Skip to main content

Posts

Showing posts with the label ကဗျာဘာသာပြန်

#လက်ဆောင်

 ငါနိုးထ..။ ကုန်ရန်ခက်ခဲ ည၊ နိုးတစ်ဝက်တောင်ကုန်း၊ တောအုပ်နဲ့ ရေကန်များရဲ့ ကမ္ဘာပေါ်သွန်းချ သူမ၏ လရောင်တေးသံ၊ ပြီး တိုးတိတ်လက်ချောင်းများနှင့်အတူ လိုက်ပါလာသော လေပြည် ရိုးတံရှည်များထက်။ အာရုဏ်ချိန်က ငါ့ဆီ ရွှေအိုရောင်ကျေးငှက်တေးသွား လက်တစ်ဆုပ်ဖြင့် ကမ်းလင့်ညင်သာ။ #လက်ဆောင် တေဇာ (လရောင်လမ်း) A Gift by Leonora Speyer ကို ဆီလျော်သလို။ Image: http://naldzgraphics.net

အလွှာများ (The Layers)

ဘ၀ပေါင်းများစွာထဲ ငါဖြတ်လျှောက်ခဲ့ဖူးတယ် တချို့ကတော့ ငါ့ကိုယ်ပိုင် လမ်းလွဲမသွားဖို့ ငါ ရုန်းကန်ခဲ့ရတဲ့ အသက်ရှင်တည်ရှိခြင်း စည်းမျဉ်းတချို့ ရှိပေမဲ့ ဒီလိုနဲ့ အရင်တုန်းကလူတစ်ယောက် ငါမဟုတ်ပြန်တော့။ ရှေ့ခရီးဆက်နိုင်ဖို့ အင်အားမရခင် ကြိုတင်ကြည့်ဖို့ လိုအပ်တဲ့လူတစ်ယောက်မို့ ငါ နောက်လှည့်ပြန်ကြည့်တော့ မိုးကုပ်စက်ဝိုင်းတူရှူ တဖြည်းဖြည်းဝေးကျန်ခဲ့တဲ့ ဘ၀မှတ်တိုင်တွေ၊ စွန့်ပစ်ခံလယ်တောကွင်းတွေဆီက ကြွက်မြီးတန်းတက်လာတဲ့ နှေးကွေးမီးလျှံတွေ အပေါ်မှာ၊ အတောင်ညောင်းအုပ်စုဖွဲ့ အစာရှာနတ်စေတမန်တွေ ငါမြင်ရ။ ငါ့ ချစ်ခြင်းအစစ်နဲ့ ငါ့ကိုယ်ငါ မျိုးနွယ်စုတစ်ခုအဖြစ် ဖန်ဆင်းခဲ့ အဲဒီငါ့မျိုးနွယ်ဟာ ပြိုကွဲခဲ့။ သူ့ ဆုံးရှုံးမှု ပွဲတော်ကြီးထဲ ငါ့ နှလုံးသားလည်း ဘယ်လိုပြန် ပေါင်းစည်းရပါ့မလဲ။ လေပြင်း တိုးတက်တိုက်ခတ်လာနေချိန် လမ်းတစ်လျှောက်တစ်စစီကြွေခဲ့တဲ့ ငါ့သူငယ်ချင်းတွေ သွေးရူးသွေးတန်းဖုံမှုန့်တွေလို ငါ့မျက်နှာကို စပ်ဖျင်းရိုက်ခတ်လို့။ သို့တိုင် ငါကတော့ တစ်စုံတစ်ခုကို အံ့သြဘနန်းနဲ့ ချိုးမြဲချိုးကွေ့နေဆဲ ငါသွားရမယ့် ဘယ်နေရာကိုမဆို ရှေ့ဆက်ဖို့အတွက် မပြိုလဲသေးတဲ့ဆန္ဒဇွဲနဲ့ ပြီး လမ်းပေါ်တွေ့သမျှ ငါ...

