Skip to main content

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင်
အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်…
။
(ကျော်ဟိန်း)

အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခုဆီသို့ သူ့အား မောင်နှင်ထားခဲ့သည်။



လူငယ်ဘ၀ဟူသည့် သူ၏ တက်ကြွထက်သန်သော ကာလအစိတ်အပိုင်းတစ်ရပ်သည် အချိန်ကြောင့် တမြေ့မြေ့ အရှိန်ကုန်ဆုံးသွားခြင်း မဟုတ်ဘဲ သူ မလွန်ဆန်နိုင်သည့် ပယောဂတစ်ခုကြောင့် ကြေမွပျက်စီးခဲ့ရသည်ဆိုလျှင် ထိုအရာအား သူ မုန်းတီးရန် အကြောင်းရင်း လုံလောက်လိမ့်မည် ဖြစ်သည်။ အရာရာတွင် လေးနက်နေခြင်းသည် လက်နှေးခြင်းတစ်မျိုးသာဖြစ်ကြောင်း သူ သိရှိခဲ့ချိန်တွင် သူ၏ ပေါ့ပါးလတ်ဆတ်သော ငယ်ရွယ်နုပျိုမှုများ ကုန်ဆုံးသွားခဲ့ရပြီဖြစ်သည်။ ငယ်ရွယ်သူတို့၏ စိတ်ကစားသော အတွေးများ၊ မိုက်ရူးရဲအပြုအမူများအား မြည်းစမ်းကြည့်ခွင့်ပင် မရလိုက်ဘဲ သူ အိုမင်းရင့်ရော်လာခဲ့ရသည်။ ထိုင်းမှိုင်းလေးလံသော ကလေးတစ်ယောက်အဖြစ်မှ၊ ပျင်းရိငြီးငွေ့ဖွယ် လူကြီးတစ်ယောက်အဖြစ်သို့ တစ်စစ အသွင်ကူးပြောင်းလာခဲ့သည်။ သူက လက်ဖ၀ါးအား နေရောင်တွင် ထောင်ကြည့်လိုက်သည်။ ထို့နောက် ဉာဏ်လမ်းကြောင်းအား ကန့်လန့်ဖြတ်နေသော ဂမ္ဘီရကြက်ခြေဆိုသည့် အရာအား မုန်းတီးစွာ စိုက်ကြည့်နေခဲ့သည်။ မည်သူ ထွန်းညှိထားခဲ့မှန်း မသိရသည့် နေရောင်အောက်တွင် မည်သူ ရေးခြစ်ထားခဲ့မှန်း မသိရသည့် ကြက်ခြေခတ်တစ်ခုကြောင့် သူက ယခုချိန်တွင် အဘယ်ကြောင့် ပူလောင်ခံစားနေရပါသနည်း။ အရင်လိုပင် အဖြေမရှိသော မေးခွန်းများဖြင့်သာ သူ့ဘ၀သည် အကျဉ်းချထားခြင်း ခံနေရသည်။

ထို အိပ်မက်ဆန်သော အချိန်၊ နေရာတစ်ခုတွင် ထိုသူနှင့် သူ ဆုံတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။ ထိုသူက သူ့လက်ဖ၀ါးပြင်မှ ကြက်ခြေခတ်အား အရောင်တဖျပ်ဖျပ် လင်းလက်နေသော မျက်လုံးများဖြင့် အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင် ထိုသူနှင့် သူ မျက်လုံးချင်းဆုံသွားသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးညိုညိုများနှင့် ထိုသူ၏ တောက်ပသော မျက်လုံးနက်နက်များသည် တစ်ခုကိုတစ်ခု စိုက်ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတွင် ထိုသူ့ထံမှ ဆွဲငင်အားတစ်မျိုး ကိန်းအောင်းနေသည့် အသံ စတင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ထိုသူ၏ စကားလုံးများကြား သူကိုယ်တိုင် တစ်စစ နစ်မြှုပ်ပျောက်ကွယ် သွားသကဲ့သို့ ရှိသည်။

