Skip to main content

စိတ်ထောင်ချောက်များ (Thinking Traps)

ကျွန်တော်တို့ကိုယ်တိုင်၏ စိတ်တွင်  အတွေးအခေါ်ပိုင်းဆိုင်ရာ ထောင်ချောက်များ တည်ရှိနေပါသည်။ အကယ်၍  ၎င်းတို့ကို သတိမပြုမိခဲ့ပါလျှင် အဆိုပါ ထောင်ချောက်များသည် ယေဘုယျကျကျ စဉ်းစားတွေးခေါ်နိုင်သည့် ကျွန်တော်တို့၏ အရည်အချင်းကို အကြီးအကျယ် အဟန့်အတားဖြစ်စေပြီး ညံ့ဖျင်းသည့် ဆင်ခြင်မှုနှင့် အမှားမှားအယွင်းယွင်း ဆုံးဖြတ်ချက်များ ချမိစေရန်အထိ ဦးတည်သွားစေ နိုင်ပါသည်။ အသုံးချရန်အတွက် တည်ရှိနေသည့် ထူးခြားသည့် စိတ်စွမ်းရည်များသည် တကယ့်လက်တွေ့တွင်မူ ကျွန်တော်တို့ကို ဒုက္ခတွေ့ရန် ဖန်တီးထားသလို ဖြစ်သွားစေနိုင်သည်။ အဆိုပါ ထောင်ချောက်များနှင့် အသုံးဝင်နိုင်စရာ ရှောင်ကွင်းနည်းတချို့ကို ဖော်ပြလိုက်ပါသည်။



(၁) ကျောက်ဆူးထောင်ချောက် (The Anchoring Trap)

(စဦးအတွေးအပေါ်တွင် အလွန်အကျွံမှီခိုခြင်း)


“တူရကီနိုင်ငံရဲ့ လူဦးရေသည် (၃၅) သန်း ကျော်ပါသလား။ မိတ်ဆွေရဲ့ အနီးစပ်ဆုံး ခန့်မှန်းခြေကို ပြောပြပါ” သုတေသီများက ဤမေးခွန်းကို လူတစ်စုအား မေးမြန်းခဲ့ရာတွင် ၎င်းတို့၏ ခန့်မှန်းခြေများမှာ (၃၅) သန်းနှင့် အတော်လေး ကွာခြားခဲသည်။ အဆိုပါ မေးခွန်းကိုပင် ဒုတိယလူစုကို မေးမြန်းပြန်သည်။ ဤအကြိမ်တွင်မူ စမှတ်အဖြစ် (၃၅) သန်းအစား သန်း (၁၀၀) ဟု ပြောင်းလဲ အသုံးပြုခဲ့သည်။ မေးမြန်းခံရသူ အုပ်စုနှစ်စုလုံးအနေဖြင့် ခန့်မှန်းခြေ ကိန်းဂဏန်းများကို အတိအကျ မသိဘဲ ရမ်းတုပ်ကြသည်ချင်း အတူတူ သန်း (၁၀၀) အဖွဲ့၏ ခန့်မှန်းခြေများသည် (၃၅) သန်းအဖွဲ့၏ ခန့်မှန်းခြေများထက် သိသိသာသာ လွန်ကဲနေသည်ကို တွေ့ခဲ့ရပါသည်။

