Skip to main content

“ပဲခူးစစ်ကိုင်းသို့ ဒုန်းစိုင်းစုန်ဆင်းခြင်း”

နေရာကား ပဲခူးမြို့ကျော်လာပေပြီ။ ဟုတ်ပါသည်၊ လှေကလေးက ကျွန်တော့်ကိုယ်ပိုင် လှေကလေးဖြစ်ပါသည်။ တည်ဆဲ အစိုးရခင်းပေးသော နိုင်လွန်ကတ္တရာလမ်းမဟုတ်သလို၊ ပြည်သူတို့၏ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းလည်း မဟုတ်ခဲ့ပါ။ သဘာဝတရား၏လက်ဆောင်အဖြစ် သူ့အလိုလိုစီးဆင်းနေသော ဤချောင်းရိုးလေးအတိုင်း ကျွန်တော် စုန်ဆင်း၊ သို့မဟုတ် ဆန်တက်လာခဲ့ခြင်းသာ ဖြစ်ပါသည်။ ဟုတ်ပါသည်၊ ကျွန်တော် ပဲခူးမြို့ကျော်လာပါပြီ…။ ပဲခူးမြို့တွင် ထန်းရည်တဲများသို့လည်းကောင်း၊ ကိုယ်ခန္ဓာကို ရောင်းကုန်တစ်ခုအဖြစ် ဈေးကွက်တင်ကြသော မိန်းကလေးများထံသို့လည်းကောင်း ကျွန်တော်မရောက်ဖြစ်ခဲ့ပါ။ ကျွန်တော် ပဲခူးမြို့ကျော်ခဲ့ပါပြီ။ ဖွဲ့နွဲ့စရာရှားပါးသဖြင့် ၀ါကျရှည်စေရန် အားအားယားယားဖွဲ့နွဲ့တတ်ကြသော စာရေးဆရာများကဲ့သို့ ချောင်းရိုးကလေးမှာ လှပသည်ဟု ကျွန်တော် မဖွဲ့နွဲ့ချင်ပါ။ ချောင်းရိုးကလေးမှာ ထူးထူးခြားခြား မလှပသလို ပုံဆိုးပန်းဆိုး မိန်းမမျိုးလည်းမဟုတ်ပါ။ ချောင်းရိုးကလေးသည် ချောင်းရိုးပီသစွာ စီးဆင်းနေသော ချောင်းရိုးကလေးသာ ဖြစ်ပါသည်။ ကျွန်တော် ပဲခူးကျော်ခဲ့ပါပြီ။

နေရာကား စစ်ကိုင်းမြို့ ရောက်ပေပြီ။ ဟုတ်ပါသည်၊ ဤမြင်းမှာ ဆရာကြီးရွှေဥဒေါင်း၏ ၀တ္ထုထဲမှ ဘော်ဖြူမဟုတ်သလို ၀ူခုန်းဇာတ်လမ်းတွဲထဲမှ နတ်မြင်းလည်း မဟုတ်ခဲ့ပါ။ ကျွန်တော်၏ ငယ်မွေးခြံပေါက်မြင်းလေးသာ ဖြစ်ပါသည်။ ဗွေဆိုးမပါသလို၊ အမည်နာမလည်း မရှိပါ။ ဟုတ်ပါသည် ကျွန်တော် ဒုန်းစိုင်းလာခဲ့သည်မှာ စစ်ကိုင်း ရောက်လာပါပြီ…။ စစ်ကိုင်းတောင်ရိုးတွင် တရားအားထုတ်ရန်၊ ဆယ်ကုဋေသော ပူပန်သောကများနှင့် အဆက်ဖြတ်ရန် ကျွန်တော် မရည်ရွယ်ပါ။ သောကများကို ကြောက်လန့်တကြား ရှောင်ပြေးရလောက်အောင် ကျွန်တော် သတ္တိမကြောင်ပါ။ လိမ္မာလေးခြားရှိသော ဒိုဘာမင်လေးတစ်ကောင်အဖြစ်သာ ကျွန်တော် လက်သပ်မွေးထားချင်ပါသည်။ ကျွန်တော် စစ်ကိုင်းရောက်ပါပြီ။ ခွေးဟောင်ခြင်းကြောင့် စိုးစဉ်းမျှ တုန်လှုပ်မှုမရှိသော တောင်တန်းကြီးများကို အစိမ်းရောင်ကတ္တီပါကားချပ်ကြီးသဖွယ် မြင်တွေ့ရသည်၊ သို့မဟုတ် မြင်တွေ့နေရသည်။ သို့သော် ၎င်းတို့သည် သန်းခေါင်ယံအိပ်မောကျချိန်တွင် ချဉ်းကပ်လာသော သူခိုးကိုလည်း သတိပေးနိုင်စွမ်းရှိမနေပါ။ ကျွန်တော့် ဒိုဘာမင်ကလေးသည် တောင်တန်းကြီးများကို ဘယ်တုန်းကမှ ဂရုတစိုက် မဟောင်ခဲ့ပါ။ ဟုတ်ကဲ့၊ ကျွန်တော် စစ်ကိုင်းရောက်ပါပြီ…။


◄ တေဇာ ► စက်တင်ဘာ (၁၁) ၂၀၀၉

Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