`စိတ္တဇ ပန်း´
ညမှာပွင့်တဲ့ နေကြာ
ဘယ်အရပ်ဆီ မျက်နှာမူမလဲ
နေမင်းကြီးက ဘယ်မှာလဲ
အေးစက်စိမ်းကား [*] စွာ
ညနက်ကြီးမှာ
နေကြာတစ်ပွင့် သွက်သွက်ခါနေတယ်။
[*] Alienation သဘောကို ယူပါသည်။
`သောကဗေဒ´
သိပ်မတွေးချင်ပါဘူး
သို့သော်
သွေးမတိတ်တာလည်း အမှန်ပဲကွယ်
ဒဏ်ရာတွေဟာ အနီရဲရဲ။
`အရသာ´
ကြာကြာဝါးမှ ခါးမှန်းသိတာ
လျှာမှာ စွမ်းဆောင်ရည်လျော့နေလို့။
အူဝဲလို့ ခါးခါးသီးသီး စငိုခဲ့ကြတာ
အသက်ရှင်ကြောင်း သက်သေပြခြင်းမှအပ
အခြား ဘာအရသာကြောင့်ပါလိမ့်။
`မှားယွင်းသရုပ်ဆောင်များ´
ရေထဲမှာ ငှက်တစ်ကောင် ဘယ်လိုကူးမလဲ
လေထဲမှာ ငါးတစ်ကောင် ဘယ်လိုဝဲမလဲ
ခြွင်းချက်တွေ ဘေးဖယ်ထား…။
ကမ္ဘာမြေပေါ် လမ်းသလားတတ်ဖို့က
ဦးနှောက်ပျက်နေရုံနဲ့တင် လုံလောက်ခဲ့ကြပြီ။
`ကိုယ့်ဒုက္ခကိုယ် ရှာတွေ့ခြင်း´
ကိုယ့်ကိုယ်ကိုယ်
ယပ်ခပ်ရတာ
နှိပ်နယ်ရတာ
ဂလိထိုးရတာ
တစ်ခုမှ အရသာမပေါ်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာကျတော့မှ အဆင်လာပြေနေတယ်
သူ့ကိုပဲ ချစ်မိနေပါတယ်။
တေဇာ (လရောင်လမ်း)
ညမှာပွင့်တဲ့ နေကြာ
ဘယ်အရပ်ဆီ မျက်နှာမူမလဲ
နေမင်းကြီးက ဘယ်မှာလဲ
အေးစက်စိမ်းကား [*] စွာ
ညနက်ကြီးမှာ
နေကြာတစ်ပွင့် သွက်သွက်ခါနေတယ်။
[*] Alienation သဘောကို ယူပါသည်။
`သောကဗေဒ´
သိပ်မတွေးချင်ပါဘူး
သို့သော်
သွေးမတိတ်တာလည်း အမှန်ပဲကွယ်
ဒဏ်ရာတွေဟာ အနီရဲရဲ။
`အရသာ´
ကြာကြာဝါးမှ ခါးမှန်းသိတာ
လျှာမှာ စွမ်းဆောင်ရည်လျော့နေလို့။
အူဝဲလို့ ခါးခါးသီးသီး စငိုခဲ့ကြတာ
အသက်ရှင်ကြောင်း သက်သေပြခြင်းမှအပ
အခြား ဘာအရသာကြောင့်ပါလိမ့်။
`မှားယွင်းသရုပ်ဆောင်များ´
ရေထဲမှာ ငှက်တစ်ကောင် ဘယ်လိုကူးမလဲ
လေထဲမှာ ငါးတစ်ကောင် ဘယ်လိုဝဲမလဲ
ခြွင်းချက်တွေ ဘေးဖယ်ထား…။
ကမ္ဘာမြေပေါ် လမ်းသလားတတ်ဖို့က
ဦးနှောက်ပျက်နေရုံနဲ့တင် လုံလောက်ခဲ့ကြပြီ။
`ကိုယ့်ဒုက္ခကိုယ် ရှာတွေ့ခြင်း´
ကိုယ့်ကိုယ်ကိုယ်
ယပ်ခပ်ရတာ
နှိပ်နယ်ရတာ
ဂလိထိုးရတာ
တစ်ခုမှ အရသာမပေါ်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာကျတော့မှ အဆင်လာပြေနေတယ်
သူ့ကိုပဲ ချစ်မိနေပါတယ်။
တေဇာ (လရောင်လမ်း)
ကြိုက်၏
ReplyDeleteThis comment has been removed by the author.
ReplyDeletehow to tag yr poem " thaw ka bay da " only to my facebook" july-nyanlin" ? tks.
ReplyDeleteညမှာပွင့်တဲ့ နေကြာရေ။ ကိုယ့်ကိုယ်ကိုယ်သာ မျက်နှာမူတော့။
ReplyDelete