မှတ်သားထားသင့်သည့် အချက်များမှာ စမှတ်သည် မိတ်ဆွေ၏ တွေးခေါ်မှုကို သိသိသာသာ ဘက်လိုက်မှုဖြစ်စေနိုင်သည်။ စဦး အမြင်၊ အတွေး၊ ခန့်မှန်းခြေ (သို့မဟုတ်) အချက်အလက်များသည် နောက်ဆက်တွဲအတွေးများကို ၎င်းနှင့်အနီးစပ်ဆုံးနေရာတွင် “ကျောက်ဆူးချ” ထားနိုင်ပါသည်။ ဤကျောက်ဆူးထောင်ချောက်အား အခြေအနေအတော်များများတွင် ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေ သည့်အတွက် ၎င်းသည် ပုံမှန်ထက်ပို၍ အန္တရာယ်ရှိသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဥပမာအားဖြင့် ၀ါရင့်အရောင်းသမားတစ်ယောက်သည် ဈေးအကြီးဆုံး ရောင်းကုန်ကို အရင်ဦးဆုံးပြပြီး အဆိုပါဈေးနှုန်းကို မိတ်ဆွေ၏စိတ်ထဲတွင် ကျောက်ဆူးချစေပြီး ထောင်ချောက်ဆင်နိုင်ပေသည်။ အဆိုပါ “ကျောက်ဆူးတံဆိပ်” လူလည်ကျနည်း ထောင်ချောက်အား ပါးပါးနပ်နပ် ရှောင်ကွင်းလိုပါလျှင် အောက်ပါအချက်လေးများကို ဆရာလုပ်ခံနေရသည်ဟု သဘောမထားဘဲ လေ့လာကြည့်စေလိုပါသည်။

ပြဿနာတစ်ခုကို ရှုထောင့်ပေါင်းစုံမှ သုံးသပ်ပါ။ စမှတ်တစ်ခုခုကို စိတ်ထဲစွဲ မနေပါနှင့်။ အဖြေအတွက် လမ်းစမပေါ်သေးခင် ပြဿနာအပေါ်တည့်တည့်တွင်သာ အာရုံထားပါ။ အများနှင့် မတိုင်ပင်ခင် မိမိကိုယ်တိုင် အရင်ဆုံးစဉ်းစားပါ။ အခြားသူများ၏ ကျောက်ဆူးများ မိမိအပေါ်မလွှမ်းမိုးခင် အချက်အလက် ရနိုင်သမျှအများဆုံး စုဆောင်းပြီး ကိုယ်ပိုင်ကောက်ချက်များ ချကြည့်ပါ။ ကျယ်ပြန့်ပြီး မတူကွဲပြားသည့် ရင်းမြစ်များမှ သတင်းအချက်အလက်များကို ရှာဖွေပါ။ အယူအဆအများအပြားကို စုဆောင်းပြီး မိတ်ဆွေ၏ ကိုးကားသည့် ဘောင်ကို ချဲ့ထွင်ပါ။ အမြင်တစ်ခုအတွင်းတွင် ပိတ်မိနေခြင်းမျိုး မဖြစ်ပါစေနှင့်။

(၂) ပစ္စက္ခထောင်ချောက် (The Status Quo Trap)

(ရတာယူ၊ ပေးတာစား)


စမ်းသပ်မှုတစ်ခုတွင် လူတစ်စုအား လက်ဆောင် ပစ္စည်း နှစ်ခုအနက်မှ တစ်ခုကို ကြုံသလို ဝေပေးလိုက်သည်။ လူတစ်ဝက်တိတိမှာ မတ်ခွက်လှလှလေး တစ်ခုစီ လက်ဆောင်အဖြစ် ရရှိကြပြီး၊ ကျန်တစ်ဝက်က ချောကလက် အတောင့်ကြီး တစ်တောင့်စီ ရရှိကြသည်။ ထို့နောက်တွင် ၎င်းတို့အား မိမိတို့ရရှိသည့် လက်ဆောင်ကို တခြားသူများနှင့် စိတ်တိုင်းကျ လဲလှယ်နိုင်ကြောင်း အသိပေးလိုက်ပါသည်။ ဤနေရာတွင် အနည်းငယ် စဉ်းစားကြည့်စေ လိုပါသည်။ လူအမျိုးမျိုးစိတ်အထွေထွေ ရှိသည့်အထဲ လက်ဆောင်ပစ္စည်းများကို ကြိုက်မကြိုက်မမေးစမ်းဘဲ “ကြုံသလို” ဝေပေးလိုက်ခြင်းသာဖြစ်၍ လူတစ်ဝက်လောက်သည် မိမိတို့ ကြိုက်နှစ်သက်ရာ ပစ္စည်းကို မရရှိကြောင်း ယုတ္တိဗေဒနည်းအရ အကြမ်းဖျင်း ကောက်ချက်ဆွဲနိုင် ပါလိမ့်မည်။ (အလကားရတာပဲ ဘာရရဟု အတွေးမကပ်စေလိုပါ) သို့သော် တကယ့်လက်တွေ့တွင်မူ အစမ်းသပ်ခံ လူများထဲမှ (၁၀%) ခန့်သာ မိမိတို့ရရှိသည့်လက်ဆောင်ပစ္စည်းကို တခြားတစ်ခုနှင့် လဲလှယ်ကြသည်ကို တွေ့ရှိရပါသည်။

