Skip to main content

Posts

Showing posts from September, 2010

ရုံးတော်၏ ရှေ့မှောက်တွင်

ရုံးတော်၏ ရှေ့တွင် တံခါးစောင့်တစ်ဦး ထိုင်နေသည်။ ထိုတံခါးစောင့်ဆီသို့ နယ်ဝေးမှလူတစ်ဦး ရောက်လာကာ ရုံးတော်အတွင်းသို့ ၀င်ခွင့်တောင်းခံသည်။ သို့သော် တံခါးစောင့်က သူ့အနေဖြင့် ယခုလောလောဆယ်တွင် ၎င်းအား ၀င်ခွင့်မပြုနိုင်သေးဟု ပြောဆိုသည်။ ထိုသူက စဉ်းစားလိုက်ပြီး နောက်ခဏအကြာတွင်ရော သူဝင်ခွင့်ရနိုင်ပါမည်လားဟု ဆက်လက်မေးမြန်း လိုက်သည်။ `ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့မဟုတ်ဘူး´ ဟု တံခါးစောင့်က ပြောသည်။ ရုံးတော်၏ တံခါးဝသည် အစဉ်အမြဲရှိခဲ့သလိုပင် ပွင့်လျက်သား တည်ရှိနေပြီး တံခါးစောင့်က ဘေးတစ်ဘက်သို့ လျှောက်သွားသည်။ ထို့ကြောင့် ထိုသူက ဂိတ်ပေါက်ဝကိုဖြတ်ကာ အတွင်းသို့ မြင်လိုမြင်နိုင်ငြား ကိုယ်ကိုကိုင်းညွတ်၍ မျှော်ကြည့်လိုက်သည်။ ထိုအဖြစ်အား တံခါးစောင့်က မြင်သော် ဤသို့ ရယ်မော ပြောဆိုလိုက်သည်။ `တကယ်လို့ ခင်ဗျား အရမ်းဝင်ချင်နေတယ်ဆိုရင် ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ၀င်သွားကြည့်ပါလား။ ဒါပေမဲ့ တစ်ခုတော့လည်း မှတ်သွားဦး။ ကျွန်တော်က သန်မာတယ်။ ဒါတောင်မှ ကျွန်တော်ဟာ တံခါးစောင့်တွေထဲမှာ အနိမ့်ဆုံးအဆင့်မျှပဲ။ အခန်းတိုင်း အခန်းတိုင်းမှာ တံခါးစောင့်တွေ ရှိပြီး တစ်ယောက်ဟာ အခြားတစ်ယောက်ထက် ပိုမိုသန်မာသွားကြတယ်။ တတိယလူကိုဆို က

ရေခဲလူ

ရေခဲလူကို ကျွန်မ လက်ထပ်ခဲ့တယ်။ သူ့ကို ကျွန်မ ပထမဆုံးတွေ့ခဲ့စဉ်တုန်းက နှင်းလျှောစီး အပန်းဖြေစခန်းက ဟိုတယ်တစ်ခုမှာ ဆိုတော့ ရေခဲလူနဲ့ တွေ့ဆုံဖို့ ပြီးပြည့်စုံတဲ့ နေရာတစ်ခုလို့ပဲ ဆိုရမှာပေါ့။ ငယ်ရွယ်သူတွေနဲ့ လှုပ်ရှားပြည့်ကျပ်နေတဲ့ ဟိုတယ်ရဲ့ နားနေခန်းထဲမှာ ရေခဲလူကတော့ မီးလင်းဖိုရဲ့ အဝေးဆုံးထောင့် တစ်နေရာက ခုံတစ်ခုမှာ သူ့ဘာသာ ထိုင်နေပြီး စာအုပ်တစ်အုပ်ကို ငြိမ်ငြိမ်သက်သက်ပဲ ဖတ်နေခဲ့တယ်။ မွန်းတည့်ချိန်နီးနီး ဖြစ်နေပေမဲ့ ဆောင်းဦးနံနက်ခင်းရဲ့ ထင်ရှားတဲ့ အေးစက်စက် အလင်းရောင်တစ်ခု သူ့ဝန်းကျင်မှာ ရစ်သိုင်းနေသလိုပဲ။ `ကြည့်ပါဦး။ အဲဒါ ရေခဲလူ´ လို့ ကျွန်မ သူငယ်ချင်းတစ်ယောက်က တီးတိုးပြောလိုက်တယ်။ အဲဒီအချိန်တုန်းကတော့ ရေခဲလူဆိုတာ ဘာလဲဆိုတာ ကျွန်မ လုံးလုံးမသိခဲ့ပါဘူး။ ကျွန်မ သူငယ်ချင်းလည်း ဒီလိုပဲ။ `သူ့ကို ရေခဲနဲ့လုပ်ထားတာ ဖြစ်ရမယ်။ ဒါကြောင့် သူ့ကို ရေခဲလူလို့ခေါ်တာပေါ့´ သူ ကျွန်မကို အဲဒီလို ပြောလိုက်တဲ့ပုံစံက တစ္ဆေသရဲကြောင်း ပြောနေသလိုမျိုး၊ ဒါမှမဟုတ် ကူးစက်ရောဂါသည်တစ်ယောက်အကြောင်း ပြောနေသလိုမျိုး တကယ့် အတည်ပေါက်ပါပဲ။ § § § § § § §

