Skip to main content

Posts

Showing posts from February, 2010

ကိုယ့်ကိုယ်ကိုယ် ဖျက်

အခြားသော သတ္တ၀ါ အများစုနှင့် နှိုင်းယှဉ်သော် လူ ဟူသည့် သတ္တ၀ါမှာ မိမိ ဇာတ်တူသား အချင်းချင်း ပျက်စီးစေသော အပြုအမူ အလေ့အထ အများအပြားအား အားတက်သရော ပါဝင် လုပ်ဆောင်လေ့ ရှိကြသည်။ လိမ်ညာခြင်း၊ လှည့်စားခြင်း၊ ခိုးဝှက်ခြင်း၊ ကိုယ်ခန္ဓာအား အဆင်တန်ဆာ ဆင်မြန်းပြီး ကြွားဝါခြင်းနှင့် စိတ်ဖိစီးမှုဒဏ် တို့ဖြင့် မိမိကိုယ်ကိုယ် သတ်ဖြတ်နေသလို အခြားသူများအပေါ်လည်း ဤသို့ပင် ရှိစေမည်မှာ မလွဲပါ။ လူသားကဲ့သို့ ဉာဏ်ရည်မြင့် မျိုးစိတ်တစ်ခု အနေဖြင့် ဤသို့ ဆိုးသွမ်းမိုက်မဲပြီး မိမိကိုယ်ကိုယ် ထိခိုက်နာကျင်စေသော လုပ်ရပ်များအား အဘယ်ကြောင့် အရသာတွေ့ရသနည်း ဆိုသည်ကို ထိုးထွင်းနားလည်နိုင်ရန် သိပ္ပံပညာ ရှုထောင့်မှ လေ့လာမှု အများအပြား ရှိပါသည်။ § § § § § § §

နောက်ဆုံးည

ရန်ကုန်မြို့တွင် ကျွန်တော် နောက်ဆုံး ရှိခဲ့သည့် ညက မိုး သဲသဲမဲမဲ ရွာနေခဲ့သည်။ ထိုင်နေကျ ဘုံဆိုင်၏ ထိုင်နေကျ စားပွဲတွင် မူးနေကျ အတိုင်း လွန်လွန်ကဲကဲ မူးနေသည်။ ကျွန်တော့် အနီးအနားတွင် ကျွန်တော် အတိအကျ မမှတ်မိသည့် သူငယ်ချင်း တစ်ယောက် နှစ်ယောက်လည်း ရှိပါ လိမ့်မည်။ သို့သော် ရုပ်ရှင်ထဲကလို ကျွန်တော့် တစ်ယောက်တည်းအပေါ် ဗဟိုပြုပြီး နောက်ဆုံး ထွက်သက်အား စွဲစွဲမက်မက် ရှူရှိုက်နေသော သေကောင်ပေါင်းလဲ လူမမာလို နောက်ဆုံး အရက်ခွက်များအား လောဘတကြီး အရသာခံ သောက်နေသော ကျွန်တော့်အား စိတ်မကောင်းသော မျက်နှာထားများဖြင့် တိတ်ဆိတ်စွာ ၀ိုင်းကြည့် နေကြခြင်းမျိုး မဟုတ်ပါ။ သူတို့သည် ကျွန်တော်၏ ဇာတ်ပို့ဇာတ်ရံများ မဟုတ်ကြပါ။ သူတို့သည်လည်း ကိုယ်စီကိုယ်ငှ မင်းသား တစ်လက်စီသာ ဖြစ်သည်။ ထို့ပြင် မနက်ဖြန်တွင် ကျွန်တော် အားလုံးကို စွန့်ခွာ ချန်ရစ်ခဲ့တော့မည်ကိုလည်း မသိကြပါ။ ဘာပဲဖြစ်ဖြစ် နင့်နင့်နဲနဲ အလွမ်းခံစားချက်အား အရက်ဖြင့် မြည်းစမ်းရခြင်းသည် လူ့ဘ၀၏ လက်မလွတ်သင့်သော ခံစားချက်တစ်ရပ် ဖြစ်သည်ဟု အရက်မသောက်သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည့် အချိန်အထိ ကျွန်တော် ယုံကြည်နေဆဲ ဖြစ်ပါသည်။ § § § § § § §