“ပစ္စက္ခထောင်ချောက်” ရှောင်ကွင်းလိုပါလျှင် မိမိလက်ထဲတွင် လက်ဆုပ်လက်ကိုင်ရှိနေသည့်အရာကို ရွေးချယ်စရာ အများကြီးထဲမှ တစ်ခုအဖြစ်သာ သဘောထားပါ။ လက်ထဲက ငှက်တစ်ကောင်နှင့် ပျံနေသည့် ငှက်ခြောက်ကောင် သဘောထားမျိုး မရှုမြင်မိ ပါစေနှင့်။ မိတ်ဆွေ ရွေးချယ်ခဲ့သည့် လက်ရှိ အခြေအနေသည် တစ်ခုတည်းသော ရွေးချယ်စရာ မဟုတ်ကြောင်း ကိုယ့်ကိုယ်ကို သတိပေးပါ။ မိမိ၏ ရည်ရွယ်ချက်ကို သိပါ။ လက်ရှိအခြေအနေမှအပ အခြားရွေးချယ်စရာရှိခဲ့ပါက မိမိအမှန်တကယ် လိုချင်သည့်အရာ ဘာဖြစ်သည်ကို ဓမ္မဓိဌာန်ကျကျ တန်ဖိုးတွက်ဆုံးဖြတ်ပါ။ ပြောင်းလဲနေသော ပုံသေမဟုတ်သည့် တန်ဖိုးများအပေါ် လိုတာထက်ပို၍ တန်ဖိုးပိုတွက်လျှော့တွက်ခြင်းများကို ရှောင်ကြဉ်သင့်ပါသည်။

(၃) တန်ရာတန်ကြေး (The Sunk Cost Trap)

(မထူးဇာတ်ခင်း)

ဘောလုံးပွဲ တစ်ပွဲအတွက် ပြန်အမ်းငွေမပေးသည့် လက်မှတ်တစ်စောင် ကြိုတင်ဝယ်ယူထားပြီ ဆိုပါစို့။ ထိုပွဲ ကြည့်ရမည့်နေ့ရောက်သော် မိတ်ဆွေသည် ပင်ပန်းနွမ်းနယ်နေပြီး အပြင်တွင်လည်း မိုးကြီးလေကြီး ကျနေသည်။ မိတ်ဆွေအနေဖြင့် လက်မှတ်ဖြတ်ထားမိသည့်အတွက် နောင်တရနေ မိပါပြီ။ အမှန်အတိုင်း ၀န်ခံကြေးဆိုလျှင် အိမ်မှာနေပြီး နွေးနွေးထွေးထွေးနှင့် ဘောလုံးပွဲကို တီဗီမှကြည့်လျှင် ပိုကောင်းပါသည်။ ထိုအတိုင်းလည်း ကြည့်ချင်ပါသည်။ ဘယ်လိုလုပ်ရ မည်နည်း။

