Skip to main content

ဟာလိုအကျိုးဆက်ဖြင့် မိုင်ကုန်ပြေးခြင်း

ဟာလိုအကျိုးဆက်ဖြင့် မိုင်ကုန်ပြေးခြင်း 
(The Halo Effect in Overdrive)

လူတို့သည် တခြားလူများအပေါ် ရှုမြင်ရာတွင် “အားလုံးကောင်း၊ အားလုံးဆိုး” ဟူ၍ လုံးလုံးလျားလျားသာ ရှုမြင်တတ်ကြောင်း ကာလအတန်ကြာ ကတည်းက သိရှိခဲ့ရသည်။ ၎င်းကို “ဟာလိုအကျိုးဆက်” ဟု ခေါ်ဆိုနိုင်ပါ လိမ့်မည်။ ဟာလိုအကျိုးဆက်တွင် ၀ိသေသလက္ခဏာရပ် တစ်ခုခု (အပြုသဘော၊ အပျက်သဘော) သည် ကျန်သည့်အရာများ အားလုံးကို ကျော်လွန်ဖုံးကွယ် ပစ်လိုက်ပြီး မိမိလိုလားရာ ဦးတည်ချက်တွင်သာ ကျွန်တော်တို့၏ အာရုံသိမှုကို ဘက်လိုက်ပစ်လိုက် တတ်ပေသည်။ ဥပမာများသည် နားဝင်မချိုလှ သော်လည်း ၎င်းကိုပင် “မိစ္ဆာဂျို” သို့မဟုတ် “ထွန်ခြစ်သက်ရောက်မှု” (Pitchfork Effect) ဟု ခေါ်ဆိုနိုင်ပေလိမ့်မည်။

ပါဝင်ကူညီပေးသူများကို ဆက်စပ်မှုမရှိသည့် အမြင်အမျိုးမျိုးမှနေ၍ အဆင့်သတ်မှတ်ပေးရန် မေးမြန်းထားချက်များအရ (Rating ပေးခြင်းကိုဆိုလိုသည်) ထိုအကျိုးဆက်ကို စာရင်းဇယားကျကျ သိရှိရပါသည်။ ဤကဲ့သို့ ကွဲပြားသောအမြင်များမှ အဆင့်သတ်မှတ်ပေးမှုများ စာရင်းတွင် မြင့်မားသော ဆက်နွယ်မှု (Correlation) သို့မဟုတ် တူညီမှု အတော်များများရှိကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် နှစ်ဆယ်ရာစုက သွန်းဒိုက် (Thorndike) ခင်းကျင်းပြသခဲ့သော စစ်တပ်အရာရှိတစ်ဦး၏ ကြံ့ခိုင်မှု၊ ဉာဏ်ရည်၊ ခေါင်းဆောင်မှုနှင့် ကိုယ်ကျင့်တရားအပေါ် တပ်သားများ၏ အဆင့်သတ်မှတ်ပေးပုံကို ကြည့်ရှုနိုင်ပေသည်။ ထိုတွေ့ရှိချက်ကို အခြားသောစမ်းသူမှုများကလည်း ပုံစံတူ စမ်းသပ်တိုးချဲ့ခဲ့ပြီး ဖြစ်သည်။