ရာဇ၀တ်ဘေးနှင့် တူတူပုန်းတမ်းကစားခြင်း

ဝေလငါးကို လိပ်ခွံဖြင့် ဖုံးအုပ်၍ မရပါဟု ဆိုလျှင် ဆင်သေကို ဆိတ်ရေဖြင့်ဖုံး ဆိုသော စကားထက် ပိုမို နီးစပ်မှု ရှိမည်ဟု မျှော်လင့်သည်။ ဆင်သေကို ဆိတ်ရေဖြင့်ဖုံးရန် ဆိတ်ဘယ်နှစ်ကောင် လိုအပ်ပါသလဲ။ ဆင်နှင့်ဆိတ်တို့၏ ကိုယ်ခန္ဓာအချိုးကို အသေအချာ တွက်ချက်တိုင်းထွာရန် လိုအပ်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဆင်သေကို ဆိတ်ရေဖြင့် လုံခြုံစွာ ဖုံးကွယ်ထားနိုင်ရန် ဖြစ်နိုင်ချေရှိသည်ဟုပင် ဆိုရမည်။ ကျွန်တော်တို့၏ မြို့ပြယဉ်ကျေးမှုတွင် ဆင်လောက်ကြီးမားသော ဆိတ်ကြီးများ အတုံးအရုံး လဲကျသေဆုံးနေ သည်ကို တွေ့မြင်နိုင်သည်။ အမှန်တရားတစ်ခုကို ဖုံးကွယ်နိုင်ရန် အမှားခပ်များများ လိုအပ်ပါလိမ့်မည်။ ဆင်တစ်ကောင် ဆိတ်တစ်ကောင် နှုန်းဖြင့် ဖုံးကွယ်ရန် မဖြစ်နိုင်ပါ။ ဖုံးကွယ်နိုင်သည် ထားဦး ဆင်လောက်ရှိသည့် ဆိတ်ကြီးများ အမှန်တကယ် တည်ရှိကြောင်း ယုံကြည်ပေးနိုင်ရန် သင်၏ဦးနှောက်မှ သံသယ ထုတ်လုပ်ရာအပိုင်းကို ခွဲစိတ်ဖြတ်တောက်ထားရန် လိုအပ်လိမ့်မည်။ ကျွန်တော်က  အခု ဆင်တစ်ကောင် အကြောင်း ပြောပြပါမည်။ § § § § § § §

လိပ်ပတ်မလည်

ဝိရောဓိအဆို (Paradox) ဟူသည့် စကားလုံးအား The Chambers Dictionary 2006 တွင် ဤသို့ အဓိပ္ပာယ် ဖွင့်ဆိုသည်။ အများ နားလည် လက်ခံနိုင်သည့် ယူဆချက် တစ်ရပ် ရရှိရန် ဆန့်ကျင်ငြင်းဆန် နေသည့် အရာ။ ကျိုးကြောင်း ဆီလျော်မှု မရှိကြောင်း ပေါ်လွှင်ထင်ရှား နေသော်လည်း တကယ်တမ်းတွင် မှန်ကန်သည့်၊ သို့မဟုတ် မှန်ကန်နိုင်ချေ ရှိသည့် အရာ။ လိပ်ပတ် မလည်သော၊ အချင်းချင်း ဆန့်ကျင်နေသော (Self-contradictory) အဆို။ အဆိုပါ ၀ိရောဓိအဆို (Paradox) များနှင့် ပတ်သက်၍ အကျဉ်းမျှ ဖော်ပြလိုပါသည်။ § § § § § § §