အလေ့အကျင့်

မနေ့ည ငါ့အလုပ်ပြီးတော့ ကွဲရှင်းပြတ်စဲထားတဲ့ ငါ့လက်တွေက သွေးခုန်နှုန်းလို အမေ့ခံအရာတွေကို တညီတညွတ်တည်း စိတ်ဝင်စားလာကြ ဖြိုးဖြိုးဖျပ်ဖျပ် ညကောင်းကင် ပြတင်းကနေ ငါကြည့်လိုက်တယ် ပြီး ချက်ချင်းပဲ လမင်းကို ငှက်မွှေးချုပ်ရိုးလိုင်းနဲ့ ပတ်ချာလည်သီမိတယ်။ About Poem ကဗျာဆရာမ Hazel Hall သည် အသက် ၁၂ နှစ်အရွယ်မှစ၍ သွက်ချာပါဒဝေဒနာ ခံစားခဲ့ရသည်။ သူသည် ကဗျာရေးသလို အပ်ချုပ်ဆရာမတစ်ဦးလည်း ဖြစ်သည်။ တေဇာ (လရောင်လမ်း) Habit by Hazel Hall ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

ကျောချင်းကပ်ရိုးရာပုံပြင် နှစ်ပုဒ်မှ

အ၀ါရောင်ရွှေဟာ အဓိပ္ပာယ်မဲ့ သင်ယူလေ့လာခြင်းကမှ ပုလဲရတနာထက် သာတယ် ထက်မြက်မှုမရှိတဲ့ မိန်းမ ခပ်တုံးတုံး ကလေးတွေကလွဲလို့ ဘာမှချန်မထားခဲ့ ရှင် ဆာလောင်တဲ့အခါ ရွှေကို ခေါင်းရွက်ဗျက်ထိုး လိုက်ရောင်းနိုင်သားပဲ ရှင် ချောင်ပိတ်မိတဲ့အခါ မြည်းကို ရောင်းစားပေါ့ ဒီလောက်ကဗျာတွေ အများကြီးနဲ့ ရှင်ဘာလုပ်နိုင်မလဲ သေနေတဲ့ ဆံပင်တွေ အခေါင်းလွတ်တစ်ခုထဲ ထိုးထိုးထောင်ထောင်နဲ့ ကြာပန်း။ ပန်းနုရောင်၊ ရေမွှားကလေးတွေသီးလို့ လှနေရဲ့ ကြာပန်း။ သေဆုံးသွားတဲ့ အမေ့ရဲ့ မိုးပေါ်ထောင်ထွက် လက်ဖ၀ါး ကြာပန်း။ ခြေခွက်ရိုးကျိုးနေတဲ့ ခြေဖ၀ါး ကြာပန်း။ ပလုံစီငြိမ်သက်သွားတဲ့ ရေပွက်လေးတစ်ခုမျှ တေးဆိုညည်းတွား လမ်းလျှောက်သွားရင်း ကဗျာတစ်ပုဒ်ကို ငါ စဉ်းစားဆဲ ဟိုအဝေး အနောက်ဒါဖှာမှာ ကောင်ကလေးတွေ သေလုဆဲဆဲ တေးဆိုညည်းတွား လမ်းလျှောက်သွားရင်း ကဗျာတစ်ပုဒ်ကို ငါ စဉ်းစားဆဲ ဟိုအဝေး အနောက်ဒါဖှာမှာ ကောင်ကလေးတွေ သေလုဆဲဆဲ တေဇာ (လရောင်လမ်း) Marilyn Chin ၏ from Two Inch Fables ကို ဆီလျော်သလို။

