ဖြန့်ထွက်တွေးနည်း (Lateral Thinking) ဆိုတဲ့ စကားလုံးကို De Bono ဆိုတဲ့လူကြီးက စတင်အသုံးပြု ခဲ့ပါတယ်။ ဖန်တီးမှု၊ တိုက်ရိုက်မကျတဲ့ချဉ်းကပ်မှုတွေနဲ့ ပြဿနာတွေကို အဖြေရှာတဲ့နည်း ဖြစ်ပါတယ်။ အစဉ်အလာ တစ်နှစ်သုံး ယုတ္တိနဲ့ မရရှိနိုင်တဲ့ အတွေးတွေ၊ ရုတ်ချည်း ထင်သာမြင်သာမရှိတဲ့ အရာတွေကို အကျိုး အကြောင်းတကျ စဉ်းစားတာကိုပဲ ဖြန့်ထွက်တွေးနည်းလို့ ခေါ်ပါတယ်။ အောက်က မေးခွန်းလေးတွေကတော့ ဒီ ဖြန့်ထွက်တွေးနည်းကို နှိုးဆွပေးတဲ့လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ အဖြေတွေကို အောက်မှာဖော်ပြပေးထား ပါတယ်။ လေ့ကျင့်ခန်းလုပ်နေတယ်လို့ သဘောထားပြီး အစွမ်းကုန် ကြိုးစားစဉ်းစားပြီးမှသာ အဖြေတွေကို သွားကြည့်စေချင်ပါတယ်။ ဒါမှ ပိုပြီး ပျော်ရွှင်ကျေနပ်စရာ ကောင်းပါလိမ့်မယ်။ မေးခွန်းများ (၁) မိုးမျှော်တိုက်ကြီးတစ်ခုရဲ့ အပေါ်ဆုံးထပ်မှာ လူတစ်ယောက်နေတယ်။ တိုက်ခန်းကနေ အလုပ်ကိုသွားဖို့ သူဟာ နေ့တိုင်း ဓာတ်လှေကားကို အသုံးပြုပြီး ဆင်းရတယ်။ အလုပ်ကနေ အပြန်ကျတော့ သူဟာ မိုးမရွာခဲ့ဘူးဆိုရင် ခရီးတစ်ဝက်အထိပဲ ဓာတ်လှေကားကို သုံးနိုင်ပြီး ကျန်တဲ့တစ်ဝက်ကိုတော့ လမ်းလျှောက်တက်ရတယ်။ ဘာကြောင့်ပါလဲ…။ (၂) သားအဖနှစ်ယောက်ဟာ ကားမတော်တဆမှု ဖြစ်ခဲ့တယ်။ အဖေဟာ နေရာမှာတင်သေသွာ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။