ငါတို့ကို အရင်စ စွန့်ခွာသွားခဲ့တာက ဘာသာစကား။
ရွှေ့ပြောင်းအခြေချလာတဲ့ စကားလုံးအုပ်လိုက်ကြီး။ လူတွေစကားပြောချိန်မှာ
တစ်ယောက်ပါးစပ်ကိုတစ်ယောက် ထိုးနှက်ကြ။ အချစ်အတွက်က
ဝေါဟာရ မရှိ။ မိန်းမတွေရဲ့ ကြွက်သားဆိုင်တွေ ကြီးထွားလာပြီး သူတို့ နှုတ်ခမ်းနှစ်လွှာက
နွေးလျရိုးစင်းတဲ့ ကြင်နာမှုတစ်ခု မွေးဖွားမပေးနိုင်တော့။ ငန်ကျိကျိအရသာနဲ့ ကန္တကောစကြောင့်
လျှာတွေက အလေးချိန်တက်။ မြူခိုးလို မြို့ပေါ်ရစ်တွယ်ပြီး အရာရာကို မြင်ကွင်းက ပိတ်ကွယ်လျက်။
ငါ့နားတစ်စုံက ပတ်ဝန်းကျင်နဲ့ရောနှောရုပ်ဖျက်လို့ စစ်ထွက်ခွင့်ရဖို့အတွက် အထပ်ထပ်တောင်းပန်။
နေရာတကာမှာ ငါတို့အသံထွက်ပုံရဲ့ ပုပ်အဲ့မှု။ ဒါကြောင့် ဆိုနီရိုးလင်း
ပျောက်ကွယ်သွားတဲ့ အချိန်ကို သတိရမိတယ်လို့ တစ်ယောက်ကဆို။
လေထုဟာ မူလအတိုင်း ပြန်မဖြစ်နိုင်တော့ကြောင်းနဲ့ ခွင့်မလွှတ်နိုင်ကြောင်း
လူတွေကြား သတင်းပျံ့။ ဒါဟာ အနက်ရှိုင်းဆုံးအချစ်တစ်ခုဆိုတဲ့
တေးသွားအစကို ကြားနိုင်ရာ မရှိတော့တဲ့ လူ့ယဉ်ကျေးမှုရဲ့ အဆုံးသတ်။
ဒါဟာ ဂျက်ဇ်ဂီတသမားတွိင်း ဘယ်တုန်းကမှ မမွေးဖွားခဲ့သလိုမျိုး။
တေဇာ (လရောင်လမ်း)
The Ear is an Organ Made for Love by E. Ethelbert Miller ကို ဆီလျော်သလို
Image: www.wallpapersfreedesktop.com
Comments
Post a Comment