Skip to main content

“သစ္စာဖောက်မှု” (Betray)

“သစ္စာဖောက်မှု” (Betray)


လောကကြီးက သိပ်မနိပ်လှဘူး။ ဒီလိုပြောလို့ လောကကြီးတွေဘာတွေနဲ့ ချီပြောရအောင် လောဘကြီးလှချည်လား အပြစ်တင် မစောနဲ့ဦး...။ လောကကြီးနဲ့အဆင်မပြေလို့ အသာလစ်ထွက်ပြီး Facebook မှာ မာဖီးယား ကစားပြန်တော့ နောက်ကျောဓားနဲ့ထိုးတာ (Betray) ခံရပြန်ရော...။ သစ္စာဖောက်ခံရတယ်ပဲ ပြောပါတော့။ ထိုးချင်းထိုး ရင်ဘတ်ကို ထိုးသင့်တယ်လို့တော့ ထင်တာပဲ။ ဒါဆိုရင် ဖြဲခြောက်သင့်တယ်ထင်ရင် ဖြဲခြောက်...၊ မနိုင်ဘူးထင်ရင်... လစ်တန်သည်လစ် ဒါမျိုးတွေ လုပ်လို့ရသေးတာပေါ့...။ ခုတော့ ယမမင်းကြီး ဘွားခနဲမြင်မှပဲ ...အော် ... ငါသေသွားပါ ပေါ့လားသိရတဲ့ဘ၀။ ခင်မင်သူတွေ ချစ်ခင်သူတွေက ဒါမျိုးသစ္စာဖောက်တာခံရတော့လဲ နာကျည်းပေမပေါ့...။ ဒါပေမဲ့ ကိုယ်တိုင်ကျတော့လည်း သိပ်ပြီးသစ္စာရှိလှတဲ့ကောင်တော့ မဟုတ်ပြန်ဘူး။ သစ္စာလေးပါးမှာ ရှေ့နှစ်ပါးကိုကြေညက်သလောက် အရေးကြီးတဲ့ နောက်နှစ်ပါးကို ဆိုက်ရောက်ဖို့ လမ်းပေါက် ပိတ်နေတဲ့ကောင်...။ ရှင်းရှင်းပြောရရင် နာကျည်းပေမဲ့လည်း “ငါ့ သစ္စာဖောက်လို့နာကျည်းရအောင် ဘယ်သူမှလည်း ငါ့ကို သစ္စာရှိပါ့မယ်.. ကတိခံခဲ့တာမဟုတ်၊ ဓားနဲ့ထိုးရင် ရင်ဘတ်ပဲရွေးထိုးပါ့မယ်လို့ ကြင်ကြင်နာနာ ပြောခဲ့ဖူးတာလည်းမဟုတ်.....” ဒါမျိုးတွေ ပြန်တွေးမိတော့လည်း နာကျည်းရတာ သိပ်အရသာမတွေ့တော့ဘူး။ နာကျည်းတဲ့ခံစားချက်ကို အပြည်အ၀ခံစားခွင့်မရတာဟာ နာကျည်းစရာ ပြန်ဖြစ်လာပြန်ရော...။

