Skip to main content

Posts

Showing posts with the label Computing Tip

◘ Acrobat Reader ကို ပေါ့ရွှတ်နေအောင်???

(၁) Acrobat Reader ရဲ့ Installation Folder သို့ သွားပါ။ ဥပမာ- (C:\program files\adobe\acrobat\reader\.....) ပေါ့...။ (၂) "Plugins" Directory ထဲမှ ရှိသမျှ Files/Folders တွေကို "Optional" Directory သို့ ပြောင်းရွှေ့ပါ။ ( Cut & Paste လုပ်ရန်ဖြစ်ပြီး Copy & Paste (လုံးဝ) မလုပ်ပါနဲ့...) "Plugins" Directory ဟာ တစ်ခုထက်ပိုပြီး ရှိနိုင်ပါတယ်။ အကုန်လုံးကို ရွှေ့ပါ..။ (အဲဒီလို Cut & Paste လုပ်တဲ့အချိန်မှာ Acrobat Reader ကို ပိတ်ထားရပါမယ်။ မပိတ်ထားမိရင် Files တွေ Lock ဖြစ်နေပြီး ရွှေ့လို့ရမှာမဟုတ်ပါဘူး။) ဒါဆိုရင် သင့်ရဲ့ Acrobat Reader လေးဟာ ဖက်ရွက်လေးတစ်ရွက်လို ဖလပ်ဖလပ်နဲ့ အလွန့်အလွန် ပေါ့ပါးသွက်လက် သွားပါလိမ့်မယ်....။

◘ Connection ၂၀% ပိုမြန်လာအောင် ???

Microsoft ဟာ Windows Updates လို၊ သင့် PC ရဲ့ Information ကို ရယူခြင်းလို ကိုယ်ကျိုးအတွက်သုံးဖို့ ရည်ရွယ်ပြီး သင်ရနိုင်တဲ့ Bandwidth ရဲ့ ၂၀% ကို “ဖြောင်”ထားပါတယ်။ အဲဒီ ၂၀% ကို သင် ပြန်လည် ရယူနိုင်ပါတယ်။ (၁) Windows Key + R နှိပ်ပါ။ (၂) gpedit.msc လို့ ရိုက်ထည့်ပါ။ Group Policy Editor ကျလာပါလိမ့်မယ်။ (၃) Local Computer Policy >>> Computer Configuration >>> Administrative Templates >>> Network >>> QOS Packet Scheduler >>> Limit Reservable Bandwidth စသည့် အစဉ်အတိုင်း သွားပါ။ (၄) Limit Reservable bandwidth အပေါ်တွင် Double Click နှိပ်ပါ။ Configured မလုပ်ရသေးဘူးလို့ ပေါ်နေပါလိမ့်မယ်။ အဖြစ်မှန်က Explain Tab ထဲမှာရှိပါတယ်။ Bandwidth ရဲ့ ၂၀% ကို ကိုယ်ကျိုးအတွက် ဖြောင်ထားတဲ့အကြောင်း Microsoft က ၀န်ခံထားပါတယ်။ ဒါပေမဲ့ သင်ပြန်ယူချင်ယူနိုင်ကြောင်းလည်း လေပြေလေးထိုးပါလိမ့်မယ်။ အားမနာပါနဲ့... ပြန်ယူလိုက်ပါ။ (၅) ENABLE ကို Click လုပ်ပါ။ Bandwidth ကို ZERO (0) ထားလိုက်ပါ။ ဒါဆိုရင် သင်ရနိုင်တဲ့ Bandwidth အပြည့်အ၀ကို သုံးနိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်စမ်းကြ...

◘ Java Script ကြောင့် ငလျင်လှုပ်ခြင်း ◘

အောက်ပါ Java Script Code ကလေးကို Copy ကူးပြီး Browser ၏ Address Bar တွင် Paste ချပါ...။ javascript:function Shw(n) {if (self.moveBy) {for (i = 35; i > 0; i--) {for (j = n; j > 0; j--) {self.moveBy(1,i);self.moveBy(i,0);self.moveBy(0,-i);self.moveBy(-i,0); } } }} Shw(6) ပြီးရင်... Enter Key နှိပ်ပါ...။ ငလျင်စလှုပ်ပါလိမ့်မယ်...။ Value တွေကိုလည်း ပြောင်းလို့ရပါတယ်...။ ဒါပေမဲ့ Internet Explore မှာပဲရပြီး Firefox Browser မှာဆိုရင် မလှုပ်ဘူး... ဘာလို့လဲမသိဘူး...။