ဤအခြေအနေတွင် အိမ်တွင်နေခြင်းသည်သာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ငြင်းဆန်ဖို့ ခက်ပါသည်။ စင်စစ် လက်မှတ်ဖိုး ပိုက်ဆံသည် ကစားပွဲကို သွားကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ ကုန်ပြီးဖြစ်သည်။ ကြည့်ဖြစ်ခြင်း၊ မကြည့်ဖြစ်ခြင်း “ရွေးချယ်စရာ” နှစ်ခုအနက် မည်သည့်လမ်းရွေးရွေး တန်ဖိုးငွေကို ဆုံးရှုံးထားပြီးဖြစ်ခြင်းသည် တူညီပါသည်။ မတူညီသည်က မိမိအတွက် အဆင်ပြေခြင်း၊ မပြေခြင်းအချက်များသာ ဖြစ်ပါသည်။ ၎င်းသည် “တန်ရာတန်ကြေး ထောင်ချောက်” ဖြစ်ပါသည်။

မည်သို့ဖြေရှင်းမည်နည်း။
အမှားကျူးလွန်မိတတ်ခြင်းကို လက်ခံပါ။ ပါးပါးလေးပါ သဘောထားပါ။ (ဆုံးပြီကိုး ဒီလိုပဲသဘောထားရ တော့မှာပေါ့ ;P ) အစောပိုင်းကလုပ်ထားခဲ့မိသည့် အမှားတစ်ခု (ပြင်လို့မရတော့) ကို လက်ခံရန် အဘယ်ကြောင့် စိတ်ဓာတ်ကျနေသနည်းဟု မိမိကိုယ်ကိုယ် စစ်ဆေးမေးမြန်းပါ။ အမှားကင်းသည့်လူ မရှိပါ။ မိမိကျမှ အဘယ်ကြောင့် တစ်စိတ်တစ်အိတ်လုပ်နေ မည်နည်း။ နောက်တစ်ကြိမ် မမှားဖို့အတွက်သာ မိမိကိုယ်ကိုယ် သေချာအောင် ပြင်ဆင်ပါ။

အစောပိုင်းဆုံးဖြတ်ချက် (လက်မှတ်ဝယ်ထား စဉ်က) တွင် မပါဝင်သည့် လူများ ပေးသည့်အကြံကို လက်ခံပါ။ ထိုဆုံးဖြတ်ချက်တွင် ကြံရာပါမဟုတ်သည့် လူများက မိတ်ဆွေကို ဘေးလူအနေဖြင့် သင့်လျော်သည့် အကြံဉာဏ်များ ပေးနိုင်ပါလိမ့်မည်။

မိမိ၏ ပန်းတိုင်ကို အာရုံစိုက်ကြည့်ပါ။ ပန်းတိုင်ကိုရောက်ရှိရန်အတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက်များ ချမှတ်ကြသည်။ အဆိုပါ ပန်းတိုင်သို့သွားရာ အဆင့်တစ်ထစ်ချင်းစီကို ဖက်တွယ်မထားပါနှင့်။ လောလောဆယ်အခြေအနေတွင် အဆိုပါပန်းတိုင်ကို မည်သို့ ပိုကောင်းအောင် ရယူမည်လဲ စဉ်းစားဆင်ခြင်ပါ။

(၄) သေဖော်ညှိ ထောင်ချောက် (Confirmation Trap)

(ရေလာမြောင်းပေး အတွေးအခေါ်)


လာမည့်အပတ်တွင် မန်ယူ ကျိန်းသေပေါက် နိုင်လိမ့်မည်ဟု မိတ်ဆွေ ခံစားနေရသည်။ မိမိ၏ အာရုံရမှုကို အသေအချာ အတည်ပြုရန် မကြာသေးခင်ကမှ မန်ယူဘက်က လောင်းပြီး ပြန်လာသည့် ဘော်ဒါတစ်ဦးကို မန်ယူဘက်က ဘာကြောင့် ထိုင်သင့်သလဲဟု သူ၏ အကြောင်းပြချက်များကို မေးမြန်းစုံစမ်းပြီ ဆိုပါစို့...။

