Skip to main content

♥ လက်ဖျားစာသီး လိုပါသလား ?

www.problemclean.ning.com တွင် တင်ခဲ့သော သရော်စာဆန်ဆန် အရေးအသားများသာဖြစ်ပါတယ်။ အပျင်းပြေ အပျော်ဖတ်ဖို့လောက်ပါ။ ◄ တေဇာ ►

လက်ဖျားစာသီး၊ ခံစားချက်ပဒေသာပင်စိုက်ထူရန် ဆြာတေ၏ လူငယ်များသို့အကြံပြုချက်...

မေး ► မောင်အာကာ

ဆြာတေဇာခင်များ…။ ကျွန်တော်တို့ မြန်မာ့အိုင်တီလောက ဖွံ့ထွားလှပမှု Website ကြီးတွင် စာဆိုတော်တစ်ဦးတည်းမှနေ၍ ငါးစက္ကန့်စီသာခြားကာ Blog Post များ တစ်ကျိပ်ခန့်မျှ ဇယ်ဆက်သလို တတ်လာတတ်ပါသည်။ ဤသို့ လက်ဖျားစာသီး၊ ခံစားချက်ပဒေသာပင်ပေါက်နေသော ကလောင်ရှင်များကို ကျွန်တော်များ အားကျလှပါ၏။ ခံစားချက်ခြွတ်ခြုံကျပြီး၊ ကလောင်သွား ဂျီးကပ်နေသော ကိုယ့်ကိုယ်ကိုယ်လည်း အားမလိုအားမရ ဖြစ်မိပါသည်။ တစ်ခါတစ်ရံ ကုရာနတ္ထိဆေးမရှိသော ခံစားချက်ကျဆင်းမှုကူးစက်ရောဂါ (feeling immune deficiency syndrome) FIDS ရနေပြီလားဟုပင် သံသယပွားမိပါတော့သည်။ ထို့ကြောင့် ဆီလီကွန်ချောင်းရိုးတွင် တဲထိုးနေထိုင်သော ဆြာတေဇာမှ လက်ဖျားစာသီး ခံစားချက်မီးများ ဟုန်းဟုန်းထ နိုင်စေရန် Program လေးတစ်ခု ရေးဆွဲပေးပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် ခင်များ…။


ဖြေ ► ဆြာတေ

အဟမ်း....။
အမေးရှိလာသည့်သကာလ အဖြေလည်း ရှိရပေတော့မည်။
အနှီမောင်အာကာဆိုသော သူကောင်းသားသည် မိမိ၌ရှိသည့် မည်သည့် တိုလီမုတ်စ၊ ဗြုတ်စဗျင်းတောင်း၊ ဘုစုခရု Software/Program ကိုမဆို ဝေမျှချင်သော စိတ်နှလုံးကောင်းရှိကြောင်း ကျွန်ုပ်ကိုယ်တိုင်သိရှိခဲ့ရသည့် အလျှောက် ၎င်းက ခံစားချက်များ ဒလဟောပန်းထွက်လာစေသော Software တစ်ခု အငမ်းမရလိုချင် နေကြောင်း သိရသောအခါ ၎င်း၏ ဆန္ဒအားဖြည့်ဆည်းပေးချင်စိတ် တဖွားဖွားပေါ်လာမိပါ၏။ သို့သော် ကျွန်ုပ်သည်ကား ရွာဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ သာမန်အဆင့် အိုင်တီသမားမျှသာဖြစ်ရာ ထိုသူငယ်လိုချင်နေသော Software အား မရေးတတ်၊ ရေးတတ်သည့်တိုင်အောင်လည်း ကျွန်ုပ် Program များရေးသားရာတွင် အသုံးပြုသော ကျောက်သင်ပုန်းနှင့်ကျောက်တံမှာ ထိပ်တန်း Programmer ဝေလီဝေလင်း၏ (ထိုသူငယ်ကား နောင်တွင် “ဘ၀ပြဿနာမီးထွန်းရှာ” (Discovery of life problem) ရုပ်သံစီးရီးဖန်တီးသူအဖြစ် ရပ်ကျော်ရွာကျော် ထင်ရှားလာမည့် အလောင်းအလျာပင်တည်း) လက်ဝယ်တွင် ရောက်ရှိနေသောကြောင့် အနှီကိစ္စအတွက် ကျွန်ုပ်တတ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကျွန်ုပ်ပိုင်နိုင်ကျွမ်းကျင်လှစွာသော စိတ္တဗေဒနည်းနာများဖြင့် (အထက်လမ်း/ အောက်လမ်း/ အဂ္ဂိရတ်/ အင်း / မနောမယ / တဲားရော့ / မျက်လှည့်/ ကြွေဗေဒင်/ စာကလေးဗေဒင် / စိတ်ညှို့/ Will Power/ စုန်း/ ကဝေ/ မှင်စာ/ ဇော်ကနီ….အို… ကုန်မှာ မဟုတ်တော့ဘူး) အနှီသူငယ် အသုံးတည့်စေအံ့သောငှာ လမ်းညွှန်ပေးရန်သာ ရှိတော့ပေသည်တမုံ့…။

