Skip to main content

အတိုးဆုံး ကဗျာများ (၃)


“မော်ဒန်”

ပန်းချီကားအား
အဓိပ္ပာယ်မေးမြန်းခြင်း သည်းခံပါ
ကဗျာအား
စကားပြေပြန်ခြင်း သည်းခံပါ
ဖြစ်နိုင်ရင်ဗျာ
ကိုယ့်ကိုယ်ကိုယ်တောင် 
မိတ်မဆက်ပါရစေနဲ့။

“ညီညွတ်ရေး”

အတူတူမတွေးသော်လည်း အတွေးတွေ တူနေကြ
ဤစနစ်အောက်မှ လွတ်မြောက်ဖို့။
ခြားနားခြင်းတွေကို
အတူထိုင်တွေးဖို့အတွက် ကျတော့မှ ... ။

“မောက်မာမှု”

ရိုးသားရုံနဲ့ မပြီးသေးဘူး
သိုးဆန်ဆန်မျက်နှာပေး ရှိဖို့လည်းလိုတယ်
မယုံဘူးမဟုတ်လား
ဒီစကားလုံးတွေကိုယ်နှိုက်မှာ 
ကေသရာဇာလေပါသွားပြီကိုး။

“အမှန်”

သူတို့ရဲ့ ယုံကြည်ယူဆချက်တွေကို ပြောင်းလဲဖို့
လူတွေဟာ ခက်ခဲလွန်းတယ်တဲ့
လူမှုစိတ်ပညာရှင်တွေက ညည်းညူကြတယ်
ဟုတ်လည်း ဟုတ်တယ်
ယနေ့တိုင် သူတို့ မမှိတ်မသုန် ညည်းညူနေကြဆဲပဲလေ။

“ကော်”

စကားဝှက်ဆိုတာ
အဓိပ္ပာယ်ပေါ်သွားရင်
သင့်အတွက် စိတ်ဝင်စားစရာ မကောင်းတော့ဘူး
သူ (မ) ကို နားမလည်ချင်စမ်းပါနဲ့။

◄ တေဇာ ►

Comments

  1. ဒီအတိုးဆုံးတွေကိုလည်း တိတ်တိတ်ဆိတ်ဆိတ်စဉ်းစဉ်းစားစားဖတ်သွားတယ်။ကျေးဇူးပါဗျား။

    ReplyDelete
  2. ဆန်းဆန်းလေးတွေ...။ ကဗျာ ခေါင်းစဉ် ပေးပုံလေးတွေက ။ ဘယ်လို ပြောရမလဲ ဆို...။ ည အိပ်ယာ ဝင်ခါနီး ခြင်ထောင် အမိုးကို ကြည့်ရင်း ကိုယ့်ဘာသာ ငြည်းနေတဲ့ အသံလေးတွေ။ သူများတွေ ကြားပြီး လန့်နိုးကုန်ကြမှာလည်း စိုးရတယ်...။
    ဒါပေမယ့် ကမ္ဘာမြေပေါ်မှာ အသက်ရှင်နေတယ် ဆိုတဲ့ လူတယောက်က အဲသလို အသံညှင်းညှင်းလေးတွေကို အသေအချာကို တိုးတိုးလေး ငြည်းဆို နေခဲ့တယ်...ကြားတချက် မကြားတချက်ပဲ..ဗျ။။။ ဟတ်ဟတ်

    ReplyDelete
  3. ဒီတခါတော့ အတော် ကြိုက်မိတယ်။
    ကဗျာလို့ မထင်ဘဲ ခေါင်းစဉ်ကို အနက်ဖွင့်နေသလိုပဲ။

    ReplyDelete
  4. ခြူးခက်နွယ်May 8, 2010 at 4:55 PM

    တော်လိုက်တာ
    စဉ်းစားတတ်တယ်နော်
    အားပေးနေမယ်

    ReplyDelete

Post a Comment