Skip to main content

♥ ကိုကြီးအငဲနှင့် စကားစမြည်

လယ်မြေသစ်များစွာ .... ရှေ့မှာ.. အတူ ထွန်ယက်ကြစို့ မင်းနဲ့ငါ... ♫ ♫ ♫ (နွားတစ်ရှဉ်း စုံတွဲ တေးသီချင်း...) ဒန်တန်တန်

(ကိုကြီးအငဲ၏ တေးသံက ဧည့်ခန်းအတွင်း ငြိမ့်ညောင်းစွာ ပျံလွှင့်နေသည်။ အင်တာဗျူးဆရာ ကိုအာကာက အိစက်နေသော ဆိုဖာကြီးပေါ် ထိုင်လိုက်ပြီး ဖင်တစ်ခုလုံး နစ်ဝင်သွားသဖြင့် လန့်ပြီး ထခုန်သည်။ ကိုကြီးအငဲက တစ်ဘက်သားရှက်သွားသည်ကို အားမနာပါးမနာ အသံပြဲကြီးဖြင့် ရယ်နေသည်။ ထို့နောက်တွင် အင်တာဗျူး စကြလေသည်။)

§ § § § § § §

ကိုအာကာ: “ကိုး” ထဲက … မီးမရှို့နဲ့ ကိုတော့ ကြိုက်ပြီးရင်း ကြိုက်လာပြီ ကိုကြီးအငဲရေ…

Ahnge: ကြိုက်ရမယ်လေ... ကိုယ်အားထည့်ထားပါတယ် အဲဒီသီချင်းကို.... ခြောက်ခေါက်လောက်ပြန်ဆိုရတယ်...၊ ဒါ.. ကိုယ့်ဘ၀မှာ ပထမဆုံးပဲ...အဟက်ဟက် (ခွက်ထိုးခွက်လှန် သဘောကျနေသည်)

ကိုအာကာ: ပြောသလောက်လဲ မကြိုက်ပါဘူးလေ စကားအဖြစ်ပြောတာပါ

Ahnge: ဟုတ်မယ်.. ကိုယ်လည်း အားမရခဲ့ပါဘူး...၊ ပရိုဂျူဆာက လောနေလို့...၊ (အရှက်ပြေ)

ကိုအာကာ: ထင်တော့ ထင်တယ် ဒါပေမယ့် နားထောင်လို့ တော့ ရပါတယ် ပရိုဂျူဆာ ဆိုတာကလဲ ခုလို ပုံစံမျိုးနဲ့ဆိုရင်တော့ မကိုက်လောက်ပါဘူး

Ahnge: အဟမ်း.. နားထောင်လို့တော့ ရရမယ်လေ....၊ ကိုယ်ချောင်းဆိုးတာတောင် မိန်းမက နားထောင်ကောင်းလှချည်လား ပြောပြောနေလို့.. ဆေးမသောက်ပဲ.. ဆိုးပြနေရတယ်.. အဟွတ်အဟွတ်...၊

ကိုအာကာ: သြော် .............. နားထောင်တယ် ဆိုတာလဲ သေချာတော့ နားမထောင်ရသေးပါဘူး သီချင်းဆိုနေတာပါလား ဆိုတဲ့ အသိလေး ရရုံ အကြားလေးပဲ ရှိတာပါ

Ahnge: တကယ်က ချစ်စမ်းမောင် ဂစ်တာသံကြီး ၀င်ဝင်နှောက်နေတာပါ... ကိုယ့် ဗော်ကယ်ချည်းပဲ နားထောင်ကြည့်ပါလား...၊ (သူများလွှဲချသည်)

ကိုအာကာ: ဟုတ်မယ် သီချင်းရေးတဲ့ သူတွေ ရေးပေးတုန်းက အဲ့ဒီလို တီးလုံးတွေ မပါဘူးပဲ
ကျွန်တော် ပြောချင်တာ အဲ့ဒါပဲဗျ …. လိုတာထက် မပိုစေနဲ့ ဆိုတာ