အဲဒီနေ့က ကျွန်တော် အရပ်ပိုမြင့်နေခဲ့တယ်

ကျွန်တော့်ထက် အရပ်ပိုမြင့်တဲ့ မိန်းကလေးတွေကို ကျွန်တော်နည်းနည်း အမြင်ကပ်တတ်တယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ သူတို့နား မတ်တပ်ရပ်မိရင်၊ မကြီးလှတဲ့ ကျွန်တော့် ခန္ဓာကိုယ်ဟာ ပိုသေးသွားသလို ခံစားရတယ်။ ရူးဆိုးနဲ့အတူ ကျောက်ခေတ်ကိုလှည့်ပြန်ဖို့ စိတ်ကူးမရှိပေမဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကို ကျွန်တော့်စိတ်ထဲမှာ သဘောကျမိတာတော့ အမှန်ပဲ။ လူသားတွေရဲ့ အခြေခံအကျဆုံး စွမ်းရည်ကို ကျွန်တော်လိုချင်တာ သဘာဝကျပါတယ်။ ချက်ကျလက်ကျ ငြင်းခုန်လို့မှ မရရင် နားရင်းလေးဘာလေး တီးပေးလိုက်တာက လူတစ်ယောက်ရဲ့ ခေါင်းကို မြန်မြန်ညိတ်စေတယ်မဟုတ်လား။ ဒါပေမဲ့လည်း ကိုယ့်ထက် အရပ်မြင့်တဲ့လူတစ်ယောက်ကို ခြေဖျားထောက်ပြီး နားရင်းရိုက်ဖို့ဆိုတာက မသင့်ပြန်ဘူး။ ဒီတော့ ကျွန်တော်က ကိုယ့်ထက်အရပ်မြင့်ရင် အမြင်ကပ်မိတယ်။ ကိုရင်ဝတ်တုန်းက ဆွမ်းစားချိန်ဆိုရင် အရပ် အနိမ့်အမြင့်အလိုက် တန်းစီကြရတယ်။ အသက်ငယ်ပြီး အရပ်မြင့်တဲ့ကိုရင်က ရှေ့ရောက်ပြီး ကိုယ့်ထက်အရင် ဆွမ်းစားကျောင်းထဲဝင်ခွင့်ရတာကို ကျွန်တော် မကျေနပ်ခဲ့ဘူး။ ချစ်တတ်ကြိုက်တတ်တဲ့ အရွယ်ရောက်လာတော့ ကိုယ်က မော်ကြည့်ရတဲ့ မိန်းကလေးမျိုးကို ကျွန်တော် အမြင်ကပ်မိတာ အမှန်ပဲ။ အမြင်အရကို ကျွန်တော်က တစ်ပန်းရှုံး

ခရေပင်လမ်း

 ဒီတော့ ငါတို့အတူတူ သက်သက်စီ လျှောက်ကြတာပေါ့။ ~ လျှိုပင်ဟောင်ဝါ တစ်ခါတုန်းက သူနဲ့ကျွန်တော် ခရေပင်လမ်းပေါ်မှာ အတူလျှောက်ခဲ့ကြဖူးတယ်။ ရန်ကုန်မြို့တော်ကြီးရဲ့ အလယ်ခေါင်တည့်တည့် ပန်းခြံတစ်ခုရဲ့ ပတ်လမ်းတစ်ခုပေါ်က မနက်ခင်းစောစော တစ်ခုမှာပေါ့။ လမ်းလျှောက်နေပေမယ့် စကားအထွေအထူး မပြောဖြစ်ကြဘူး။ အဲဒီလမ်းပေါ်မှာ ခရေပင်ကြီးတွေ ရှိတယ်။ ခရေပန်းလေးတွေ လမ်းမပေါ် ပြန့်ကျဲနေတယ်။ ငှက်တွေလည်း အသံမြည်နေကြတယ်။ ကျွန်တော်တို့ တွဲလျှောက်လာကြပေမယ့် စုံတွဲနှစ်ယောက်မဟုတ်သလို ကျွန်တော် ခံစားနေရတယ်။ ဒီခံစားမှုဟာ သူ့နဲ့ကျွန်တော်အတူရှိခဲ့တဲ့ ခဏတာတိုင်းမှာ ကျွန်တော် အမြဲရနေကျ ခံစားမှုတစ်ခုပဲ။ ကျွန်တော်ဟာ သူ့ချစ်သူ မဟုတ်သလိုပဲ။ (တကယ်လည်း မဟုတ်ဘူးလို့ နောက်ပိုင်းကျတော့ ကျွန်တော်သိခဲ့ရပါတယ်) တွဲလျှောက်နေကြပေမဲ့ ကျွန်တော်တို့ဟာ ရောနှောမသွားဘူး။ ဟန်ချက်ညီမနေဘူး။ ဘေးလူအနေနဲ့ကြည့်ရင် သက်သက်စီ ကွဲနေလိမ့်မယ်၊ သူစိမ်းနှစ်ယောက် ရင်ဘောင်တန်း လျှောက်လာကြသလိုပဲ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ထင်နေတယ်။ ဒီအတွက် နည်းနည်းတော့ စိတ်နှောင့်အယှက် ဖြစ်မိတယ်။ လိုက်လျောညီထွေဖြစ်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားကြည့်ခဲ့ပါတယ်။ သူ့လက်ကလေးကို

မိမိကိုယ်ကိုယ် လက်ထပ်သူ

[ ၁ ] `ဘာမဖြစ်နိုင်စရာ ရှိသလဲ´ ဒီစကားနဲ့ပဲ ကျွန်တော့်ရဲ့ ချစ်လှစွာသော သူငယ်ချင်းကြီး `ဇက်´ က ကျွန်တော့် ဘ၀လမ်းကြောင်းကို ပြောင်းလဲစေခဲ့တာပေါ့။ အဲဒီစကားကို ပြောစဉ်တုန်းက သူဟာ ဘုန်းတော်ကြီး ဖှလီးမင်းနဲ့ သမ္မာကျမ်းစာပါ အခန်းပေါင်းများစွာကို စစ်စစ်ပေါက်ပေါက်ပေါက် အသေးစိတ် တိကျအောင် ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးပြီစ အချိန်ပဲ။ သူထောက်ပြတာကတော့ ခရစ်ယန်ဘာသာဝင်တွေကို ညီမ၊ အဒေါ်၊ အမေ၊ ယောက္ခမ၊ သမီး ဒါမှမဟုတ် မြေးကိုတောင်မှ (စိတ်ပါချင်လည်း ပါနေမှာ) လက်မထပ်ရဘူးလို့ တားမြစ်ထားတယ်လို့ဆိုတယ်။ ဒါပေမဲ့ ကျမ်းစာရဲ့ ဘယ်နေရာမှာမှ ကိုယ့်ကိုယ်ကိုယ်လက်ထပ်ဖို့ တားမြစ်ထားတာ မရှိဘူး။ ဒီလိုနဲ့ ဒါဟာ ကျွန်တော်လုပ်ချင်နေတဲ့အရာ အတိအကျပဲလို့ ရောင်းရင်းကြီး ဇက်ကို ကျွန်တော် ပြောခဲ့တာပဲ။ ဒါနဲ့ပဲ နောက်ဆုံးတော့သူက ဒီအဆုံးအဖြတ်စကားတစ်ခွန်းကို ၀န်ခံခဲ့ရတော့တယ်။ `ဘာမဖြစ်နိုင်စရာ ရှိသလဲ´

