သူ၏ မှုန်ကုပ်ကုပ်အခန်း မျက်နှာကျက်တွင် ကြပ်ခိုးများဖြင့် ပြည့်နေ၏။ ကြမ်းပြင်သည် မြေကြီးသာ ဖြစ်သည်။ တံခါးရွက်မပါရှိသော ပြတင်းပေါက်ပေါက်ဆန်ဆန် အပေါက်ကျဉ်းကျဉ်းလေးတစ်ပေါက် ရှိ၏။ အခန်းဆိုသော်လည်း ထရံကာ တဲကလေးတစ်ခုမျှသာ ဖြစ်သည်။ သူ၏ စိတ်တို့က တရှူးရှူးမြည်နေသော ဖိုထဲတွင် နစ်ဝင်နေသည်။ ဤဖိုထဲတွင် သံပါဝင်၏။ ခဲပါဝင်၏။ ဇာတိပ္ပိုလ်သီး တစ်ရွေးသား ပါဝင်၏။ ဇနီးသည်၏ နောက်ဆုံးလက်ကျန် တစ်မတ်သားရွှေလက်စွပ်လေး ပါဝင်၏။ လူ့သက်တမ်း နှစ်ပေါင်း ခုနစ်ဆယ်ပါဝင်၏။ ဘ၀တစ်ခု ပါဝင်၏။ ကယ်တင်ခြင်းဂရုဏာတရား ကမ္ဘာနှင့်ချီ၍ ပါဝင်၏။ မသေခြင်းတရား (Immortal) ပါဝင်၏။ ဆွေမျိုးအသိုင်းအ၀ိုင်းများ၏ မသဒ္ဓါသော အသပြာများ ပါဝင်၏။ ဤသို့ ပါဝင်ပစ္စည်းများအားလုံး၏ သမမျှတသော အခြေအနေတစ်ရပ်တွင် ပတ္တမြားမိုး ရွာလိမ့်မည်ဟု သူသိသည်။ ပတ္တမြားမိုးရာသီဆီသို့ မျှော်လင့်ချက်ဖြင့် နှစ်ပေါင်းခုနစ်ဆယ်ခရီးထွက်ခဲ့သော လူသားတစ်ဦးမှာ ထိုအဘိုးအိုပင် ဖြစ်သည်။
အမှောင်သည် တစတစချဉ်းနှင်းဝင်ရောက်လာသလော၊ ရုတ်ချည်းဝင်ရောက်ခဲ့သလော သူမသိခဲ့။ ထို့အတူ နေ့သည်လည်းကောင်း၊ ညသည်လည်းကောင်း၊ အမှောင်သည်လည်းကောင်း၊ အလင်းသည်လည်းကောင်း၊ အပူသည်လည်းကောင်း၊ အအေးသည်လည်းကောင်း၊ ဆိတ်မျက်လုံးသည်လည်းကောင်း၊ နွားမျက်လုံးသည်လည်းကောင်း၊ ဆန့်ကျင်မှုတို့သည်လည်းကောင်း တူညီမှုတို့သည်လည်းကောင်း ၊ ထိုလည်းကောင်းပေါင်းများစွာ အကြောင်းလည်း သူမသိရှိခဲ့။ သူ့ဘ၀တစ်ခုလုံး ပါဝင်ပစ္စည်းအနေဖြင့် ရောကြိုထားခဲ့သော ထိုဖိုထဲတွင်ပင် တခြားပါဝင်ပစ္စည်းတို့ဖြင့် ပေါင်းစပ်သွားခဲ့ပြီဖြစ်သော သူ့ဘ၀၏ အမြုတေ ရှိနေခဲ့ပေ၏။ ထိုအမြုတေကို အမြုတေအဖြစ်အသိအမှတ်ပြုနိုင်စွမ်းသည့် မည်သည့်ပညာရှိမျှ လူ့လောကတွင် ရှိမနေခဲ့။ ပတ္တမြားမိုး မရွာနိုင်ခဲ့သော်လည်း တကယ်တော့ သူကိုယ်တိုင်သည် ငရဲငယ်ကိုအေးချမ်းစေနိုင်စွမ်းရှိသော အရှင်လတ်လတ် အမြုတေတစ်မျိုးသာဖြစ်ကြောင်း... အိပ်ပျော်နေသည့် ခွေးအိုကြီး သတိမထားမိခဲ့ခြင်းမှာ တစ်နည်းတဖုံ ၀မ်းနည်းဖွယ် ကောင်းနေပါလိမ့်မည်။
◄ တေဇာ ► စက်တင်ဘာ (၁၈) ၂၀၀၉
<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
ထိုအမြုတေကို အမြုတေအဖြစ်အသိအမှတ်ပြုနိုင်စွမ်းသည့် မည်သည့်ပညာရှိမျှ လူ့လောကတွင်
ရှိမနေခဲ့။ ပတ္တမြားမိုး မရွာနိုင်ခဲ့သော်လည်း တကယ်တော့ သူကိုယ်တိုင်သည်
ငရဲငယ်ကိုအေးချမ်းစေနိုင်စွမ်းရှိသော အရှင်လတ်လတ် အမြုတေတစ်မျိုးသာဖြစ်ကြောင်း...