Ahnge: ကျုပ်က ကျုပ်အသံကို ယုံကြည်လို့ ဗော်ကယ်ကြီးပဲ... ဆန်းသစ်တီထွင်ပြီး ထုတ်မယ်... ပြောပါတယ်... ကိုလေးဖြူက ဆရာချစ်တို့ ခရမ်းလေးတို့ မိသားစုတွေကို ငဲ့ပါဦးကွာလို့ တားထားလို့...၊ အဟွတ်အဟွတ် (သာယာစွာ ချောင်းဆိုးသည်)

ကိုအာကာ: အေးကွာ အေးကွာ အေးကွာ (လေးဖြူလေသံဖြင့် )

ကျွန်တော် တကယ်ခင်လို့ သတိပေးမယ် အမျိုးအရင်းကြီးတွေက သစ္စာ ဖောက်တက်တယ်

Ahnge: တိန်

ကိုအာကာ: တေးရေးဆရာတွေက ကိုကြီးငဲတို့ကို မှီနေတာလား ကိုကြီးငဲတို့က တေးရေး ဆရာတွေကို ပြန်မှီနေတာလား

နိစ္စဓူဝ ခဏလေးများ ဘင်္ဂလားပင်လယ်အော် ကိုး အဲ့ဒီ လေးခွေက တေးရေးဆရာတွေ

မောင်မောင်ဇော်လတ် လင်းလင်း နောနော် …… တူနေတယ်

Ahnge: စပ်ထားတဲ့ သီချင်းအကြမ်းလေးတွေ တစ်သိန်းခွဲလောက်တော့ ရှိတယ်...၊ အကုန်ဆိုမယ်ဆိုရင် နှစ်ပေါင်း ငါးရာလောက် ဆိုရမယ်..၊ ဒါပေမဲ့.... ဇ၀ါတို့..၊ လင်းလင်းတို့ကို သနားတာနဲ့.. thumb drive ထဲပဲ ထည့်ထားလိုက်တယ်...၊

ဖြစ်ချင်တော့ တလောက ဗိုင်းရပ်စ်ကိုက်သွားတာ အကုန်ပျက်ကရော...၊

သုံးရက်လောက် ပြန်ရေး ရဦးမယ်...၊

ကိုအာကာ: သူတို့ ဆိုမယ့်အထဲက မျှပေးတာလား ကိုကြီးငဲတို့ တောင်းတာလား

Ahnge: သင်းကလေးတွေ သုံးပေးပါဆိုပြီး ငိုယိုပြီး လာပြောကြတာပါ

ကိုယ်က သိတယ်မဟုတ်လား.. ရိုးရိုးအချစ်သီချင်းဆိုရတာ လျှာညောင်းတယ်တောင် ထင်တာ..၊

ကိုယ်စပ်ထားတဲ့ သီချင်းတွေဆိုရင် အတွေးအခေါ်တွေ ပြေးကလော်လို့ရအောင်ကို အတုံးလိုက်အတစ်လိုက်ပါတယ်....၊

ကိုအာကာ: ဘာလို့လဲ ဆိုတော့ အဲ့ဒီတေးရေး ဆရာတွေ အထူးသဖြင့် (လင်းလင်းနဲ့ နောနော်) တို့က ကာလာ ခပ်ဆင်ဆင်လေးတွေ လေ ကိုလေးအသံနဲ့ နင်လားငါလား လင်းလင်းက……..

နောနော် အတိုင်အထက်အလွန် သီချင်းဆို ကိုကြီးငဲနဲ့ ကျွန်တော်တို့ မှားခဲ့ကြတယ်

Ahnge: နောနော်လား….. ဒီချာတိတ်မဆိုးရှာပါဘူး... အရပ်ရှည်တယ်....၊ ၀ိတ်တောင့်တယ်..၊

ရော့ခ်ခါဆိုတာ ဒီလိုမှ...၊ …. ဒါမှ ရပ်ပါဆိုတဲ့ ချာတိတ်တွေကို တီးနိုင်မှာ....၊

ကိုအာကာ: ကျွန်တော်သိသလောက်ပြောရရင်တော့ လေးဖြူ ဖြစ်လာတာ ကိုကေအေတီ ကိုနိုင်းနိုင်း ကိုသော်ဒီဝေ

ကိုကြီးငဲဆို ဇ၀ါ ကို တွဲခေါ်လာသလို ကိုယ်တိုင်လဲ ရေးနိုင်တာတွေလေ

ဘာလဲ အိုင်စီရဲ့ နောက်မျိုးဆက် တစ်ခုကို အကောင်အထည် ဖော်နေတာလား ဆိုတာလေးပါ ထည့် ဖြေပေးပါဦး