ကြမ္မာငင်ခြင်း

[ ၁ ] East of the Web နေ့က ပူစပ်ပူလောင်နေ့။ ပြီးတော့ ကျွန်တော့်မိန်းမကို ကျွန်တော် မုန်းတယ်။ နေဦး… ပြောပြမယ်။ ကျွန်တော်တို့ Scrabble (အင်္ဂလိပ်စာကားလုံးစပ် ကစားနည်း) ကစားနေကြတယ်။ ဘယ်လောက် ဆိုးသလဲ စဉ်းစားကြည့်လေ။ ကျွန်တော့်အသက်က ၄၂ နှစ်။ မဟားတရားပူနေတဲ့ တနင်္ဂနွေနေ့လယ်။ ဒီလိုအချိန်မှာ ကျွန်တော့်ဘ၀မှာ အများဆုံးမျှော်လင့်နိုင်တာက Scrabble ကစားဖို့တဲ့လား။ တကယ်ဆိုရင် ကျွန်တော် အပြင်ထွက်သင့်တယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေး လုပ်မယ်။ ပိုက်ဆံလေးဘာလေး သုံးမယ်။ အပေါင်းအသင်းတွေနဲ့ တွေ့မယ်။ ကြာသပတေးနေ့ကတည်းက မိန်းမကလွဲလို့ တခြားလူတစ်ယောက်နဲ့မှ ကျွန်တော် စကားမပြောရသေးဘူး။ ကြာသပတေးနေ့တုန်းကလည်း နွားနို့လာပို့တဲ့လူနဲ့ စကားပြောခဲ့ရတာပါလေ။ ကဲ စဉ်းစားကြည့်၊ ကျွန်တော့်ဘ၀ကို။

အိပ်မက်ဆိုး

[ ၁ ] `ပေ့စ်´ လမ်းပျောက်နေပြီ။ ဤကိစ္စနှင့်ပတ်သက်၍ သံသယဖြစ်စရာကို မလိုတော့။ အစပိုင်းတွင် တောအုပ်သည် အတော်အတန် ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်မည့်ပုံထင်ရသည်။ စိတ်ဝင်စားစရာ ငှက်များ၊ တိရိစ္ဆာန်များနှင့် ပြည့်နှက်နေသည်။ မီးမွှေးရန် ဖြစ်နိုင်မည် ထင်ရသော အပင်များလည်း အနှံ့အပြား ပေါက်ရောက်နေကြသည်။ ယခု လေးရက်ခန့်ကြာသော် အပင်များက မီးမွှေးရန် စွတ်စိုထိုင်းမှိုင်းလွန်းပြီး ငှက်များကလည်း ပေ့စ် ညအခါ အိပ်မရနိုင်လောက်အောင် ဆူညံလှုပ်ရှားနေကြကြောင်း တွေ့ရှိရသည်။ သူ့အား အန္တရာယ်ပေးရန်ကြိုးစားသည့် တိရိစ္ဆာန်တစ်ကောင်ကောင်နှင့် ယခုထိ ရင်မဆိုင်ရသေးသည်ကိုသာ ကျေးဇူးတင်ရတော့မည်။ မဟုတ်သေး။ သူ့အား အောင်မြင်စွာ အန္တရာယ်ပေးနိုင်သည့် တိရိစ္ဆာန်တစ်ကောင်ကောင်ဆိုလျှင် ပိုမှန်လိမ့်မည်။

ခဏလေး

တွေးရင်းငေးရင်း လမ်းလျှောက်ရင်း လျှောက်ရင်း… ။ -လင်းလင်း- ဗိုလ်အောင်ကျော် အထက်လမ်းကနေပြီး ညာဘက်ကို ချိုးလိုက်မယ်။ ကဲ.. အခု ကျွန်တော်နဲ့အတူ အနော်ရထာလမ်းအတိုင်း စုန်ဆင်းကြည့်မယ်။ ခဏတဖြုတ်၊ အပျင်းပြေသဘောပေါ့။ အချိန်က ညနေရုံးဆင်းချိန်ပဲ ဆိုပါစို့။ လမ်း (၄၀) ကားမှတ်တိုင်မှာ လူတချို့ ထုံးစံအတိုင်းရပ်နေကြမယ်။ နှုတ်ခမ်းနီ ရဲတွတ်နေအောင်ဆိုးထားတဲ့ မိန်းကလေး တစ်ယောက်နှစ်ယောက်ကိုလည်း ထုံးစံအတိုင်းတွေ့ရမယ်။ သတိထားရှာဖွေတာမျိုးမဟုတ်ဘဲ မြင်ကွင်းမှာ တခြားလူတွေနဲ့ သက်သက်စီဖြစ်နေလို့ပဲ။ သူတို့ကို ကျွန်တော်မသိဘူး၊ သူတို့ကလည်း ကျွန်တော့်ကို မသိဘူး။ ဒီလိုပဲ ကျွန်တော့်ကို ဆွဲဆောင်ချင်တဲ့ အရိပ်အယောင်လည်း သူတို့ လုံးဝ မပြကြဘူး။ ကျွန်တော်ကလည်း သူတို့ကို မြင်နေပေမယ့် မမြင်သလိုပဲ။ သူတို့ရှိနေတာကို ကျွန်တော် သိသိနဲ့ မသိချင်ယောင်ဆောင်ထားမယ်။ ဒီလမ်းကို ကျွန်တော် ညနေတိုင်းလျှောက်ပြန်ခဲ့တာ နှစ်တချို့ကြာခဲ့ပြီ။ သူတို့လည်း ဒီမှာ အမြဲရှိနေခဲ့ကြတာပဲ။ သူတို့နဲ့ ကျွန်တော် မသိပေမဲ့ သိနေကြပြီ။ သူတို့အနေနဲ့ ကျွန်တော့်ကိုမသိပေမဲ့ အရောင်းအ၀ယ်လုပ်ရမယ့် လူစားမျိုးမဟုတ်မှန်း မသိစိတ်က သိနေကြပြီ။ ကျွန်တော်က သူတို့ရဲ့ တည်ရှိနေမှုကို

