Skip to main content

လူနှစ်ယောက်နှင့် စကားကြီး (၁၀) မျိုး

ကိုအာကာ: ကိုတေ burma -Vj ကြည့်ပြီးပလား

tazar: nope

ကိုအာကာ: rapid နဲ့ လင့်ခ်တွေတော့ ရှိတယ် ဆွဲမလား

tazar: ဆွဲကြည့်မယ်လေ.......... ဘာများလဲမသိဘူး

ကိုအာကာ: http://rapidshare.com/files/...blah blah blah.../

tazar: tkz ........ 65 years remaining တဲ့ .... စောင့်ရမှာလား

ကိုအာကာ: account မရှိဘူးလား

tazar: ပရိမီယမ်အခေါင်းလား... မရှိဘူး

tazar: link က ဒေါင်းလို့မရဘူး အယ်ရာပြနေတယ် ထားလိုက်ပါတော့ ကျေးဇူးပဲအစ်ကို .... ။

ကိုအာကာ: ဟုတ်ပြီး လေ ကျွန်တော် convert လုပ်ပြီးရင် send လိုက်မယ်

tazar: အာ... နေပါ့စေ... အားနာစရာကြီး..... (ဟန်လုပ်)

ကိုအာကာ: ဟုတ်ကဲ့ ဒါဆိုလဲ ပြီးတာပါပဲလေ (ရုပ်တည်)

tazar: လွယ်မှပို့လိုက်ပါ.... တကူးတကတော့ မလုပ်ပါနဲ့ (လူပေါ်လူဇော်လုပ်)

ကိုအာကာ: အဲ့ဒီလောက် ကထိကထ များတဲ့ အလုပ်မျိုးဆို ကြုံရင်တော့ လုပ်ဖြစ်ပါတယ် ဒါပေမယ့် ကြုံခဲပါတယ် (ဆင်ဝှေ့ ရန်ရှောင်)

tazar: ကြုံခဲပေမဲ့ ကြုံလာရင်တော့ လုပ်မှာမဟုတ်လားဟင် (ရေစီးဖောင်ဆန်)

ကိုအာကာ: သြော် ကိုတေဇာ လိုအပ်ရင်တော့ လုပ်ဖြစ်မှာပါ (အိုးတန် ဆန်ခပ်)

tazar: ဟိုဆော့ဝဲ၊ ဟိုသီချင်း၊ ဟိုပရိုဂရမ် အဲဒါတွေလည်း ပေးဦးနော် (ရေကူးညာတင်...)

ကိုအာကာ: စိတ်ချ အစီအစဉ် ရှိပါတယ် လိုအပ်တယ်ဆိုရင်ပေါ့ (ကြက်ဆုတ် ခွပ်ပြစ်)

tazar: ကိုအာကာလုပ်ရင် ဖြစ်မှာပါ.. ကျွန်တော်ယုံတယ်... (ကောက်ပင်ရိတ်လှီး)

ကိုအာကာ: ကျွန်တော်တကယ် လုပ်ချင်ရင် ဖြစ်တယ်ဆိုတာ ကိုတေဇာတောင် သတိထားမိနေပြီ နော် (ခပ်တင်မောင်းနင်း) :))

tazar: ကိုအာကာ ခုလို ရှည်ရှည်ဝေးဝေးပြောနေတဲ့နောက်တော့ တကယ်ပို့ပေးတော့မှာပေါ့နော် (ရေစစ်ပမာ)

ကိုအာကာ: ဟုတ်ကဲ့ အချိန်လဲ ရမယ် စက်ပိုင်းဆိုင်ရာ လဲ ကောင်းမွန်နေမယ် ဆိုရင် ကိုတေဇာ အတွက် ရည်ရွယ်ပြီး လုပ်ဖြစ်မှာပါ (တောင်သူ ယာခုတ်)

tazar: အမငိ ...... သေရော
နောက်ဆုံးတစ်ခုမှ ကိုယ့်အလှည့်လာကျတယ်...၊ (ခေတ္တမျှ မန်မိုရီကို အသည်းအသန်အလုပ်ပေးနေသည်...)
အခုလို ပို့ပေးမယ်ပြောလို့... ကျေးဇူးတင်ပါတယ်ခင်ဗျာ (ဆီပွတ်ကျည်ပွေ့)


စကားကြီးဆယ်မျိုး

စကားကြီး ၁၀-မျိုး။ ။ စကားပြောထုံးနည်း ဥပဒေကြီးဆယ်မျိုးဟူလို။

(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့
““မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။””

(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍
တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ ““သူဆိုသောစကား
မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။””

(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန်္ဒ ရှိသမျှသောအရာဝတ္ထုတို့ကို ဖေါင်တွင်တင်၍
ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ်္စပြီးသကဲ့သို့ ““ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်း
ဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။””

(၄) အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့
““ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။””

(၅) ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍
မိမိလိုဘတ်ကိစ်္စပြီးသကဲ့သို့ ““လိုရာကိစ်္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။””

(၆) ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌
ပြေးလွှဲကာနေရသကဲ့သို့““ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။””

(၇) တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာ
မြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီး
တို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ ““စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။””

(၈) ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့
““သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။””

(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူ
လိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ ““သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။””

(၁၀) ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်း
လျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ ““ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျ
ပြောဆိုခြင်း။””

ဤ “စကားကြီး (၁၀) မျိုး” ကို ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာသာဘိဝံသ၏ “သုတေသန သရုပ်ပြအဘိဓာန်” မှ ထုတ်နုတ်တင်ပြပါသည်။

Comments

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...