ခိုရန်းဂျိဘူတာကို ဆိုက်လာတဲ့ `ချို´လိုင်း အမြန်ရထားပေါ် တန်ဂို တက်ခဲ့တယ်။ ကားပေါ်မှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ဒီနေ့အတွက် သူ အစီအစဉ်ဆွဲထားတာ မရှိဘူး။ ဘယ်သွားသွား ဘာလုပ်လုပ် (ဒါမှမဟုတ် ဘာမှ မလုပ်ဘဲနေနေ) အကုန် သူ့စိတ်ကူးထဲမှာပဲ ရှိတယ်။ အချိန်က လေငြိမ်နေတဲ့ နွေနံနက်ခင်း ဆယ်နာရီ၊ နေက ခြစ်ခြစ်တောက် ဖြာကျနေတယ်။ ခရီးသည်တွေ ဆင်းတဲ့အချိန်မှာ တန်ဂိုလည်း အများနည်းတူ လိုက်ဆင်းခဲ့တယ်။ နောက်တော့ ခုံတန်းတစ်ခုမှာထိုင်ရင်း သူ ဘယ်ကိုသွားရကောင်းမလဲဆိုတာ တစ်ချက်စဉ်းစားတယ်။ ငါသွားချင်တဲ့နေရာ သွားလို့ရတယ်လို့ သူ့ကိုယ်သူ စိတ်ထဲက ပြောနေမိခဲ့တယ်။ ဒီနေ့တော့ ပူမယ့်ပုံပဲ၊ ပင်လယ်ကမ်းစပ်ကိုသွားရင် ကောင်းမယ်လို့ သူတွေးမိခဲ့တယ်။ ခေါင်းမော့ပြီးတော့ လမ်းညွှန်မြေပုံကို သူကြည့်ခဲ့တယ်။ ဒီအချိန်မှာပဲ သူဘာတွေလုပ်နေမိသလဲဆိုတာ သူ့ကိုယ်သူ ပြန်သတိပြုမိခဲ့တာ။ ခေါင်းကို တစ်ကြိမ်နှစ်ကြိမ်ယမ်းပစ်လိုက်ပေမယ့် သူ့ခေါင်းထဲကအတွေးကတော့ လွင့်မသွားဘူး။ ခိုရန်းဂျိကနေ `ချို´လိုင်း ရထားပေါ်တက်လာကတည်းသူ သူ့မသိစိတ်ကနေ ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်ပါလိမ့်မယ်။ သက်ပြင်းတစ်ချက်ရှိုက်ပြီး ခုံတန်းပေါ်က သူ ထလိုက်တယ်။ နောက်တော့ ချီကုရကိုသွားမယ့် အမြန်ဆုံး ခရီးစဥ
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။