Skip to main content

ဂယောက်ဂယက်များမှတ်စု (၂)

တော်လှချည်လားချီးကျူးလို့လည်း လက်မ,မထောင်ဘူး၊ ညံ့လှချည်လားရှုတ်ချလည်း လက်ခလယ် မထောင်ဘူး….။ ကျွန်တော် အလယ်အလတ်လမ်းစဉ်လိုက်တယ်လို့လည်း လက်သီးဆုပ်ပြီး မကြွေးကြော်ဘူး… ကဲ ...... ဘာကျန်သေးလဲ…၊ ဘာမှမကျန်ဘူး…၊ ဘာအကြံမှမရှိတဲ့ ငတုံး…။ (မှတ်ချက်။ “ငတုံး” ဟူသောနေရာတွင် အားရပါးရ အာလုတ်သံဖြင့်ထွက်၍ ဖတ်ပါ....)

အသေခံ ဗုံးခွဲသူများအနေဖြင့် HIV Negative ဖြစ်ရမည်ဖြစ်ပြီး၊ အသည်းရောင်အသားဝါ (B) ပိုး၊ Tuberculosis ၊ ပွေးဝဲညှင်းရောဂါတို့ ကင်းရှင်းကြောင်း သက်သေခံနိုင်ရန် Medical Check Up လုပ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားရန် အိုစမာဘင်လာဒင် ဘာကြောင့် မေ့လျော့ခဲ့သည်ဆိုသည်ကို စောကြောရန်လိုပေသည်ဟု သွေးကင်ဆာရောဂါဖြင့် သေအံဆဲဆဲ အစွန်းရောက်တစ်ဦးကြောင့် လူပေါင်း (၁၅၀) သေဆုံးခဲ့ရသော ဗုံးခွဲတိုက်ခိုက်မှုအပြီး သတင်းများတွင် ထုတ်ပြန်သည်။ ထိုနေ့က အိုစမာဘင်လာဒင် နှာစေးနေခဲ့ကြောင်းကိုမူ မည်သူတစ်ဦး တစ်ယောက်မှ မသိရှိလိုက်ခဲ့ကြ။

ရင့်ကျက်ခြင်းနှင့် ရင်ကြပ်ခြင်း အဆက်အစပ်ရှိမရှိ ကျွန်တော် မသိပါ။ သို့သော် ရင့်ကျက်ချင်ယောင်ဆောင်ခြင်း အလုပ်ကတော့ အတော်အသက်ရှူကြပ်သည်ဟု ခံစားရသဖြင့် ရှောင်ရှားခဲ့ပါသည်။ မူးယစ်ခြင်းနှင့် ယစ်မူးခြင်း ဘယ်သင်းစည်းစိမ်ပိုရှိသလဲ ကျွန်တော် မဝေခွဲတတ်ပါ။ မူးယစ်သောက်စားခြင်းသည် ဘုရားမကြိုက်နတ်မကြိုက် အလုပ်တစ်ခုဖြစ်ကြောင်းတော့ ကျွန်တော့် Boss က ဆုံးမဖူးပါသည်။ ဖဲရိုက်ခြင်းကို အဘယ်ကြောင့် အားကစားစာရင်းထဲ မထည့်ခဲ့ကြောင်း ကျွန်တော်စောကြောရန် မလိုပါ။ ဆင်ဖမ်းမယ်ကျားဖမ်းမယ်၊ တီကောင်ဖမ်းပြီး ငါးမျှားမယ် ဆိုနေသူများကိုလည်း ဝေဖန်ရန်မရှိပါ။ “အမဲလိုက်ခြင်း” သည် လူ့ “ယဉ်ကျေးမှု” ၏ ရှေးအကျဆုံး လုပ်ငန်းဆောင်တာ တစ်ရပ်သာဖြစ်ပါသည်။ ခင်ဗျားက အလကားကောင်ဟု ကျွန်တော့်ကို ပြောလျှင်လည်း ကျွန်တော်ခံရပါမည်။ ခင်ဗျားကတော့ အလယ်ကောင်ကားနေတယ်ဟု ပြန်လည်ထိုးနှက်ရန် ဆန္ဒမရှိပါ။ ပါးစပ်က ကြာနီကန်၊ လက်က အာမီရမ် (Army Rum) ဆိုသူများကို ကျွန်တော်မမြင်ဖူးပါ။ ကြာနီကန်တရား နားထောင်ရလောက်တဲ့အထိ ကျွန်တော် ဟာသကိုမကြိုက်သောကြောင့် ဖြစ်နိုင်သလို ရေကိုစစ်သောက်ခြင်းမှ ရှောင်ရှားသည်အထိ စစ်တပ်နှင့်ကင်းအောင် နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဤနေရာတွင် ခင်ဗျားက ကျွန်တော့ထက် နှာတစ်ဖျားသာသွားခြင်းသည် နှာခေါင်းပိုချွန်သောကြောင့် ဖြစ်မည်လား ခန့်မှန်းရန် တရုတ်စပ်ပီပီ မျက်စိပေါက်ကျဉ်းသောကြောင့် အမြင်ကျဉ်းသဖြင့် ကျွန်တော် မရှုမြင်တတ်ပါ။ အခု ကျွန်တော်ရေးနေတာတွေကို အကျိုးမရှိတဲ့စာတွေလို့ ခင်ဗျားသတ်မှတ်မယ်ဆိုရင် ခင်ဗျားဟာ အမှန်တရားကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သော လူတစ်ယောက်ဖြစ်မည်ဟု ကျွန်တော် ထင်သည်။ ထိုသို့ ထင်ခြင်းသည်လည်း ကျွန်တော့်အမှားများစွာထဲမှ အမှားတစ်ခုသာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