ဧည့်သည် သရုပ်ဆောင်

နင်နဲ့အတူ အိပ်နေသလိုဖြစ်အောင် ဒီ အိပ်ယာရဲ့ တစ်ဖက်ခြမ်းမှာပဲ ငါအိပ်တယ်၊ ငါ အတော်လေး မြန်ခဲ့ရင် ငါဟာ ဘေးနားက ငါ့ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်၊ ငါ့ကိုယ်ငါ ထိတွေ့ရိုက်ခတ်ပေါ့၊ ငါ့ကိုယ်ပိုင် အရိုးတွေထဲက အပြာရောင်ကို သစ္စာဖောက်၊ ငါ့ကိုယ်ပိုင် နားရွက်ထဲ ၀င်သက်ရှိုက် နင် ငါ့ကို ထားသွားခဲ့၊ ဒီနေရာမှာ လဲလျောင်းရင်း ငါ့ကိုယ်ငါနဲ့ ရှိနေရဖို့ပဲ ငါလည်း နင့်ကို စွန့်ခွာခဲ့၊ တစ်ယောက်က မေးတတ်တယ် နင့်ခန္ဓာကိုယ်ဟာ ငါ့ဟာနဲ့ လဲဖို့ တန်ရဲ့လားတဲ့ ငါ့ ညစ်ညမ်းမှုကလည်း အမြဲတမ်း မာနနဲ့၊ နင်ရော အိပ်ယာကို နွေးနေအောင် ကိုယ့်ကိုယ်ကိုယ်နဲ့ အတူ အိပ်တတ်တဲ့ ယောက်ျားတစ်ယောက်ကို အလိုရှိပါ့မလား၊ နင့်ကို ငါက မိုးခေါင်အပြီး ရေကြီးချင်နေတဲ့ ကမ္ဘာလို လိုတာ။ တေဇာ (လရောင်လမ်း) Image: http://www.fantom-xp.com Multiple Man: Guest-starring me & you by Gary Jackson ကို ဆီလျော်သလို။

နားတစ်စုံသာ အချစ်အတွက်ဖန်တီးခဲ့တဲ့ အင်္ဂါ

ငါတို့ကို အရင်စ စွန့်ခွာသွားခဲ့တာက ဘာသာစကား။ ရွှေ့ပြောင်းအခြေချလာတဲ့ စကားလုံးအုပ်လိုက်ကြီး။ လူတွေစကားပြောချိန်မှာ တစ်ယောက်ပါးစပ်ကိုတစ်ယောက် ထိုးနှက်ကြ။ အချစ်အတွက်က ဝေါဟာရ မရှိ။ မိန်းမတွေရဲ့ ကြွက်သားဆိုင်တွေ ကြီးထွားလာပြီး သူတို့ နှုတ်ခမ်းနှစ်လွှာက နွေးလျရိုးစင်းတဲ့ ကြင်နာမှုတစ်ခု မွေးဖွားမပေးနိုင်တော့။ ငန်ကျိကျိအရသာနဲ့ ကန္တကောစကြောင့် လျှာတွေက အလေးချိန်တက်။ မြူခိုးလို မြို့ပေါ်ရစ်တွယ်ပြီး အရာရာကို မြင်ကွင်းက ပိတ်ကွယ်လျက်။ ငါ့နားတစ်စုံက ပတ်ဝန်းကျင်နဲ့ရောနှောရုပ်ဖျက်လို့ စစ်ထွက်ခွင့်ရဖို့အတွက် အထပ်ထပ်တောင်းပန်။ နေရာတကာမှာ ငါတို့အသံထွက်ပုံရဲ့ ပုပ်အဲ့မှု။ ဒါကြောင့် ဆိုနီရိုးလင်း ပျောက်ကွယ်သွားတဲ့ အချိန်ကို သတိရမိတယ်လို့ တစ်ယောက်ကဆို။ လေထုဟာ မူလအတိုင်း ပြန်မဖြစ်နိုင်တော့ကြောင်းနဲ့ ခွင့်မလွှတ်နိုင်ကြောင်း လူတွေကြား သတင်းပျံ့။ ဒါဟာ အနက်ရှိုင်းဆုံးအချစ်တစ်ခုဆိုတဲ့ တေးသွားအစကို ကြားနိုင်ရာ မရှိတော့တဲ့ လူ့ယဉ်ကျေးမှုရဲ့ အဆုံးသတ်။ ဒါဟာ ဂျက်ဇ်ဂီတသမားတွိင်း ဘယ်တုန်းကမှ မမွေးဖွားခဲ့သလိုမျိုး။ တေဇာ (လရောင်လမ်း) The Ear is an Organ Made for Love by E. Ethelbert Miller ကို ဆီလျော်သ...