ဘ၀၏ အလှည့်အပြောင်းတစ်ခုခု၊ ဥပမာ “သေခြင်းတရား” ပဲ ဆိုကြပါစို့။ ထိုသို့သောအချိန်မျိုးတွင် ဟာလိုအကျိုးဆက်သည် သတ်သတ်မှတ်မှတ်ဖြစ်ပေါ်လာဟန် ရှိပါသည်။ ဤသည်မှာ လူတစ်ယောက် သေဆုံးသွားသောအချိန်တွင် ၎င်းတို့အပေါ်တွင်ထားသော ကျွန်တော်တို့၏သဘောထားမှာ နောက်ဆုံး ထွက်သက်၏ရောင်စဉ်ကို လုံးလုံးလျားလျားရှေးရှု၍ အတော်လေး ပြောင်းလဲသွားလေ့ရှိသည်။ သက်ရှိထင်ရှားလူများကို ယေဘုယျအားဖြင့် အဆိုးပြောဖို့ကိစ္စမှာ မဆန်းလှသော်လည်းသွားလေ သူတို့အပေါ် သွားပုတ်လေလွင့်ပြောဖို့ရာ အတွက်တော့ တစ်ကြောင်းတစ်ဂါထာ ယဉ်ကျေးမှုများတွင်တောင် ခဲယဉ်းပါလိမ့်မည်။ လူတစ်ယောက်သည် တကယ့်ဘ၀တွင် မည်မျှပင် ဆိုးသွမ်းနေပါစေ၊ အသက်ရှင်သန် နေမှုက သူ၏ကောင်းကွက်များကို ပါးလျသွားစေမည်သာဖြစ်ပြီး သွားလေသူများအဖို့ မည်မျှပင် အရေးမပါသူ ဖြစ်စေကာမူ နှုတ်ဆက်ထွက်ခွာသွားသော ရှင်သန်မှုတစ်ခု၏ ဂုဏ်သိက္ခာတစ်ခုခု နောက်ဆုံးလက်ဆောင် ထည့်ပေးလိုက်ပုံပေါ်သည်။ ထို့ကြောင့်ပင် လူတို့သည် တစ်ဦးတစ်ယောက်၏ ပုဂ္ဂလိကဘ၀ကို ၀င်ရောက်ကြည့်ရှုရာ၌ ရှင်သန်နေချိန်တွင် လုံးလုံးလျားလျား အဆိုး၊ သေဆုံးသွားသောအခါ “သူတော်စင်” တစ်ဦးသဖွယ် ပြောင်းလဲရှုမြင်လိုက်သော ဖြစ်စဉ်ကို ဖော်ညွှန်းသည့် “ဟာလိုအကျိုးဆက်”ကို ချဲ့ထွင် စဉ်းစားလိုက်လျှင် ဥပမေယပုံရိပ်များရောကြိုထားသည့် စာပေဆိုင်ရာပြစ်မှုတစ်ခုကို ကျွန်တော်တို့ ကျူးလွန်ရာရောက်ပါသည်။ (ဒီလိုပြောမိလို့လည်း မစိုးရိမ်ပါဘူး။ ဒီအတွက် ကျွန်တော်သေသွားတဲ့ အခါကျရင်လည်း ခင်ဗျား အပြစ်တင်တော့မယ်မထင်ပါဘူး)

