ငတိလေးတစ်ယောက် ခုတလော စိတ်ဓာတ်တွေ အော်တိုမုတ်တုပ် (အလိုအလျောက်) ပြုတ်ပြုတ်ကျ နေသည်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ပျင်းရိငြီးငွေ့၊ လေးလံထိုင်းမှိုင်း စသည့်အရာတွေ စုပြုံပြီး စိတ်ဓာတ်က အ၀ီစိအထိ စိုက်စိုက်ကျ နေသည်။ လဒမှိုင်မှိုင်ပြီး၊ မျောက်ငိုင်ငိုင်သည်။ စက္ကန့်မလပ် အသက်ရှူနေရသည်ကို ပင်ပန်းလွန်းသည် ထင်မိသည်။ ထမင်းစားရမှာ ပျင်းသည်ကိုအသာထား၊ ရေထသောက်ရသည် ကိုပင် ညောင်းသည်ထင်လာတော့ ခက်ချေပြီ...။ စိတ်ဓာတ်ကျလျှင် စားပွဲပေါ်မှ ပြုတ်ကျသွားသည့် ခဲတံလေးလို အသာလေး ပြန်ကောက်တင်လို့ ရသည်မဟုတ်။ စိတ်ဓာတ်ဆိုသည့်အရာက ပေကပ်ကပ်နိုင်သည်။ သူ့စိတ်က အမြင့်ကြောက်ရောဂါရှိသည်။ မြင့်မြင့်မှာ ထားလို့မရဘဲ ကလေကချေအဆင့်မှာပင် နေချင်သည်။ အချိန်ဆွဲ (Procrastination) တတ်သည့် အကျင့်ဆိုးအား ယူပစ်သလိုပျောက်နည်း သံမဏိမူဝါဒ (၅) ရပ်အား ကျောင်းသားလူငယ် မအူမလည်လေးများဖတ်ရှုနိုင်ရန် ဘာသာပြန်ပေးဦးမှဟူသည့် စေတနာကြီးနှင့် သူ Bookmark လုပ်ထားသည့် ဆောင်းပါးကလေးကလည်း (၅) လ တိတိရှိပေပြီ။ တစ်လတစ်ချက် ပြန်လျှင်တောင်မှ ယခုလောက်ဆို ပြီးသင့်ပြီဖြစ်သော်လည်း တစ်လုံးမှပင် စ,မရေးရသေး...။ သြော်... ငါ ပျင်းတာအရေးမကြီးဘူး သူတို့လေးတွေ ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။