ကားလ်မာ့က်စ်၏ နောက်ဆုံးစကား

ဘာသာရေးဟူသည် လူသား တစ်ပြုံတစ်မလုံး အငမ်းမရ ရှူရှိုက်နေကြသည့် ဘိန်း။ လူတန်းစားတိုက်ပွဲအား အဆုံးသတ်ရန်ကြံရွယ်သူ ကားလ်မာ့က်စ်...။ သူကား ဗုဒ္ဓ၀ါဒနှင့်တကွ အခြားသော လူအများ၏ ဘုံရန်သူ။ ခေါင်းဆောင်ပေါင်းများစွာ မွေးဖွားဖို့ သူ့သြဇာလွမ်းမိုးမှု ကြီးကျယ်ခဲ့။ သူ စိတ်ကူးပုံဖော်ခဲ့သည့် ကမ္ဘာမှာ အမှန်တကယ် ဖြစ်ခဲ့လုနီးနီး။ သူ့အတွေးအခေါ်များမှ ကွန်မြူနစ်ဝါဒ ပေါက်ဖွားခဲ့။ ထိုအချိန်အခါကတော့ သူ့စိတ်ကူးများဟာ ရယ်ရွှင်ဖွယ်ရာလို ဖြစ်ခဲ့။ ငွေကြေးတစ်စုံတစ်ရာ မပါတဲ့ ကမ္ဘာကြီးအား မြင်ယောင်ကြည့်ပေါ့။

ဆန်တစ်ပြီ ကျပ်တစ်သန်း

ရေးသားသူ ◄ အောင်ဗလ ► မေ ၂၀၀၄၊ ဥဒါန်းမဂ္ဂဇင်းမှ ပြန်လည် ရိုက်နှိပ်တင်ပြပါသည်။ § § § § § § § “မိချိုရေ၊ မိချို၊ အမေ့ဆီ လာစမ်း” တဲငယ်၏ လှေကားတက်တွင် ရုပ်ပြစာစောင် တစ်ခုကို ကြည့်နေသော မိချိုသည်၊ ဇာတ်လမ်းစွဲ နေသဖြင့် ချက်ခြင်း မလာနိုင်ဘဲ မကြားဟန် ပြုနေသည်။ မေမေက သမီး၏ သဘောကို သိသည်။ အသက် ၁၃ နှစ်အရွယ်၊ လူလားမမြောက်တမြောက်၊ မလိမ်မိုးမလိမ္မာ သမီးကိုကြည့်ကာ ပြုံးမိရှာသည်။ သမီးမလာသဖြင့် အမေက သမီးထံ သွားရသည်။ “သမီးမှာ ပိုက်ဆံရှိသေးသလား၊ အမေ့ကို ခဏပေးပါလား” မိချိုက မျက်မှောင်လေး ကြုတ်သွားသည်။ သူ့တွင် ပိုက်ဆံအနည်းငယ် ရှိသည်။ သို့သော် အမေ့ကို မပေးလို။ လိမ်ညာကာ မပြောတတ်သဖြင့် - “သမီးမှာ ငွေတစ်သောင်းတန် သုံးရွက်ရှိတယ် အမေ။ နက်ဖြန်ခါ ကျောင်းမှာ ပြောင်းဖူးပြုတ် ၀ယ်စားဖို့ သိမ်းထားတာပါ” ဟု ဖြေရှာ၏။ “မေမေသိပါတယ် သမီးရယ်၊ ပြောင်းဖူးပြုတ်ကို နက်ဖြန် မစားပါနဲ့ဦး။ အမေ ထန်းလျက် တစ်ခြမ်း ပေးလိုက်ပါမယ်။ သောကြာနေ့မှာ ဖေဖေ့ လုပ်ခရတော့မှ သမီးကို ငွေငါးသောင်း ပေးပါ့မယ်။ အဲဒီတော့မှ သမီးစားချင်တာ ၀ယ်စားပါကွယ်” အမေ့စကားကို ပယ်ရှားလေ့မရှိသော မိချိုက စာအုပ်ကြားတွင် သိမ်းထားသော ကျပ်တစ်သောင်းတန် သုံးရွက်ကို ထုတ်ပေးလေ၏။ “အ