<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
သူ၏ လက်ကျန် မိနစ်စက္ကန့်များသည် နည်းပါးခဲ့ပြီဖြစ်ကြောင်း သူရိပ်စားမိသည်။ စာလုံးများပင် ဖတ်မရတော့လောက်အောင် ဟောင်းနွမ်းနေပြီဖြစ်သော ပေစာရွက်များ ကွပ်ပျစ်ပေါ်တွင် ပြန့်ကျဲနေသည်။ ဖိုမှ မီးအပူက နွေခေါင်ခေါင်ရာသီဥတုကို မြှောက်ပင့်သွေးထိုးသည့်နှယ် အခန်းကျဉ်းလေးထဲဝယ် ကိုယ်တိုင်ဖန်တီးထားသော ငရဲငယ်တစ်ခု ဖြစ်တည်နေ၏။ အစာစာပြီးသော ခွေးအိုကြီးမှာ လက်ဖမိုးပေါ်မေးတင်၍ ပျင်းပျင်းရိရိ အိပ်စက်နေသည်။ နွားမျက်လုံးနှင့် ဆိတ်မျက်လုံးဖြစ်သွားရရှာသော ရဟန်းတစ်ပါးအကြောင်း သူဘယ်တုန်းကမျှ မသိရှိခဲ့။ ဤနိုင်ငံ၏ ဘုရင်မင်းမြတ်မှာ မည်သူလဲ သူမသိရှိခဲ့။ အငယ်ဆုံးသား၏ အသက်အတိအကျကို သူမသိရှိခဲ့။ သင်္ကြန်အကြိုနေ့ရောက်ရန် တစ်ရက်အလိုဖြစ်ကြောင်း သူမသိရှိခဲ့။ သူသိရှိသည်မှာ ပါဝင်ပစ္စည်းများနှင့် ဖိုသာ ဖြစ်သည်။ အခက်ခဲဆုံးအချိန်သည် ကျော်လွန်လာခဲ့ပြီလော၊ မရောက်သေးဘူးလော သူမသိရှိပါ။ စည်းချက်ကျ မီးထိုးနေသော သူ၏လက်နှင့် ဖိုပေါ်တွင်သာ သူ၏အာရုံမှာ တစ်ခုထဲတည်နေ၏။ ဤငရဲငယ်တွင် သူသည် အံအားသင့်ဖွယ်ကောင်းလောက်အောင် ငြိမ်းချမ်းနေ၏။ ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ ငရဲသဖွယ်ရပ်ဝန်းတစ်ခုတွင် အေးချမ်းနေသောသူ၏ဖြစ်ရပ်ကို အံ့အားသင့်ဖွယ်ကောင်းမှန်း သူ့ကိုယ်သူ သတိမထားမိခြင်းသာ ဖြစ်ပေသည်။ ထိုအမြုတေကို အမြုတေအဖြစ်အသိအမှတ်ပြုနိုင်စွမ်းသည့် မည်သည့်ပညာရှိမျှ လူ့လောကတွင်
ရှိမနေခဲ့။ ပတ္တမြားမိုး မရွာနိုင်ခဲ့သော်လည်း တကယ်တော့ သူကိုယ်တိုင်သည်
ငရဲငယ်ကိုအေးချမ်းစေနိုင်စွမ်းရှိသော အရှင်လတ်လတ် အမြုတေတစ်မျိုးသာဖြစ်ကြောင်း...
<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
အမှောင်သည် တစတစချဉ်းနှင်းဝင်ရောက်လာသလော၊ ရုတ်ချည်းဝင်ရောက်ခဲ့သလော သူမသိခဲ့။ ထို့အတူ နေ့သည်လည်းကောင်း၊ ညသည်လည်းကောင်း၊ အမှောင်သည်လည်းကောင်း၊ အလင်းသည်လည်းကောင်း၊ အပူသည်လည်းကောင်း၊ အအေးသည်လည်းကောင်း၊ ဆိတ်မျက်လုံးသည်လည်းကောင်း၊ နွားမျက်လုံးသည်လည်းကောင်း၊ ဆန့်ကျင်မှုတို့သည်လည်းကောင်း တူညီမှုတို့သည်လည်းကောင်း ၊ ထိုလည်းကောင်းပေါင်းများစွာ အကြောင်းလည်း သူမသိရှိခဲ့။ သူ့ဘ၀တစ်ခုလုံး ပါဝင်ပစ္စည်းအနေဖြင့် ရောကြိုထားခဲ့သော ထိုဖိုထဲတွင်ပင် တခြားပါဝင်ပစ္စည်းတို့ဖြင့် ပေါင်းစပ်သွားခဲ့ပြီဖြစ်သော သူ့ဘ၀၏ အမြုတေ ရှိနေခဲ့ပေ၏။ ထိုအမြုတေကို အမြုတေအဖြစ်အသိအမှတ်ပြုနိုင်စွမ်းသည့် မည်သည့်ပညာရှိမျှ လူ့လောကတွင် ရှိမနေခဲ့။ ပတ္တမြားမိုး မရွာနိုင်ခဲ့သော်လည်း တကယ်တော့ သူကိုယ်တိုင်သည် ငရဲငယ်ကိုအေးချမ်းစေနိုင်စွမ်းရှိသော အရှင်လတ်လတ် အမြုတေတစ်မျိုးသာဖြစ်ကြောင်း... အိပ်ပျော်နေသည့် ခွေးအိုကြီး သတိမထားမိခဲ့ခြင်းမှာ တစ်နည်းတဖုံ ၀မ်းနည်းဖွယ် ကောင်းနေပါလိမ့်မည်။
◄ တေဇာ ► စက်တင်ဘာ (၁၈) ၂၀၀၉
Comments
Post a Comment