မျှော်လင့်ခြင်းအကြောင်း (About Hope)

(၁) တစ်ခုမှ မရေရာသူမို့လည်း အရာရာကို မျှော်လင့်နေနိုင်တာပေါ့ တစ်နေ့မှာ… ပန်းလည်းပွင့်မယ် နေလည်းသာမယ် သက်တန့်လေးတောင် ဖြာချင်ဖြာနေဦးမယ် မိုးလေ၀သခန့်မှန်းချက်တွေ ပိတ်လိုက်ကွယ်။ [1] Nothing is in certainty It enables me to hope everything someday, It shall be in blossom and sunshine Even rainbow might lie ahead Please stop the weather forecasts. (၂) ပုံပြင်အရဆို မေခလာရောက်သင့်နေပါပြီ ဇွဲရှိသယောင် သရုပ်ဆောင်နေတာ ဇွဲကောင်းလွန်းလှတယ် မျှော်လင့်ချက်မရှိသယောင် ဟန်မဆောင်တတ်ခဲ့တာ တစ်ခုပဲ ပင်လယ်ဆိုတော့လည်း ကျယ်သားပဲလေ။ [2] According to the myth Maykhala should be seen now I act as I have perseverance, with great perseverance I but fail to pretend that I have no hope Isn't the very ocean broad. တေဇာ (လရောင်လမ်း)

မီးစာလျော့ ဇာတ်ဝင်ခန်း (The Gloomy Episode)

[သမိုင်း ၁၊ မီးစာလျော့ခြင်း] မီးအိမ်ရှင်မလေးကို သိပါတယ် မာသာထရီဇာကို သိပါတယ် နိုဘယ်ငြိမ်းချမ်းရေးဆုကို သိပါတယ် ပြီးတော့… ကရိုင်းမီးယားစစ်ပွဲကိုလည်း သိသေးတယ် ကာလကတ္တားကိုလည်း သိသေးတယ် အို… ဒိုင်းနမိုက်တွေ ပေါက်ကွဲတတ်မှန်းပါ သိပါသေးတယ်…။ [HISTORY 1, Gloomy] I know The Lady with the Lamp I know Mother Teresa I know the Nobel Peace Prize And then, I also know the Crimean War I also know Calcutta O... I even know dynamites are explosive. [သမိုင်း ၂၊ ဇာတ်ဝင်ခန်း] `သင်ရောပဲလား ဘရူးတပ်စ်´ လို့အော်ဟစ်ပြီး ဂျူးလိယက်ဆီဆာ ဓားကိုလွှတ်ချလိုက်တယ် ရပြီ… ကတ်…။ ပြန်ရစ်ပြီးကြည့်မယ် ဘုရင်တစ်ပါးရဲ့လက်အား ဖြည်ချလိုက်တဲ့အရာကို…။ [HISTORY 2, Episode] After crying out ‘You too Brutus! ’ Julius Caesar loses his grip the sword Okay, that’s all! Let’s rewind and check What loosened the hand of a king. တေဇာ (လရောင်လမ်း) စက်တင်ဘာ (၁၄) ၂၀၁၀

ပြင်သစ် ဉာဏ်အလင်းပွင့် (သို့) ဗော်တဲရား၊ ရူးဆိုး

(၁၈) ရာစုတွင် ဥရောပသားတို့၏ ဒဿနနှင့် အတွေးအခေါ်တို့တွင် တခုတ်တရ အပြောင်းအလဲများ ရှိခဲ့သည်။ ဉာဏ်အလင်းပွင့် စာရေးဆရာများအနေဖြင့် ၎င်းတို့သည် ကာလကြာရှည် အာဏာပိုင်စိုးမှုနှင့် မသိမိုက်မဲမှု အနှောင်အဖွဲ့များအား ဖယ်ရှားရှင်းလင်းနေခြင်းဖြစ်ပြီး လူသားဝါဒ၊ ဆင်ခြင်တုံတရားနှင့် သိပ္ပံပညာတို့ဖြင့် ဉာဏ်အလင်းဖွင့်လှစ်လိုက်သည့် ခေတ်သစ်တစ်ရပ်သို့ ၀င်ရောက်လာခဲ့ပြီဟု ယုံကြည်ကြသည်။ အတိုင်းအထွာများအရ အဆိုပါ အသိပညာဆိုင်ရာ လှုပ်ရှားမှု၏ ဗဟိုချက်မှာ ပြင်သစ်ဖြစ်ပါသည်။ ထိုလှုပ်ရှားမှုအား `မွန်တက်စကယူ´ (Montesquieu)၊ `ဒစ်ဒရော့ထ်´ (Diderot)၊ `ရူးဆိုး´ (Rousseau) နှင့် `ဗော်တဲယား´ (Voltaire) ကဲ့သို့သော ဒဿနပညာရှင်နှင့် စာရေးဆရာများက ဖော်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့အား Philosophes များဟု သိကြ၏။ ဉာဏ်အလင်းပွင့်တွင် ယေဘုယျ တိမ်းညွတ်ချက်များ အတော်များများရှိပြီး၊ ဥပမာအားဖြင့် အာဏာပိုင်များအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။ ထိုအချိန်က အင်္ဂလန်မှာမူ လစ်ဘရယ်ပိုဆန်ပြီး၊ `လော့ခ်´ (Locke) ကဲ့သို့ လွတ်လပ်သော တွေးခေါ်ရှင်များ၏ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များသည် အဆိုပါ ဉာဏ်အလင်းပွင့်သမားများအား ကြီးမားစွာ သက်ရောက်မှု