အဆိုပါ သေဖော်ညှိ ထောင်ချောက်အတွင်းသို့ ကျွမ်းထိုးမှောက်ခုံ သက်ဆင်းသွားပြီဟုသာ ဆိုရပေမည်။ မိမိ၏ ကြိုတင်ရှုမြင်ချက်နှင့် ရပ်တည်မှုကို အထောက်အကူ ဖြစ်နိုင်ချေအရှိဆုံး အချက်အလက်များကို ရှာဖွေမှုပြုသည့်တစ်ချိန်တည်းတွင်ပင် စိန်ခေါ်ပုတ်ခတ်နိုင်သည့် အချက်အလက်များကို သက်တောင့်သက်သာ ရှောင်ကွင်းခြင်းသည် သေဖော်ညှိသည့် ထောင်ချောက်ပင် ဖြစ်ပါသည်။

အဆိုပါ အတည်ပြုချက် ဘက်လိုက်မှုသည် “မည်သည့်နေရာ” မှ သဲလွန်စကောက်သနည်းဟူသည့်အချက် အပေါ်တွင် မူတည်သည့်နည်းတူ မိတ်ဆွေက အချက်အလက်အား “မည်သို့” အနက်ကောက်သနည်း ဟူသည်နှင့်လည်း သက်ဆိုင်ပါသည်။ မိမိတို့၏ မူလအကြံအစည်ကို ထောက်ခံမဲပေးသည့် အချက်များကို အပြစ်မြင်ခဲပြီး ဆန့်ကျင်သည့်အချက်များအပေါ် ခုခံအားကောင်းခြင်းသည် လူ့သဘာဝ ဖြစ်ပါသည်။

မိမိကိုယ်ကိုယ် မည်မျှ အဂတိတရားကင်းရှင်း (ကြားနေ) ပါသည်ဟု ထင်ထင် ကျွန်တော်တို့၏ ဦးနှောက်သည် သဘာဝအားဖြင့်ကို ကျွန်တော်တို့မသိစေဘဲ အဆိုပါထောင်ချောက်အတွင်းသို့ တမဟုတ်ချင်း သက်ဆင်းစေတတ်ပါသည်။

ဤထောင်ချောက်နှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်နိုင်ပါသနည်း။
ဆန့်ကျင်ပဋိပက္ခဖြစ်နေသည့် အချက်အလက်များမှ သင်ယူနိုင်အောင်ကြိုးစားပါ။ တူညီသည့် မလိုတမာစိတ် (အပြစ်ရှာစိတ်) ဖြင့် သဲလွန်စများကို စစ်ဆေးပါ။ မထောက်ခံသည့် သဲလွန်စများအပေါ် ဖော့မတွေးပါနှင့်။ တစ်ခုခုကို ရွေးချယ်နေခြင်းလား မိမိမူလယူဆထားသည့် တစ်ခုခုကို အတည်ပြုချက်ရှာဖွေနေခြင်းလား မိမိကိုယ်ကို မေးမြန်းပါ။

ကိုယ်ချိန်ဆနေသည့် ဆုံးဖြတ်ချက်၏ ဆန့်ကျင်ဘက်မှ မိမိနှင့်ငြင်းခုန်ရန် ဘက်တူသည်ဟု ယူဆသော သူတစ်ယောက်ကို ရှာဖွေပါ။ ဤသို့ရှာဖွေရန် မဖြစ်နိုင်လျှင် ကိုယ်တိုင် တန်ပြန်ငြင်းခုန်ချက်များ တည်ဆောက်ကြည့်ပါ။ စိတ်ကို ဖွင့်ထားပြီး အခြားသော အနေအထားများကိုလည်း အမြဲတမ်းစဉ်းစားပါ။ တစ်ပြိုင်နက်တည်းတွင် တခြားထောင်ချောက်များနှင့်လည်း ငြိနေမနေ စဉ်းစားဖို့ဖြစ်ပါသည်။

