Skip to main content

“ကျွန်တော့်ပြတိုက်ထဲက အံ့သြစရာတွေ”

ခွေး ကြောင် ငါး ငှက်တွေ မျိုးတုန်းသွားတဲ့ခေတ်မှာ
လူကလေးတစ်ကောင် မွေးမြူခဲ့ပါတယ်
ပြုစုယုယချစ်ခင်လို့။

ခွေး ကြောင် ငါး ငှက်တွေ မျိုးတုန်းသွားတဲ့ခေတ်မှာ
သူကကျွန်တော့်ကို မွေးမြူခဲ့တယ်
ပြုစုယုယချစ်ခင်လို့။

ခုနေအခါမှာ
ခွေး ကြောင် ငါး ငှက်တွေ ရှင်သန်ဆဲပဲ
ကိုယ့်ကိုယ်ကိုယ်သာ ပိုးမွေးသလို မွေးနေခဲ့တယ်။

အိမ်မွေးတိရိစ္ဆာန်ဆန်ဆန် နှောင်ကြိုးတစ်ခု
မလိုအပ်တဲ့နောက်
ပြတိုက်ထဲတခမ်းတနား ထည့်ထားတဲ့
လှောင်အိမ်တွေ လည်ပတ်တွေ ဖန်ရေကန်လေးတွေကို
ကျွန်တော့်မှာ တအံ့တသြ ငေးမိဆဲ။

ငှက်ကလေးတွေကို
ချစ်လို့ကို မမွေးမြူခဲ့တာပါကွယ်။

◄ တေဇာ ►

Comments

  1. ပြတိုက်ထဲ အသာလေးဝင်ကြည့်သွားတယ်ဗျာ။

    ReplyDelete
  2. လူတစ်ကောင်မွေးထားတယ်ပေါ့... :p

    ပြတိုက်ထဲ ထည့်ထွားပြီး ပြစားဦးမယ်... ဟိဟိ

    ReplyDelete
  3. ကိုယ့်ကိုယ်ကို ပြတိုက်ထဲရောက်နေသလားလို့တောင်
    စဉ်းစားသွားမိတယ်..။

    ReplyDelete
  4. လာလည်သွားပါတယ်သူငယ်ချင်းရယ်
    တွေ့ကြုံဆုံကြ
    ဘုံဘ၀မှာ
    သံသရာမိတ်ဆွေ
    ဖြစ်ရလေတော့
    အဖြူရောင်နှလုးံသား
    အပြုးံများနဲ့
    ထာဝရပဲ
    ခင်မင်နေမယ်
    သူငယ်ချင်းရယ်........။
    လရောင်လွမ်း(လမ်းပြကြယ်)

    ReplyDelete

Post a Comment