စပ်မိသည်နှင့် အကြံပြုလိုသည်မှာ ကျွန်ုပ်၏ စိတ္တဗေဒနည်းနာများကို မကျင့်သုံးလိုဘဲ အပျင်းကြောဆွဲပြီး Program အားကိုးဖြင့်သာ ခံစားချက်များ အကြီးအကျယ်ဖွံ့ဖြိုးလာလိုသည်ဆိုငြားအံ့… ကဇော်ပေါများရာ ဝေးဌာနတစ်ခုဆီတွင် ယောက်ျားတို့တပ်အပ်သော အဌာရဿ (၁၈) ပါးပညာတို့ကို ချောင်ခိုသင်ကြားနေသော ထိပ်တန်း Programmer မောင်ကြည်ပြာဆိုသောလုလင်ထံ အကူအညီတောင်းခံရန် တိုက်တွန်းလိုပေ၏။ ၎င်းသည်ကား C သျှတ္တရ ကာမသိဒ္ဓိ အမည်ရှိ ရောင်းတန်းဝင် ပိုးပန်းနည်း Program တစ်ခုအပြင်၊ ကလေးများအတွက် တုံးခုန်ဇယ်ခုတ် အိုးပုပ်လုပ် Games Program များ ရေးသားထုတ်လုပ်ခြင်းဖြင့် ထိုရပ်ဝေးဇနပုဒ်တွင် လူစွာလုပ်နေကြောင်း သိရပါ၏။ (မှတ်ချက်။ ။ ထိုသူငယ်မှာ ကိုယ့်နာမည်ကိုယ် မမှတ်မိနိုင်လောက်အောင်ပင် Memory အရာ၌ ပါရမီနည်းခဲ့၍ Who am i? ဟု လူတကာအား မေးလေ့ရှိ သည်မှာ ထူးခြားချက်ဖြစ်ပေ၏။)

ခံစားချက်များ ခြောက်ခမ်းအားနည်းနေပါသလား…???



(၁) စက္ခုဒွါရဖြင့် မြင်မြင်သမျှအာရုံများကို ခံစားအပြည့်အ၀ ခံစားပါ။

သို့မှသာ သင်၏ ခံစားမှုအာရုံကြောများ နိုးကြားလာပေလိမ့်မည်။ သာဓကအားဖြင့်…
ရေခပ်ဆင်းလာသော မီနီစကပ်ဝတ် လုံမေပျိုများအား အာသာငမ်းငမ်းကြည့်၍ အလွယ်တကူနိုးကြားနိုင်သော ကိလေသာများအား မီးတောက်စေခြင်း…။

ရရှိနိုင်သည့်ခံစားမှု = ရင်တုန်ပန်းတုန်ဖြစ်ခြင်း၊ ရေငတ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ ထိုင်ရလိုထရမလို ကင်းမြီးကောက်ထောင်ရမလို မည်သည့်ဣရိယာပုဒ်ဖြင့်မျှ နေ၍မရသော ခံစားမှုများကို ရရှိစေချိမ့်မည်။

(၂) သောတာရုံဖြင့် အလွမ်းဓာတ်ခံကို နှိုးဆွပါ။

ရွာ့ကျက်သရေဆောင် အဆိုပါရမီရှင် ဖြူဖြူကြာညောင်၏ ရင်နင့်ဖွယ်သီချင်းများကို နှလုံးသားအားပြု နားထောင်ပါ။ မျက်ရည်ခံရန် ခွက်တစ်ခွက်ပါအနားတွင်ဆောင်ထားသင့်လှပေ၏။

ရရှိနိုင်သည့်ခံစားမှု = ဖြူဖြူကြာညောင်၏ ညှို့အားပြုတ် (ပြင်းခြင်းထက်သာလွန်၍ ပြုတ်သည့်အဆင့်သို့ ရောက်သွား၏) Performance တို့ကြောင့် ရသ (၉) ပါးလုံး တစ်လုံးမကျန်ရရှိနိုင်သည်။ ၎င်း၏ နူးညံ့သိမ်မွေ့ လှစွာသော အသံပြာပြာကြောင့် အထူးသဖြင့် ပုရိသတို့ လိုအပ်သော ၀ီရရသခေါ် ရဲရင့်စွန့်စား၊ ယောက်ျားဘသားစိတ်ဓာတ်များ ဖွံ့ထွားလာတိုးတက်လာစေလိမ့်မည်။

