Skip to main content

Posts

Showing posts from March, 2010

“တစ်ခန်းရပ်”

§ § § § § § § မုန်တိုင်းစဲသည့် နေ့တချို့တွင် ကျွန်တော် စကားအများကြီး ပြောခဲ့ပြီးပါပြီ။ ထို့ကြောင့် ယခုသော် ကျွန်တော့်အား နှုတ်ဆိတ်ခွင့် ပြုကြပါတော့ . . .။ သဘာဝကျစွာပင် မျှော်လင့်ထားသည့် မုန်တိုင်းများ ပြန်လည် ၀င်ရောက်ခဲ့ပါပြီ။ Blogging, Facebooking, G Talking စသော အလုပ်များအား ၃၆၅ ရက်ထက် မနည်းသော ခဏတာမျှ ရပ်နားပါဦးမည်။ လာရောက် ဖတ်ရှုခဲ့ကြခြင်း အတွက် အပိုအလိုမရှိ ကျေးဇူးတင်ပါသည် မိတ်ဆွေများ . . . ။ လရိပ်ကျနေသော နေရာများ လွန်မြောက်ခဲ့လျှင် ကျွန်တော် ပြန်ရောက်လာနိုင်ဦးမည် မျှော်လင့်ပါသည်။ ရိုးသားစွာဖြင့် . . . ◄ တေဇာ (လရောင်လမ်း) ► မတ်လ (၁၄) ရက်၊ ၂၀၁၀ § § § § § § §

တစ်မိုးအောက်

တကယ်တော့ လူသားတို့သည် အသွင်သဏ္ဍန်၊ အယူအဆ၊ သဘောထား၊ တန်ဖိုးထားမှုစံ စသည့် ကြီးမားသော အသေးအဖွဲ များစွာတွင် မည်သို့ ကွဲပြားနေသည် ဖြစ်စေ အပြာရောင် မိုးကောင်းကင်ကြီး အောက်၌ အတူတကွ ရှင်သန်နေထိုင် ကြသူများ ချည်းသာ ဖြစ်ပါသည်။ ကောင်းကင်ကြီး၏ ကြည်လင်သာယာမှုသည် ကျွန်တော်တို့ အားလုံးနှင့် သက်ဆိုင်သည်။ ကောင်းကင်ကြီး၏ လျှပ်စီး မိုးကြိုးများသည် ကျွန်တော်တို့ အားလုံးနှင့် သက်ဆိုင်ပြီး အတူတကွ ရင်ဆိုင်လိုစိတ် မွေးမြူသင့်ပေသည်။ တစ်မိုးအောက်ခိုနေသူ အချင်းချင်း ရိုင်းပင်းကူညီခြင်း၊ ကိုယ်ချင်းစာတရားနှင့် ချစ်ခင်လေးစားမှုတို့ . . . ။ ဤနေရာ အရောက်တွင်ပင် ပေါက်သွားသည့် ကားဘီးလို ကျွန်တော့် ၀ါကျများမှာ ပျော့ခွေပြီး ဗလပ်ဗလပ်ဖြင့် လမ်းဘေး ထိုးရပ်သွားသည်။ ကြည့်ပျော်ရှုပျော် အကြောင်းအရာများ ရေးသားခြင်းဖြင့် ပြုံးနေသော မျက်နှာသည် ယခုသော် မိမိကိုယ်ကိုယ် လှောင်ပြောင်သော သရော်ပြုံးအဖြစ်သို့ ကူးပြောင်းသွားသည်။ ကျွန်တော့်တွင် အများလက်ခံထားသော (Conventional) စာကောင်းပေမွန်တို့အား ရေးသားနိုင်သော အစွမ်း ရှိမနေပါ။ ထုံးစံအတိုင်း လျှပ်စီးလက်သလို ဖျပ်ခနဲ လက်လာသော အတွေးများက ကြည်လင်သာယာနေသော ကောင်းကင်အား အပြီးတိုင် ချေမွ ဖျက်ဆီးခဲ့ပြါ

မိုးလေ၀သ စိတ်ပညာ (၂)