ရေလာမြောင်းပေး မေးခွန်းများ မမေးပါနှင့်။ အကြံဉာဏ်တောင်းခံရာတွင် မိမိချိန်ခွင်လျှာ ယိမ်းရာ ဘက်ခြမ်းကို တခြားသူများက ရောချလိုက်ခြင်းမှ ရှောင်ရှားနိုင်ရန် သမာသမတ်ကျသည့် မေးခွန်းများ ဖြင့်သာ မေးမြန်းပါ။ ဥပမာ- “ဘယ်ဘက်က ထိုင်သင့်သလဲမသိဘူး” သည်  “မန်ယူဘက်က ထိုင်လိုက်ရင် ဘယ့်နှယ့်လဲ..” ထက် ပိုကောင်းပါသည်။

(၅) အချက်အလက် ချို့တဲ့မှု ထောင်ချောက် (The Incomplete Information Trap)

(ကြိုတင်ယူဆချက်အား ပြန်လှန်စစ်ဆေးရန်)


မောင်မောင့်ကို ကြည့်ရတာ ရှက်ကိုးရှက်ကန်း နိုင်သည်။ သူသည် စာကြည့်တိုက်မှူးတစ်ဦး၊ သို့မဟုတ် အရောင်းဝန်ထမ်းတစ်ဦး ဖြစ်သည် ဟုလည်း ကျွန်တော်တို့ သိထားသည် ဆိုပါစို့။ ဘယ်သူ အဖြစ်နိုင်ဆုံးဟု ကျွန်တော်တို့ စဉ်းစားမိပါ မည်လဲ။

စာကြည့်တိုက်မှူးတစ်ဦး ဖြစ်သည်ဟုသာ မြေကြီးလက်ခတ်မလွဲ နီးနီး ကျွန်တော်တို့ ယူဆမိပါမည်။ အရောင်းဝန်ထမ်းများအနေဖြင့် အပြင်သို့ လတ်လျားလတ်လျား ထွက်ရခြင်း၊ ၀ယ်ချင်ချင်မ၀ယ်ချင်ချင် အတင်းထိုးရောင်းရခြင်း စသည့် မာကက်တင်းတစ်ယောက်၏ စရိုက်လက္ခဏာများ ခေါင်းထဲသို့အလိုလို ရောက်လာပါမည်။ အလွဲကြီးလွဲနိုင်သည့် (အနည်းဆုံး မပြည့်စုံသည့်) ကျိုးကြောင်းချိတ်ဆက်မှု ဖြစ်ပါသည်။

အဆိုပါကောက်ချက်သည် “အရောင်းဝန်ထမ်းဦးရေသည် စာကြည့်တိုက်မှူးဦးရေထက် အဆ (၁၀၀) ပိုများသည်” ဟူသည့် အချက်ကို လျစ်လျူရှုလိုက်သည်။ မောင်မောင်၏အကျင့်စရိုက်အကြောင်း မစဉ်းစားမိသေးခင်တွင်ပင် သူ စာကြည့်တိုက်မှူးဖြစ်သည် ဟူသည့် ဖြစ်နိုင်ခြေ ၁% အပေါ်တွင်သာ ရပ်တည်လိုက်မိပါပြီ။ (ဤသို့ဖြစ်လျှင် စာကြည့်တိုက်မှူး “အားလုံး” သည် ရှက်ကိုးရှက်ကန်းလေးများ ဖြစ်သည်ဆိုလျှင်တောင်မှ အဆိုပါ “အားလုံး” မှာ အရောင်းဝန်ထမ်းများအတွင်း ရှက်တက်သူအရေအတွက် ၁% ကိုသာ ကာမိပါသည်)

