Skip to main content

“နားလည်ရန်ခက်ခဲသော အမှားများ”

I cross the stream ...

I have a dream ...

စမ်းချောင်းလေးကို ဖြတ်...

အိပ်မက်တစ်ခု ငါ့မှာ ရှိတယ်..
.

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>




တစ်နေ့နေ့တစ်ချိန်ချိန်တွင် မဟာဘွဲ့မရမချင်း ဆံပင်ရှည်ထားမည်ဟု ဆုံးဖြတ်ချက်ချရန်... သူ၏ ဆံပင်ခပ်ပါးပါး ဦးခေါင်းအားပွတ်၍ မနေ့ညက သူ ဆုံးဖြတ်ချက်ချခဲ့သည်။ ဖီဒယ်ကတ်စထရို သက်ရှိထင်ရှား ရှိနေပါသေးသည်။ ထိုတော်လှန်ရေးခေါင်းဆောင်ကြီးသည် အရပ်ရှည်သလောက် အသက်လည်း ရှည်သည်။ သို့သော် သူ၏ ဆုံးဖြတ်ချက်ချရန် ဆုံးဖြတ်ချက်ချမှုသည် ကျူးဘားတော်လှန်ရေး မအောင်မြင်မချင်း မုတ်ဆိတ်မရိတ်ဟု ဆုံးဖြတ်ချက်ချခဲ့သော ဖီဒယ်ကတ်စထရိုနှင့် မသက်ဆိုင်ပါ။ သူရဲကောင်း ကိုးကွယ်မှုဝါဒသည် သူ၏နောက်ကျောရှိ မှုန်ဝါးဝါးနှစ်ကာလများ၌ အချိန်အတန်ကြာထဲက ကျကျန်ရစ်ခဲ့ပြီဖြစ်သည်။ အိပ်မပျော်သော ညများ၏ ခြောက်အိပ်မက်တစ်ခုကို ယာယီကုစားရန်အတွက်သာ ထိုဆုံးဖြတ်ချက်အား ဆေးလုံးတစ်လုံးလို သူ မျိုချခဲ့မိခြင်း ဖြစ်ကောင်းဖြစ်ပေမည်။

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

လူအများနှင့် ထိစပ်မှုမရှိဘဲ စာအုပ်ပုံထဲ၌သာ ခေါင်းမြုပ်နေသော သူ့ကို သူ့သူငယ်ချင်းတစ်ယောက်က ခေါင်းတယမ်းယမ်းဖြင့် စိတ်မကောင်းဖြစ်နေသည်။ သူက စုတ်တသပ်သပ်ဖြင့် သူ့သူငယ်ချင်းကို မတုန့်ပြန်ဖြစ်ခဲ့ပါ။ ပညာသည် စာအုပ်ထဲမှာ ရှိသလော၊ လူထုကြားထဲတွင် ရှိသလော... ကြီးကြီးကျယ်ကျယ် ငြင်းခုန်မှုများ သူမလုပ်လိုပါ။ မြို့ပြတစ်ခွင်လုံး အိုင်ဒီယာများ ညစ်နွမ်းအမှောင်ဖုံး နေချိန်တွင် လေထုညစ်ညမ်းခြင်းကိစ္စ ပေထက်အက္ခရာတင်နေကြသူများကိုသာ နားမလည်နိုင်သည့်မျက်ဝန်းအစုံဖြင့် သစ်ပင်ရိပ်အောက်မှ သူ ငေးကြည့်နေမိသည်။ နေရောင်ခြည်ဒဏ်ကာကွယ်သော ဆပ်ပြာကို သူအသုံးမပြုခဲ့ပါ။ ဆောင်းဦးနံနက်ခင်း စောစောများတွင် နေရောင်ခြည်သည် ကျောသားရင်သားမခွဲခြားဘဲ သူ့အပေါ်သို့ နွေးထွေးစေခဲ့သည်သာ ဖြစ်သည်။ နာဂစ်ဆိုသော ပန်းတစ်ပွင့်သည် စစ်လျော်ကြေးမပေးဘဲ နှုတ်ဆက်ထွက်ခွာသွားခဲ့လေပြီ။ ဒီရေက ခြေတံအနိမ့်ဆုံး အိမ်ငယ်ကလေးများကို စတင်ဝါးမျိုပါသည်။ တောင်ထိပ်တွင် အောင်သေအောင်သားစားနေကြသူများကို မိုးကြိုးပစ်ရန် မိုးနတ်သား၌ တာဝန်မရှိပါ။

<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>

ယမမင်း၏ အလှဆုံးသမီးတော်တစ်ပါးနှင့် လက်ဆက်ထိမ်းမြားရန် သူ ဘယ်တုန်းကမှ အိပ်မက်မမက်ဖူးခဲ့။ ငရဲကို ဖောက်ထွက်နိုင်သည်ဟု ကလေးဆန်ဆန် ယုံကြည်ခဲ့ဖူးသောလူတစ်ယောက်သည် သမိုင်း၏ နင့်နင့်နဲနဲ ၀န်ထုပ်ဝန်ပိုးများကို မြေနီလမ်းထက် ပစ်ချခဲ့ရန် မသင့်တော်ပါ။ တစ်နေ့သောအခါ ငရဲပြည်တွင် ငြိမ်းချမ်းရေးပန်းများ ပွင့်လန်းပြီး ချိုးငှက်များ လူးလာပျံသန်းနေကြလိမ့်မည်ဟု သူ ရူးရူးမိုက်မိုက် ယုံကြည်နေဆဲဖြစ်ပါသည်။ ထိုအခါ ဆီပူအိုးထဲတွင် ငရဲသားများ အေးအေးချမ်းချမ်းဖြင့် မိမိတို့၏ အပြစ်ဒဏ်များကို ဆေးကြောပေးဆပ်နိုင်ကြပါလိမ့်မည်။ ယမမင်း၏ သမီးတော်လေးက လှမ်းမျက်စပစ်သည်ကို သူ မသိကျိုးကျွံပြုလိုက်သည်။ သူ၏ ဥဒါန်းကျူးရင့်သံသည် ဟိမ၀န္တာတစ်တောလုံး ပျံ့နှံ့ပဲတင့် မထပ်ခဲ့ပါ။ သူ၏ စိတ်သန္တာန်တွင်သာ ဆတ်ဆတ်ခါ မြည်ဟီးနေလေသည်။ ထိုအသံများကို သူကိုယ်တိုင်သာ ကြားရသည်။ မည်သူတစ်ဦးတစ်ယောက်မျှ ကြားနိုင်မည် မဟုတ်သလို... ကြားရန်လည်း လိုအပ်လိမ့်မည်မဟုတ်ပါ....။


◄ တေဇာ ► စက်တင်ဘာ (၁၄) ၂၀၀၉

Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