ဥပမာအားဖြင့် မိုက်ကယ်ဂျက်ဆင်ကို ကြည့်ပါ။ သူ၏သေဆုံးမှုက ကျယ်ပြန့်သော မီဒီယာထုကြီးတစ်ခုလုံး၏ ဂီတနှင့်ပတ်သက်သည့် ဗီဒီယိုထုတ်လုပ်ပုံနည်းလမ်းကို ပြောင်းလဲစေခဲ့သူအဖြစ်နှင့်ရော ပေါ့ပ်ဘုရင်ဆိုသော သရဖူကိုပါ ပြန်လည်ရရှိစေခဲ့သည်။ သူ၏ အစောပိုင်းကာလများ၏ ကြိုးစားဆောင်ရွက်များသည် သတင်းမဟုတ် ခဲ့သော်လည်း ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာမတော်မတရားပြုကျင့်သည်ဟူသော စွပ်စွဲချက်များနှင့် မူမမှန် ဘ၀နေမှုပုံသဏ္ဍာန်လွန်ကဲလာမှုတို့ဖြင့် သူ၏ နောက်ပိုင်းကာလများမှာ လုံးလုံးလျားလျားနီးပါး အရိပ်ထိုးနေ ခဲ့သည်။ သူ့ကို ပေါ့ပ်ဘုရင်ဟု ချစ်ခင်လေးစွာခေါ်ညွှန်းခြင်း ပြုလာခဲ့သည်မှာ “၀က်ကိုဂျက်ကို” (Wacko Jacko) ဟု စော်ကားခေါ်ဆိုခြင်းမပြုခင် နှစ်ပေါင်းများစွာ ကြာကထဲကဖြစ်သည်။ သူ၏နောက်ဆုံးခရီးကို ရှေ့ဆောင်နေသည့် အငြင်းပွားဖွယ် ၀န်းရံနေသော အမှတ်တံဆိပ်များကို ပေးရလျှင် ဒုက္ခရောပြွန်းနေသည့် အနိမ့်များနှင့် အောင်မြင်မှုအလံလွှင့်ထူခဲ့သော အမြင့်ဟူသည့်ေ၀၀ါးဝါးနမူနာများသည် သူ့ဘ၀ကို အတိအကျတိုင်းတာ နိုင်သော စံများ မဟုတ်ကြပါ။ ရှင်းရှင်းလင်းလင်းပြောရလျှင် ဤပို့စ်မော်ဒန်ဆန်သော ဆုံးဖြတ်ချက်များဖြင့် သူ့ကို အပြစ်ရှိကြောင်း အဆုံးအဖြတ်ပေးဖို့မဟုတ်သလို အပြစ်ကင်းကြောင်း အရောင်တင်ပေးဖို့လည်း မဟုတ်ပါ။ ကျွန်တော်တို့ အနေဖြင့် ဤဖြစ်ရပ်ကို စိတ်ဝင်စားဖွယ်ရာတစ်ခုအနေဖြင့်သာ တွေ့ရှိရခြင်းဖြစ်ပြီး သေဆုံးသော အချိန်တွင် လူများကို အဘယ်ကြောင့် “ဟာဟို” ဖြင့် ဆုံးဖြတ်ကြသလဲဆိုသည့်အကြောင်းရင်းသည် တွေးတောစရာ ချန်ထားရစ်ခဲ့သောကြောင့် ဖြစ်သည်။ တစ်ခါတရံ စကားပုံဆန်ဆန်စကားတွေတောင် ပြုလုပ်ပြီး သူတို့၏ ဘ၀ကို ထောက်တိုင်ပြုပေးတတ်ကြပါသည်။ လူတစ်ယောက်၏ ရယူအောင်မြင်မှုများကဲ့သို့ အမှားများမှ တစ်ဆင့်လည်း ကျွန်တော်တို့အတွက် သင်ယူစရာအများအပြား ရှိသည်သာ မဟုတ်ပါလား။