ခုဆို ကိုကေအေတီ မရေးတော့သလောက်ပဲလေ…… မသုံးတော့တာလား….. ခွာတာလား

Ahnge: နောက်မျိုးဆက်ကတော့ လက်သပ်မွေးစရာ မလိုပါဘူး.. ခုဆို ကြိုးကြာတို့ညီအစ်မတွေလည်း သားပေါက်.. အဲ.. မျိုးဆက်သစ်တွေရလာတော့မှာဆိုတော့...၊

ကိုအာကာ: အို.......... ဘာတဲ့

Ahnge: သူက ဒီလို …… ခုခေတ်လူငယ်တွေက သိပ်မလွမ်းတတ်ကြတော့ဘူး... ချစ်ကြိုက်ကွဲ .. အေးဆေးပဲ... (ပြောပြောဆိုဆို လေချွန်သည်) ဒီအထာကို သဘောမပေါက်ပဲ အဲဒီငနဲကြီးက လွမ်းကောင်းတုန်း...၊

ဒီတော့ ၀ိုင်ဝိုင်းဆိုတဲ့ အငိုပါရမီရှင်လေးတစ်ယောက်အတွက်ပဲ သူရေးပေးစရာ ရှိတော့တယ်...၊

အဟမ်း.. (ကီးအပြည့်ဖြင့် ချောင်းဟန့်သည်)

ကိုအာကာ: ကြိုးကြာ ဆိုလို့ ကြိုကြား ကြိုကြား ၀င်ပြောလိုက်ဦးမယ်

ဒင်းတို့နှစ်ယောက်ဆိုတဲ့ မိန်းကလေး အချစ်တို့ အိမ်မက်ထဲက ချစ်သူတို့ ဆိုတာ ကိုကြီးငဲ ရေးတာ မဟုတ်လား

သိပ်အသက်ပါတာပဲလို့ မိန်းကလေး တော်တော်များများက မှတ်ချက်ပေးတယ်လေ

ကိုကြီးငဲ က ဒီလောက် နုနေရအောင် ထိသွားအောင် လုပ်နိုင်ခဲ့တာ

ဂျယ်ကြီးလားဟင်…… (မသိလို့မေးသည့်မျက်နှာပေးဖြင့်…. ပေါ်တင် ထည့်သည်)

ဟိုအရင်က ကိုကြီးငဲ ပြောတော့ အချစ်ဟာ ခါး ခါး ခါး ဆိုပြီး အဆုံးသတ်မှာ တံ့တွေးကို တောင် ထွီခနဲ ထွေးထုတ်တာလေ

ခါးလို့ မျိုမချဘူးလဲ ဆိုသမို့လား….

Ahnge: ထပ်... ဘယ်ကလာ... မူရင်းတေးသံရှင် ချာတိတ်မလေးနှစ်ယောက်ကို... ကိုယ်က တစ်ဖက်သတ်စွဲလန်းမိနေတယ် ဆိုပါတော့.... ကိုယ်မရှက်ပါဘူး.. သူတို့ရဲ့ သီချင်းကို ကိုယ့်ရဲ့ အနုပညာမှော်တွေ သွင်းပေးလိုက်တာပါပဲ... ကိုယ့်အထင် ငါးစက္ကန့်အတွင်း စပ်ဖြစ်ခဲ့တာပါ..၊

ကိုအာကာ: ဘယ်ကဗျာစာအုပ်ထဲက ခိုးချတာလဲ

ရာဘင်ဒြာနတ်တဂိုး စာအုပ်ထဲက စာသားလေးတွေလဲ တွေ့ရတက်တယ်လေ ဟင်း ဟင်း (မြတ်ခိုင် လေသံဖြင့်)

Ahnge: အချစ်ဟာ ခါး ကိစ္စကတော့... အခါးဟာ ချစ်ဖို့ကောင်းတယ်လို့ ၀င်္က၀ုတ္တိကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး ရေးခဲ့တာပါ .. လူပြိန်းတွေကတော့ နားမလည်ကြတော့ အပြစ်တင်တာပေါ့လေ.. ရှိဇေတော့.. ဒါတော့... ဥပမာ- ကြက်ဟင်းခါးသီး၊ ကပ်ပချီနို..၊ ၀ီစကီ... ဒါတွေက ချစ်ဖို့ကောင်းတဲ့ အခါးတွေလေ.. ရှင်းပါတယ်နော်.. ကိုယ်ပြောတာ....၊

တဂိုးဆိုတာ ဘယ်သူလဲ... စာသားချင်း တူနေတယ်ဆိုရင်တော့ ဆောရီးပဲ.. ကျွန်တော့်ဆီက သူခိုးချတာပဲဖြစ်လိမ့်မယ်...

