Skip to main content

“သေဟဲ့နန္ဒိယ...”

မြန်မာစကားပုံများ၊ စာစကားများမှာ နောက်ခံပုံပြင်လေးတွေ ရှိတတ်ကြပါတယ်။ “အားနာရင်ခါးပါတယ်” ဆိုတဲ့ စကားရဲ့ နောက်ကြောင်းပုံပြင်ကို ဖော်ပြပေးဖူးပါတယ်။ ခုတစ်ခါ “သေဟဲ့နန္ဒိယ” ဆိုတဲ့ စကားရဲ့ နောက်ခံပုံပြင်ကို ပြောပြချင်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရင်းက သိခဲ့ရခြင်းပါ။ တကယ်တော့ ဒီစကားဟာ ကိုယ့်နဖူးကိုယ်ရိုက်ပြီး ပြောရမယ့်စကားပါ။ ဒီတော့ နန္ဒိယဆိုတဲ့ ရဟန်းတော်၊ ဒါမှမဟုတ် ကိုရင်လေးတစ်ပါးပါးက ကိုယ့်ကိုယ်ကို မကျေနပ်လို့ ရေရွတ်ခဲ့တဲ့စကားလား ထင်မှတ်မှားစရာပါ။ အဖြစ်မှန်က အဲဒီ နန္ဒိယဟာ အလွန်ဆော်ကြည်ပါသတဲ့။ “ရုပ်ရှိရေလျှံ”၊ “ဟန်းဆန်းယန်းမန်း” (Handsome Young Man) လေးပေါ့။ ဘယ်လောက်ထိ ကြည်သလဲဆိုရင် လူ့ပြည်တင်မကဘူး နတ်ပြည်က နတ်သမီးတွေကတောင် သူ့ကို ကြိတ်ခိုက်နေကြတယ်ဆိုပဲ...။ အဲဒီလောက် ရုပ်ဖြောင့်တဲ့နန္ဒိယဟာ မြတ်စွာဘုရားအတွက် ကျောင်းဆောက်လုပ်လှူဒါန်းခဲ့ပါသတဲ့။ ဒီတော့ သေရင်နတ်ပြည်တက်ရမယ့် လက်မှတ်ရထားသူပေါ့။ နတ်သမီးတွေကလဲ နန္ဒိယနဲ့ အမြန်ဆုံးနှစ်ပါးသွားချင်လှပြီ။ နန္ဒိယကလည်း ကျောင်းဆောက်လှူထားတဲ့ ဒါနကုသိုလ်တွေကြောင့် သက်ရှည်ကျန်းမာပြီး မသေနိုင်သေး။ နတ်သမီးတွေက နတ်ပြည်ကနေ ဆွေ့ဆွေ့ခုန်နေကြတယ်။ ကြာတော့ အသံထွက်အောင်တောင် နှုတ်ကထွက်ပြီး ဆုတောင်းကြတယ်တဲ့။ “သေဟဲ့နန္ဒိယ၊ သေဟဲ့နန္ဒိယ...” ပေါ့။ တော်တော်ဆိုးတဲ့ နတ်သမီးတွေပဲနော်။ ဒီလောက် နတ်သားရှားလားဟယ်... နော့...။ What if? ပုံစံနဲ့ တွေးကြည့်ရရင် ကျွန်တော်သာအဲဒီအချိန်က နတ်သားတစ်ပါးပါးသာဆိုရင်တော့ သေဟဲ့နန္ဒိယဆိုတဲ့ နတ်သမီးတွေအကုန် နတ်ပြည်က ကန်ချမယ်။ ငရဲထိ ဂျွမ်းထိုးမှောက်ခုံကျသွားအောင်။ ငါတစ်ပါးလုံးရှိနေရဲ့သားနဲ့ လူ့ပြည်ကအကောင်ကို တ,ဦး ဆိုပြီးတော့ပေါ့။ ပြီးတော့ လူ့ပြည်တုန်းက မျက်ခွက်ကြီးနဲ့ပဲ နတ်ပြည်မှာ နတ်ရုပ်ထွက်မယ်လို့ ဘယ်သူက အာမခံထားလို့တုန်း.. ဟုတ်ဖူးလား...။ ဒါက စိတ်ကူးထဲကအတွေးပါ... တကယ့်လက်တွေ့တော့ နတ်ပြည်ဘယ်ဆီနေလဲ မသိပါဘူး။ အဲဒီနန္ဒိယကျောင်းဟာ ဗုဒ္ဓဂယာမှာ ရှိတယ်။ အိန္ဒိယရောက်မှ ခရီးလည်း တစ်ခေါက်မှ မထွက်ဖြစ်သေး။ ခရီးမပြောနဲ့ အိမ်ထဲက အိမ်ပြင်တောင် သိပ်မထွက်တော့ ဗုဒ္ဓဂယာလည်း မရောက်ဖူးသေး...။ ဒီဇင်ဘာလလောက်တော့ ရောက်ကောင်းပါရဲ့...။ ဒီမှာနေတုန်း အခိုက်အတန့်လေး လျှောက်ကြည့်ရအောင်...။ နန္ဒိယအကြောင်းကတော့ ဒါပါပဲ။ သေတော့ နတ်ပြည်ပဲ ပြုံးဖြီးဖြီးတက်သွားလား၊ အ၀ီစိပဲ ဂျွမ်းထိုးမှောက်ခုံဆင်းသွားလားတော့ မသိဘူး...။ ဇာတ်နိပါတ်တော်တွေထဲမှာတော့ ပါချင်ပါမှာပေါ့…။

နတ်ပြည်မှာ နတ်သားနတ်သမီးဦးရေ အလွန်ကွာခြားနေတာ သိကြားမင်းကြီး လက်ပိုက်ကြည့်နေသလား မပြောတတ်ဘူး။ နတ်ရေးနတ်ရာပြဿနာတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပုံမရဘူး။ ဒါမှမဟုတ် မိန်းကလေးတွေပဲ နတ်ပြည်ရောက်ပြီး၊ ယောက်ျားလေးတွေက အကုသိုလ်များနေကြလို့ နတ်ပြည်မရောက်ကြတာလား။ မိန်းကလေး သေလို့ နတ်ပြည်ရောက်ရင် နတ်သမီးပဲဖြစ်ပြီး၊ ယောက်ျားလေးဆိုရင် နတ်သားဖြစ်မယ်လို့ တစ်ထစ်ချ ယူဆလို့ရပါ့မလား။ အကယ်၍ နတ်ပြည်ရောက်တာ စည်းစိမ်ချမ်းသာတစ်ခုဆိုရင် နတ်သမီးတွေအတွက်ကျတော့ မမျှတသလိုဖြစ်မနေဘူးလား။ နတ်သားတစ်ပါးထဲကို ငါးရာလောက်ဝိုင်းလုနေရမှာလေ...။ ဒါတွေက ငယ်စဉ်ကတွေးမိခဲ့တဲ့ ဗရောက်ဗရက် အတွေးလေးတွေပါ။ ခုချိန်မှာတော့ ဒီကိစ္စကို တခုတ်တရမေးခွန်းထုတ်လောက်အောင်တောင် စိတ်မပါတော့ဘူး...။ အင်း.. (၃၁) ဘုံဆိုတော့လဲ.. (၃၁) ဘုံ လိုက်တာပေါ့...။ ဘာပြောနေရဦးမှာလဲ...။ “သေဟဲ့နန္ဒိယ...! ... ဘာတွေလျှောက်ရေးနေမိပါလိမ့် ... ”

◄ တေဇာ ► စက်တင်ဘာ (၁၉) ၂၀၀၉

Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