သို့ဆိုလျှင် ကျွန်တော်တို့ မီဒီယာများကို အပြစ်တင်ရပါမည်လား။ မဖြစ်နိုင်ပါ။ အကြောင်းမှာ ပထမတစ်ချက် အနေဖြင့် မီဒီယာများမှာ လူအများဝယ်ယူချင်သော အချက်အလက်ကိုသာ ရောင်းခြင်းဖြစ်သည်ဟူသော အမြင်ကို ခံယူထားရန် ကျွန်တော်တို့ ရှေးရှုပါသည်။ ဒုတိယအချက်မှာ ဤဟာလိုအကျိုးဆက်သည် မိုက်ကယ်ဂျက်ဆင်နှင့် သူ၏သေဆုံးမှုနောက်ပိုင်း လူထု၏သူ့အပေါ်မြင်သော ရုပ်ပုံလွှာဟူသည့် အချိန်ကိုက် နမူနာများမှသာ ဆွဲထုတ်ယူထားခြင်း မဟုတ်သောကြောင့်ဖြစ်ပေသည်။ လူအတော်များများသည် မည်မျှပင် တိကျမှုရှိသည်ဖြစ်စေ ကွယ်လွန်ပြီးသူတစ်ယောက်ကို ရည်ညွှန်းသော မကောင်းသည့်နှုတ်ထွက်စကား ပြောကြားဖို့နောက်တွန့်ပြီး စိတ်မသက်သာဖြစ်လေ့ရှိကြောင်း ကျွန်တော်တို့ စောင့်ကြည့်လေ့လာခဲ့ပြီး ဖြစ်ပါသည်။ လူတစ်ယောက်သည် ဤသို့ ခပ်ရွှင်ရွှင်မှတ်ချက်ချပါလိမ့်မည်။ “သေပြီးတဲ့လူအပေါ်တော့ မကောင်းမပြော ချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်သေတဲ့အခါကျရင်လည်း ကျွန်တော်ချစ်တဲ့လူတွေက ဒီလိုမျိုးအမှတ်ရနေမယ့်အဖြစ်ကို မလိုလားဘူး” ဤ ကံကံ၏အကျိုး ရှင်းလင်းချက်သည် စင်စစ် ကျွန်တော်တို့၏ သူတော်ကောင်းစကား ယုံကြည်ချက်မှသာ ထွက်ပေါ်လာခြင်းဖြစ်ခဲ့လျှင် အသက်ရှင် နေသူများကိုလည်း အပေါင်းလက္ခဏာစကားများသာ ကျွန်တော်တို့အနေဖြင့် ပြောကြားသင့်ပေသည်။ (အသက်ရှင်နေချိန်တွင်လည်း မည်သူမှမကောင်းပြောတာ မခံချင်ကြဘူးမဟုတ်လား) သို့သော် ဤသို့ပြောကြားကြပုံ မရပါ။ ထို့ကြောင့် အပြောင်းအလဲ ဖြစ်ပေါ်စေသော ခလုတ်သည် ဘာပါလဲ။ အဘယ်ကြောင့် ကျွန်တော်တို့သည် ခေတ်ပြိုင်များအပေါ်တွင် မကောင်းသတင်းနှင့် အတင်းအဖျင်းစကားများ ပြောဖို့လွယ်ကူကြပြီး (လွန်ခဲ့သောနှစ်များကမှ မီဒီယာအများအပြားမှ မိုက်ကယ်၏ဂုဏ်သတင်းကို အကြီးအကျယ် အပုပ်ချခဲ့သည်) ဤသည်လည်း ရှေ့မဆက်နိုင်တော့သော အမှတ်တစ်ခုတွင် အဘယ် ကြောင့် ရပ်သွားရပါသလဲ…။ (အခုတော့ မိုက်ကယ်သည် ကျွန်တော်တို့၏ အချစ်တော် ပြန်ဖြစ်ခဲ့သည် မဟုတ်လား)

ဤ ဟာလိုအကျိုးဆက်သည် ကျွန်တော်တို့ဘိုးဘေးဘီဘင်များ၏ အထူးသဖြင့် ပုံရိပ်ယောင်ဂုဏ်အင်ကို ထင်ဟပ်စေတဲ့ လူသားဂုဏ်ရည်ဆိုင်ရာအမှားများမှ ခေတ်သစ်လူမှုရေးကိန်းရှင်များသို့ အဓိပ္ပာယ်လွဲမှားစွာ ဆင်းသက်လာသော တိမ်းညွှတ်မှုတစ်ခုသာဖြစ်သည်ဟု ကျွန်တော်တို့ သတ်မှတ်ပါမည်။ သေဆုံးသူ တစ်ယောက်၏ နာမည်ကို ရွတ်ဆိုသောအခါ၌ ဘုရားမဲ့ဝါဒီတစ်ယောက်ကတောင် “ငြိမ်းချမ်းစွာ အနားယူပါ” ဟူ၍ ရေရွတ်ပေလိမ့်မည်။ ထို့ပြင် ၎င်းနှင့်ပတ်သက်၍ မကောင်းသတင်းတစ်ခုခုပြောမိခဲ့လျှင် “ပြောမှားဆိုမှား ရှိရင်လည်း ခွင့်လွှတ်ပါ။ ပြန်လာပြီး မပြုစားပါနဲ့” ဟု တစ်နည်းအဓိပ္ပာယ်သက်ရောက်နေပေသည်။ ဤသည်မှာ လူတို့သည် သဘောဝလွန်ဖြစ်တည်မှု (Supernatural) များကို ဘုရားနှုတ်ကပါဋ်တော်သကဲ့သို့ ယုံကြည်ရန် အလေးသာသောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ကျွန်တော်တို့သည် ကောင်းကင်ဘုံရောက် သွားမသွားမသေချာခဲ့လျှင်တောင် ဘ၀ခြားသွားသူများကို တည်ရှိနေသေးသည်ဟု ပင်ကိုယ်စိတ်ဖြင့် ယုံကြည်နေခဲ့၍ ဖြစ်ပေသည်။ (များသောအားဖြင့်တော့ သေချာမည်မထင်ပါ)