ခင်ဗျားက ဂမ္ဘီရကြက်ခြေ ပိုင်ရှင်ကိုး။ အလွန်ရှားပါးတဲ့ ရတနာကို ပိုင်ဆိုင်ထားတဲ့သူပဲ။ ကျွန်တော့်တစ်သက်မှာ ဂမ္ဘီရကြက်ခြေကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်ခွင့်ရတာပဲ။ ခင်ဗျားကို ကြည့်ရတာ ဂမ္ဘီရကြက်ခြေရဲ့ တန်ဖိုးကို နားလည်ပုံမရဘူး။ ဒီတော့ ကျွန်တော် နည်းနည်း ရှင်းပြချင်တယ်။ ဂမ္ဘီရကြက်ခြေဟာ လူတစ်ထောင်မှာတစ်ယောက် ပိုင်ဆိုင်ခဲလှတဲ့ ရှားပါးရတနာတစ်ခုပဲ။ သူ့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ စွမ်းအားတွေ ကိန်းဝပ်နေတယ်။ ဒါပေမဲ့ လောကီစွမ်းရည်မျိုးတော့ မဟုတ်ဘူး။ တကယ်တော့ ဒါဟာ သစ္စာတရား ရှာဖွေသူတွေရဲ့ အမှတ်အသားပဲ။ ဂမ္ဘီရကြက်ခြေပိုင်ရှင်ဟာ နက်နဲလှတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တယ်။ ဒါဟာလည်း သာမန်လူတွေ ရှာမတွေ့နိုင်လောက်အောင် လျှို့ဝှက်လွန်းလှတဲ့ သစ္စာတရားကို ခြေရာခံနိုင်ဖို့ လက်နက်ပဲမဟုတ်လား။ အနက်ဆုံး တောကြီးမျက်မည်းထဲက သစ္စာတရားကို ရှာဖွေရာမှာ အခက်အခဲ အတားအဆီး၊ ခြုံနွယ်သစ်ပင်တွေကို ရှင်းလင်းလမ်းထွင်သွားဖို့ ဂမ္ဘီရကြက်ခြေဟာ ဓားတစ်လက်ဆိုလည်း မမှားဘူး။ ဒီတော့ ဂမ္ဘီရကြက်ခြေဆိုတာ အဖိုးထိုက်ရတနာတစ်ခုဆိုတာ ခင်ဗျား သိထားရလိမ့်မယ်။

ထိုသူက သူ့အား အကဲခတ်သလို ကြည့်လိုက်သည်။ သူက အသံတစ်ခုတစ်လေ မပြုမိဘဲ နားထောင်၍သာ နေလိုက်သည်။ ထိုသူ့ထံမှ အသံ ဆက်လက်ထွက်ပေါ်လာသည်။

နောက်တစ်ချက်အနေနဲ့ ဒီအစွမ်းထက်လှတဲ့ ဓားကို ကံကောင်းထောက်မစွာ ပိုင်ဆိုင်ခဲ့ကြသူတွေ အားလုံးဟာလည်း သစ္စာတရား ရှာဖွေသူတွေ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ သာမန်လူတစ်ယောက်ဟာလည်း မထိုက်မတန် ပိုင်ဆိုင်ချင် ပိုင်ဆိုင်နေတတ်တယ်။ အဲဒီအခါမှာ ဓားရဲ့ တန်ခိုးစွမ်းအင်တွေဟာ အလဟဿ ဖြစ်သွားရတယ်။ ကျေးတောသားတစ်ယောက်လက်ထဲ ဘုရင့်ရတနာ ရောက်နေသလို အသုံးမချတတ် ဖြစ်ရတတ်တယ်။ ဂမ္ဘီရကြက်ခြေဆိုတာ ထင်းခွေ၊ မြက်ခုတ်ရာမှာ အသုံးပြုရမယ့် ဓားမျိုး မဟုတ်ဘူး။ ဓားရဲ့ တန်ဖိုးအစစ်အမှန်ကို မသိတဲ့ ကျေးတောသားဟာ ဒီလို အိမ်မှုကိစ္စတွေမှာ အသုံးပြုရင်း ဓားရဲ့ အဖိုးအဖြတ်နိုင်တဲ့ စွမ်းအားတွေကို ဖြုန်းတီးပစ်တတ်တယ်။ ဒါဟာ အတော်လေး အသုံးမကျတဲ့ အပြုအမူ မျိုးပဲမဟုတ်လား။

