Skip to main content

“ယုံကြည်ချက်နှင့် သေဒဏ်”

ဘာသာကူးပြောင်းသူများကို ဥပဒေကြောင်းအရ တရားဝင်သေဒဏ်ပေးနိုင်ရန် အီရန် အဆိုပြု




အီရန်လူသတ်အစိုးရက အစ်စလမ်ဘာသာကို စွန့်ခွာသူများအား ဥပဒေကြောင်းအရ သေဒဏ်ပေးရန် စဉ်းစားနေပြီဟု Institute of Religious and Public Policy (IRPP) လူ့အခွင့်အရေးအုပ်စုက ပြောကြားသည်။

ဘာသာရေးယုံကြည်ချက် ကူးပြောင်းသူများကို သေဒဏ်ပေးရန်တောင်းဆိုသော ပြစ်မှုပြစ်ဒဏ်စနစ်အား အဆိုပြုချက်သည် အီရန်နိုင်ငံ၏ သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု IRPP က ဖေဖော်ဝါရီလ (၅) ရက်နေ့က ထုတ်ပြန်သည်။


“ဘာသာရေးကူးပြောင်းယုံကြည်မှုဟာ အမြဲတမ်း တရားမ၀င်တဲ့ ကိစ္စရပ်ပါ။ တရားရုံးတွေအနေနဲ့ ထောင်ဒဏ်၊ အလုပ်ကြမ်းနဲ့ သေဒဏ် စတာတွေကို ချမှတ်နိုင်တယ်။ အခုတော့ ဘာသာရေးကူးပြောင်းသူတွေကို သေဒဏ် တစ်ခုတည်းသာ ချမှတ်တော့မှာ ဖြစ်ပါတယ်” ဟု IRPP ဥက္ကဌ ဂျိုးဇက် ဂရီဘော့စကီး (Joseph Grieboski) က ပြောကြားသည်။


အီရန်သည် ဘာသာကူးပြောင်းသူများဥပဒေ (Apostasy Law) ကို ခရစ်ယန်ဘာသာသို့ ကူးပြောင်းသွားသော မူဆလင်များ၊ သဘောထားပျော့ပြောင်းသော လစ်ဘရယ်သမားများနှင့် အီရန်နိုင်ငံ၏ လူနည်းစုဘာသာဝင်များသို့ ပစ်မှတ်ထား အသုံးပြုခဲ့သည်။

“ဒါဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ အစ်စလမ်ဘာသာကို စွန့်ခွာနေသူများကို ပိုပြီး အသက်ရှင်နေထိုင်ဖို့ ခက်ခဲအောင်၊ ကြပ်ကြပ်တည်းတည်းဖြစ်အောင် လုပ်ချင်တာပါပဲ” ဟု အီရန်လူမျိုး ခရစ်ယန် ဘုန်းတော်ကြီးတစ်ပါးက ဆိုသည်။


ဘာသာကူးပြောင်းကိုးကွယ်မှုအတွက် အမျိုးသားများရော အမျိုးသမီးများပါ ကွပ်မျက်ခံရနိုင်သည်ဟု ဥပဒေမူကြမ်း စာပိုဒ်များတွင် ညွှန်းဆိုထားသော်လည်း အခြားနေရာများတွင် အစ်စလာမ်ဘာသာကို စွန့်ခွာသော ယောက်ျားများကိုသာ ကွပ်မျက်ရန် ကန့်သတ်ထားသည်။ အဆိုပြုထားသော ဥပဒေသည် ချက်ချင်း အပြစ်ကင်းလွတ်ခွင့်ရရှိသွားမည်ဖြစ်သော အမျိုးသမီးဘာသာကူးပြောင်းသူများကိုလည်း အကြပ်အတည်း ဖြစ်အောင် လေ့ကျင့်သင်ကြားပေးထားဖို့လိုကြောင်း ဖော်ပြထားသည်။


တစ်ချိန်တည်းမှာပင် အီရန် တရားစီရင်ရေးဆိုင်ရာ အကြီးအကဲက သူ၏ခွင့်ပြုချက်မရဘဲ မည်သည့် လူမြင်ကွင်း ကွပ်မျက်ခြင်းများကိုမျှ မလုပ်ပြုလုပ်ကြရန် အမိန့်ထုတ်ပြန်သည်ဟု ဘီဘီစီက ပြောကြားသည်။


ရှရူဒီ (အီရန်တရားစီရင်ရေးအကြီးအကဲ) က ကွပ်မျက်အပြစ်ပေးသော ဗီဒီယို၊ ဓာတ်ပုံ စသည်များကိုလည်း ပိတ်ပင်ထားသည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများက အီရန်သည် လုံခြုံရေးတိုးမြှင့်ရန်နှင့် ကျင့်ဝတ်မညီသော အပြုအမူ (Immoral Behavior) ဟု သူတို့ခေါ်ဆိုသော လုပ်ရပ်များကို လျှော့ချရန် ၂၀၀၇ ခုနှစ်တွင်း လူပေါင်း (၃၀၀) နီးပါးအား ကွပ်မျက်ခဲ့သည်ဟု ဆိုသည်။


ကွပ်မျက်မှုအများစုမှာ အကျဉ်းထောင်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အချို့သော ရာဇ၀တ်သားများကို လူမြင်ကွင်းတွင်ပင် ကရိန်းများဖြင့် ကြိုးဆွဲချခဲ့ခြင်းဖြစ်သည်။
ရှရူဒီသည် အနောက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အီရန်နိုင်ငံကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြသောကြောင့် ကွပ်မျက်ပြစ်ဒဏ်ပေးမှုစာရင်းကို လျှော့ချချင်နေကြောင်း ကျွမ်းကျင်သူ သတင်းထောက်တစ်ဦးက ပြောကြားသည်။ မီဒီယာများ၏ သတင်းထုတ်ပြန်ချက်များအရ အီရန်နိုင်ငံသည် ယခုနှစ်အတွင်း အကျဉ်းသား (၂၈) ယောက်ခန့်အား ကွပ်မျက်ခဲ့ပြီးဖြစ်သည်။ အီရန်နိုင်ငံ၏ အဓိက ပြစ်မှုကြီးများထဲတွင် လူသတ်မှု၊ မုဒိန်းမှု၊ လက်နက်ကိုင်ဓားပြတိုက်မှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ ဘာသာကူးပြောင်းမှု၊ လိင်ဖောက်ပြန်မှုနှင့် ယောက်ျားချင်း လိင်တူဆက်ဆံခြင်းများ ပါဝင်သည်။

◄ တေဇာ ► Source: freethinker.co.uk

Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