Skip to main content

♥ အသောက်ပျက်သော ဗရောက်ဗရက်ညနေ

ဗရောက်ဗရက်ဆိုသည်မှာ ဂယောက်ဂယက်၏ ညီဖြစ်ပါသည်။ ညီမအငယ်ဆုံးလေး ကတောက်ကဆတ် ရှိသေးသော်လည်း ယခုတလော သူမသည် အားနည်းပြီး နေထိုင်မကောင်းဖြစ်နေသဖြင့် ဘယ်သူ့ကိုမှ ကက်ကက်လန်ရန်မတွေ့နိုင်ဘဲ အိပ်ယာထဲ ဘုန်းဘုန်းလဲနေရှာသည်။ စိတ်ချမ်းသာစရာ ကောင်းပေစွ...။ သူတို့သည် ဆြာတေ၏ စိတ်သန္တာန်ဝယ်မှီတင်းနေထိုင်ကြကုန်သော ခံစားချက် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ယခုအခါတွင် ဗရောက်ဗရက်သည် အသောက်ပျက်သည့်ညနေများကို စိတ်ဆိုးမာန်ဆိုး ရင်ဆိုင်နေရသည့်သမယဖြစ်၍ ပျောက်ချက်သားကောင်းနေသော ၀ီစကီကို အီစီကလီတမ်းတနေသံများ ဖြစ်ပါသည်။ သူတို့မှာ မရှက်အားဘဲ လက်ယားနေသော စာဆိုများဖြစ်သဖြင့် ထိုညီအစ်ကိုမောင်နှမတစ်စု၏ စာတိုပေစများအား စပ်ကြားစပ်ကြားတင် ဖြစ်ပါမည်။

ပုံ ◄ ဆြာတေ ►
ဥက္ကဌ - အပြည်ပြည်ဆိုင်ရာ အသပြာမွဲသော မယကာဘဲများအသင်းကြီး

ခေတ္တ- ဥရုဝေလတောတွင်းတစ်နေရာ
တောင်စွယ်နေကွယ်ချိန်

ဒီအချိန်ရောက်ရင် စိတ်တွေချောက်ခြားလာတယ်။ ဆေးရမယ့် ပန်းကန်ခွက်ယောက်တွေ၊ ချက်ရမယ့်ထမင်းအိုး၊ ကြက်ဥတစ်လုံးကို ရက်ရက်စက်စက် ခွပ်ခနဲဖောက်ရမယ့် စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဒယ်အိုးဟာ သယ်ပိုးဖို့မဖြစ်နိုင် လောက်အောင်ကို လေးလံနေတယ်၊ ဆီထုပ်ကိုဖောက်ပြီး ပုလင်းထဲထည့်ရတာ... လက်တုန်တတ်သူရဲ့ အနုပညာမဟုတ်ဘူး၊ ဂက်စ်မီးဖိုဟာ ဖက်ပြီးငိုချင်စရာကောင်းလောက်အောင် လွမ်းမောဖွယ်ကောင်းတယ်... တဲ့တယ် တဲ့တယ် ♫♫♫
◄ ဆြာတေ► အိမ်ရှင်မဘ၀ ညဉ်းချင်း

မသောက်ရလို့ အပေါက်ဝကို ကမောက်ကမချောင်းကြည့်နေတဲ့ အခြောက်မဖြစ်လုဆဲဆဲ အကောင်ပါ... တစ်ယောက်မှ ပေါက်ချမလာနဲ့နော် နောက်မှ ငါ့အဆိုးမဆိုနဲ့ ... စောက်... အာ...ဒီကာရံတွေ ရိုင်းလိုက်တာ... ဂလု.... ♥

ဆရာ့ကို ဆရာလာမလုပ်နဲ့ ဆရာလည်း ဆရာ့ ဆရာတွေကို ဆရာမလုပ်ခဲ့ဘူး ဆရာ့ကို ဆရာလုပ်တာလည်း ဆရာမကြိုက်ဘူး ဆရာ့ကို ဆရာလုပ်ချင်ရင် ဆရာ့ထက် ဆရာဖြစ်အောင် ဆရာ့ဆရာတွေစီမှာ ဆရာဖြစ်သင်တန်း သွားတက် ... ♥

တပည့်ကို တပည့်ဆိုပြီး တပည့်ဆန်ဆန်ဆက်ဆံလိုက်တာလားဗျာ၊ တပည့်လည်း တပည့်တွေထဲမှာ အတော်ဆုံးတပည့်ပါ၊ တပည့်မှ တပည့်မခံရင် တပည့်မရှိတော့မှာစိုးလို့ တပည့်ခံနေတာပါ၊ တပည့်လေးကို တပည့်စာရင်းထဲမှာ အားအထားရဆုံးတပည့်အဖြစ် ထားပေးပါ၊ ♥

ကိုယ့်ဘာကိုယ် လျှောက်ရေးပြီးတင်ပါတယ်...၊ ကိုယ့်ဘာကိုယ် Comment ပြန်ပေးပါတယ်။ ကိုယ့်ဘာကိုယ် အဆင်ပြေနေပါတယ်။ အားကောင်းတဲ့ ကိုယ်ပိုင် Network လေးတည်ဆောက်ချင်လို့ ဘီလ်ဂိတ်၊ ဟစ်တလာ၊ ကပ်စထရို၊ ချီခွေဗားရား၊ လီနင်၊ မော်၊ ကာ့လ်မာ့စ်၊ ဆတ်၊ ကမူး... လိုလိုမယ်မယ်... မာရီလင်မွန်ရိုး...၊ သူတို့ရဲ့ Gmail Address လေးတွေ ရှိရင် မစကြပါ။ ♥

အရှက်သည်းပြီး မဆက်ဘဲထားလိုက်ဦးမယ် ဂလွတ်.... ဂလွတ်.... ဂလွတ် ♫♫♫
(ရေသောက်သံသာ ဖြစ်ပါသည်။ ရေသောက်သံဆိုး မဟုတ်ပါ)

Comments

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...