အကယ်၍ ယန်းပေါဆတ်၏စာအုပ် ဘယ်နှစ်အုပ် ဖတ်ဖူးပါသလဲဟု တစ်စုံတစ်ယောက်ကများ ရဲရဲဝံ၀ံမေးလာခဲ့လျှင် ကျွန်တော်ချောင်ပိတ်မိဖို့ သေချာနေသည်။ ကျွန်တော် ဖတ်ဖူးသမျှ ယန်းပေါဆတ်စာအုပ်များမှာ သူမသေမီက ရေးသားခဲ့သော စာအုပ်များသာ ဖြစ်ပါသည်။

မနက်ဖြန်နေထွက်မှာတောင် မသေချာဘူးဆိုတဲ့ ခံယူချက်နဲ့ ဒီနေ့ထွက်နေတဲ့ နေမင်းကြီးကို မထီမဲ့မြင်ပြုခဲ့တာ ချွေးကိုရွှဲရော… အဲဒီတစ်ညလုံးပေါ့…။

သတ်မှတ်ရက်အမှီပို့ရမှာမဟုတ်တဲ့ (Deadline မရှိတဲ့)၊ ဘယ်သူမှဖတ်မှာမဟုတ်တဲ့ စာတွေကို တက်သုတ်ရိုက်ရေး၊ သြစတြေးလျသွားဖို့ကျတော့ Form ဖြည့်ရမှာတောင် ပျင်းနေတယ်…။ မင်းဘာကောင်လဲ…။ ဘာကောင်မှမဟုတ်ဘူး… ကြောင်တောင်တောင်ကောင်…။

ခုတလော ဖတ်ဖြစ်နေတာက… ၊ ခုတလော နားထောင်ဖြစ်နေတဲ့သီချင်းက…၊ ခုတလော ကြိုက်နေမိတဲ့ကဗျာက…၊ ခုတလော စိတ်ထဲမှာဖြစ်ပေါ်နေတာက…၊ ခုတလော ခံစားနေရတာက …. ခုတလော…. လွမ်းနေမိတာက ခုတလော ….. ခုတလော …. သေချာတာက ခုတလော ခင်ဗျားလည်း ကျွန်တော်မရေးဖြစ်ခဲ့တဲ့ အဲဒီ ခုတလော…တွေကို ဖတ်မိလိမ့်မယ်မထင်ဘူး…. ဟုတ်တယ်ဟုတ်….။