(၃) နေ၀င်ရီသရောအချိန်တွင် သူရာမှီဝဲပါ။

သူရာ၏သဘောသဘာဝမှာ ခံစားချက်အား ပစ်စလတ်ခတ်တိုးပွားစေသည်ဟု ရာသီဘောဇနကျမ်းတွင် အတိအလင်းဆိုထား၏။ ကာလနှစ်ဆယ့်လေးပါးတွင်… နေ၀င်ရီသရောအချိန်သည် ဆွတ်ပျံဖွယ်ရာ ကောင်းလှကြောင်း မကြာမီကမှ တိမ်းပါးသွားသည့် ဂီတစာဆို Michael Jackson ၏ “စာဥ” (Sad Eve) လယ်သမားဘ၀တြာချင်းက သက်သေခံနေပေ၏။

ရရှိနိုင်သည့်ခံစားမှု = ငိုချင်လက်တို့ဖီလင်အား စွမ်းစွမ်းတမံခံစားရမည်။ သူရာမူးလျှင် စိတ်ဓာတ်မာကြောလှ ပါသည် ဆိုသူများလည်း မျက်ရည်တရစပ်ကျသည်ကို မြင်ဖူးသည်မဟုတ်တုံ့လော…။

(၄) ရသခံစားမှုကို နေ့စဉ်ဘ၀တွင် ပါးပါးနပ်နပ်တိုးချဲ့ပါ။

ခရီးသွားလျှင် ကိုယ်ပိုင်လှည်းဖြင့်မသွားဘဲ အများရွာသူသုံး “ဘတ်စ်လှည်း”ကို အသုံးပြုခြင်းမျိုး..။ သို့မှသာ နွားမြီးဆွဲ၍ စီးရရှာသော ကိုကိုကာလသားများ၊ နွားလည်ပင်းဖက်လိုက်ရရှာသော ကာလသမီးပျိုများ၊ လှည်းဝင်ရိုးပေါ်မှ ဘိုးဘိုးဘွားဘွားများကို မြင်တွေ့ပြီး သင်၏ ဂရုဏာအင်ပါယာကို နေမ၀င်သည်အထိ ချဲ့ထွင်နိုင်ပေအံ့…။

ရရှိနိုင်သည့်ခံစားမှု = ရသကိုးပါးလုံးအား (၁၀) ထပ်ကိန်းမျှတင်၍ အားပါးတရ ခံစားနိုင်လိမ့်မည်။


အကယ်၍သင်သည် ခံစားချက်သေးသိမ်ကြုံလှီနေသူဖြစ်လျှင်၊ ခံစားချက်သွက်ချာပါဒလိုက်နေသူဖြစ်လျှင်၊ ခံစားချက်တုံ့ဆိုင်းနေသူဖြစ်လျှင်၊ ခံစားချက်မပီပြင်သူဖြစ်လျှင်…….. အထက်ပါနည်းတစ်နည်းနည်း (သို့) အားလုံးပေါင်းဖြင့် ကုစားပါက မြေကြီးခေါင်းစိုက်မလွဲ (သေရည်မူးသော် ပထ၀ီမြေကြီးသို့ ဦးခေါင်း စိုက်ကျတတ်၏) ဟန်ကျပေလိမ့်မည်။ နည်းပေါင်း (၃) သန်းခန့် ကျွန်ုပ်တွင်ကျန်သေးသော်ငြား အချိန်ကို ငဲ့ကွက်သောအားဖြင့် တင်ပေးရန်မဖြစ်နိုင်တော့ချေ။ ဤနည်း (၄) ပါးအားဖြင့်သော်မှ နေရာမကျခဲ့လျှင် သင်၏နှလုံးသားမှာ ရွာသူကြီး၏နှလုံးသားကဲ့သို့… ခံစားတတ်သော Function မပါရှိသည်ဖြစ်၍ နှလုံးအစားထိုးကုသရန်သာ ရှိတော့ခြင်းကြောင့် ဆေးဆရာကြီး ဒေါက်တာဇီဝက (MBBS) ဆီသို့သွားရန်သာ အကြံပြုလိုက်ရခြေသည်တမုံ့…။

(မှတ်ချက်။ ကျေးရွာသူကြီး ဦးရွှေသီးမှာ Operation လုပ်ရန်အတွက်ပင် သူရဲဘောနည်းလှသောကြောင့် နှလုံးအစားထိုးချင် သော်ငြား ဗျာများနေသည့်သကာလ… မူရင်း အလုပ်မလုပ်သောနှလုံးကြီးနှင့်ပင် ယနေ့တိုင်အောင် ရှိနေသေး၏။ ရွာသားများ ကံဆိုးလှချေသည်တကား…။)

(သတိ။ ကျေးရွာသူကြီး၏အမည်အား တောင်တောင်အီအီ အတွေးမပလီရ..)

Comments

  1. စာတွေကို မသဲကွဲလို့ select လုပ်ပြီး ဖတ်သွားတယ်။ရယ်လိုက်ရတာ :D

    ReplyDelete
  2. ခုလိုဂရုတစိုက်ဖတ်ပေးတာ ကျေးဇူး။း)

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...