လွန်ခဲ့သောနှစ်သန်းပေါင်းများစွာထဲက မီချာဗီလီယန်က လူတစ်စုဆီမှ ဆင့်ကဲပြောင်းလဲလာခဲ့သော အခြား သူများ၏ ယုံကြည်မှု၊ ဆန္ဒနှင့် ရည်ရွယ်ချက်တွေကို ထည့်သွင်းစဉ်းစားသော ရိုးရာအသိပညာဘက်လိုက်မှု တစ်ခုဖြစ်ပါသည်။ သက်ရှိများသည် ကြားနိုင်ပြီး သက်မဲ့များသည် မကြားနိုင်ဆိုသည်ကို လူတိုင်းသိပါသည်။ ထို့ကြောင့် ဘက်လိုက်မှုမှ လွတ်ကင်းသောစိတ်တစ်ခုသည် အသက်ရှင်နေသောလူများကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းမှ ရှောင်ရှားသင့်သလို ကွယ်လွန်ပြီးသူတို့ကိုလည်း အပြစ်တင်ဖို့ရာ စိုးရွံ့မနေသင့်ပေ။ မိမိတို့အပေါ် ပြောကြားသော မကောင်းသတင်းကို လူသေများထက် လူရှင်များကသာ ပိုမိုကြားသိနိုင်မည်ဖြစ်ကြောင်း ကျိုးကြောင်းတကျစဉ်းစားနိုင်ပါသည်။ အခြားတစ်ဘက်တွင်လည်း အဖြစ်အပျက်များမှ ထွက်ပေါ်လာမည့် အကျိုးဆက်ကို ခန့်မှန်းနိုင်သောလူများ အကျိုးဖြစ်ထွန်းသည့် ပတ်ဝန်းကျင်နှင့် အခြားသူများ၏ ဦးတည်ချက်နှင့် ပန်းတိုင်တို့မှာေ၀၀ါးသောကိစ္စများအကြောင်း သုံးသပ်ရာတွင် သတိရှိမှုမျက်နှာစာ၌ မှားဖို့သာများတတ်ကြောင်း ယူဆတတ်သည့် စိတ်တစ်ခု ရှိပါလိမ့်မည်။ (သေတာဘာနဲ့တူမှန်း ကျွန်တော်တို့ မသိပါ။ ထို့ကြောင့် နောက်ဘ၀၌ရှိသော လူများ၏ စိတ်ကိုေ၀၀ါးဝါးမှန်းဆရန်သာ တတ်နိုင်ပေလိမ့်မည်) ဥပမာအားဖြင့် လှုပ်ရှားမှုမရှိသည့် သတ္တ၀ါတစ်ကောင်နှင့်ကြုံတွေ့ရသော် လူတစ်ယောက်သည် သေနေခြင်းမဟုတ်ဘဲ အိပ်နေခြင်းဟုသာ များသောအားဖြင့် အစဦးယူဆတတ်ကြပေသည်။ လှုပ်ရှားမှု မရှိသော အကောင်ကြီးကြီးတိရိစ္ဆာန်ကို သေနေသည်ဟု ယူဆခြင်းမှာ မှားသွားခဲ့လျှင် လက်တစ်ဖက်ကိစ္စ ဖြစ်သွားနိုင်သည်။ “တုတ်ကလေးဖြင့် တို့ကြည့် ခြင်းသည်” ဆင့်ကဲဖြစ်ပေါ်လာသော ဘက်လိုက်မှုများမှ မွေးဖွားလာသည့် ဖြစ်စဉ်တစ်ရပ်သာဖြစ်ကြောင်း ကျွန်တော်တို့ အဆိုပြုခဲ့ပြီးပါပြီ။ သေဆုံးသွားချိန်တွင် ဇီဝဗေဒနှင့် စိတ္တဗေဒလုပ်ဆောင်ချက်တို့ ရပ်ဆိုင်းသွားကြောင်း နားမလည်ခင်အချိန်က လူတို့သည် (ကျွန်တော်တို့ ဘိုးဘေးဘီဘင်များ) အိပ်ပျော်နေသော ခြင်္သေ့ကြီးအစားခံရမည့်အဖြစ်လောက်မဆိုးသည့် ဖြစ်ရပ်တစ်ခုလောက်တော့ ရှိကောင်းရှိနိုင်သည်ဟု ယူဆခဲ့ကြ ပါလိမ့်မည်။ ဤ ဦးတည်ချက်ကိုယ်စားပြုမှုနှင့် အကြောင်းရင်းသို့ရှေးရှုသော ဘက်လိုက်မှုသည် ဘုရားသခင်၏စကားကို ကျွန်တော်တို့ မည်သို့ဆိုက်ရောက် သနည်းသာဖြစ်သည်ဟု အခြားနေရာများတွင်လည်း ငြင်းခုံခဲ့ကြဖူးပါသည်။ ကျွန်တော်တို့အနေဖြင့် ဤဘက်လိုက်မှုမှာ သေဆုံးသောသူများအပေါ်ထားရှိသော “ဟာလိုအကျိုးဆက်” ကြောင့်သာ ဖြစ်ရခြင်းဟု ပြောလိုပါသည်။ (“သေပန်းပွင့်”သောကိစ္စမှာ သေသွားသူများက ကျွန်တော်တို့၏ ချီးမွမ်းသံများကို ကြားနိုင်မည်ဆိုလျှင်တော့ လွဲနေပြီဟု ပြောနိုင်ချင်မှ ပြောနိုင်ပါလိမ့်မည်)