“မျက်မြင်ကိုယ်တွေ့” အတွေး (When Experience Trumps Data) Eric Johnson သည် Columbia Business School မှ “ဆုံးဖြတ်မှု သိပ္ပံ” ( Decision Sciences ) ဌာန၏ ဒါရိုက်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်မှု သုတေသနဌာနမှ သုတေသီ တစ်ဦးလည်း ဖြစ်သည်။ § § § § § § § စာရင်းဇယား အချက်အလက်များနှင့် ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသည့် အတွေ့အကြုံ များမှာ မကြာခဏ ဆိုသလို အတိုက်အခံ ဖြစ်နေ တတ်သည်။ ရှင်းလင်း ထင်ရှားသည့် ကျွန်တော်တို့၏ ပစ္စက္ခ အတွေ့အကြုံ များမှာ မှုန်ဝါး ဝေးကွာသည့် စာရင်း အချက်အလက်များအား မကြာခဏ ဆိုသလို လွှမ်းမိုးသွား တတ်သည်။ အကြမ်းဖက်မှုကို အရေပြားကင်ဆာ ထက်ပို၍ ကျွန်တော်တို့ ကြောက်ရွံ့တတ် သော်လည်း နှစ်စဉ် ပိုမို အသေအပျောက် များသည်မှာ အရေပြား ကင်ဆာသာ ဖြစ်ပါသည်။ ကင်ဆာသမား အများစုမှာ တစ်နေ့တာ ခံစားချက်သည် ရေရှည် ရောဂါရင့်လာမှုနှင့် အဆက်အစပ် မရှိကြောင်း ကြုံတွေ့ကြရသည်။ အိပ်ရေး၀၀ အိပ်လိုက်ရလျှင် လူတစ်ယောက်သည် နေကောင်းထိုင်ထသာ ရှိနေနိုင်ပေသည်။ သို့ရာတွင် ရောဂါ ရင့်ကျက်လာမှုက သွေးခုန်နှုန်းနှင့် အခြား တိုက်ရိုက် အတွေ့အကြုံ မဟုတ်သည့် အတိုင်းအတာများနှင့် များစွာ သက်ဆိုင်နေသည်။ သို့တိုင်အောင် သာမ

မိုးလေ၀သ စိတ်ပညာ (၁)

ရာသီဥတု ဖောက်ပြန်ခြင်းများက ကမ္ဘာကြီး၏ မိုးလေ၀သ အခြေအနေ ပြောင်းလဲလာခြင်း အပေါ် လူထု၏ နားလည်မှု၊ သို့မဟုတ် နားလည်မှု လွှဲမှားခြင်းများကို မည်သို့ သက်ရောက်စေ ပါသနည်း။ ယမန်နှစ် သြစတြေးလျ အပူလှိုင်းနှင့် သဲမုန်တိုင်း ကာလအတွင်းက ကမ္ဘာကြီးပူနွေးလာမှုအပေါ် ထောက်ခံသူများသည် ရေရှည် မိုးလေ၀သ အပြောင်းအလဲ ဖြစ်စဉ်များနှင့် အလျင်အမြန် ချိတ်ဆက်ပုံဖော် ပြခဲ့ကြသည်။ သို့ရာတွင် အအေးလှိုင်း၊ သို့မဟုတ် နှင်းမုန်တိုင်း ကျစဉ်တွင်လည်း ဤအရာများ အားလုံးမှာ ကမ္ဘာကြီးပူနွေးလာမှု၏ အစွန်းရောက် ရာသီဥတု အခြေအနေများသာ ဖြစ်သည်ဟု မိုးလေ၀သ သိပ္ပံပညာရှင်များ ကာကွယ်ပြောဆိုနေသည့် ကြားမှ မယုံကြည်သူများဘက်က “ဘယ်မှာပူလို့လဲ” ဟု လက်ညှိုးထိုး ထောက်ပြစရာ အကွက်ရခဲ့သည်။ ဤအချက်အရ ထွက်ပေါ်လာသည့် မေးခွန်းမှာ ရာသီဥတုနှင့် ပတ်သက်သည့် ဤသို့သော အတွေ့အကြုံများသည် ကမ္ဘာကြီးပူနွေးလာမှုကိစ္စအပေါ် လူထု၏ အမြင်နှင့်၊ ၎င်းတို့ချမှတ်ကြသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် မည်သို့ သက်ရောက်သနည်း ဟူသော မေးခွန်းပင် ဖြစ်ပါသည်။ § § § § § § §

