Skip to main content

အတိုးဆုံး ကဗျာများ (၁၂)

 
“လိပ်ပြာ”

ကျန်းမာရေးဟာ အရေးကြီးလှပါတယ်
ဒါထက်တောင်
သေဖို့အရေးက ပိုကြီးနေသေးတယ်
အံ့ဘနန်းခဏလေးမှာ
အနာဂတ်ဟာ အနက်နဲ့ကာထားတယ်။

“ပိုင်နက်”

မြေခွေးမက ရိသဲ့သဲ့မေးတယ်
တစ်ကောင်တည်းလားတဲ့
ခြင်္သေ့မက ခပ်ငေါက်ငေါက်ဖြေတယ်
ဒါပေမဲ့ ခြင်္သေ့။
တောထဲမှာ ဖြစ်နေတာပါ။

“အုံဖွ”

ရေပြင်ညီမျဉ်းဟာ
အားယူပြီး ထ, နေရှာတယ်
မလွယ်ပါဘူးကွယ်
ကိုယ်တို့ကပဲ (သူ့ကို)
ကိုးဆယ်ဒီဂရီလှည့် ကြည့်ပေးလိုက်ကြရအောင်။

“ရွတ်ဖတ်သရဇယ်ခြင်း”

အရေအတွက်ထက်
အရည်အချင်းက ပိုအရေးကြီးတယ်လို့
ကြိမ်ဖန်များစွာ ကြားခဲ့ရပါတယ်
နားမ၀င်တာတော့လည်း 
တစ်ပိုင်းပေါ့လေ။

“အစားထိုးခြင်း”

ပန်းလေးတွ ၀တ်မှုန်ကူးဖို့
ပိုးမွှားအတုတွေ ဖန်တီးထားတယ်
ပန်းလေးတွေ ကြွေဖို့ရော
သင်္ခါရကို အနားပေးမလား။

◄ တေဇာ ►

Comments

  1. ကဗျာလေးတွေက တိုပေမယ့် ထိတယ် တေဇာ
    တီကတော့ ခြင်္သေ့မဖြေတာ ကိုသဘောကျတယ်
    မာန်ကိုတွေ့ရတယ်

    နောက်ဆုံး ကဗျာ လေးကို ကြည့်ပြီး ဝတ်ရန်စုပ်ငှက်လေးကိုသတိရသွားတယ်

    ReplyDelete
  2. ကဗျာလေးတွေက ဟိုက္ကူတွေမဟုတ်ပေမဲ့
    ဟိုက္ကူ လိုပဲခံစားရတယ်
    အတွေးတွေပေးတယ်
    မိုက်တယ်
    များများရေး

    ReplyDelete

Post a Comment