လူငယ်များသို့ စေတနာဖြင့် အကြံပြုချက်

တိဘက်ကို သွား ကုလားအုပ်တစ်ကောင် စီး သမ္မာကျမ်းစာ ဖတ် ဖိနပ်ကို ဆေးပြာဆိုး မုတ်ဆိတ်မွှေး ထား ကမ္ဘာကို စက္ကူလှေနဲ့ ပတ် သတင်းစာ မှာဖတ် ဘယ်ဘက်ခြမ်းနဲ့ပဲ အစာဝါး ခြေတစ်ဖက်နဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး ဘရိတ်ထားထက်ထက်နဲ့ အမွှေးသတ် ပြီးရင် မင်းနာမည်ကို သူ့ လက်မောင်းမှာ ထွင်း ဓာတ်ဆီနဲ့ သွားတိုက် တစ်နေကုန်အိပ်ပြီး ညမှာ သစ်ပင်တွေပေါ်လျှောက်တက် ဘုန်းကြီးဝတ်ပြီး တူမီးကျည်ဂေါ်လီနဲ့ ဘီယာသောက် ရေအောက်ထဲ ခေါင်းကိုအုပ်လို့ တယောထိုး ဖယောင်းတိုင်ပန်းရောင်တွေရှေ့ ဗိုက်သားလှုပ် က မင်းရဲ့ခွေးကို သတ် မြို့တော်ဝန်အဖြစ် ၀င်အရွေးခံ စည်ပိုင်းပြတ်ထဲမှာ နေ မင်းခေါင်းကို ရဲဒင်းနဲ့ ခွဲ မိုးရေထဲ ခတ္တာ စိုက် ကဗျာရေးရလောက်အောင်ပဲ မမိုက်နဲ့။ တေဇာ (လရောင်လမ်း) Friendly advice to a lot of young men by Charles Bukowski ကို ဆီလျော်သလို

Meaning by Carl Dennis

တကယ်လို့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဘ၀တစ်ခုဖြစ်ဖို့ အသုံးဝင်နေစရာတော့ မလိုဘူးဆိုပါစို့ ကမ်းစပ်မှာ နေစာလှုံနေတဲ့ ဘ၀တစ်ခုကို အနည်းဆုံးတော့ လူတချို့အတွက် အဓိပ္ပာယ်ရှိတယ်လို့ ဆိုနိုင်လောက်တယ် ဆိုပါစို့ နေကို ဘုရားအဖြစ်ကိုးကွယ်ပြီး နေစာလှုံတာကို ၀တ်ပြုမှုပုံစံတစ်ခုလို ယူဆကြတဲ့ တချို့တွေအတွက်ပေါ့ လှိုင်းစီးဘုတ်တစ်ခု ဒါမှမဟုတ် ရေခဲပြင်စကိတ်တစ်စုံ ဒါမှမဟုတ် ဂေါ့ဖ်အိတ်တစ်လုံးနဲ့ အချိန်ပြည့် လည်ပင်းဖက်ထားတဲ့ သူတွေ သူတို့ဘ၀တွေဟာ အသုံးဝင်ပါတယ်လို့ ကျွန်တော်မငြင်းခုံနိုင်လည်း သူတို့မှာ အဓိပ္ပာယ်လို့ မရှိဘူးတော့ ကျွန်တော်ပြောရခက်မိမှာပါပဲ သူတို့ ကျွမ်းကျင်သရုပ်ပြနေတာကို စောင့်ကြည့်သူတစ်ဦး မရှိဘူးဆိုရင်တောင်မှပေါ့ စာကြည့်တိုက်မှူးရဲ့ လက်သံကို နားထောင်သူမရှိဘူး အလုပ်ချိန်ပြီး တစ်နေ့တာ ရွှေဝါရောင်နာရီ ဟှူးဗှားလမ်းတစ်နေရာ တိုက်ခန်းမှာ သူမ တယောထိုးလေ့ကျင့်တာ ကျွန်တော်ပြန်တွေးကြည့်လိုက်တယ် ဒါဆို လူတွေ ၀င်ကြေးပေးနားထောင်တဲ့ ဂီတပွဲတစ်ခုတင်ဆက်နိုင်လောက်ဖို့ သူမ ဘယ်တော့မှ တယောကောင်းကောင်းထိုးတတ်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ သူမမှာ နားထောင်မယ့် ပရိသတ်ရှိတယ်လို့ ကျွန်တော့်ကို တွေးခိုင်းမယ်ဆိုရင် ရာစုနှစ်မျာြး...