Skip to main content

အယူသည်းခြင်း

အဆောင်လက်ဖွဲ့ကဲ့သို့ သာမန် အယူသည်းမှု များသည် အလိုအလျောက် စွမ်းရည် (Mortor) နှင့် သိမှုအရည်အသွေးအား တိုးတက်စေနိုင်သည်ဟု လက်တွေ့စမ်းသပ်မှုများက ဖော်ပြသည်။ ပရော်ဖက်ရှင်နယ် အားကစားသမားများမှာ အယူသည်းတတ် သူများထဲတွင် အပါအ၀င်ဖြစ်ပြီး၊ ဤသည်မှာ စက္ကန့်ပိုင်း အချိန်ကိုက်မှုများနှင့် ပတ်သက်နေရခြင်း၊ သို့မဟုတ် ကံကောင်းခြင်းဟု ယူဆစရာဖြစ်နေခြင်းတို့ကြောင့် ဖြစ်နိုင်ပေသည်။

လူသိများထင်ရှားသည့် အယူသည်းအပြုအမူရှိ အမေရိကန် အားကစားသမားများမှာ ပြိုင်ပွဲတွင် ရှပ်အင်္ကျီအနီရောင်ကိုသာ အမြဲတမ်းဝတ်ဆင်လေ့ရှိသည့် ဂေါက်သီးသမား “တိုက်ဂါးဝုဒ်” နှင့် အားကစားသမားဘ၀ သက်တမ်းတစ်လျှောက် တူညီသည့် အတွင်းခံအပြာရောင် တစ်ခုတည်းကိုသာ ၀တ်ဆင်ခဲ့သည့် ဘတ်စကတ်ဘောကစားသမား “မိုက်ကယ်ဂျော်ဒန်” တို့ ဖြစ်ကြသည်။ ကျွန်တော်တို့အနေဖြင့် ဤအပြုအမူများအား ဆီလျော်မှုမရှိဟု ယူဆချင်စရာ ဖြစ်သော်လည်း မိမိတို့ကိုယ်တိုင်လည်း အယူသည်းမှုများနှင့် ကျွမ်းဝင်နေနိုင်ပါသည်။ သို့ရာတွင် စိတ်ပညာသိပ္ပံ တွင် ပုံနှိပ်ဖော်ပြခဲ့သည့် လေ့လာမှုအသစ်တွင် ဤအယူသည်းမှုများမှာ အမှန်တကယ် အလုပ်ဖြစ်ခဲ့လျှင် မဆီလျော်ဟု ဆိုနိုင်ပါဦးမည်လားဟု မေးခွန်းထုတ်ခဲ့၏။

Damisch et al. (2010) က လက်အုပ်ချီခြင်း၊ သို့မဟုတ် အဆောင်လက်ဖွဲ့ အသုံးပြုခြင်းကဲ့သို့ သာမန် အယူသည်းမှုများသည် အလိုအလျောက် စွမ်းရည်နှင့် စိတ်တာဝန်များကို တိုးတက်စေသလား စောကြောကြည့်ခဲ့ရာ အဖြေမှာ အံအားသင့်စရာပင် ဟုတ်သည်ဟု ထွက်ခဲ့သည်။ ပထမ စမ်းသပ်မှုအနေဖြင့် “ကံကောင်းခြင်း”ဟု တံဆိပ်ရိုက်ထားသည့် စာသားပါ ဘောလုံးလေးများကို တစ်မီတာအကွာအဝေးသို့ ပစ်လွှတ်ရာတွင် စမ်းသပ်ခံ ၂၈ ယောက်သည် ၃၃% ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ (အမှတ် ၆.၄ မှတ်ရရှိပြီး ရိုးရိုးဘောလုံးဖြင့်လူများက ၄.၆ မှတ်သာ ရရှိသည်) ဆက်လက်ပြုလုပ်သည့် စမ်းသပ်မှုများတွင်မူ မှတ်ဉာဏ်နှင့် ပဟေဠိဖော်ခြင်း နှစ်မျိုးတွင် စမ်းသပ်ခံများ၏ အဆောင်လက်ဖွဲ့၏ သက်ရောက်မှုနှင့် ပတ်သက်၍ စစ်ဆေးခဲ့သည်။ ဤတွင်လည်း လက်ဖွဲ့အသုံးပြုသည့် စမ်းသပ်ခံများသည် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်။

ဤသို့ အယူသည်းမှုများက လုပ်ဆောင်ချက်များအား အဘယ်ကြောင့် တိုးတက်ကောင်းမွန်စေသည်ကို သိရှိရန် သုတေသီများအနေဖြင့် “ကိုယ်ရေးစွမ်းဆောင်ချက်” (Self-efficacy) [ Self-confident နှင့် အကြမ်းအားဖြင့် တူညီသည်] နှင့် ပန်းတိုင်ချမှတ်ခြင်းတို့ကို တိုင်းတာခဲ့ကြသည်။ တွေ့ရှိချက်အရ “အယူသည်းခြင်းက အသက်သွင်းပေး(လှုံ့ဆော်ပေး) လိုက်သည့် ကိုယ်ရေးစွမ်းဆောင်ချက် ပမာဏ မြင့်တက်လာခြင်းက ကိုယ်တိုင်၏ ပန်းတိုင်ချမှတ်ခြင်းကို မြင့်တက်စေပြီး (ဥပမာ- ဂုဏ်ထူးခြောက်ဘာသာ မှန်းခြင်းမျိုး-ဘာသာပြန်သူ-) ထိုအတွက် တာဝန်ကို ထမ်းဆောင်ရာတွင် ကြီးမားသည့် ဇွဲလုံ့လဆီသို့ ဦးတည်သွားစေသည်” ဟူ၍ ဖြစ်သည်။ အရှင်းဆုံးဆိုရလျှင် အဆောင်လက်ဖွဲ့များသည် လူတို့အား ရည်မှန်းချက် မြင့်မြင့်မှန်းရန် ယုံကြည်မှုကိုပေးပြီး ထိုရည်မှန်းချက်အပေါ်တွင် စွဲစွဲမြဲမြဲ ကြိုးစားနေရန် အားပေးကူညီခြင်းမျိုးပင် ဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ ယုံကြည်ချက်များမှာ ယိမ်းယိုင်လွယ်ပြီး အယူသည်းမှုတစ်ခုတွင် စိတ်တွင်းတင်းအား ပေါ်ထွက်လာစေရန် အားပေးသော အရာမျိုးတစ်ခုခု ရှိနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် အယူသည်းမှုများသည် ကျွန်တော်တို့အား ကြောက်မက်ဖွယ် ကစဥ့်ကလျားလောကြီးတွင် မိမိကိုယ်တိုင်၏ ထိန်းချုပ်နိုင်စွမ်းတစ်ခုကို စိတ်ကူးယဉ်ခွင့် ပေးထားခြင်းကြောင့်ပင် ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင် အယူသည်း အပြုမူများသည် သာမန်အားဖြင့် ကံကောင်းခြင်းများကို ဆောင်ကျဉ်းလာတတ်ခြင်း ဖြစ်နိုင်ပါသည်။ အယူသည်းခြင်းကြောင့် တစ်ခါတစ်ရံ အလုပ်ဖြစ်ပါသည်။

◄ တေဇာ ►

Comments

  1. ကိုယ်တွေက ဒါမျိုး နည်းအောင် ကျင့်ယူထားတော့လည်း တစ်ပန်းရှုံးတယ်လို့ ပြောရမှာပေါ့လေ.. :)

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others