မလုံ့တလုံ အက်ဆေး

“မလုံ့တလုံ” ဟူသည့် စကားလုံးအား “မလုံ” သည့်အကြောင်း အသားပေး ဖော်ပြလိုသော အခါတွင် အများအားဖြင့် သုံးစွဲသည်။ ဆတ်ကော့လတ်ကော့ နိုင်သည့် သဘော၊ သုံးစွဲသူ၏ မနှစ်မျို့သည့် သဘောများ အနည်းနှင့်အများ ပါဝင်နေသည်။ အမျိုးသမီးများ၊ မိန်းကလေးငယ်များ စသည့် ဣတ္ထိယ ဆန်သော စကာလုံးများနှင့် ပူးတွဲ တွေ့ရလေ့ ရှိသဖြင့် ယောက်ျားများ၏ မျက်လုံးများကို တစ်မျိုးတဖုံ ငြို့ငင်ဆွဲယူ နိုင်သည်။ သို့ရာတွင် တစ်ဖက်က ပြန်ကြည့်သော် မလုံခြင်းသည် ဖုံးကွယ်ထားသည့် တစ်စုံတစ်ရာ ကျန်ရှိနေသေးကြောင်း ညွှန်းဆိုရာ ကျသည်။ “မီဂန်ဖော့က်စ်၏ မလုံ့တလုံ” ဟူသော အသုံးတွင် အနည်းဆုံး တစ်ခုခုတော့ ၀တ်စားထား သေးကြောင်း အလွယ်တကူ သိရှိနိုင်သည်။ တိုက်ရိုက်ပြောလျှင် ၀တ်လစ်စလစ် အခြေအနေသို့ မရောက်သေးသော၊ အကာအကွယ် တဖြည်းဖြည်း ပါးလျားလာသည့် အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ “မလုံ့တလုံ” သည် ညှို့အားပြင်းသည်။ မသက်မသာနှင့်ဖြစ်စေ အလိုမကျလှသော်လည်း လက်ခံလိုက်ရသည့် အခြေအနေမျိုး  ရှိသေးသည်။ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ရန် အားမသန်သေးသော ပရိသတ်၏ လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ် ဖြစ်ပါသည်။ § § § § § § §

အထီးကျန်ခြင်းအား ကုစားရန် လို/မလို . .

ချီကာဂို တက္ကသိုလ်မှ သုတေသန အသစ် တစ်ရပ်တွင် အထီးကျန် ဝေဒနာအား ဖြေလျှော့ ကုစားရန် ပိုမို ပညာသားပါသည့် နည်းလမ်းတစ်ခု အတွက် အထောက်အထား အချို့ တွေ့ရှိခဲ့ရသည်။ အထီးကျန် ဝေဒနာသည် များအား ၎င်းတို့၏ မူလ၀န်းကျင် အတွင်းသို့ပင် ပျော်ဝင် စီးမျောသွား နိုင်ရန် ဖန်တီးပေးခြင်းဟု ဆိုနိုင်ပါလိမ့်သည်။ ဇီဝဗေဒ ပုံတူပွားများ (လူ၊ တိရိစ္တာန် စသည်) ဖြည့်ဆည်း ပေးခြင်းသည် အထီးကျန် ဝေဒနာအား လျှော့ချရန် အလွန် ထိရောက်လှသည်ဟု မဆိုနိုင် သော်လည်း လူတို့ကို (တကယ် မဟုတ်ဘဲ) ထိုသို့ ထင်မြင်လာအောင် ပြုပြင်လှည့်စားနိုင်သည်ဟု ချီကာဂို တက္ကသိုလ်မှ အပြူအမူ သိပ္ပံပညာရှင် Nicholas Epley က ဆိုသည်။ အခြား လူအများနှင့် ဆက်သွယ်ချက် အာရုံ ကင်းမဲ့သော အခြေအနေတွင် လူတို့သည် အိမ်မွေးတိရိစ္ဆာန်၊ ကိရိယာပစ္စည်း တစ်ခုခု၊ သို့မဟုတ် လူတူ နတ်ဘုရားများနှင့် ကျွမ်းဝင်လာနိုင်ချေ ပိုများသည်ဟု ၎င်းက ဆိုသည်။ § § § § § § §