ကိုအာကာ: သြော် .... အနုပညာကို ၀ီစကီ တစ်ပတ် ကြက်ဟင်းခါးသီးတစ်ဖက် ကပ်ပချီနို အရံထားပြီး မှော်သွင်းတယ် ဆိုတာကတော့ ဖော်မြူလာ အသစ်ပဲ

ကျွန်တော် ဂွေးတောက်ရွက်နဲ့ တမာရွက်ကလေး ကြုံရင်ပို့ပေးမယ်နော်

ဒါမှ မှော်စွမ်းထက်တဲ့ ဂရုကြီး ဖြစ်မယ် မဟုတ်လား

Ahnge: အိုကေ... (ဇစ်ပိုမီးခြစ်ဖြင့် မာဘိုရိုတစ်လိပ်ထုတ်ညှိလိုက်သည်)

ကိုအာကာ: ကိုကြီးငဲ အနေနဲ့ ရေးတာရယ် ဆိုတာရယ် နှစ်ခုမှာ ဘယ်ဟာက လုပ်စားလို့ ကောင်းလဲ ဟင် (ကိုကိုလှမြင့် လေသံဖြင့်)

Ahnge: ကျွန်တော်က ... အကောင်းဆုံးပေးဆပ်ချင်တာပါ....၊

ကိုအာကာ: ဟဲ့ ပလုပ်တုပ်

ဘာကိုတုန်း

ဘာကြီးကိုတုန်း

Ahnge: ရေးတာရော ဆိုတာရော.... ကျွန်တော် တစ်ဖက်ကမ်းခပ်နေတဲ့ ပညာတွေ ဖြစ်နေလေတော့.. အဟဲ..

နှစ်မျိုးစလုံးကို အားသန်ပါတယ်...၊

တူးဝေးပေါ့.. အာာာာ

ကိုအာကာ: သြော် ကိုကြီးငဲက သီချင်းရေး ခြင်းဆိုခြင်းကို ရန်ကုန်မှာ မလုပ်ဘူးပေါ့ ဒလ မှာ သွားလုပ်တာကိုး (ဒလဆိုသည်မှာ ရန်ကုန် တစ်ဖက်ကမ်းကို ဆိုလိုခြင်းဖြစ်ကြောင်း တဂိုးကို မသိသော သူအား ပြောရန် မလိုတော့ပြီ)

Ahnge: အင်း.. တစ်ခါတလေ ဒလဘက်ကမ်းကူးပြီးတော့ ပုဇွန်တော့ သွားသွားမျှားတတ်တယ်...၊ ခင်ဗျား ကျွန်တော့် အကြောင်း တော်တော်လေ့လာထားတာပဲ..၊