ချောကလက်နှင့် လိင်စွမ်းဆောင်ရည်

ချောကလက်သည် လိင်စိတ် နိုးကြွထက်သန်စေသည့် အကျိုးဆက် ရှိကြောင်း ကြားဖူးကောင်း ကြားဖူးပါလိမ့်မည်။ မက္ကဆီကို အင်ပါယာ (Aztec) မွန်တီဇူးမားတွင် ချောကလက်အား ယနေ့ လိင်စိတ်နှိုးဆွ ဆေးများနည်းတူ အသုံးပြုခဲ့ကြောင်း ပြောကြသည်။ လိင်ကိစ္စနှင့် ချောကလက်ကြား ဖြစ်နိုင်စရာ ဆက်သွယ်ချက်သည်ပင် ချစ်သူများနေ့နှင့် နီးနီးကပ်ကပ် ဆက်နွယ်လာစေသော အကြောင်းရင်း ဖြစ်ကြောင်း သံသယ ဖြစ်စရာ မလိုပါ။ ၎င်းဆက်သွယ်ချက်သည် သိပ္ပံနည်းကျ ဖော်ပြချက်လော၊ ဖြေရှင်းမပြနိုင်သည့် မြို့ပြဒဏ္ဍာရီတစ်ခုမျှသာလော ဆိုသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။ အီတာလျံ ဆရာဝန် ဒေါက်တာ Andrea Salonia နှင့် သူမ၏ အပေါင်းပါများ ပုံနှိပ်ထုတ်ဝေခဲ့သည့် လိင်မှုဆေးပညာဂျာနယ်ပါ လေ့လာချက် တစ်ရပ်တွင် နေ့စဉ် ချောကလက် စားသုံးသည့် အမျိုးသမီးများနှင့် မစားသုံးသူများအကြား လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် စိတ်ကျမှုကို  တိုင်းတာပြီး နှိုင်းယှဉ်လေ့လာခဲ့သည်။ တွေ့ရှိချက်အရ ချောကလက် နေ့စဉ် စားသုံးသူ အမျိုးသမီးများသည် “မ လိင်စွမ်းဆောင်ရည် စာရင်း” (ရမ္မက်နှင့် အမှတ်စုစုပေါင်း) တွင် မစားသုံးသူ အမျိုးသမီးများထက် အမှတ်ပိုမို မြင့်မားကြောင်း တွေ့ရှိရသည်။ ထို့ပြင် နေ့စဉ် ချောကလက် မှီဝဲသူမျာ

စာမရေးဖြစ်သည့် နေ့များအကြောင်း

ခုတလော စာသိပ်မရေးဖြစ်ပါ။ စာမရေးဖြစ်သည့် အချိန်ရောက်မှ တစ်နေ့တစ်ပုဒ်နှုန်း ရေးနေခဲ့သည့် အချိန်များကို ထူးဆန်းသလို ဖြစ်မိသည်။ ဘာကိုမျှ ရေရေရာရာ မရှိလှသူ တစ်ယောက်က ဘာတွေများ ရေးခဲ့ပါသလဲ။ လူအများကို ဟိုလိုနေပါ၊ ဒီလိုထိုင်ပါ ဦးဆောင်လမ်းပြ အရည်အချင်းများ ကျွန်တော့်တွင် တစ်စက်မျှ မရှိပါ။ ကိုယ်တိုင် တောင်လိုလို မြောက်လိုလို ဖြစ်နေသည့်အရာများကို ရိုးသားမှုအရင်းခံဖြင့် ကလေးဆန်ဆန် တင်ပြခြင်းမျိုးလောက် ဖြစ်ပါသည်။ ယခုသော် ကျွန်တော့်တွင် ရေးစရာ မရှိတော့ပါ။ ရေးချင်လျှင် စာမရေးဖြစ်သည့်အကြောင်းသာ ရေးစရာ လက်ဝယ် ပိုင်ဆိုင်မှုအဖြစ် ကျန်ရှိတော့သည်။