တံတား

(ဆရာမြင့်သန်း၏ ဒီဇင်ဘာ ၂၀၀၄၊ စတိုင်သစ် မဂ္ဂဇင်းပါ ၀တ္ထုတိုအား ပြန်လည်တင်ပြခြင်း) “ကြုံတုန်း ခင်ဗျားလည်း လိုက်ခဲ့လေဗျာ” လို့ ကျွန်တော့် ဆရာကြီးက ပြောတယ်။ ဖိတ်စာ ထည့်ထားတဲ့ စာအိတ် ကျွန်တော့်ဆီ ကမ်းလိုက်တယ်။ စာအိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲက ဖိတ်စာမှာ ဆရာကြီး နာမည် ရေးထားတယ်။ ဖိတ်စာရဲ့ အောက်ဆုံးမှာ “ဖိတ်စာနှင့်တကွ ကြွပါ” လို့ ပါတယ်။ ဖိတ်စာက “သိမှုဗေဒ အခြေခံ ပညာရပ်ဆိုင်ရာ နှီးနှောပွဲ” တဲ့။ “ဒါ၊ ဆရာကြီးကို ဖိတ်တာပဲ။ ဖိတ်စာနှင့်တကွ ကြွပါလို့ဆိုတော့ ဆရာကြီးပဲ သွားလို့ရမှာပေါ့” လို့ ကျွန်တော်က ပြောလိုက်သည်။ “ရပါတယ်ဗျာ၊ ဟိုကျ ကျွန်တော် ကြည့်ပြောပါ့မယ်။ ခင်ဗျားကို ဘာမှ လက်မခံစရာ မရှိဘူး။ ခင်ဗျား ဒီရောက်နေမှန်းသိရင် ခင်ဗျားကိုလည်း ဖိတ်မှာပဲ” လို့ ဆရာကြီးက ပြောရင်း ရေပုလင်းတစ်လုံးကို ထုတ်ပြီး သောက်တယ်။ ကျွန်တော့်ကိုလည်း တစ်လုံးလှမ်းပြီး ကမ်းလိုက်တယ်။ “လျှောက်သွားကြရမှာဆိုတော့ နေက ပူတယ်။ ရေပုလင်းလေးတော့ ဆောင်သွားတာ မမှားဘူးပေါ့ဗျာ” လို့လည်း ပြောတယ်။ အဲဒါသာကြည့်။ ကျွန်တော့်ဆရာကြီး တော်တယ်ဆိုတာ။ နေပူထဲ လမ်းလျှောက်သွားရင် ရေဆာမယ်ဆိုတာ ကြိုတွက်လို့ရတယ်။ ရေဆာရင်၊ ရေလိုတယ်။ ရေလိုရင် ရေပုလင်းရှိဖို့

လူဇာတ်သွင်းခြင်းနှင့် လူဇာတ်ဖျက်ခြင်း

သစ်ပင် ပန်းပင်များနှင့် စကားပြောခြင်း၊ လူပုံစံနှင့် ဆင်တူယိုးမှား နတ်ဘုရား ရုပ်တုများအား ၀တ်ပြု ကိုးကွယ်ခြင်း၊ မိမိစီးနေသော ကားအား နာမည်ပေးခြင်း၊ အိမ်မွေး တိရိစ္ဆာန်များအား အ၀တ်အစား ၀တ်ပေးခြင်း စသည့်အလုပ်များကို လူတို့ ပြုလုပ်တတ် ကြသည်။ လူမဟုတ်ဘဲ သူ့သဘောသူဆောင်နေသော အရာများအား လူသား အငွေ့အသက်များ ဌာပနာရန် ကျွန်တော်တို့လူသားများတွင် အားကောင်းသော တိမ်းညွတ်မှု ရှိသည်။ (အင်္ဂလိပ် ဘာသာဖြင့် Anthropomorphism အား “လူဇာတ်သွင်းခြင်း” ဟုပင် ဘာသာပြန် သုံးနှုန်းပါမည်) အကြောင်းရင်းအား ဟားဗတ်နှင့် ချီကာဂို တက္ကသိုလ်တို့မှ စိတ်သိပ္ပံပညာရှင် (Psychological Scientist) နှစ်ဦးတို့၏ စာတမ်းမှ အဖြေရှာ ကြည့်ပါမည်။ လူဇာတ်သွင်းခြင်း အမှုအား စိတ်ပညာရှုထောင့်မှ စစ်ဆေးကြည့်ခြင်းဟု ဆိုနိုင်မည် ဖြစ်သည်။ § § § § § § §