အရှင်ဆန္ဒာဓိက ဖမ်းဆီးထိန်းသိမ်းခံရသည်။ ဒေါသတရား ပွားများသည်။ သတင်းဖြန့်ဝေသည်။ သတင်းကို ပြန်လည် ဆန်းစစ်သည်။ ခိုင်လုံမှန်ကန်သော သတင်းဖြစ်သည်။ သို့သော် သင်၏ အာရုံ (Perception) တွင်ထင်ဟပ်နေသော နိုင်ငံကျော်တရားဟောဆရာတော် အရှင်ဆန္ဒာဓိကတော့ မဟုတ်။ အခြားတစ်ပါးသော အရှင်ဆန္ဒာဓိကသာဖြစ်သည်။ ဒေါသက ဟတ်ကော့ကြီးဖြစ်သွားသည်။ ထွက်ရမလို ပြန်ဝင်ရလို ဟိုယောင်ယောင်ဒီယောင်ယောင် အူကြောင်ကျား ဒေါသဖြစ်သွားသည်။ (လိပ်ခဲတည်းလည်းဟု မသုံးချင်တာနှင့် အတော်ပါပဲ။ ထိုစာလုံးပေါင်းကို ကျွန်တော်မပေါင်းတတ်ပါ) စံမမီသည့် ဒေါသ၊ ဂုဏ်ကျက်သရေမရှိသည့် ဒေါသ၊ တိုလီမုတ်စဒေါသ၊ ဒေါသအတုအယောင်… ဆီမပူခင်ထည့်လိုက်မိတဲ့ ကြက်ဥတစ်လုံးလို… ပျော့စိစိဒေါသ…။ လူတစ်ယောက်၏ “ကျော်ကြားမှု” အကြောင်း ဆောင်းပါးရေးရန် ထိုနေ့က ကြံကြံဖန်ဖန် ရှာဖွေတွေ့ရှိခဲ့ပါသည်။ သို့သော် ထိုဆောင်းပါးသည် ထင်ရှားကျော်ကြားလိမ့်မည် မဟုတ်ဟု အင်တာနက်သတင်းများတွင် ဟိုးလေးတကြော်ကြော် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်…။

ယဉ်ကျေးမှုတော်လှန်ရေးဆင်နွဲခဲ့သည့် စိတ်ဓာတ်ပြတ်သားလှပါသည် ဆိုသော ကွန်မြူနစ် အဓိပဓိကြီး မော်စီတုန်းမှာ အဘယ်ကြောင့် ဆေးလိပ်မဖြတ်နိုင်ခဲ့သနည်း။

နားထောင်ရသော ရေဒီယိုသတင်းတွင် “သည်းခံပါရှင်” ဟု (၁၃) ခါ တိတိ ပါရှိကြောင်း သတိပြုမိခဲ့သည့်နေ့က သောကြာနေ့မဟုတ် သော်လည်း ကျွန်တော် ကံဆိုးခဲ့ပါသည်။

ခက်ခဲသောပြဿနာများကို အရိုးဆုံးနည်း (Simple Thinking) ဖြင့် စဉ်းစားရန် သူများတွေကို ဆရာလုပ်ခဲ့မိပါသည်။ သို့သော် အချိုမှုန့်ကို အင်္ဂလိပ်လို မည်ကဲ့သို့ မေးဝယ်ရမည်မှန်း ခေါင်းအငွေ့ပျံအောင် စဉ်းစား နေခဲ့ပြီး အဖြေမှန်မှာ အာချီနိုမိုတို ဖြစ်ကြောင်း နှောင်းမှ ပြန်လည် ကြားသိရပါသည်။ ကိုယ့်ဦးနှောက်ကို... အချိုမှုန့်ဖြင့်နယ်ပြီး ကြော်စား သင့်ကြောင်း ထိုဦးနှောက်မှပင် အဆိုပါနေ့က စဉ်းစားတွက်ချက်ပေး ခဲ့ပါသည်။

◘ တေဇာ ◘

Comments

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...