ပုဇွန်မျှားရတာ စိတ်တည်ငြိမ်တယ်ဗျ...၊

အထွေအထူး တရားကျင့်စရာမလိုဘူး...၊

ငါးမြှားတံက ဖော့တုံးလေးကို ကျွန်တော် ရှုတယ်

ဘယ်အချိန် ရေထဲနစ်သွားမလဲ...၊

အဲဒါ.... အဓိကပဲ..၊

အဲဒါ အမှန်တရားပဲ....၊

ကိုအာကာ: တစ်ခါကလဲ ရွာပြန်ပြီး မုန်းညင်းစိုက်စားမယ် လို့ ပြောဖူးတယ်နော်

မြေကွက်ဝယ်ဖို့ ပိုက်ဆံစုနေတာ ဆို

Ahnge: ဒီအကြောင်း ကျွန်တော် ၀ီကီမှာတောင် စာတမ်းတစ်ခုပြုစုမလို့...၊

ခေါင်းစဉ်တော့ပြီးသွားဘီ...၊

အဲဒါက ခိုးကူးခွေတွေ စိတ်ပျက်မိတာတစ်ကြောင်း..၊

အိမ်က ဟာကြီးပစ်ပြီး ရွာက ငယ်ရည်းစားနဲ့ သွားတွေ့ချင်တာက တစ်ကြောင်းတို့ကြောင့်ပါ

တကယ်တော့ ဘယ်ပြန်ပါ့မလဲဗျာ....၊

ကိုအာကာ: ဒါနဲ့ ကျွန်တော်ကလေ ရှေ့မှီနောက်မှီဆိုတော့ (ကုလားထိုင်မဟုတ်ပါ ဦးဝင်းငြိမ်း လေသံဖြင့်)

ကိုကြီးငဲ အမျိုးသမီးက အဂ်လိပ်စာ ဆရာမ ဆိုတော့

ဘာသာပြန်လဲ ကောင်းမှာပေါ့နော်

ဘာကားတွေ အကြည့်များလဲ

ပြီးတော့ ကိုကြီးငဲ နားမလည်တာတွေကို စာတန်းထိုးပြလား (ဗမာလို)

Ahnge: သူကတော့ ဂျပန်ကားကြိုက်တယ်တဲ့...၊ ကျွန်တော်က အမေရိကန်..၊

အာာာ

ဆာမူရိုင်းလေ..၊

ဂျပန်ဆာမူရိုင်းကားတွေ သူကကြိုက်တယ်...၊

ကိုအာကာ: ဟယ် ဗြိတိသျှ ကား မကြည့်ဘူးလား

Ahnge: ကျွန်တော့်အနေနဲ့ကတော့...၊ သရုပ်ဆောင်တွေ ပါးစပ်လှုပ်တာနဲ့တင်... ဘာပြောတယ်၊ ဘယ်ဘာသာနဲ့ပြောတယ်ဆိုတာတွေပါ သိနေတော့ မလိုအပ်ပါဘူးလေ....၊

အင်္ဂလိပ်နဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်ဘောလုံးပွဲမှတစ်ပါး ကျန်တာ ဘာမှ မကြည့်ဖြစ်ပါဘူး...၊

ကဲဗျာ...၊ ကျွန်တော်လည်း သီချင်းရေးရဦးမယ်..၊

ဘာတွေမေးဖို့ကျန်သေးလဲ

ကိုအာကာ: သြော် မာဂဓ ဘာသာလဲ တက်ကျွမ်းတာကိုး ထူးတယ်နော်

ဒါနဲ့ စကားမစပ် (အင်္ဂလိပ်လိုby the way)

နိုင်ငံရပ်ခြားကို ခဏခဏ သွားဖြစ်နေတယ်နော



(ကိုကြီးအငဲက သူ၏ အဖိုးတန် ပန်နာဆောနစ်နာရီကြီးကို စိတ်မရှည်သလို ကြည့်လိုက်သည်)

ကိုအာကာ: မွေးရပ်မြေကိုတော့ လမ်းပန်းဆက်သွယ်ရေးကြောင့် သိပ်မရောက်ဖြစ်ဖူးလို့ ထင်ရတယ်

Ahnge: ဘန်ကောက်တင်ပါ

ကိုအာကာ: ဘာတွေ အခက် အခဲ ရှိသလဲ (ကူညီပါရစေ ၁၉၉ ကို ဆက်သွယ်ပါ)

Ahnge: ၀က်သားဒုတ်ထိုးစားရင်း ယိုးဒယားအဆိုတော်မလေး တာတာယန်းရဲ့..... ဂီတကို လေ့လာကြည့်ချင်လို့..၊

အဲ.. ရွာပြန်သေးတယ်ဗျ....၊

ရထားနဲ့...၊

ကိုအာကာ: ဟယ် ရထားလမ်း ပေါက်နေပြီပေါ့

ဝမ်းသာလိုက်တာ

Ahnge: မလွှဂုံးဘူတာပဲရှိသေးတယ်...၊ ရထားလမ်းရေမြုပ်နေလို့... တိုက်စီငှားပြီး အိမ်ပြန်လာရတယ်..၊