အထီးကျန်

တစ်ယောက်တည်း ထိုင်ပြီး တစစ ညဥ့်နက်လာသော ညက အထီးကျန်ခြင်း အကြောင်း ကျွန်တော် တွေးနေမိသည်။ သို့သော် မိမိကိုယ်ကိုယ် သနားစရာ သတ္တ၀ါ တစ်ကောင်လို သဘောထားပြီး တွေးနေမိခြင်း မျိုးတော့ မဟုတ်။ တစ်ယောက်တည်း နေတော့ ဘာဖြစ်သလဲ၊ အများနေတော့ ဘာဖြစ်သလဲ စသည့် ရောက်တတ်ရာရာ များအား စိမ်ပြေနပြေ တွေးနေမိခြင်းမျိုးသာ ဖြစ်သည်။ အထူးသဖြင့် လူပုံအလယ်တွင် ထိုင်တွေးခွင့် မရှိသည့် အတွေးမျိုးကို တစ်ယောက်တည်း အရသာရှိရှိတွေးနေခြင်း ဖြစ်ပါသည်။ ကျွန်တော်က လူအများနှင့် ရောရောနှောနှော နေခြင်းထက် တစ်ယောက်တည်းနေရခြင်းကို ပိုမိုနှစ်သက်ပါသည်။ ကျောင်းတက်စဉ်တုန်းကလည်း သူငယ်ချင်း များများစားစား မရှိခဲ့။ အလုပ်ထဲရောက်ပြန်တော့လည်း အသိအကျွမ်းသာ များလာသည်။ တကယ်တမ်း နီးနီးကပ်ကပ် ဆက်ဆံခြင်းမျိုးများ မရှိခဲ့။ ဤအတွက် ပြဿနာလည်း မရှိခဲ့ပါ။ § § § § § § §

ပွဲကြည့်ပရိသတ်

အကောင်းအဆိုး အဆုံးအဖြတ်ပေးခြင်းနှင့် ပတ်သက်သည့် “ဈင်” (Zen) ပုံပြင်လေးတစ်ပုဒ် ရှိပါသည်။ နှစ်ပေါင်းများစွာ တောင်ယာလုပ်ငန်း လုပ်ကိုင်လာခဲ့သည့် လယ်သမားကြီး တစ်ယောက် ရှိသည်။ တစ်နေ့တွင် သူ၏ မြင်းမှာ ထွက်ပြေး လွတ်မြောက်သွား လေသည်။ ထိုသတင်းကို ကြားသော် သူ၏ အိမ်နီးချင်းများ ရောက်ရှိလာကြ၏။ “ကံဆိုးလိုက်တာဗျာ” ဟု ဂရုဏာသက်စွာ စုတ်တသပ်သပ် ပြုကြ၏။ “ဒီလိုပဲပေါ့ဗျာ” ဟု မတင်မကျ စကားတစ်ခွန်းသာ လယ်သမားကြီးက ပြန်ပြောသည်။ နောက်တစ်နေ့ နံနက်တွင် သူ၏ မြင်းမှာ တောတွင်းမှ အခြားမြင်းရိုင်း သုံးကောင်ကို အဖော်ပြုရင်း ပြန်လည်ရောက်ရှိ လာသည်။ “၀မ်းသာစရာ ကောင်းလိုက်တာ” “ကံကောင်းလိုက်တာ” စသည်ဖြင့် အိမ်နီးချင်းများက ထောပနာပြုကြ၏။ လယ်သမားကြီးက “ဒီလိုပါပဲ” ဟု သာ ပြန်လည် တုန့်ပြန်၏။ နောက်တစ်နေ့တွင် သူ၏သားမှာ တောတွင်းမှ ပါလာသော မြင်းရိုင်းများကို ကုန်းနှီးတပ်ပြီး ယဉ်ပါးအောင် ကြိုးစားရင်း မြင်းခါချခံရသဖြင့် ပြုတ်ကျပြီး ခြေထောက်ကျိုး သွားလေသည်။ အိမ်နီးချင်းများ တစ်ခါထပ် ရောက်လာပြီး ဂရုဏာသက်ကြ၊ စုတ်သတ် ကြပြန်သည်။ လယ်သမားကြီး၏ မှတ်ချက်မှာတော့ မပြောင်းမလဲ “ဒီလိုပါပဲ” မျှသာ။ နောက်တစ်နေ့ဝယ် စစ်တပ်မှ တာဝန်ရှိသူများ ရွာသို့ရောက်လာ