စေတောပရိယဉာဏ်*အား ဈေးကွက်တင်ရန် ကြံခြင်း

`စိတ်ဖတ်စက်´ (Mind Reading Machine) ဟူသော သိပ္ပံဆိုင်ရာ နောက်ဆုံးတွေ့ရှိချက် သတင်းတစ်ပုဒ်အား ဖတ်လိုက်ရပါသည်။ လူတို့၏ အတွေးများအား စကားလုံး (Word) များအဖြစ်သို့ ဘာသာပြန်နိုင်သည့် နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့ရပြီဖြစ်ပြီး မကြာခင် `စိတ်ဖတ်စက်´ အဖြစ် ထုတ်လုပ်နိုင်တော့မည်ဟု သိပ္ပံပညာရှင်တစ်စုက ကြေငြာခဲ့ကြသည်။ Utah University မှ ပရော်ဖက်ဆာ Bradley Greger ဆိုသူ ဦးဆောင်သော အဖွဲ့က ဦးနှောက်၏ မျက်နှာပြင်ပေါ်တွင် အာရုံခံကိရိယာများတပ်ဆင်ကာ ဦးနှောက်အချက်ပြမှုများအား အသံအဖြစ်ထွက်ပေါ်လာအောင် ပထမဆုံးအနေဖြင့် ဘာသာပြန်နိုင်ခဲ့ကြသည်။ အဆိုပါ လက်တွေ့အောင်မြင်မှုသည် တိကျမှု ၉၀% ရှိပြီး ဆွံအနားမကြား လူနာများအနေဖြင့် ကူးလူးဆက်ဆံမှုပြုနိုင်ရန် လမ်းစပွင့်သွားခြင်းပင်ဖြစ်ကြောင်းနှင့် သာမန်လူများအနေဖြင့်ပါ အသုံးပြုနိုင်လိမ့်မည်ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ စကားမပြောနိုင်သော အာရုံကြောချို့တဲ့ ဝေဒနာရှင်များအတွက် ရေရှည်အသုံးပြုနိုင်ရန် အာမခံချက်ပေးမည့် အဆိုပါကိရိယာဖြင့် ဦးနှောက်၏ အချက်ပြမှုများသီးသန့်ကိုသာ အသုံးပြုကာ အသံထွက်သော စကားလုံးများအဖြစ်သို့ `ဖြည်´ (Decode) နိုင်ခဲ့သည်ဟု သိရသည်။ ၎င်းအား ဦးနှောက်ဖတ်ရှုခြင်း (Brain Reading)

ပင်လယ်ကြီးသို့ မှတ်ချက်

ကျွန်တော်တို့သည် ပင်လယ်ကြီးအား နားလည်နိုင်ရန် ကြိုးစားနေသော ရေစက်ကလေးများသာ ဖြစ်သည်။ _၀ီဒူးရန့်_ ဤစကြ၀ဠာကြီးတွင် များစွာသော အစီအစဉ်၊ အဖွဲ့အစည်း၊ စနစ်၊ နိယာမတို့နှင့် လုပ်နည်းလုပ်ဟန်များကို ကျွန်တော် မြင်တွေ့ခဲ့ရာ လောကဆိုင်ရာ ဉာဏ်အမြင်အား ယုံကြည်သည့်အလျောက် ဘ၀၊ စိတ်၊ ကမ္ဘာကြီး၏ နိယာမနှင့် အစီအစဉ်တို့အား ဘုရားသခင်အဖြစ် ကျွန်တော့်အနေဖြင့် ယူမှတ်ခဲ့ပါသည်။ သဘာဝနှင့် သမိုင်းတို့တွင် ဖုံးကွယ်မရသော ဒုစရိုက်၊ အစီအစဉ်မကျမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ရည်ရွယ်ရင်းမဲ့ခြင်းများအား မြင်တွေ့ခဲ့ရသည့်အတွက် ကျွန်တော်၏ ဘုရားသခင်အား ကျွန်တော် နားမလည်နိုင်ပါ။ သို့သော် ယင်းတို့အား ကျွန်တော့်အနေဖြင့် အလွန် ကန့်သတ်ထားသည့် ဘောင်ကလေးအတွင်းမှသာ သိမြင်နိုင်ခြင်းဖြစ်ပြီး အလုံးစုံသော လောကကြီး၏ မြင်ကွင်းကျယ်မှ ကြည့်လျှင်မူ တစ်မျိုးတစ်ဖုံ ပုံပေါ်နေနိုင်ကြောင်းကို ကျွန်တော်သိပါသည်။ စကြ၀ဠာကြီး၏ မမြင်နိုင်လောက်အောင် သေးငယ်သည့် အနုမြူအမှုန်အမွှားလေးတစ်ခုမှ အလုံးစုံအား မည်သို့နားလည်နိုင်ပါမည်လဲ။ ကျွန်တော်တို့သည် ပင်လယ်ကြီးအား နားလည်နိုင်ရန် ကြိုးစားနေသော ရေစက်ကလေးများသာ ဖြစ်ကြပါသည်။

မာဆိုး၏ (၇) စက္ကန့်

အိမ်မြောင်အမြီးပြတ်လေးဟာ ခုန်ဆွခုန်ဆွသာ လုပ်နေတယ် ဘာအတွေးအခေါ်မှ မရှိဘူး ငါတို့က ဒီလိုဘယ်ဟုတ်မလဲ။ ခေါင်းပြတ်ပြီး (၇) စက္ကန့်အကြာထိ ဦးနှောက်မှာ အသိစိတ်ရှိနေသေးတယ်ဆိုတာ ခင်ဗျားလည်း ကြုံမိခဲ့မှာပေါ့ မာဆိုး [*] … ။ ဆိုကြပါစို့.. ညှီစို့စို့ခြင်းတောင်းထဲ ဦးခေါင်းချည်းသက်သက် ခုန်ချလိုက်မယ် မျက်နှာနဲ့အပ်ပြီး ကျမယ် နှာခေါင်းနဲ့ထောက်နေလို့ ဦးခေါင်းဟာ တုံးလုံးအနေအထားဖြစ်အောင် လည်သွားမယ် ပြူးကျယ်တဲ့ အပေါ်ဘက်မျက်လုံးတစ်ဖက်က သွေးပွက်ပွက်ထနေတဲ့ လည်ချောင်းငုံးတိကြီးကို ပြန်မြင်နေရမယ် `ဟာ… သွားပါပြီ´ ဒီလိုနည်းနည်းတော့ နှမျောမိနိုင်တာပေါ့ ကိုယ့်လည်ချောင်းသွေးတွေဟာ ကိုယ့်မျက်နှာပြန်စင် မျက်လုံးထဲပါ ၀င်တဲ့အထိ စပ်ဖျင်းဖျင်း အနီရောင်အတိ အညှီနံ့အတိ တစ်စက္ကန့်…၊ နှစ်စက္ကန့်…၊ …… ။ တစ်ခါတည်းပျောက်သွားတာနဲ့စာရင် ငရဲခံရတာက တော်သေးတယ် [-] ဒီအရောင် ဒီအနံ့တွေမှာ ငါတို့တွေ တပ်မက်လို့ မဆုံးဘူးမဟုတ်လား မသေပျော်ပေမယ့် ပျော်ပျော်ကြီး သေသွားခဲ့ကြသူချည်း နှလုံးခုန်သံလေးနဲ့  တစ်ဖက်စီခြားသွားရတောင် ဖြစ်နိုင်ရင်… နောက်ထပ်တစ်ခါ သေချင်ပါသေးတယ် နောက်ထပ်တစ်ခါ သေချင်ပါသေးတယ်။ တေဇာ (လရောင်လမ်း)

