တော်လှချည်လားချီးကျူးလို့လည်း လက်မ,မထောင်ဘူး၊ ညံ့လှချည်လားရှုတ်ချလည်း လက်ခလယ် မထောင်ဘူး….။ ကျွန်တော် အလယ်အလတ်လမ်းစဉ်လိုက်တယ်လို့လည်း လက်သီးဆုပ်ပြီး မကြွေးကြော်ဘူး… ကဲ ...... ဘာကျန်သေးလဲ…၊ ဘာမှမကျန်ဘူး…၊ ဘာအကြံမှမရှိတဲ့ ငတုံး…။ (မှတ်ချက်။ “ငတုံး” ဟူသောနေရာတွင် အားရပါးရ အာလုတ်သံဖြင့်ထွက်၍ ဖတ်ပါ....) အသေခံ ဗုံးခွဲသူများအနေဖြင့် HIV Negative ဖြစ်ရမည်ဖြစ်ပြီး၊ အသည်းရောင်အသားဝါ (B) ပိုး၊ Tuberculosis ၊ ပွေးဝဲညှင်းရောဂါတို့ ကင်းရှင်းကြောင်း သက်သေခံနိုင်ရန် Medical Check Up လုပ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားရန် အိုစမာဘင်လာဒင် ဘာကြောင့် မေ့လျော့ခဲ့သည်ဆိုသည်ကို စောကြောရန်လိုပေသည်ဟု သွေးကင်ဆာရောဂါဖြင့် သေအံဆဲဆဲ အစွန်းရောက်တစ်ဦးကြောင့် လူပေါင်း (၁၅၀) သေဆုံးခဲ့ရသော ဗုံးခွဲတိုက်ခိုက်မှုအပြီး သတင်းများတွင် ထုတ်ပြန်သည်။ ထိုနေ့က အိုစမာဘင်လာဒင် နှာစေးနေခဲ့ကြောင်းကိုမူ မည်သူတစ်ဦး တစ်ယောက်မှ မသိရှိလိုက်ခဲ့ကြ။ ရင့်ကျက်ခြင်းနှင့် ရင်ကြပ်ခြင်း အဆက်အစပ်ရှိမရှိ ကျွန်တော် မသိပါ။ သို့သော် ရင့်ကျက်ချင်ယောင်ဆောင်ခြင်း အလုပ်ကတော့ အတော်အသက်ရှူကြပ်သည်ဟု ခံစားရသဖြင့် ရှောင်ရှားခဲ့ပါသည်။ မူးယစ်ခြင်းနှင့် ယစ်မူးခြင်း ဘယ်သင်း...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။