ရထားလက်မှတ်ဖိုး ဆုံးရော...၊

ကိုအာကာ: ထွက်ကို မထွက်ရသေးတာပဲ

ပြန်မအမ်းဘူးလား

Ahnge: နှစ်ဘူတာလောက်တော့ စီးလိုက်ရပါတယ်..၊

ပြန်အမ်းတဲ့ထုံးစံမရှိဘူးတဲ့..၊

ရထားက ဆက်ထွက်မှာတဲ့...၊

ဘယ်တော့ ဆက်ထွက်မှာလဲ..ဆိုတော့ ရေကျရင်တဲ့...၊

စကားတော့တည်ပါတယ်....၊

နာဂစ်ပြီးလို့.... တစ်ပတ်လောက်ကြာတော့.. အဲဒီရထား.. မလွှကုန်းက ဆက်ထွက်သွားတယ် ဆိုပဲ...၊

ကိုအာကာ: ဆောရီးဆောရီး ရေပြန်ကျအောင် လုပ်ဖို့ ငွေကြေး အကူအညီလိုပုံ ရပါတယ် လုပ်သားပြည်သူတွေ အတွက်ပဲ

ကုသိုလ်ရပါတယ်

ကိုးန၀င်း ကြေတာပေါ့ (ဘာမှလဲ မဆိုင်ဘူးနော်)

ခုလို ကိုယ်စားဖြေကြားပေးသော ကိုကြီးငဲ (အတု) အားကျေးဇူး ဥပကာရနော်

Ahnge: ကျွန်တော်ကလည်း.... “မူရင်း” ၀ယ်ယူအားပေးကြသော ပရိသတ်ကြီးကို ကျေးဇူးတင်ကြောင်း ဒီဆိုဖာပေါ်ကနေ ပြောချင်ပါတယ်...

မိန်းမရေ.. ကိုယ့်နှာချေသံလေး နားထောင်ချင်ရင်... အဲကွန့် ဖွင့်လိုက်ဟေ့.......

ဟတ်ချိုး....... ဟတ်ချိုး........၊

ကိုအာကာ: ဟုတ်ကဲ့ မူရင်း တစ်ယောက်ဝယ်ရင် အယောက်တစ်ထောင်လောက် ပက်ပက်စက်စက် သုံးခွင့်ပေးတဲ့ အတွက် လဲ ပရိသတ်တွေက upload တင်ပေးသူကို ကျေးဇူးတင်နေကြပါတယ်

အဌဲ အဌဲ

(ကိုကြီးအငဲ သာယာနာပျော်ဖွယ် နှာချေလိုက်လေသည်။ နားထောင်လို့ကောင်းပေဇွ..။ ပါရမီထူးလှသော ကိုကြီးအငဲပါပေ..)

ဤတွင်.... ဂျီတော့ အသံမှ....၊ အပျော့အဖျင်းအနှစ်ကင်း အင်တာဗျူး အစီအစဉ်... ထုတ်လွှင့်လို့ပြီးပါပြီရှန့်....။

ဒန်တန်တန်...။




အပေါ်က စာသားများကို ကိုအာကာက ရွှတ်နောက်နောက်မေးပြီး ကျွန်တော်က ပြောင်ချော်ချော် ဖြေထားခြင်းမျှသာဖြစ်သည်။ ပျော်စေပျက်စေသဘောမျိုးသာဖြစ်ပြီး သိက္ခာချ၊ စော်ကားလိုသောသဘောထား လုံးဝ မပါဝင်ပါ။ သီချင်းခွေများ မူပိုင်ခွင့်ကိစ္စသည် မြန်မာပြည်အတွက် ဖြေရှင်းရမည့် အရေးကြီးပြဿနာတစ်ရပ် ဖြစ်ပါသည်။ ကိုကြီးအငဲသည် ကျွန်တော့် အကြိုက်ဆုံး အဆိုတော်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်လည်း မူရင်းအခွေဝယ်ဖို့ လက်လှမ်းမမှီသောနေရာတွင် ရောက်နေသဖြင့် အွန်လိုင်းမှပဲ ကော်ပီဒေါင်းပြီး နားထောင်ရပါသည်။ ကိုကြီးအငဲ ခွင့်လွှတ်မည် မျှော်လင့်ပါသည်။

◄ တေဇာ ►






Comments

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