Skip to main content

Posts

Showing posts with the label ရှတတခံစားချက်

♥ အစိမ်းရောင်လှုပ်ရှားမှု

ဟိုမို (Homosexuality) အြေ ကာင်း Research လုပ်မယ် ကြံရွယ်ပြီး အင်တာနက်ပေါ် လမ်းသလား၊ Link ပေါင်း တစ်သန်းခွဲလောက်ကို ထိုင်ဖတ်နေရာက Iran Ultimatum ဆိုတဲ့ Video Link ကလေးတစ်ခု အမှတ်မထင်တွေ့ခဲ့ရပါတယ်။ စိ တ်ဝင်စားသွားမိတာနဲ့ Video Loading လုပ်နေတာကို ခဏစောင့်နေတုန်း အောက်ကစာသားလေးကို ဖတ်ကြည့်နေမိပါတယ်။ အီရန်နိုင်ငံမှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ “အစိမ်းရောင်လှုပ်ရှားမှု” (Green Movement) ဆိုတာပါ။ ၂၀၀၉ ခုနှစ် ဇွန်လ (၁၂) ရက်နေ့တုန်းက ကမ္ဘာအ၀ှမ်းမှ မဲပေးခွင့်ရှိတဲ့ အီရန်ပြည်သူ (၈၅%) ဟာ မိမိတို့နှစ်သက်တဲ့ ကိုယ်စားလှယ်ကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး နောက်တစ်ရက်အကြာမှာတော့ ရလဒ်ဟာ သူတို့မဲပေးခဲ့တဲ့အဖြေ ဖြစ်မနေခဲ့ပါဘူး။ သူတို့ရဲ့မဲတွေ အခိုးခံရပြီး နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနဲ့ အတိုက်အ ခံခေါင်းဆောင် များဟာ ညတွင်းချင်းပဲ အဖမ်းခံခဲ့ရပါတယ်။ ပြည်ပမီဒီယာ သမားများနဲ့ စာနယ်ဇင်းသမားများကို နှင်လွှတ်ခဲ့ပြီး မြို့ကြီးတွေမှာ လက်နက်ကိုင်ရဲများနဲ့ လုံခြုံရေးတပ်သားတွေ နဲ့ ပြည့်သွားခဲ့ပါတယ်။ ဒီကြားထဲကပဲ အီရန်ပြည်သူတွေဟာ လမ်းမတွေပေါ်ထွက်လာပြီး သူတို့ရဲ့ လွတ်လပ်မှုနဲ့ မဲဆန္ဒတွေအတ...

ခြင် (သို့မဟုတ်) ပဉ္စမံသွေးစုပ်တပ်သားများ

အင်း... ဒီနေ့တွေးမိတဲ့အတွေးကတော့ အပြုသဘောလည်းမဆောင်ဘူး၊ အဆိုးမြင်ရာလည်းကျတယ်။ ဒါပေမဲ့ လောလောဆယ်... တော်တော်လေးကို စိတ်လိုက်မာန်ပါချရေးပစ်ချင်နေတယ်...။ ခြင် (သို့မဟုတ်) ပဉ္စမံသွေးစုပ်တပ်သားများ “ခြင်” ဟု ခေါ်ဆိုအပ်သော အနှီ မလောက်လေးမလောက်စား သွေးစုပ်သတ္တ၀ါများကို ကျွန်ုပ် အလွန်စက်ဆုပ်ရွံရှာသည်။ ၎င်းတို့အား ဖန်ဆင်းတော်မူခဲ့သော ဘုရားသခင် (သဘာဝတရား) သည် မိုက်လဲလှသည်ဟု ကျွန်ုပ်မြင်သည်။ ကမ္ဘာမြေပေါ်ရှိ မည်သည့်နေရာတွင်မှ ရှင်သန်နေထိုင်ရန် ခွင့်မပြုသင့်သော အမှိုက်များသာဖြစ်သည်။ အာဖရိက အမေဇုန်တောနက်ထဲမှ ခြင်မျိုးစိတ်တချို့ မျိုးသုံးပျောက်ကွယ် သွားသည်ကို ၀မ်းနည်းသောအားဖြင့် ဇီဝမျိုးကွဲများထိန်းသိမ်းရေးနေ့ဟူ၍ ပြုလုပ်ဖန်တီးရန်ကြိုးစားခဲ့ဖူးသည်ဟု သိရှိရသော ခြင်လုံဇကာ နောက်ကွယ်မှ လောကဓာတ်ပညာရှင်ကြီးအား ကျွန်ုပ်အနေဖြင့် နုပ်နုပ်စဉ်းပစ်ချင်စိတ်ပြင်းပြနေသည်။ အဆုံးစွန်ဆိုရပါလျှင် ခြင်သည်သာမက ခြင်ကဲ့သို့ သူတစ်ပါး၏သွေးကို စုပ်ယူရှင်သန်သော မည်သည့်သတ္တ၀ါအမျိုးအစားကိုမဆို... ကျွန်ုပ် အလွန်မုန်းတီး မိပါသည်။ (ခြွင်းချက်။ ။ ဤအထဲတွင် သွေးစုပ်ဖုတ်ကောင်မပါဝင်ပါ။ ကျွန်ုပ်ကြည့်ရှုဖူးသော Vampire ဇာတ်ကားတစ်ကားထဲမှ သွေးစုပ်ကောင...