Betray အကြောင်းရေးထားတဲ့ ၀တ္ထုတွေ တော်တော်များများဖတ်ဖူးပေမဲ့ ခံရတဲ့လူတွေ (Victim) ဘက်က တစ်ခါမှ ဂရုဏာရသ မခံစားပေးဖူးခဲ့ဘူး။ ဖောက်တဲ့လူကတော့ ဖောက်မှာပဲ၊ ကောက်တဲ့လူကတော့ ကောက်မှာပဲ...။ အဲ.. အရေးကြီးတာက ကိုယ်အဲဒီလိုလူစားတွေထဲမပါဖို့လည်း မဟုတ်ပြန်ဘူး...။ ကောက်ကောက်, ဖြောင့်ဖြောင့် သူ့အလှနဲ့သူတော့ ကြည့်ကောင်းတာပဲလို့ လမ်းမပေါ်က ကောင်မလေးတွေဆံပင်ကိုကြည့်ပြီး ဆီဆီဆိုင်ဆိုင် တွေးမိလိုက်သေးတယ်။ ကဲ... ဒီတော့မှ ဘ၀နေနည်းနိဿျှရည်းစာအုပ်ကို မာမီ့ဝမ်းတွင်းမှာထဲက ဖတ်လာခဲ့ သင့်မှန်း သိရတော့တယ်။ ကဗျာဆရာလေးတစ်ယောက်ပြောဖူးတဲ့ “အလိုဆန္ဒတွေ ယဉ်ကျောပိတ်ဆို့မှု ဖြစ်တယ်” ဆိုတာကို တွေးကြည့်မိတယ်။ မက်ထရိုပေါ်လတန်ဘ၀တွေဟာလည်း အမြဲတမ်း ဘ၀ကျော ပိတ်ဆို့နေတာပဲ မဟုတ်လား။ အဲကွန်းဘတ်စ်လိုဘ၀၊ ချက်ပလက်လိုဘ၀၊ လေးဘီးကားလိုဘ၀၊ ပရာဒိုလိုဘ၀၊ လန်ခရူဆာလိုဘ၀၊ ရေစည်လှည်းလိုဘ၀၊ ကုလားမခြေထောက်လိုဘ၀၊ စက်ဘီးလိုဘ၀၊ ခုံဖိနပ်လိုဘ၀၊ မာစတာဂျစ်လိုဘ၀....... ဒီလိုဘ၀တွေ လမ်းမပေါ်မှာပြည့်နေလေတော့ ဘ၀ကျောပိတ်ပြီပေါ့။ ဒီတော့ သူ့ထက်ငါ ပန်းတိုင်ရောက်ရေး Betray လုပ်ဖို့လိုလာပြီ။ မီးနီပဲဖြတ်ခဲ့ဖြတ်ခဲ့၊ မော်တော်ပီကယ်ကိုပဲ ခါးလယ်ကတက်ကြိတ်ခဲ့ တက်ကြိတ်ခဲ့ ဟိုနားက Five Star ဟိုတယ် ပါကင်မှာ ကိုယ့်ကား အရင်ထိုးနိုင်ဖို့ပဲ (ခုံဖိနပ်လေးချနိုင်ဖို့လည်း ဖြစ်နိုင်သည်) အဓိကမဟုတ်လား။ ဘ၀မှာ သမာသမတ်ဒိုင်လည်း မရှိဘူး၊ သမာဓိချိန်ခွင်လည်းမရှိဘူး။ ကဲ.. ဒီတော့ ကျောချင်းဆက်အမွှာဘ၀နဲ့ မမွေးလာရတာကိုပဲ ကြိတ်ဝမ်းနည်း ရုံရှိတော့တယ်။ မော်ဒန်ဆေးပညာ အားကိုးတဲ့လူတွေကတော့ မျက်နှာမှာမျက်လုံးနှစ်လုံး ဖြစ်နေလို့ တစ်လုံးကိုနောက်စေ့ကိုရွှေ့ဖို့ ကြံစည်နေကြတယ်ဆိုပဲ...။ တကယ်တော့ လုံလောက်တဲ့အရှိန်နဲ့သာ ရွေ့လျားနေတယ်ဆိုရင် ဘယ်သူတွေက ခင်ဗျားနောက်ကျောကို ဓားနဲ့ပြေးထိုးဖို့ လိုက်မီနိုင်ပါ့မလဲ။ တကယ်တော့ နောက်ကျောဆိုတာ ခင်ဗျားရဲ့ အားနည်းချက်လည်း မဟုတ်ပဲကိုး...။ အားနည်းချက်လို့ ယူဆခဲ့ရင်လည်း နံရံကိုသာ ကျောနဲ့ကပ်ပြီး ရပ်နေပေတော့ ဘယ်မှမသွားတော့နဲ့။ အင်း... လျှောက်ရေးနေတာလည်း နည်းနည်းများသွားပြီ...။ ကျွန်တော့် ပါကင်လေးအတွက် ခရီးဆက်လိုက်ဦးမယ် ....တာ့တာ....။

“အကြင်သူ၏ခါးကြားတွင် စူးရှထက်မြက်သော ဓားမြှောင်တစ်လက် ရှိ, မရှိကိစ္စသည် သိပ်အရေးမကြီးပါ။
ထိုသူ လိုက်မမီနိုင်သော အရှိန်အဟုန်ဖြင့် ပြေးလွှားနေရန်သာ သင်၏တာဝန်ဖြစ်သည်”


◄ တေဇာ ► စက်တင်ဘာ (၀၂)၊ ၂၀၀၉


.................................................................................................
..........................................................

အူကြောင်ကြောင်အတွေးများကို အားအားယားယားလျှောက်ရေးထားခြင်းသာဖြစ်သည်။ အတည်ယူချင်သော် ယူပါ။ အပျော်ကြံချင်သော် ကြံပါ။ မင်္ဂလာဆောင်ချင်သော်ဆောင်ပါ။ ကွာရှင်းချင်သော် လက်မနှေးပါနှင့်။ ထွက်ပြေးချင်သော် ထွက်ပြေးပါ။ ဖတ်ပေးချင်သော် ဖတ်ပေးပါ။ ဖြဲချင်သော် ဖြဲပါ။ ဆဲချင်သော် ဆဲပါ။ တံတွေးဖြင့်ထွေးချင်သော် ထွေးပါ။ စိတ်လိုက်မာန်ပါ ထွေးခဲ့မိသော် သင်၏ မော်နီတာကိုဆေးကြောရန်မှာ... သင်၏တာဝန်သာ ဖြစ်ပါလိမ့်မည်။


.................................................................................................
..........................................................

Comments

  1. စာဖတ်သူNovember 14, 2009 at 7:35 AM

    ဖတ်ပေးချင်သော် ဖတ်ပေးပါ။ ...

    မြန်မာစာ အဆန်းပဲ။ မှတ်ချင်သော် မှတ်ထားပါ မမှတ်လည်း မှတ်သွားပါတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