ဒေးဗစ် ဟှူမ်း (သို့) ဆင်ခြင်တုံပြင်ပမှလူ

(၁၇၁၁-၁၇၇၆) စကော့လူမျိုး ဒဿနပညာရှင် `ဒေးဗစ်ဟှူမ်း´ (David Hume) သည် ဉာဏ်ရည်အထက်မြက်ဆုံးနှင့် သံသယအမြင် အကြီးဆုံးသော ပညာရှင်များထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ ဟှူမ်းသာ မမွေးဖွားခဲ့သော် `သိမှုဗေဒ´ (Epistemology) နှင့်ပတ်သက်သည့် ကျွန်တော်တို့၏ အတွေးအခေါ်များမှာ ယခုအခြေအနေနှင့် များစွာ တမူကွဲပြားနေပေလိမ့်မည်။ သူသည် အတွေ့အကြုံအဓိက အတွေးအခေါ်အား ယုတ္တိဗေဒ အထွဋ်အထိပ်သို့ရောက်အောင် ဖွံ့ဖြိုးစေခဲ့ပြီး အစဉ်အလာ ဒဿနယုံကြည်ချက်များအား ကမ္ဘာကပင် အံ့အားသင့်ရသော မြေလှန်စွမ်းဆောင်ချက်များဖြင့် စိန်ခေါ်ခဲ့သည်။ သို့တိုင် သူ၏ ဆင်ခြေပုံစံ (Argument) များအား ထိထိရောက်ရောက် ပြန်လည်ချေပနိုင်ခြင်းများ မရှိခဲ့ရာ သူ၏ ထက်မြက်မှုများမှာ ယနေ့တိုင် ပန်းပန်လျက်ပင် ရှိနေပါသေးသည်။ စင်စစ်၊ `ရပ်ဆဲ´ (Russell) ပြောဆိုသကဲ့သို့ ဤသည်ပင် ဟှူမ်းဒဿန၏ သဘာဝဖြစ်သည်ဟုဆိုလျှင် မှားမည်မထင်။ `ဟှူမ်း၏ ဆင်ခြေပုံစံများနှင့်ပတ်သက်၍ သဘောထားအမြင် နှစ်ရပ်သာ ထား၍ ရပါမည်။ လက်ခံခြင်း မဟုတ်သော်၊ လုံးဝ လျစ်လျူရှုပစ်ရန်သာ ရှိသည်´ ဟု ရပ်ဆဲက ဆိုခဲ့၏။ အဆိုပါ သံသယ၀ါဒီက မည်သို့ ပြောဆိုခဲ့ကြောင်း လေ့လာကြည့်ကြပါစို့။

အတိုးဆုံး ကဗျာများ (၂၅)

“မေးခွန်းမှန်” မေးခွန်းလေးတွေကို မှန်အောင်မေးမယ်။ ထမင်းစားဖို့ အသက်ရှင်နေတာလား ငတ်ဖို့ အသက်ရှင်နေတာလား ဖြစ်နိုင်ရင်... ထမင်းစားဖို့ပဲ အသက်ရှင်ချင်ပါတယ်။ “ပြောင်းပြန်သက်ရောက်မှု” မျက်နှာချင်းဆိုင်က ပြောမလို့လား မူလ,အယူအဆတွေ ပိုခိုင်မာလာပါဦးမယ်။ လာပါ အတူတူထိုင် ကျွန်တော် ခင်ဗျားဘက် ယိုင်လာမှာ တော်ကြာ...။ “လေဒဏ်” လဒလောက်တော့ ငှက်တိုင်းလှပါတယ်လို့ ကြက်တူရွေးက ပြောတယ်။ ကြက်လူရွေးလိုတော့ ငှက်တိုင်းမပြောတတ်ပါဘူးလို့ပဲ လဒကြီးခမျာ ဖြေ,ရရှာတယ်။ “လက်လွန်ခြင်း” စစ်တုရင် ထိုးနေတာပဲ ၁၆ ကောင်လုံး ကျန်နေချင်လို့ ဘယ်ဖြစ်ပါ့မလဲ ပြေးသင့်တာပြေး ကျွေးသင့်တာကျွေး စတေးဖို့ဆိုတာ လိုအပ်တယ်။ ငါဟာ တစ်ကောင်ထဲ ထီးထီးကြီး ကျန်ခဲ့တဲ့ ဘုရင်။ “လျှာ” နှာခေါင်းချွန်လို့ နှာတစ်ဖျားသာသွားတယ် မျက်ပြူးက အမြင်ကျယ်တယ် အာပြဲမို့လို့ အပြောကြီးတယ် နားကားကို အကုန်ရင်ဖွင့်လို့ရတယ် တယ်.. တယ်.. တယ်..။ ကျွန်တော် လျှာရှည်မိသွားပြီလား။ တေဇာ (လရောင်လမ်း)

နေရူးကိစ္စ

An Autobiography of Jawaharlal Nehru စာအုပ်နှင့် ပတ်သက်၍ မှတ်ချက် အတိုလေးတစ်ခု Facebook တွင် အောက်ပါအတိုင်း ရေးခဲ့မိပါသည်။ tazar တေဇာ :   ဘာသာရေး နောက်ခံကား အရောင်ရင့်လှသော တိုင်းပြည်ကြီးတစ်ခုမှ ဘာသာမဲ့ခေါင်းဆောင်တစ်ဦး။ သို့မဟုတ် ဂျဝါဟလာ နေရူး။ နေရူးပြတိုက်ရှိ စာအုပ်စင်တွင် ယန်းပေါဆတ်၏ Being and Nothingness စာအုပ်ကြီးအား ခန့်ခန့်ငြားငြား တွေ့ခဲ့ရ၏။  အဆိုပါ အရေးအသားနှင့် ပတ်သက်၍ သူငယ်ချင်းများထံမှ မှတ်ချက်တချို့ ရရှိခဲ့ရာ မိမိတို့၏ သဘောထားအမြင်များအား ဂရုတစိုက်နှင့် အလေးအနက်ထား တင်ပြလာကြသည်ကို တွေ့ရသဖြင့် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။ 