ဟစ်တလာနှင့် ဆက်ဒမ်ဟူစိန်တို့ကဲ့သို့ နာမည်ဆိုးဖြင့်ကျော်ကြားသောလူများလည်း ခြွင်းချက်အနေဖြင့် ရှိနိုင်ပါသည်။ ဤသည်မှာ လူများကိုရှုမြင်ရာတွင် ခြုံငုံသုံးသပ်တတ်သော ကျွန်တော်တို့၏ အလေ့အကျင့် ကြောင့်ပဲ ဖြစ်ဟန်တူသည်။ လူတစ်ယောက်သည် ဤနေရာတွင်ရှိနေစဉ်တွင် “ဟာလို” အနည်းအကျဉ်းရှိနေခဲ့လျှင် တစ်ချိန်ကထိုသူတို့၏ ရွှေထီးဆောင်းခဲ့ခြင်းများကို ဖွင့်ဟပြောဆိုပြီး ကျွန်တော်တို့၏ ချစ်လှစွာသော ခွဲခွာသွားသူကြီးများ ဖြစ်လာကြပါလိမ့်မည်။ ဤသို့သော ဥပမေယျများကို ရုန့်ရင်းစွာ ပေါင်းစပ်ဖို့ မဖြစ်နိုင်ပါ။ ဤသည်မှာ လူ့သဘာဝနှင့် ကျွန်တော်တို့၏ ပုဂ္ဂလဓိဌာန်ကျမှု တစ်ခုခုမှ ရောင်ပြန်ဟပ်သော “သမိုင်း၏ ကြင်နာမှု” ဖြစ်နိုင်ပါသည်။ အယူသည်းမှုတော့ ဟုတ်ပုံမရပါ။ သို့မဟုတ် လူသားတစ်ယောက်ဖြစ်ရခြင်းတွင် ကောင်းသောလက္ခဏာရှိသည့် မှတ်ချက်တစ်ခုခုတော့ ထိုက်တန်ကြောင်း နှင့် သေဆုံးသောအခါတွင် ကောင်းချီးထောပနာပြုခံရဖို့ နီးစပ်ခြင်းဟူသောအချက်မှသာ ရောင်ပြန်ဟပ်ခြင်း ဖြစ်နိုင်ပါသည်။

◄ တေဇာ ►
Source: Halo Effect in Overdrive

Comments

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...