Skip to main content

အတိုးဆုံး ကဗျာများ (၁၃)


“အသံများ”

ရောင်စုံမီးပန်းများ ၀င်းကနဲဖွာသွားတယ်
“ဖောက်”
သူနောက်ကျလေခြင်း။
ငါပေါက်ကွဲခဲ့တဲ့ အဓိပ္ပာယ်တွေ
အနာဂတ်မှာ မြည်နေပါစေ။

“ဟာကွက်”

နောက်ကျောဓားနဲ့အထိုး မခံချင်လို့
နံရံမှာ ကပ်ထားတယ်
ဘာရမလဲ
ဘာမှမရပါဘူး
ဘယ်မှကို သွားလို့မရတာပဲ။

“ဆုလာဘ်”

ဘ၀ဟာ မာရသွန်ပွဲပါ
ဝင်မပြိုင်တာ ကောင်းပါတယ်
ရောဂါသည်ပါ ပေါ့လေ
မရတဲ့အဆုံး
ပြုံးပြုံးကြီး ပြေးတယ်
ပွဲပြီးရင် ဘာပေးမလဲကွယ်တဲ့။

“ ထုချေလွှာ”

ကာယကံရှင် မသာကြီးက
ထ, မကန့်ကွက်ပါဘူး
အုတ်ဂူကို တံတွေးနဲ့ ထွေးလို့လေ။
ဆွေမျိုးရောင်းရင်းတွေကတော့ ကန့်ကွက်မှာပေါ့
ကာယကံရှင်မှ မဟုတ်သေးဘဲလေ။

“မာစတာပိ့စ်”

ကျွန်တော်သေသွားတာ
ပါဖောမန့် အနုပညာပါ
တစ်ချို့များ ငိုလားရယ်လား ဖြစ်ရတဲ့အထိ
ဂန္ဓ၀င်မြောက် ထွက်ခွာခဲ့တယ်
မသိမ်ငယ်ကြပါနဲ့ကွဲ့။

◄ တေဇာ ►

Comments

  1. လန်းတယ် ကိုယ့်လူ။ တိုးတိုးတိတိပဲ။

    ReplyDelete
  2. မာစတာ ပိ့စ်က ပြန်ပြော နေတာပါလား......။ ဂန္ဓဝင်မြောက်လို့ ဘာလို့ ပြောနိုင်ရတာလဲ....း)

    ReplyDelete
  3. အသက်ဆိုတာ ခက်ခက်ခဲခဲ ရုန်းကန်ပြီး ထွက်ရတာမျိုးလေ။ အဲဒီတော့ ဂန္ဓ၀င်မြောက်သွားတယ် ထင်တာပဲ။
    ကျွန်တော် သေလိုက်ပါဦးမယ် တာ့တာ လို့ ပေါ့ပေါ့လေးဆိုပြီး ဒိုးသွားလို့ရတာမျိုးမှ မဟုတ်တာ။ ယေဘုယျကို ပြောတာပါ။ ဆော့ခရိတ္တိတွေဘာတွေ ပါမလာနဲ့။း)
    အော် ရှင်းပြနေမိပြန်ပြီ။ ဘာမှမဟုတ်တော့ဘူးဗျာ ကဲ..။

    ReplyDelete
  4. အောင်မလေး ငတေ
    ရှည်ရှည်ဝေးဝေးတွေ ပြောနေသေးတယ်
    သေစရာရှိတာ သေလိုက်
    ၁) အုတ်ဂူ ကိုတံတွေးနဲ့ လာထွေးမယ်
    ၂) အလောင်းကို ဖောက်မယ်
    ၃) ကျောက်ဖရားမြစ်ထဲ ကန်ချပလိုက်မယ်
    ဒါပဲ

    ကဗျာ လာဘတ်လိုပရပီ
    တင်တင်တုံ

    ReplyDelete
  5. အသက်ဆိုတာ ခက်ခက်ခဲခဲ ရုန်းကန်ပြီး ထွက်ရတာလို့ ဘယ်သူပြောတာလဲ..။ “ငါ့ တုန်းက အဲလို ခက်ခက်ခဲခဲ ထွက်ခဲ့တာဟေ့” လို့ လာပြောတဲ့သူ ရှိခဲ့ဖူးလို့လား..။


    မသိလိုက် မသိဖာသာ လို့လည်း ပြောလို့ မရဘူး..။ အဲ....ကျွန်းပေါ်က လူကြီး တွေးသလို ခင်ဗျားကိုယ်တိုင် အပျင်းပြေ သေကြည့်ဖို့ ကြိုးစား ကြည့်ပါလား...။း)

    တား...ဘာမှ ပြောဝူးနော်...။ တံခါးပိတ် ဂျိတ်....။။။။

    ReplyDelete

Post a Comment