ပျောက်သောသူအား ရှာဖွေခြင်း

ကိုယ့်ကိုယ်ကိုယ် ရှာဖွေတယ်၊ ငါ့ကိုယ်ငါတောင် ရှာမတွေ့သေးဘူး စတဲ့ အပြောမျိုးကို ကဗျာတွေ၊ စာတွေထဲမှာ မကြာခဏ တွေ့ရတတ်တယ်။ ယုတ်စွအဆုံး ခပ်ညံ့ညံ့ ရုပ်ရှင်ထဲက ခပ်ချာချာ သရုပ်ဆောင်တစ်ဦး ပြောတဲ့ ဒိုင်ယာလော့ အဖြစ်လည်း ကြားရနိုင်တယ်။ ဒီလိုပဲ ဂမ္ဘီရ၀တ္ထုတွေထဲက ဘိုးတော်ကြီးတစ်ဦး မိန့်ကြားတဲ့ နက်နဲလှတဲ့ စကားတစ်ခွန်းလည်း ဖြစ်နေနိုင်တယ်။ ဟုတ်ပြီ၊ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတယ်ဆိုတာ ဘယ်လိုများလဲ။ တွေ့ရော တွေ့ကြရဲ့လား။ ဘယ်လိုတွေ့နိုင်သလဲ။ ကိုယ့်ဓာတ်ပုံတွေ ကိုယ်ပြန် ထုတ်ကြည့်ရမှာလား။ မှန်ကြည့်ရမှာလား။ ရှာမယ်ဆိုရင်ရော ဘယ်နေရာမှာ သွားရှာမလဲ။ ဟိမ၀န္တာတောထဲက မျောက်အုပ်ထဲ လိုက်ရှာမလား။ အန္တာတိတ်က ပင်ဂွင်းငှက်အုပ်ထဲ သွားရှာမလား။ လူတွေမသေကြတော့လို့ (သေခဲလာလို့) အစာရှားပါးငတ်မွတ်ပြီး မျိုးတုံးရတော့မယ့် လက်ကျန် လဒမျိုးစိတ်ထဲမှာ သွားရှာမလား။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ရှာမတွေ့တဲ့အဆုံး၊ မိမိဘာသာ မရှာတော့ဘဲ တခြားလူတစ်ယောက်ကို ရှာခိုင်းလိုက်ရင်ရော အဆင်မပြေနိုင်ဘူးလား။ တခြားလူတောင် ကိုယ်နဲ့မျက်နှာချင်းဆိုင်က လူကို ရှာခိုင်းလိုက်ရင် ချက်ချင်းမတွေ့နိုင်ပေဘူးလား။ ဒီလိုတွေ တွေးမိပြန်တော့ ကိုယ့်ကိုယ်ကိုယ် ရှာတယ်ဆိုတဲ့ကိစ္စဟာ နှယ

ဘာသာရေးအမည်ခံ အဖွဲ့အစည်းများ

10 Extreme Weird Religions ဟု ခေါင်းစဉ်တပ်ထားသော တစ်ဖက်စွန်းကျအောင် ဆန်းပြားသည့် ဘာသာရေး (၁၀) ခု စာရင်းတွင် Celebrity အချို့ စွဲလန်းရူးသွပ်နေကြသည့် Scientology က ထိပ်ဆုံးနေရာမှ ပါဝင်သည်။ ပြင်သစ်နိုင်ငံတွင် Scientology Church အား ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲဆိုမှုများ ရှိခဲ့ကြောင်း ဖတ်ခဲ့ရဖူးသည်။ အထူးသဖြင့် ချမ်းသာကြွယ်ဝသူများအား ပစ်မှတ်ထား စည်းရုံးလေ့ရှိသည့် ဘာသာရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ အန္တရာယ်ဖြစ်မည် စိုးသည့်အတွက် ၎င်းတို့၏ သွန်သင်ချက်များအား အဖွဲ့ဝင်အသစ်များကို အစပိုင်းတွင် သင်ကြားပေးခြင်းမရှိဟု ဆို၏။ သတ်မှတ်ထားသည့် အဆင့်တစ်ခုရောက်မှသာ၊ တစ်နည်း ရင့်ကျက်လာမှသာ သင်ကြားပေးလေ့ရှိသည်။ အဆိုပါ ထိပ်တန်းလျှို့ဝှက် ပို့ချချက်များတွင် လွန်ခဲ့သည့် နှစ်ပေါင်း သန်း (၇၀) ခန့်က လူသား သန်းထောင်ပေါင်းများစွာအား ကမ္ဘာမြေပေါ်သို့ ပို့ဆောင်ခဲ့သည် ဟူသည့် `ဇီနူး´ (Xenu) အမည်ရှိ ဂြိုဟ်သားတစ်ဦး၏ ဇာတ်လမ်းလည်း ပါဝင်သည်။ မီးတောင်များအတွင်းသို့ သူက ဟိုက်ဒရိုဂျင်ဗုံးများ ဖောက်ခွဲခဲ့သည် ဟူ၏။ မည်သို့ပင်ဖြစ်စေ (ကျွန်တော်သိသလောက်) နိုင်ငံအများစုတွင် Scientology အား တရားဝင် `ဘာသာတရား´ (Religion) တစ်ခုအဖြစ် အသိအမှတ်

