တစ်နေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့် ပုံပြင်ထဲတွင် လမ်းလျှောက်လာရာ လမ်းတွင် ကျွန်ုပ်ရှေ့မှ သွားနေသော မြင်းတစ်ကောင်၊ မြည်းတစ်ကောင်နှင့် လူတစ်ယောက်ကို မီလာလေသည်။ အဲဒီနေ့က နေက အတော်ပူတယ်။ လမ်းကလည်း ဖုန်ထူတယ်။ မြည်းနဲ့ မြင်းရဲ့ပိုင်ရှင်က တစ်ကိုယ်တည်း လမ်းလျှောက်လာတယ်။ မြည်းရဲ့ကိုယ်ပေါ်မှာတော့ အတော်များများ ၀န်ထုပ်ဝန်ပိုးတွေ တင်ထားတယ်။ မြင်းရဲ့ကိုယ်ပေါ်မှာတော့ ဘာမှ တင်မထားဘူး။ ကြည့်ရတာ မြည်းဟာ အင်မတန် မောပန်းနေပုံရတယ်။ သူတို့အနားရောက်သွားတော့ မြည်းက မြင်းကို တောင်းပန်နေတဲ့အသံ ကြားရတယ်။ `မိတ်ဆွေ.. ကျေးဇူးပြုပြီး ကိုယ်ပေါ်က ၀န်တစ်ဝက်လောက် ကူသယ်ပေးစမ်းပါ၊ ကျုပ် သိပ်ပင်ပန်းနေပြီ၊ ဖျားလည်း ဖျားနေလို့ပါ´ လို့ ပြောတယ်။ မြင်းက ခေါင်းခါခါ လည်ခါခါနဲ့- `မကူညီနိုင်ဘူး၊ မကူညီနိုင်ဘူး။ ကိုယ့်ဝန်ထုပ် ကိုယ်သယ်´ လို့ ခါးခါးသီးသီးပြောတယ်။ ဒီတော့မှ ကျွန်ုပ်ရောက်နေတဲ့ ပုံပြင်ဟာ အီစွတ်ရဲ့ The Horse and the Loaded Ass (မြင်းနဲ့ ၀န်တင်မြည်း) ဆိုတဲ့ ပုံပြင်မှန်း သိတော့တယ်။ ဒီပုံပြင်ကို ကျွန်ုပ်ကဖတ်ဖူးတော့ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ သိနေတယ်။ ဖြစ်တာက နောက်ဆုံး မြည်းဟာ ဒဏ်မခံနိုင်တော့လို့ လဲကျသေသွားတော့တယ်။...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။