သူမအနေနဲ့ အပေးအယူကို သဘောတူရမှာပဲ။ သူမ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချခဲ့တယ်။ နောက်ဆုံး သူမအရမ်းတွေ့ချင်နေတဲ့ ချစ်သူကောင်လေးဆီ အရောက်သွားနိုင်ခဲ့တယ်။ သူမ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ချစ်သူရဲ့ရင်ခွင်ထဲမှာ ပျော်ရွှင်နေတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သာယာနေတဲ့လူမျိုးတွေကို (လေးစားချင်ခဲ့သော်) ကောင်မလေးကို လေးစားနိုင်ပါတယ်။

Comments

  1. မကောင်းတကာ့ မကောင်းဆုံးကတော့ အဲဒီ ပုံပြင်ကို တီထွင်ပြောတဲ့လူပဲ လို့ ပြော (ပြောချင်လာလို့) ပါတယ်။
    :D

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...