ထိုသူ၏ စကားများကို သူက တိတ်ဆိတ်စွာ နားထောင်ခဲ့သည်။ သူသည် ကျေးတောသားတစ်ဦးဖြစ်ကြောင်း ထိုသူ ဆိုလိုနေခြင်းလား။ အမှန်တကယ်ရော သူသည် အသုံးမကျသည့် ကျေးတောသားတစ်ဦးပဲလား။ သူသည် သစ္စာတရားကို ရှာဖွေနေသူလား။ သစ္စာတရားဆိုသည့် အရာသည် အဘယ်ကြောင့် တောကြီးမျက်မည်း၏ အလယ်တွင် ရောက်ရှိနေခဲ့ပြီး သူကရော အဘယ်ကြောင့် သစ္စာတရားကို ရှာဖွေရမည်လဲ။ ဂမ္ဘီရကြက်ခြေဆိုသည့် အရာသည် ထိုသူ ပြောသကဲ့သို့ အသွားထက်သည့် ဓားဆိုတာရော အမှန်တကယ်ပဲလား။ အရင်လိုပင် သူကိုယ်တိုင် ဖြေနိုင်စွမ်းမရှိသည့် မေးခွန်းအသစ်များဖြင့် သူကိုယ်သူသာ အထပ်ထပ် ကာရံလိုက်မိပြန်သည်။ ထိုသူက လွန်စွာ လေးနက်သည့်ဟန်ဖြင့် စကားဆက်လိုက်သည်။

ဒီတော့ ခင်ဗျားကို ကျွန်တော် သတိတစ်ခု ပေးချင်တယ်။ တန်ဖိုးကြီးလှတဲ့ ဘုရင့်ရတနာကို ပိုင်ဆိုင်ထားတဲ့ ကျေးတောသားဟာ အဲဒီရတနာကို လူတကာမြင်တွေ့အောင် လုပ်နေဖို့ မတော်သလို၊ ခင်ဗျားရဲ့ ဂမ္ဘီရ ကြက်ခြေကိုလည်း အခြားသူတွေ လုံးဝ မမြင်ပါစေနဲ့။ တန်ဖိုးကို သိတဲ့ တစ်စုံတစ်ယောက်က မြင်တွေ့သွားခဲ့ရင် ခင်ဗျား ကံထူးလို့ ပိုင်ဆိုင်ထားတဲ့ ရတနာကို ခိုးယူသွားနိုင်တယ်။ ကျွန်တော် ဆိုလိုတာက ပညာသည် တစ်ယောက်ဟာ ခင်ဗျားရဲ့ ဂမ္ဘီရကြက်ခြေကို ခိုးယူသွားနိုင်တယ်။ တန်ဖိုးမသိတဲ့ ကျေးတောသားအချင်းချင်း ခိုးယူမှာ မဟုတ်ပေမဲ့ တန်ဖိုးကောင်းကောင်းသိတဲ့ ဓားကုန်သည်ဟာ ခင်ဗျားဆီက အခြောင်နှိုက်သွား နိုင်တယ်။ အဲဒီအခါမှာ ခင်ဗျားရဲ့ လက်ဖ၀ါးပေါ်က ဂမ္ဘီရကြက်ခြေဟာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားလိမ့်မယ်။ ဂမ္ဘီရကြက်ခြေရဲ့ လေးနက်တဲ့ တန်ခိုးစွမ်းအားတွေ အကုန်လုံးကိုလည်း ဆုံးရှုံးသွားရလိမ့်မယ်။ ခင်ဗျားရဲ့ မူလပိုင်ဆိုင်မှုကို ခင်ဗျား ဘယ်တော့မှ ပြန်ရနိုင်တော့မှာ မဟုတ်ဘူး။ တစ်ကြိမ်မှားရုံနဲ့တင် ထာဝရ ဆုံးရှုံးသွားရတော့မှာပဲ။ တန်ဖိုးကြီးမှန်း မသိတဲ့  ရတနာတစ်ခုကို ဆုံးရှုံးသွားရတဲ့ ကျေးတောသားဟာ အဲဒီအတွက်  နှေမျောတသမိမှာ မဟုတ်ပေမဲ့ အခုတော့ ခင်ဗျားအနေနဲ့ တန်ဖိုးကို သိသွားပြီဖြစ်တဲ့အတွက် ဆုံးရှုံးသွားတဲ့ အချိန်မှာ ၀မ်းနည်းနောင်တကို ခံစားရလိမ့်မယ်။