ဂျော့ ဘာကလေ (သို့) စိတ်ကူးနန်းတော်တွင် စံမြန်းသူ

(၁၆၈၅-၁၇၅၃) `ကောင်းကင်ဘုံ၏ ဓမ္မတေးသံနှင့် ကမ္ဘာမြေ၏ အဆောင်အယောင်များ အားလုံး၊ ခြုံ၍ဆိုလျှင် ကမ္ဘာကြီး၏ အကြမ်းထည်အား ဖွဲ့စည်းထားသည့် ဒြပ်ထုများ အားလုံးတို့သည် `စိတ်´ တစ်ခု မရှိဘဲ မည်သို့မျှ မတည်ရှိနိုင်´ ဟူသည်မှာ အိုင်းရစ်ဘုန်းတော်ကြီးနှင့် ဒဿနပညာရှင် `ဂျော့ဘာကလေ´ (George Berkeley) ၏ အမြင်ဖြစ်ပါသည်။ သူသည် ဆင်ခြင်တုံ အဓိက၀ါဒီနှင့် `ဆင်ခြင်တုံ စိတ်ကူးစံဝါဒ´ (Empirical Idealism) ၏ အထင်ရှားဆုံးသော အမာခံ ဘက်တော်သားတစ်ဦး ဖြစ်သည်။ `စိတ်ကူးစံဝါဒ´ (Idealism) ဆိုသည်မှာ ရုပ်ဝတ္ထုပစ္စည်းများသည် စိတ်အပေါ်တွင်သာ မှီတည်ထားခြင်းဖြစ်ပြီး၊ ၎င်းတို့အား စိတ်ကူးတွေးဆသည့် စိတ်၏ ပြင်ပ တစ်နေရာတွင် တည်ရှိမနေဟု ရှုမြင်သော အမြင်ဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ အရာများမှာ ၎င်းတို့အား အာရုံခံစားသိမြင်သည့် သဘောတွင်သာ တည်ရှိနေခြင်းဖြစ်သည်ဟု ဆိုလိုသည်။ အရှင်းဆုံးဆိုရလျှင် `ရုပ် (၀ါ) ဒြပ်သည် မတည်ရှိ´ [1] ဟူ၍ ဖြစ်သည်။ `သံသယ၀ါဒ´ (Skepticism) နှင့် `ဘုရားမဲ့ဝါဒ´ (Atheism) တို့ ပေါ်ထွက်လာခြင်းက ဘာကလေအား အတော်လေး အခက်တွေ့စေခဲ့သည်။ သူ့အနေဖြင့် `ရုပ်ဝါဒ´ (Materialism) အား သူ၏ တူရှူချက်အတွက် အခြေခံထောက်တိုင်အဖြစ် ရှုမြင်ခဲ့ပြီး၊ ဘုရားသခင် တည်ရ

အတိုးဆုံးကဗျာများ (၂၄)

`အဟ´ မြေကြီးလက်ခတ် လွဲတယ် ပြိုလဲနေသူမှ မဟုတ်ဘဲ ငါ မားမားမတ်မတ် ရပ်နေသရွေ့ မြေကြီးလက်ခတ်က လွဲနေဦးမှာပဲ နည်းနည်းမှ မလျှော့နိုင်ပါဘူး။ `အံလွဲမှုဧရိယာ´ အရက်မူးလာရင် ကင်းမြီးကောက်ထ,ထောင်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ် သူက… မမူးသေးတဲ့ ကျွန်တော့်ကိုမှ အတည့်ကြည့်ချင်လှသတဲ့လေ။ `အနူနူ´ အဟမ်း… ခွေးဟောင်လို့ တောင်မရွေ့ပါဘူး ဖြောင်း.. ဖြောင်း.. ဖြောင်း.. ! အပြောကောင်း အဟောကောင်းလေးပဲ သွားကြည့်ကြပါဦး အခုရော တောင်ကြီး ရွေ့သွားပြီလားလို့…။ `တစ်သီးပုဂ္ဂလ´ အထီးကျန်ဆန် မနေဘူးလား အနည်းဆုံးအားဖြင့် အိမ်သာတက်နေချိန်မှာတော့ လူမြင်ကွင်းက ကွယ်သွားရတယ် နံရံပေါ်က မာရီလင်မွန်ရိုးကလွဲလို့ အဖော်ကွဲခြင်း စစ်စစ်။ `လျှို့ဝှက် ဆက်နွယ်မှု´ သုဘရာဇာတွေက အလောင်းဖျောက်ဖျက်မှုနဲ့ အသက်မွေးတယ် (ကေသ)ရာဇာတွေက အလောင်းတွေဖန်တီးပြီး အသက်ဆက်တယ် သူတို့ချင်းကြား မိတ်ဖက်ဆန်မနေဘူးလား။ တေဇာ (လရောင်လမ်း)

`စိတ္တဇ သင်္ဘောပျက်´

ဒွိဟ…။ ဒွိဟဆိုတာ ဘာများလဲ။ စိတ်နှစ်ခွလား။ လမ်းနှစ်မွှာလား။ မထွေးနိုင် မမျိုနိုင်လား။ ဆီတ၀င်းဝင်း သဲတရှပ်ရှပ်လား။ နှလုံးသားနဲ့ ဦးနှောက်လား။ စဉ်းစားရင်း `ဒွိဟ´ ဟာ ဒွိဟဖြစ်စရာ ဖြစ်လာတယ်။ ဒါဆို `ကျင့်ဝတ်´ ဆိုတာကရော ဘာလဲ။ ငါးပါးသီလလား။ ပဉာတ်တော် ဆယ်ပါလား။ လိုင်းကားပေါ် ဆေးလိပ်မသောက်ရတာလား။ လူတွေစားမယ့် သားငါးတိရိစ္ဆာန်တွေကို အနာအကျင်မရှိအောင် `ပေါ်´ (သတ်ဖြတ်) ရခြင်းလား။ ကျင့်ဝတ်ကို ဘယ်သူတွေက သတ်မှတ်ပြီး ဘယ်သူတွေက အတည်ပြု လက်မှတ်ရေးထိုးထားသလဲ။ ကမ္ဘာဦးကျောက်စာတိုင်ပေါ်မှာ ရေးထွင်းထားပါသလား။ စဉ်းစားရင်း ကျင့်ဝတ်ဟာ ခါးပေါ်က ကွင်းလုံးကျွတ်ကျသွားတယ်။ ဒီလို ခပ်ရှုပ်ရှုပ် အကြောင်းအရာနှစ်ခု သမအောင် ရောမွှေထားတဲ့             `ကျင့်ဝတ်ဆိုင်ရာ ဒွိဟ´ (Moral Dilemma) အကြောင်းကို အနည်းငယ်မျှ တီးခေါက်ကြည့်ပါမယ်။