ဤသည်မှာ အပေါ်ယံရှပ် ကြည့်လိုက်မိသည့် ရိုးရှင်းလှသည့် အချက်တစ်ခုမှ ကျွန်တော်တို့၏ “အာရုံသိ” ကို လမ်းမှားသို့လုံးလုံးရောက်အောင် ခေါ်ဆောင်သွားသည်ကို ပြနိုင်သည့် ဥပမာတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့ဦးနှောက်သည် အဖြစ်မှန်ကိုရှင်းလင်းထားချက်များ ဖြစ်သည့် စိတ်ကူးပုံရိပ်များ အလိုအလျောက် ပြုလုပ်တတ်သည်။ ထိုစိတ်ကူးပုံရိပ်များက ကြိုတင်ယူဆချက်ကို မေးခွန်းထုတ်ခြင်း၊ သို့မဟုတ် လုံလောက်သည့် အခြေအမြစ် ရှိမရှိ မဆန်းစစ်တော့ဘဲ ကောက်ချက်တစ်ခု ခုန်ပျံကျော်လွှား ချမိအောင် လုပ်ဆောင်ပါသည်။

ထို့ကြောင့် မိတ်ဆွေ၏ ကြိုတင်ယူဆချက်များကို လွယ်ကူရှင်းလင်းအောင် လုပ်ပါ။ ပြဿနာရပ်တိုင်းကို သူ့အတိုင်းတိုင်း ရှုပ်ထွေးနေသည့်အခြေအနေတွင် မထားပါနှင့်။ ပြဿနာတိုင်းကို ကိုင်တွယ်ရာတွင် လွယ်ကူရှင်းလင်းသည့် အချက်အလက်များဖြင့် တည်ဆောက်ထားသည့် ကြိုတင်ယူဆချက်များကိုသာ အသုံးပြုဖို့ စိတ်တွင်မှတ်ထားပါ။ ကြိုတင်ယူဆချက်များသည် ခိုင်လုံမှုရှိမရှိ စစ်ဆေးရန်မှာ များသောအားဖြင့် မခက်လှပါ။ သို့သော် ထိုသို့စစ်ဆေးနိုင်ဖို့ မိမိ၏ ကြိုတင်ယူဆချက်သည် ဘာလဲဟု သိဖို့ လိုအပ်ပါသည်။

ကျွန်တော်တို့၏ အာရုံသိမှု နမူနာပုံစံ (Stereotype) များသည် (ဥပမာ- အညာသား အသားမည်း၊ အပျိုကြီးများ ဇီဇာကြောင် စသည်ဖြင့်) အခြေအနေ အမြောက်အများတွင် အသုံးဝင်နိုင်ပါသည်။ သို့သော် ၎င်းတို့အပေါ်တွင်ချည်း အလွန်အကျွံ အားကိုးအားထားမပြုရန် အမြဲ ဂရုစိုက်သင့်ပါသည်။ ရွေးချယ်ခွင့်ရှိခဲ့ပါလျှင် ခိုင်မာသည့် အချက်အလက်ကိုသာ ရွေးချယ်ပါ။

◄ တေဇာ ► ဒီဇင်ဘာ (၁၉) ၂၀၀၉

Ref:  Top Ten Thinking Traps Exposed: How to Foolproof your Mind, Part I

Comments

  1. ကျမ်းတော့ ကျမ်းပဲ...ဘာကျမ်းလဲသာ မသိတာ..။ဒါပေမယ့် ဖြစ်တတ်တာလေးတွေ ဂရု မပြုမိတာလေးတွေ ပေါ့ဗျာ..ကျေးဇူးတင်ပါတယ်..
    ဒါနဲ့ ဆက်ရန်မှာပဲ ရပ်နေတော့မှာလား....မျှော်ရဦးမှာလား...

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...