ထိုသူက စကားကို အဆုံးသတ်လိုက်သည်။ သူ၏ အရောင်တဖျပ်ဖျပ် တောက်ပနေသော မျက်လုံးများမှာ ပြုံးနေသည်ဟု သူ ထင်မိသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ သူ၏ လက်ဆုပ်လက်ကိုင် ပိုင်ဆိုင်မှုတစ်ခု၏ အကြောင်းကို သူ့ထက်ပို သိရှိနေသော ထိုသူ့ကို သူ အံ့သြရပါမည်လား။ ကျေးတောသားတစ်ဦး၏ တွေဝေမှုမျိုးဖြင့် သူက ထိုသူအား ငေးကြည့်နေမိသည်။ ထိုသူ၏ နောက်ကျောသည် တဖြည်းဖြည်း ဝေးဝေးသွားပြီး နောက်ဆုံး မှုန်ဝါးပျောက်ကွယ်သွားချိန်အထိ သူက တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။ ထိုသူ ပြောသွားသည့် စကားလုံးများသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။ ပညာသည်။ ပညာသည်ဆိုတာ ဘယ်လို လူမျိုးလဲ သူမသိ။ တန်ဖိုးမသိတဲ့ ကျေးတောသားအချင်းချင်း။ သစ္စာတရားရှာဖွေမှု။ ပြီးတော့ အဖိုးထိုက်သောဓား။ ဒါတွေအားလုံးကို ထိုသူက မည်သည့်နည်းဖြင့် သိနေပါသလဲ။ ထိုသူ၏ ပိုင်နိုင်သော အောင်ပွဲရအပြုံး။ ထို့နောက်တွင် သူ့ထံသို့ အတွေးတစ်ခု ရုတ်ချည်းဝင်ရောက်လာသည်။ သူ နားမလည်သည့် ပညာသည်ဆိုသည်မှာ ဂမ္ဘီရကြက်ခြေ၏ တန်ဖိုးအား ကောင်းကောင်းနားလည်ထားသည့် ထိုသူ ကိုယ်တိုင်များလား။ ထို့နောက်တွင် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏ လက်ဖ၀ါးအား နေရောင်တွင် ထောင်ကြည့်လိုက်သည်။ ထိုနေရာတွင် မကြာသေးခင်ကမှ ရှိနေခဲ့သော နက်ရှိုင်းသည့် ကြက်ခြေခတ်တစ်ခုသည် ထူးဆန်းစွာပင် မှေးမှိန်ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ နေမင်းကြီး၏ အပူဓာတ်ကို ပထမဦးဆုံးအကြိမ် သူ စတင်ခံစားလိုက်ရသည်။ သူ မည်သည့်အခါကမျှ မခံစားခဲ့ဖူးသည့် နေရောင်ခြည်၏ အပူဓာတ်စစ်စစ်။ သူက နောက်တစ်ကြိမ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။ သူ၏ ဘ၀အတွင်းမှ ပျောက်ဆုံးနေခဲ့သည့် ဗဟိဒ္ဓလောကကြီးသည် အာရုံများမှတစ်ဆင့် ပတ်ဝန်းကျင်တွင် ထင်းခနဲ ပေါ်လာသည်။ ပူနွေးသော နေရောင်ခြည်အောက်တွင် သူ၏ ရွှင်မြူးသော အော်ဟစ်သံများသာ အရပ်လေးမျက်နှာဆီသို့ ပဲ့တင်ထပ်သွားခဲ့သည်။ ဤနေမင်းကြီး၏ ရောင်စဉ်အောက်ရှိ အခြားတစ်နေရာမှ၊ အခြားလူတစ်ယောက်သည်မူ ယခုအချိန်တွင် ယခင်ကကဲ့သို့ နေရောင်ခြည်၏ ပူနွေးမှုအား မခံစားနိုင်တော့ဘဲ နေမင်းကြီးအား ထွန်းညှိထားခဲ့သည့် လက်သည်အား အချည်းအနှီး အဖြေရှာရင်း ခရီးဆက်နေလိမ့်မည်လားဟု မိမိမဖြေနိုင်သည့် မေးခွန်းတစ်ခုအား ဤတစ်ကြိမ်တွင် သူ မတွေးမိတော့ပေ။ သူ၏ မျက်လုံးညိုညိုများသည် အရောင်တဖျပ်ဖျပ် လင်းလက်ကာ သက်ဝင်လှုပ်ရှားလာနေပြီး သူ၏ လွတ်လပ်သွားသော လက်ဖ၀ါးပြင်သည် တစ်စုံတစ်ခုအား ဆုပ်ကိုင်သိမ်းပိုက်နိုင်ရန် အဆင်သင့်ဖြစ်လျှက်…။

◄ တေဇာ (လရောင်လမ်း) ►
ဇူလိုင် (၂၂) ၂၀၁၀
Theme: Philosophical shipwrecked, Catharsis & Survival
Label: Short Story

Comments

  1. လိုချင်သူတစ်ယောက်၊ တန်ဖိုးသိသူတစ်ယောက် အတွက် မက်မောစရာဖြစ်ပေမဲ့
    မလိုချင်သူအတွက်တော့ အမှိုက်သက်သက်မျှသာ.. ..

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...