ဘီလူးစီးခြင်း

ညက ကျွန်တော့်ကို ဘီလူးစီးသည်။ စီးတာမှ ရိုးရိုးစီးတာ မဟုတ်၊ သုံးကြိမ်သုံးခါ တိတိ စီးသည်။ ဂုတ်ကိုခွပြီး အကြမ်းပတမ်း စီးသည်။ မကြောက် ကြောက်အောင် ဖြဲခြောက်သလို ရှိ၏။ ဤအတွေ့အကြုံကို ယခင်ကလည်း အတန်အသင့် ကြုံခဲ့ရဖူးသည်။ ယခုတစ်ကြိမ်တွင်မူ ဘီလူးစီးခြင်းနှင့် ပတ်သက်၍ သဲလွန်စတစ်စ ရလိုက်သလို ရှိ၍ ကျေနပ်မိသည်။ ဘီလူးစီးခြင်းဟူသော ဖြစ်ရပ်နှင့် ပတ်သက်၍ စာပေကျမ်းဂန်များထဲမှ မွှေနှောက် ဖတ်ရှုထားသော အသိပညာမျိုး ကျွန်တော့်တွင် မရှိပါ။ အတွေ့အကြုံ အချို့သာ ရှိပါသည်။ နားလည်သလို ပြောကြည့်ပါမည်။ ကျွန်တော့်တွင် နေ့တိုင်းနီးပါး အရက်သောက်ဖြစ်လေ့ရှိသည့် ကာလတစ်ခု ရှိခဲ့ဖူးသည်။ နှစ်အတန် ကြာခဲ့ပါသည်။ အိမ်ပြန်ချိန်မှာ ည ၁၂ နာရီ ၁ နာရီ ဖြစ်ခဲ့သည့် ညများ အတော်များများ ရှိခဲ့ဖူးသည်။ လူမှန်းသူမှန်းမသိအောင် မူးသည်။ သူငယ်ချင်းများနှင့် ဂစ်တာတီးသည်။ တစ်ခါတရံ ရန်ဖြစ်သည်။ ထိုကာလများအတွင်းက ကျွန်တော်သည် ဘုန်းနိမ့်ကံနိမ့် ဖြစ်နေသည်ဟု ယူဆချင်သော် ယူဆနိုင်ပါလိမ့်မည်။ ကျွန်တော်သည် စိတ်ဓာတ်ပျက်ပြားနေသည်။ ဂယောင်ချောက်ခြား စိတ်အခြေအနေတွင် တည်ရှိသည်။ ထိုအချိန်က ဘုရားရှိခိုးခြင်း မရှိတော့သည်မှာလည်း နှစ်အတော်အတန် ကြာမြင့်ခဲ့ပြီ။ ထိုသို့ အ