Skip to main content

အတိုးဆုံး ကဗျာများ (၁၄)


“မောင်ပိုနဲ့ကျား”

အရင်က ကျွန်တော် ဒီနေရာမှာဗျာ
သူ့ကို ဒီလို တံခါးပိတ်ထားတယ်
ဂျိပ်။
ဒါပဲ... ပြီးပြီပေါ့
အရင်က တို့ရဲ့နေရာဟာ။

“ည”

တရေးနိုးချိန်တွေဆိုရင် ကျွန်တော့်မှာ
ရုတ်တရက် အံ့သြ၀မ်းသာ သွားမိရတယ်
တရေးနိုးလို့လေ။
လမင်းဟာ ဘွားကနဲသာနေတယ်
အအိပ်ဆတ်သူတွေ အတွက်။
ညကို တရစပ် အိပ်မမက်လိုက်ပါနဲ့။

“မသိခြင်းများ”

ရေသောက်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ခဏ
ရေဆာခြင်း ဝေဒနာ ရလာတယ်
ချစ်မယ်လို့ ဆုံးဖြတ်မိခဲ့တာ
မသိလိုက်ဖာသာပါပဲ
ငါ့အတွက် ပါးလျလွန်းခဲ့တယ်။

“အလွဲ”

ပွတ်ကာသီကာ လွဲရတယ်ဆိုတာ
နှိပ်စက်ပြီးမှ သတ်တာနဲ့တူတယ်
ဒါပေမဲ့
မလွဲမသွေ လွဲရတဲ့အခါကျတော့လည်း
သွေးအေးအေး သေလိုက်ရသလိုပါပဲ
ကဲ.. ကိုယ်တို့
လွယ်လွယ်နဲ့ လွဲလိုက်ကြရအောင်။

“ဘ၀တဏှာ”

သေရမှာ မကြောက်သူ
အသက်တော့ လုရှူနေသေးတယ်
ဂုဏ်ယူစရာလားကွဲ့
ငါ့အတွက်ငါတောင် အသက်မပေးနိုင်ပါဘူး။

◄ တေဇာ ►

Comments