Scan ဖတ်ထားသော Image များကို အလိုအလျောက် ပြန်တည့်မတ်ခြင်း

Scan ဖတ်ထားတဲံ Image တွေဟာ များသောအားဖြင့် တည့်တည့်မဖြစ်တာများပါတယ်။ ဒီလိုဖြစ်တိုင်း တည့်အောင် Scan ပြန်ပြီးဖတ်နေရမယ်ဆိုရင်တော့ တော်တော်ပင်ပန်းမှာပါ။ အချိန်လည်းကုန်၊ မီးစက်နှိုးထားရတဲ့ ဆီဖိုးလဲ ကုန်မှာပေါ့....ဟဲဟဲ...။ ဒီပြဿနာကို Photoshop နဲ့ အလွယ်တကူဖြေရှင်းနိုင်ပါတယ်။ Scan ဖတ်ထားတဲ့ Image ကို Photoshop နဲ့ ဖွင့်လိုက်ရုံပါပဲ။ ဖွင့်ပြီးရင်.. File>>Automate>>Crop and Straighten Photos ကို လုပ်လိုက်ရုံပါပဲ...။ အလွယ်ကလေးပေမယ့် မသိတဲ့လူများအတွက် ဒုက္ခရောက်တတ်လို့ပါ...။ :-)

Windows XP မှာ Folder တွေကို စိတ်ချရအောင် ဘယ်လိုသော့ခတ်မလဲ ...။

ရုံးသုံးရော အိမ်သုံးပါ အသုံးဝင်မယ့်နည်းလေးပါ။ Windows XP မှာ ကံမကောင်းစွာပဲ Folder တွေကို ဖွက်ဖို့ အလွယ်တကူသုံးနိုင်တဲ့ Build-in Tools တစ်ခုမှမပါဘူးဗျာ။ အခုကလဲ Hidden File လုပ်တာလေးသိရုံလောက်နဲ့ ကလေးကိုတောင် ညာလို့မရတော့ဘူး မဟုတ်လား။ သူငယ်ချင်းဟာ အလုပ်မှာ Computer တစ်လုံးကို ကိုကိုတတ်သိတွေ၊ ကိုကိုဗရုတ်တွေနဲ့ အတူတူသုံးနေရတယ်ဆိုရင်တော့ Folder တွေကိုဖွက်ချင်ရင် Third Party Software တစ်ခု ၀ယ်သုံးရတော့မယ့် သဘောမျိုးဖြစ်နေပြီ။ ဒီလိုဆို ဒီနည်းလေးကို စမ်းကြည့်ပါဗျာ။ Bat File ပါပဲ။ လွယ်ကူပေါ့ပါးပြီး အသုံးဝင်ပါတယ်။ ၁။ Local D ထဲမှာပဲ စမ်းမယ်ဗျာ။ D ထဲမှာ ဖွက်ချင်တဲ့ Folder ကိုဆောက်ပါ။ ဥပမာ... yourname ပေါ့ဗျာ။ ၂။ ren yourname yourname.{21EC2020-3AEA-1069-A2DD-08002B30309D} ဆိုတဲ့ စာသားကို Notepad မှာရေးပြီး loc.bat ဆိုတဲ့ ဖိုင်နာမည်နဲ့မှတ်ပါ။ ၃။ နောက်တစ်ဆင့်က ren yourname.{21EC2020-3AEA-1069-A2DD-08002B30309D} yourname ဆိုတဲ့ စာသားကို Notepad မှာရိုက်ထည့်ပြီး key.bat ဆိုတဲ့ နာမည်နဲ့ ထပ်မှတ်ပါ။ တစ်ခုသတိထားရမှာက ဒီ Bat File နှစ်ခုဟာ ခုနက ကျွန်တော်တဲ့ ဆောက်ထားတဲ့ yourname ဆိုတဲ့ Folder ထဲမှာ ရှိရမှ...

Software မသုံးဘဲ File Format ပြောင်းချင်သလား ...

File Format ကို လွယ်လွယ်ကူကူပြောင်းပေးနိုင်တဲ့ Website လေးတစ်ခုတွေ့လို့ တင်ပေးလိုက်ပါတယ်။ စမ်းကြည့်သလောက် အဆင်ပြေတာတွေ့ရပါတယ်။ ပြီးတော့ ပြောင်းနိုင်တဲ့ Format Type တွေလည်း တော်တော်စုံတယ်။ Image Format မှာဆိုရင် .. bmp, gif, ico, jpg, tiff စသည်ဖြင့်၊ Document Format မှာဆိုရင် doc, html, pdf, xls စသည်ဖြင့်၊ Music Format မှာဆိုရင်လည်း wav, mp3, wma စသည်ဖြင့် တော်တော်စုံပါတယ်။ ဒီ Website ကနေတစ်ဆင့် Format ပြောင်းခိုင်းမယ်ဆိုရင် Sing Up လုပ်စရာမပါဘူး။ Email Address ပေးလိုက်ရင် Mail ထဲကို ပြောင်းပြီးသား Format ချက်ချင်း ပို့ပေးပါလိမ့်မယ်။ Download ဆွဲလိုက်ရုံပါပဲ။ သူကတော့ ပိုပြီးမြန်ချင်ရင် File Size ကြီးကြီး ပိုပြီးပြောင်းချင်ရင် Register လုပ်ပါလို့တော့ မြှူဆွယ်ထားတယ်ဗျ။ ဟဲ .. ဟဲ ..။ လိပ်စာကတော့ www.zamzar.com ပါ။ အသုံးတည့်ကြပါစေဗျာ ...။ တေဇာ