မာရီလင်မွန်ရိုးနှင့်တွေ့ရန် နောက်ကျခဲ့ခြင်း

ဘာသာစကား၏ နာကျင်ကြေကွဲဖွယ် အကောင်းဆုံး စကားတစ်ခွန်းမှာ “လုံးဝ နောက်ကျသွားပါပြီ” ဟူ၏။ နောက်ကျခြင်း၌ လုံးဝဆိုသော ပမာဏတစ်ရပ်၊ သို့မဟုတ် ဟိန်းဟောက်ပြတ်သားသည့် လေသံဖြင့် အထူးပြုထားသည်။ မည်ကာမတ္တ နောက်ကျခြင်းမျိုး မဟုတ်။ ပြန်ပြင်မရအောင် နောက်ကျခြင်း၊ ရာနှုန်းပြည့်နောက်ကျခြင်း၊ နောက်တစ်ကြိမ် စောခွင့် မရှိတော့လောက်အောင် နောက်ကျခြင်းမျိုး ဖြစ်ပြီး ကွန်ပြူတာဖြင့် စာစီသော် Bold Letter ဖြင့် ရိုက်နှိပ်သင့်သော နောက်ကျခြင်းမျိုး ဖြစ်သည်။ ကျွန်တော်က လုံးဝ နောက်ကျခဲ့သူ တစ်ယောက်သာ ဖြစ်သည်။ § § § § § § §

ကိုယ့်ကိုယ်ကိုယ် ဖျက် (၂)

ဘိုကျခြင်း မူလတန်း ကျောင်းရှိ ကလေးများ၏ တစ်ဝက်၊ သို့မဟုတ် တစ်ဝက်ကျော် ခန့်မှာ အနိုင်ကျင့် ဘိုကျခြင်းကို ကြုံတွေ့ရ ဖူးကြောင်း လေ့လာမှုများအရ တွေ့ရှိရသည်။ ၂၀၀၉ ခုနှစ်က ဥရောပ လေ့လာမှုတစ်ခုတွင် ကျောင်းတွင်း အနိုင်ကျင့် ဘိုကျလေ့ရှိသော ကလေးများသည် မိမိအိမ်တွင်လည်း ညီအစ်ကို မောင်နှမများအပေါ် ဘိုကျတတ်သည်ကို တွေ့ရှိခဲ့ရသည်။ ဤသည်က အဆိုပါလေ့လာမှုပါ သုတေသီတစ်ဦးအား ဘိုကျခြင်း အလေ့အကျင့်မှာ မိမိအိမ်မှ အစပြုခဲ့ခြင်း ဖြစ်ကြောင်း တွက်ဆစရာ ဖြစ်စေခဲ့သည်။ ဤလေ့လာမှုမှ အိမ်နှင့်ကျောင်း မည်သည့်နေရာမှ အစပြုသနည်း ဟူသည်ကို အတိအကျပြောရန် မဖြစ်နိုင်သော်လည်း မိဘမောင်ဘွားများ အပေါ် အနိုင်ကျင့် ဘိုကျခြင်းကဲ့သို့ အပြုအမူ တစ်ခုခု အိမ်တွင်ပြုလုပ်လေ့ရှိသော ကလေးများမှာ အဆိုပါ အလေ့အကျင့်ကို ကျောင်းသို့ သယ်သွားလေ့ ရှိသည်မှာတော့ အမှန်ပင်ဖြစ်သည်ဟု အီတလီရှိ တက္ကသိုလ်တစ်ခုမှ Ersilia Menesini က ဆိုသည်။